advertisement-image
Trade & Investment

ကမ္ဘာပေါ်ရှိ ချမ်းသာကြွယ်ဝဆုံးသော ပုဂ္ဂိုလ်များ၏ ငွေကြေးများအား ရင်းနှီးမြှုပ်နှံကြသည့် ပုံစံများ

မိသားစုငွေကြေးဆိုင်ရာစီမံခန့်ခွဲသည့် ကုမ္ပဏီများနှင့် ပတ်သက်သော UBS ဘဏ်နှင့် Campden Wealth ကုမ္ပဏီတို့၏ တင်ပြချက်တစ်ခုတွင် ကမ္ဘာပေါ်ရှိ အလွန်ချမ်းသာသူများ၏ ငွေကြေးရင်းနှီးမြှုပ်နှံမှုများအပေါ် အရေးပါသည့် အတွင်းကျကျလေ့လာတွေ့ရှိများကို ဖော်ပြခဲ့သည်။ မိသားစုငွေကြေးဆိုင်ရာ စီမံခန့်ခွဲရေးကုမ္ပဏီများသည် ဖြစ်ရိုးဖြစ်စဉ်တိုင်းပင် ချမ်းသာကြွယ်ဝသူများ၏ ငွေကြေးများကို စီမံခန့်ခွဲသည့် ရုံးခန်းများဖြစ်သည်။ မိသားစုရုံးခန်းများသည် မိမိတို့ စုဆောင်းပိုင်ဆိုင်ထားသည့် ပျမ်းမျှရင်းနှီးမြှုပ်နှံမှုများ၏ ၂၈ ရာခိုင်နှုန်းကိုကုမ္ပဏီ အစုရှယ်ယာများ ဝယ်ယူခြင်းတွင်လည်းကောင်း၊ ၂၂ ရာခိုင်နှုန်းကို ကိုယ်ပိုင်လုပ်ငန်းအစုရှယ်ယာများတွင်လည်းကောင်း၊ ၁၇ ရာ ခိုင်နှုန်းကို အိမ်ခြံမြေကဏ္ဍတွင် လည်းကောင်း၊ ၁၆ ရာခိုင် နှုန်းကို ငွေစုစာချုပ်များဝယ်ယူစုဆောင်းရာတွင် လည်းကောင်း၊ ရင်းနှီးမြှုပ်နှံကြသည်။ စုပေါင်းထည့်ဝင်ကြသည့်  Hedge Fund ဟုခေါ်သော ရင်းနှီးမြှုပ်နှံမှုတွင် ထည့်ဝင်ခြင်းမှာ လုပ်ငန်းလည်ပတ်မှု အားနည်းခြင်းနှင့်ကုန်ကျ ငွေများပြားခြင်းတို့မှဖြစ်ပေါ်လာသည့် စိုးရိမ်ပူပန်မှုများ ကြောင့် […]
Posted On December 24, 2018, By Editorial

Startupလုပ်ငန်းသစ်ကို ပျိုးထောင်ခြင်း

ကနဦးလုပ်ငန်းသစ်၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်၊ အသေးစားအလတ်စားစီးပွားရေး၊ နည်းပညာအခြေပြု လုပ်ငန်းသစ်များ၊ စိတ်ကူးစိတ်သန်းကောင်းများဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ဖန်တီးထုတ်လုပ်သည့် လုပ်ငန်းငယ်များ … စသဖြင့် အမျိုးမျိုးသော လုပ်ငန်းသစ်များအနေဖြင့် ရှင်သန်ရပ်တည်နိုင်ရန် ကိုယ်တိုင် ကျားကုတ်ကျားခဲ  ကြိုးစားကြရမည်ဖြစ်သလို အထောက်အပံ့ကောင်းများလည်း လိုအပ်သည်။ အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်သည့် ငွေကြေးအရင်းအနှီး စိုက်ထုတ်ရင်းနှီးမြှုပ်နှံသူများရရှိရန်ကလည်း ကနဦးလုပ်ငန်းသစ်များအတွက် ရေသောက်မြစ်ဖြစ်သည်။ ဤနေရာတွင် လုပ်ငန်းတည်ထောင်သူများ၏ အပြုအမူ၊ အပြောအဆို၊ အမူအကျင့်၊ စီမံခန့်ခွဲပုံ၊ ကတိက၀တ်နဲ့ ဦးဆောင်နိုင်စွမ်း စသဖြင့် ကိုယ်ရည်ကိုယ်သွေးအမျိုးမျိုးက စကားပြောလာသည်။ ဒါအပြင် လုပ်ငန်းကျွမ်းကျင်မှု၊ နည်းပညာကို အကောင်းဆုံးအသုံးချနိုင်မှု၊ ကြော်ငြာ /PR စသည့် မိမိလုပ်ငန်းကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးမည့် နည်းလမ်းများကိုလည်း အပြည့်အ၀ ဖော်ထုတ်အသုံးပြုရမည်ဖြစ်သည်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်သလို ကိုယ်တိုင်လည်းရင်းနှီးမြှုပ်နှံမှုများ လုပ်နေသူ Myanmar Investment International Limited […]
Posted On June 30, 2018, By Editorial

ဒစ်ဂျစ်တယ်ငွေကြေးစနစ် BITCOIN

အင်တာနက်လောကမှာ လှုပ်လှုပ်ခတ်ခတ်အဖြစ်ဆုံး နည်းပညာတစ်ခုဖြစ်တဲ့ Blockchain ဟာ ၂၀၀၈ ခုနှစ်က ထွက်ပေါ်လာခဲ့ပြီး ဒီနည်းပညာကို အခြေပြုကာ ဒစ်ဂျစ်တယ်ငွေကြေးစနစ်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒီအထဲက အအောင်မြင်ဆုံးကတော့ Bitcoin ပါ။ ဈေးနှုန်းအတက်အကျကြမ်းပြီး ထိန်းချုပ်ကွပ်ကဲမှုမရှိတဲ့ ဒစ်ဂျစ်တယ်ငွေကြေးစနစ်တစ်ခုဖြစ်တာနဲ့အညီ Bitcoin ဟာ နိုင်ငံတကာမှာရော ဒေသအတွင်းနိုင်ငံတွေမှာပါ ပေါ်ပြူလာဖြစ်ပါတယ်။ ဒါကြောင့် CEO ရဲ့စာဖတ်ပရိသတ်အတွက် Bitcoin နဲ့ပတ်သက်လို့ စကားဝိုင်းတစ်ခုစီစဉ်ခဲ့ပါတယ်။ ဒီစကားဝိုင်းရဲ့ ရည်ရွယ်ချက်က Bitcoin နဲ့ပတ်သက်လို့ နောက်ကွယ်က နည်းပညာကစပြီး ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဘယ်လိုတွေ အသုံးပြုနေကြသလဲဆိုတာကို ဆွေးနွေးကြဖို့ ဖြစ်ပါတယ်။ ပါဝင်ဆွေးနွေးခဲ့သူများဖြစ်တဲ့ ဦးမင်းဝင့်ဦး (Deputy Managing Director & CTO, Ayeyarwady Bank) ၊ ဦးမင်းမြတ်စိုး (Co-founder & Technical […]
Posted On June 19, 2018, By Editorial

မြန်မာ့စီးပွားရေးတိုးတက်လာရေး

မြန်မာ့စီးပွားရေးတိုးတက်လာအောင် ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာကို Serge Pun & Associates ရဲ့ ဥက္ကဋ္ဌ ဦးသိမ်းဝေက အကြံပေးဆွေးနွေးထားတဲ့ ဒီအင်တာဗျူးဟာ Oxford Business Group က ထုတ်ဝေခဲ့တဲ့ The Report Myanmar ၂၀၁၈ ထဲမှာ ပါဝင်ခဲ့တာဖြစ်ပြီး ဒါကိုဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။ မြန်မာ့စီးပွားရေး ဘာကြောင့်နှေးကွေးနေရပါသလဲ။ စီးပွားရေးပိုကောင်းလာအောင် အစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်သင့်ရန် လိုနိုင်ပါသလဲ —————————— အစိုးရဟာ တစ်နိုင်ငံလုံးငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီရေးနဲ့ အဂတိတိုက်ဖျက်ရေးများအတွက် နိုင်ငံရေးဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာမူဝါဒများကို ဦးစားပေးဆောင်ရွက်နေပါတယ်။ တစ်ချိန်တည်းမှာပဲ စီးပွားရေးတိုးနှုန်းနှေးကွေးလာတာနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုလည်း နှေးကွေးလာတာကို တွေ့ရတယ်။ စောစောက ပြောခဲ့တဲ့ ၀ါဒဆိုင်ရာလုပ်ငန်းတွေကိုပဲ အများကြီးအာရုံစိုက်လုပ်ကိုင်နေရတဲ့အခါကျတော့ စီးပွားရေးတိုးနှုန်းမြန်ဆန်ရေးဘက်မှာ အလေးမထားနိုင်ဘဲ ဖြစ်သွားပါတယ်။ တမင်ဂရုမစိုက်တာတော့ မဟုတ်ဘူး။ နောက်အကြောင်းတရားတစ်ခုကတော့ […]
Posted On June 18, 2018, By Editorial

မြန်မာ့ထုတ်ကုန်များ ယှဉ်ပြိုင်နိုင်စွမ်းရှိပြီလား

မြန်မာနိုင်ငံထုတ် မြန်မာ့ကုန်အမှတ်တံဆိပ်အမျိုးမျိုးကို နိုင်ငံတကာအဆင့်မီ ရောင်းတန်းဝင်ပစ္စည်းများအဖြစ် မြင်တွေ့ရန် လုပ်ငန်းရှင်တိုင်းလိုလို လိုလားကြသည်။ မြန်မာ့ထုတ်ကုန်ပစ္စည်းဟုဆိုရာတွင် Raw Material အဆင့်ဖြင့်မဟုတ်ဘဲ ကုန်ချောပစ္စည်း၊ Value-Added Goods များကို ရည်သန်သည်။ လက်တွေ့တွင် မြန်မာ့ထုတ်ကုန်များကို စလယ်ဆုံး ထုတ်လုပ်နေကြသော လုပ်ငန်းရှင်များအနေဖြင့် ဘက်ပေါင်းစုံမှ အခက်အခဲများရှိနေကြသည်မှာလည်း အမှန်ပင်ဖြစ်သည်။ ပြည်တွင်းစားသုံးသူများ၏ စိတ်တွင် နိုင်ငံတကာအမှတ်တံဆိပ်များကို ပိုမိုအားထားရသည်ဟု ယုံကြည်နေခြင်း၊ ပြည်တွင်းဖြစ်ပစ္စည်းများကို တန်ဖိုးမြင့်ပေးပြီး မသုံးစွဲလိုကြခြင်းလို ဈေးကွက်ယုံကြည်မှုနှင့် စားသုံးသူအလေ့အထများက အများပြည်သူအမြင်သာဆုံး မြန်မာ့ထုတ်ကုန်လုပ်ငန်းရှင်များ၏ အခက်အခဲတချို့ဖြစ်သည်။ ကုန်ထုတ်လုပ်မှုစရိတ်စက မြင့်မားခြင်း … စားသောက်ကုန်၊ အ၀တ်အထည်၊ ဆေးဝါး၊ လူသုံးကုန်၊ အလှကုန်ပစ္စည်းများ စသည်ဖြင့် အမျိုးမျိုးသောကဏ္ဍများတွင် တချို့မြန်မာနိုင်ငံတွင်မထွက်၊ မရနိုင်သော ကုန်ကြမ်းပစ္စည်းများ တင်သွင်းရသည့် ကုန်ကျစရိတ်ရှိသည်။ ပြည်တွင်းလုပ်ငန်း နိုင်ငံရပ်ခြားတင်ပို့ရန်မဟုတ်သေးဘဲ ပြည်တွင်းဈေးကွက်အတွင်းရှိ […]
Posted On March 31, 2018, By Editorial

ရှီကျင့်ဖျင် ၊ ရှင်ဇိုအာဘေး နှင့် မြန်မာနိုင်ငံ

မြန်မာနိုင်ငံရဲ့ စီးပွားရေးအသိုက်အ၀န်း ကောင်းမွန်ခိုင်မာတဲ့ အနေအထားရောက်အောင် အတူလက်တွဲလုပ်ကိုင်ရမယ့် နိုင်ငံတွေရှိပါတယ်။ ပို့ကုန်ကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ အထူးစီးပွားရေးဇုန်တည်ဆောက်ခြင်းနဲ့ အခြေခံအဆောက်အဦးတည်ဆောက်ရေးကဏ္ဍတွေမှာ လွန်ခဲ့တဲ့နှစ်တွေကလည်းက  ပါဝင်လုပ်ကိုင်လျက်ရှိပြီး အစိုးရအချင်းချင်းလည်း ရေရှည်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ပြီး လက်ရှိအထိလည်း ခိုင်မာတဲ့ဆက်ဆံရေးတွေ ထူထောင်ထားတဲ့နိုင်ငံတွေ အထူးသဖြင့် တရုတ်နဲ့ ဂျပန်နိုင်ငံတွေဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်းမှာ တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေလည်း လုပ်ခဲ့တာကိုတွေ့ကြမှာပါ။ ဒုတိယသက်တမ်းအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေတဲ့ ရှီရဲ့ စီးပွားရေးမူဝါဒတွေကို နားလည်ထားခြင်းကလည်း မြန်မာ့စီးပွားရေး အသိုက်အ၀န်းအတွက် အကျိုးရှိပါတယ်။ တရုတ်ကုန်သည်ကြီးများအသင်းရဲ့ ဒုဥက္ကဌ ဦးကြည်ဝင်းက တရုတ်နိုင်ငံမှာ  ရှီကျင့်ဖျင်ဆက်ပြီး သမ္မတတာဝန်ထမ်းဆောင်တာ မြန်မာစီပွားရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မူတွေ ရှိနိုင်မလဲဆိုတာနဲ့ပတ်သက်လို့ ''ရှီက မူချပြီး အိမ်နီးချင်းနိုင်ငံတွေကို လက်တွဲခေါ်ပြီး နှစ်ဖက်အကျိုးဖြစ်ထွန်းအောင် လုပ်ဆောင်လိမ့်မယ်လို့ ယုံကြည်တယ်'' လို့ […]
Posted On February 25, 2018, By Editorial

၂၀၁၈ အမြင်

၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်တွေအတွင်း မြန်မာနိုင်ငံရဲ့ လူမှုစီးပွားရေးကဏ္ဍမှာ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ကူညီထောက်ခံမှုတွေအများကြီးရခဲ့သလို တချို့နေရာတွေမှာ နိုင်ငံတကာရဲ့ ကြီးမားတဲ့ဖိအားတွေကို ခံခဲ့ရတာလည်း အမှန်ပါပဲ။ အစိုးရသစ်လက်ထက်မှာ စီးပွားရေးအခြေအနေတွေ၊ မူဝါဒတွေအပေါ် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ မေးခွန်းထုတ်မှုတွေလည်း ရှိနေခဲ့ပါတယ်။ တချို့ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်တွေနဲ့ စီးပွားရေးပညာရှင်တွေကတော့ ၂၀၁၇ ခုနှစ်အတွင်း စီးပွားရေးကျဆင်းမှု၊ တိုးတက်နှုန်း ရပ်တန့်မှုတွေ ရှိခဲ့တယ်လို့ ပြောဆိုကြတာတွေရှိတယ်။ ဒါပေမယ့် နိုင်ငံရဲ့ဘယ်လိုကဏ္ဍတွေမှာ ဘယ်လိုမျိုးအခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရပြီး တကယ့်အချက်အလက် Figure တွေ၊ ခန့်မှန်းချက်တွေက ဘယ်လိုညွှန်ပြနေလဲဆိုတာကို ပြန်ကြည့်ဖို့လည်း လိုပါတယ်။ နောက်ပြီး ဒီလိုအတွေ့အကြုံအနေအထားတွေပေါ်မူတည်ပြီး ၂၀၁၈ နဲ့ နောက်ပိုင်း မြန်မာ့စီးပွားရေးအသိုက်အ၀န်း ကောင်းမွန်စွာဖွံ့ဖြိုးလာအောင်နဲ့ နိုင်ငံတကာမှာ မြန်မာ့စီးပွားရေး ရေမြေအနေအထားအပေါ် […]
Posted On February 4, 2018, By Editorial

ဘဏ်အတိုးနှုန်းကို လျှော့ချလိုက်ရင် စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဘဏ်တွေအနေနဲ့ ဖြစ်လာနိုင်တဲ့ Impact

တိုင်းပြည်ရဲ့စီးပွားရေးတိုးတက်အောင် လုပ်တဲ့နေရာမှာ အဓိကကျတာ Economic Policy ၊ Fiscal Policy ၊ Monetary Policy စတာတွေဖြစ်ပါတယ်။ Mix Policy အနေနဲ့ ဒီသုံးခုကိုချိန်ထိုးပြီးတော့ လုပ်ရမယ်။ စီးပွားရေးမူဝါဒမှာဆိုရင် အဓိက Objective က အလုပ်အကိုင်တိုးတက်ရေးလား၊ စီးပွားရေးတိုးတက်ရေးလားဆိုတာလို ဘာကိုဦးစားပေးမှာလဲဆိုတာ ရှိပါမယ်။  Fiscal Policy ပိုင်းမှာတော့ Budget နဲ့ဆိုင်ပါတယ်။ Monetary Policy ပိုင်းမှာဆိုရင် Interest Rate က Policy Tool တစ်ခုဖြစ်သလို၊ Policy Tool တွေအနက် Open Market Operation လို့ခေါ်တဲ့ Government Bond Tool တွေ ၀ယ်တာ၊ ရောင်းတာတွေ စသည်ဖြင့် ရှိပါတယ်။ Interest […]
Posted On January 29, 2018, By Editorial

ပိုနေမြဲ ကျားနေမြဲ ဘဏ်တိုးနှုန်း

မြန်မာနိုင်ငံအနေဖြင့် ဘဏ္ဍာရေးကဏ္ဍကို စနစ်တကျပြုပြင်ပြီး ခေတ်နဲ့လျော်ညီစွာ တိုးတက်ဖွံ့ဖြိုးလာစေဖို့ ဆောင်ရွက်လျက်ရှိကြောင်း၊ မကြာမီက ပြဋ္ဌာန်းခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်မှာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများကို တန်းတူအခွင့်အရေးပေးထားပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာမြင့်မားတဲ့ ဘဏ်လုပ်ငန်းများမှာလည်း လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ တိုက်တွန်းကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ရန်ကုန်မြို့ Novotel Hotel မှာ အောက်တိုဘာလ ၂၁ ရက်ညက ကျင်းပခဲ့တဲ့ တရုတ် ICBC ဘဏ် (ရန်ကုန်ဘဏ်ခွဲ)ရဲ့ Belt and Road : Golden Myanmar Financial Service Summit မှာ ပြောကြားခဲ့ပါတယ်။ စနစ်ကျနစွာ ဖွံ့ဖြိုးတိုးတက်လာဖို့ လိုအပ်နေသေးတဲ့ မြန်မာနိုင်ငံရဲ့ ငွေကြေးကဏ္ဍနဲ့ ဘဏ်လုပ်ငန်းကဏ္ဍ၊ အရင်းအနှီးဈေးကွက်တို့က မြန်မာ့စီးပွားရေးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသလို […]
Posted On January 6, 2018, By Editorial

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး

စီးပွားရေးကဏ္ဍတိုးတက်ဖို့ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေရဲ့ အရေးပါမှုကို နိုင်ငံတော်အစိုးရအပါအ၀င် ဆက်စပ်ရာအဖွဲ့အစည်းအသီးသီးနဲ့ လုပ်ငန်းရှင်တွေကိုယ်တိုင်က နားလည်အားစိုက်ကာ တွန်းတွန်းတိုက်တိုက် ၀ိုင်းဝန်းလုပ်ဆောင်နေကြတဲ့အချိန် ဖြစ်ပါတယ်။ ဒီနေရာမှာ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းဘက်က ဘယ်လိုအခက်အခဲနဲ့ အားသာချက်တွေရှိနေသလဲ၊ ဘယ်နေရာတွေမှာလိုအပ်ချက်ဖြစ်နေပြီး လိုအပ်တဲ့အထောက်အပံ့တွေဖြစ်တဲ့ နည်းပညာနဲ့ငွေကြေး၊ လူစွမ်းအားအရင်းအမြစ်၊ ဈေးကွက်စတာတွေကအစ ရရှိနေပြီးလားဆိုတာကလည်း အဓိကကျပါတယ်။ ဒါကြောင့် လက်ရှိမြန်မာနိုင်ငံအတွင်း အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက်အသီးသီး ထဲထဲဝင်ဝင်လုပ်ကိုင်နေကြသူတွေနဲ့ တွေ့ဆုံမေးမြန်းကာ ယခုလထုတ် စီအီးအိုမဂ္ဂဇင်းအတွက် အထူးဆောင်းပါးအဖြစ် ဖော်ပြလိုက်ရပါတယ်။ ဒေါ်အေးအေးဝင်း ညွှန်ကြားရေးမှူးချုပ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန အစိုးရအနေနဲ့ SME တွေအတွက် လုပ်ဆောင်ပေးခဲ့တာတွေကို ပြောပြပေးပါ . . . ကျွန်မက စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနကဖြစ်ပြီး အသေးစား၊ အလတ်စားဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နေသူဖြစ်ပါတယ်။ ကျွန်မတို့စက်မှုဝန်ကြီးဌာနက SME တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် […]
Posted On October 25, 2017, By Editorial