အမေရိကန်မှာ ဘက်ထရီစက်ရုံတည်ဆောက်မယ့် Honda နဲ့ LG Energy Solution

Honda Motor Co နဲ့ တောင်ကိုရီးယား ဘက်ထရီထုတ်လုပ်ရေးလုပ်ကြီး LG Energy Solution Ltd တို့အနေနဲ့ အမေရိကန်နိုင်ငံအတွင်းမှာ လျှပ်စစ်ကားတွေမှာအသုံးပြုဖို့ ဘက်ထရီစက်ရုံတည်ဆောက်ဖို့ အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံအသုံးပြုသွားဖို့ သဘောတူညီလုပ်ဆောင်လျက်ရှိပါတယ်။ အဓိကကတော့ ဂျပန်ကားထုတ်လုပ်ရေးလုပ်ငန်းကြီး Honda Motor Co အနေနဲ့ ၂၀၄၀ ပြည့်နှစ်ရောက်ရှိတဲ့အခါမှာ သဘာဝသယံဇာတစွမ်းအင်အသုံးပြုမှုကိုလုံးဝဖြတ်တောက်ဖြစ်နိုင်ဖို့ ရည်မှန်းထားတာကြောင့်ပါ။

အဲဒီဘက်ထရီစက်ရုံကနေပြီးတော့ ၂၀၂၅ ခုနှစ်ကစတင်ပြီး 40Gigawatt-hours တစ်နှစ်ကိုထုတ်လုပ်နှုန်းရဖို့ ရည်မှန်းချက်ထားထားကြောင်းလည်း Honda Motor က ထုတ်ပြန်ပါတယ်။ ၂၀၂၃ ခုနှစ်မှာစတင် စက်ရုံတည်ဖို့လျာထားတဲ့ ဒီဘက်ထရီစက်ရုံကို Joint Venture အနေနဲ့ Honda Motor Co နဲ့ LG Energy Solution Ltd တို့က တည်ထောင်မှာြဖစ်ပြီး Honda Motor က ရှယ်ယာ ၄၉ ရာခိုင်နှုန်းပိုင်ဆိုင်မှာဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုပမာဏအားဖြင့်ကတော့ အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံထည့်ဝင်တာပါ။

ဘက်ထရီစက်ရုံကို အမေရိကန်နိုင်ငံအတွင်း မည်သည့်ပြည်နယ်တွင်တည်ဆောက်သွားမည်ကိုတော့ မဆုံးဖြတ်ရသေးကြောင်း အိုဟိုင်းယိုးပြည်နယ်မှာတော့ တည်ဆောက်ဖို့ခန့်မှန်းခြေရှိကြောင်း Bloomberg က ဇွန်လထဲမှာ ရေးသားခဲ့ပေးပါတယ်။

Ref : BKK Post