advertisement-image
Trade & Investment

ပို့ကုန်ဈေးကွက်အခြေအနေ

နိုင်ငံရဲ့ စီးပွားရေးတိုးတက်ချင်ရင် ပို့ကုန်ကဏ္ဍတိုးတက်မှရပါမယ်။ လက်ရှိပြည်တွင်းပို့ကုန် လုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေးလုပ်တဲ့အခါမှာ ဘယ်လိုအခက်အခဲတွေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်နေသလဲ၊ ဘယ်လိုမူဝါဒတွေက မြန်မာနိုင်ငံရဲ့ ပို့ကုန်လုပ်ငန်းအခြေအနေကို တိုးတက်အောင်လုပ်ဖို့ ကြိုးစားတဲ့နေရာမှာ ထင်သလောက်ခရီးမပေါက်အောင် လုပ်ထားသလိုဖြစ်နေသလဲ စတဲ့အချက်တွေကို Industry အသီးသီးက ကျွမ်းကျင်သူတွေက သုံးသပ်ပြောဆိုထားမှုတွေကို အထူးဆောင်းပါးအဖြစ် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ဦးကျော်ကျော်ဝင်း ဥက္ကဋ္ဌ အာဆီယံပရိဘောဂစက်မှုလက်မှုကောင်စီ Furniture လုပ်ငန်းကဏ္ဍအတွက် လက်ရှိအခြေအနေနဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်းက အခြေအနေ . . . ပရိဘောဂကဏ္ဍနဲ့ပတ်သက်တဲ့ Export အခြေအနေက လောလောဆယ်မှာ အဆိုးဆုံးအခြေအနေကို ရောက်နေပါတယ်။ ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၇ ခုနှစ် ၀န်းကျင်ကာလတွေနဲ့ ယှဉ်လိုက်ရင် အများကြီးလျော့နည်းသွားတယ်။ လုပ်ငန်းတွေကလည်း ဆယ်ပုံတစ်ပုံလောက်ပဲ ကျန်ခဲ့မယ့် အနေအထားရှိတယ်။ ၂၀၀၈ ခုနှစ်၊ World […]
Posted On August 22, 2017, By Editorial

Jodi Weedon(Chief Executive Officer-AMCC)

Jodi Weedon Chief Executive Officer Australia – Myanmar Chamber of Commerce (AMCC) Australia – Myanmar Chamber of Commerce (AMCC) ရဲ့ CEO Mrs.Jodi Weedon နဲ့ တွေ့ဆုံခိုက်မှာ AMCC ရဲ့ ရည်ရွယ်ချက်တွေ၊ ရှေ့ဆက်လုပ်ဆောင်သွားမယ့်အစီအစဉ်တွေအပါအဝင် မြန်မာနိုင်ငံအတွင်း လှုပ်ရှားမှုတွေအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါတယ်။ AMCC အကြောင်းရှင်းပြပေးပါ . . . AMCC က သြစတြေးလျနဲ့ မြန်မာနှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ AMCC ရဲ့ ရည်ရွယ်ချက်တွေကတော့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ချင်တဲ့ ၊ ရင်းနှီးမြှုပ်နှံချင်တဲ့ သြစတြေးလျလုပ်ငန်းရှင်တွေကို ကူညီပေးတယ်။ […]
Posted On May 19, 2017, By Editorial

Franchise ၏ အလားအလာ

Franchise လုပ်ငန်းဆိုတာကို အောင်မြင်နေတဲ့ မိမိလုပ်ငန်းကို အခကြေးငွေရယူပြီး အခြားသူတစ်ဦးအား လုပ်ကိုင်ခွင့်ပေးခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ ဟိုတယ်၊ စားသောက်ဆိုင်၊ စားသောက်ကုန်၊ ၀န်ဆောင်မှု၊ ပညာရေး၊ ထုတ်ကုန်တွေကစလို့ နိုင်ငံတကာမှာ Franchise လုပ်ငန်းအမျိုးအစားများစွာ အောင်မြင်ဖြစ်ထွန်းခဲ့ပြီးတာ ကြာပါပြီ။ ဒါကြောင့် မြန်မာနိုင်ငံအတွင်း လုပ်ငန်းနယ်ပယ်အသီးသီးက Franchise ယူလုပ်ကိုင်နေတဲ့ကုမ္ပဏီတွေ၊ ကိုယ်တိုင်က Franchise ပေးပြီး လုပ်ငန်းလုပ်ဖို့ ပြင်ဆင်နေတဲ့ကုမ္ပဏီတွေနဲ့ တွေ့ဆုံမေးမြန်းထားတာတွေ၊ မြန်မာနိုင်ငံတွင်း Franchise လုပ်ငန်းအလားအလာတွေအပြင် အတွေ့များတဲ့ Franchise ပုံစံတွေ၊ အသုံးများတဲ့ Franchise တည်ဆောက်ပုံတွေ၊ Franchise လုပ်ငန်းစမလုပ်ခင် သတိထားရမယ့်အချက်တွေကို ယခုလ အထူးဆောင်းပါးအဖြစ် ဖော်ပြလိုက်ပါတယ်။ Franchise ပေးခြင်း၏ အခြေခံအချက်များ . . . စားသောက်ဆိုင် Franchise များသည် တွေ့ရများပြီး […]
Posted On May 12, 2017, By Editorial

မိသားစုမှသည် ကော်ပိုရိတ်စီမံခန့်ခွဲမှုသို့

CEO Magazine က မြန်မာနိုင်ငံရှိ မိသားစုပိုင်စီးပွားရေးလုပ်ငန်းတွေအတွက် ရည်ရွယ်ပြီး Family to Corporate Governance ခေါင်းစဉ်နဲ့ Myanmar Executive Forum တစ်ရပ် ကျင်းပဖြစ်ခဲ့ပါတယ်။ Family Business တွေအနေနဲ့ Corporate Governance အသွင်ကူးပြောင်းရာမှာ သိထားသင့်တဲ့အချက်တွေ၊ မဖြစ်မနေလိုက်နာရမယ့်အချက်တွေနဲ့ တွေ့ရလေ့ရှိတဲ့အမှားတွေကို ဆရာကြီးပါမောက္ခဒေါက်တာအောင်ထွန်းသက်က Keynote Speech မှာ ပြောပြထားပြီး ဆရာကြီးဒေါက်တာအောင်ထွန်းသက် ဦးဆောင်ကာ Ni Lay Naing Co Ltd ရဲ့ Managing Director ဒေါက်တာမောင်မောင်လေး၊ MCC Group ရဲ့ Group CEO ဒေါ်ချောခင်ခင်၊ Feel Group ရဲ့ Founder and CEO ဦးစိုးညီညီတို့က သူတို့ရဲ့လုပ်ငန်းတွေ […]
Posted On May 3, 2017, By Editorial

အလုပ်ကိစ္စနဲ့ စင်ကာပူနိုင်ငံကိုသွားမယ်ဆိုရင်

စင်ကာပူနိုင်ငံကို စီးပွားရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံဆွေးနွေးဖို့၊ Business Partner ရှာဖို့အတွက် သွားမယ်ဆိုရင် သိထားသင့်တဲ့အချက်တွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို Kelly J Trading Ltd ရဲ့ CEO ဖြစ်သူ စင်ကာပူနိုင်ငံသား Mr Victor Yeo က အခုလိုပြောပြထားပါတယ်။ စင်ကာပူလုပ်ငန်းရှင်တွေနဲ့ လုပ်ငန်းဆိုင်ရာ တွေ့ဆုံဆွေးနွေးဖို့ ဘယ်လို Appointment ပြုလုပ်ရမလဲ . . . စင်ကာပူအစိုးရရဲ့ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ International Enterpries(IE) က မြို့လယ်ကောင်ဖြစ်တဲ့ Bugis Area မှာ ရှိပါတယ်။ အဲဒီကို မြန်မာလုပ်ငန်းရှင်တွေဆက်သွယ်နိုင်ပြီး ကိုယ်စိတ်ဝင်စားတဲ့လုပ်ငန်းဆိုင်ရာကို စုံစမ်းမေးမြန်းနိုင်တယ်။ သူတို့က သင့်တော်မှန်ကန်တဲ့ လုပ်ငန်းရှင်၊ ဒါမှမဟုတ် လုပ်ငန်းအဖွဲ့အစည်းနဲ့ ချိတ်ဆက်ပေးပါလိမ့်မယ်။ ဒါကြောင့် စင်ကာပူမှာ […]
Posted On April 4, 2017, By Editorial

ပြည်တွင်းငွေတန်ဖိုးကျတာကို ဘယ်လိုထိန်းချုပ်နိုင်မလဲ

ဒေါက်တာအောင်သူရ CEO Thura Swiss Co Ltd ကျွန်တော့်အထင် ဒါကိုပြန်ထိန်းဖို့က တစ်ခုတည်းလုပ်လို့မရပါဘူး။ ငွေတန်ဖိုးကျတာနဲ့ပတ်သက်ပြီး ဗဟိုဘဏ်ဘက်က Import ကို ထိန်းချုပ်ရမယ်လို့ ပြောလာတာတွေရှိပါတယ်။ ကျွန်တော့်အမြင်မှာတော့ မြန်မာပြည်ငွေတန်ဖိုးကျလာတာနဲ့ပတ်သက်ပြီး လုပ်ရမှာတွေက နည်းမျိုးစုံရှိပါတယ်။ တချို့ကို Short Term  ပြုလုပ်ရမှာဖြစ်ပြီး တချို့ကို Long Term လုပ်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး မြန်မာပြည်မှာ Export လွယ်လွယ်ကူကူလုပ်နိုင်အောင် ဖန်တီးပေးရမယ့်အပိုင်းတွေလည်းရှိပါတယ်။ အဲဒီမှာတချို့အပိုင်းတွေကို  အစိုးရဘက်က လုပ်ရမှာဖြစ်သလို တချို့အပိုင်းတွေကျတော့ လုပ်ငန်းရှင်တွေဘက်က လုပ်ရမှာဖြစ်ပါတယ်။ Export လုပ်နိုင်ဖို့ဆိုရင် Infrastructure တွေ၊ Processing တွေ လွယ်လွယ်ကူကူ လုပ်နိုင်ဖို့လိုပါတယ်။ ကိုယ့်တိုင်းပြည်ရဲ့ထုတ်ကုန်တွေကို တကယ် Export လုပ်နိုင်ဖို့အတွက် ဘာအခက်အခဲတွေရှိလဲဆိုတာကို ပြန်ကြည့်ရပါမယ်။ ဆန်စပါးဆိုရင် အရည်အသွေးမမီဘူး၊ […]
Posted On February 27, 2017, By Editorial

Family to Corporate Governance : Myanmar Executive Forum

CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်းမှ ကြီးမှူးစီစဉ်တဲ့ Family to Corporate Governance ဆွေးနွေးဟောပြောပွဲကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်က ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ TODAY မှ Executive Director ဦးစောရန်နိုင်မှ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။ ပွဲမှာ ပါမောက္ခဒေါက်တာအောင်ထွန်းသက်မှ Keynote Speech အနေနဲ့ Family Business တွေအနေနဲ့ ကောင်းမွန်တဲ့ Corporate Governance အသွင်ကူးပြောင်းရာမှာ လိုက်နာကျင့်သုံးရမယ့်နည်းနာများ၊ Process & Procedures များ၊ Founder တွေအနေနဲ့ စဉ်းစားစီစဉ်ထားသင့်တဲ့အချက်တွေကို ရှင်းလင်းဟောပြောခဲ့ပါတယ်။ ဒုတိယပိုင်းအနေနဲ့ Panel Discussion ပြုလုပ်ခဲ့ပြီး ပါမောက္ခဒေါက်တာအောင်ထွန်းသက်မှ Moderator အဖြစ် ဦးဆောင်ကာ Family Business တွေမှာ ကိုယ်တိုင်ဦးဆောင်နေကြသူတွေဖြစ်တဲ့ […]
Posted On February 24, 2017, By Editorial

အသစ်ထွက်ရှိလာတဲ့ Myanmar Investment Law အပေါ်အမြင်

ဦးအောင်ထွန်း Managing Director Myanmar Investments International Ltd ဥပဒေအသစ်ဖြစ်တဲ့ MIL (Myanmar Investment Law) က ရှိပြီးသား ဥပဒေနှစ်ခုဖြစ်တဲ့ မြန်မာအမျိုးသားရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုဥပဒေ (FIL – Foreign Investment Law) တို့ရဲ့ နေရာမှာအစားထိုး ထွက်ပေါ်လာတယ်ဆိုတာ ကျွန်တော်တို့ သိထားပြီးပါပြီ။ ဒါပေမဲ့ MIL ရဲ့ နည်းဥပဒေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဒီဇင်ဘာလထဲမှာ ထွက်ပေါ်လာမယ်လို့တော့ သိထားပါတယ်။ ဒါကြောင့် MIC မှာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်မတိုင်ခင် လုပ်ငန်းလုပ်ဖို့ လျှောက်ထားမယ်ဆိုရင် ဥပဒေအဟောင်းအောက်မှာရှိနေမှာဖြစ်ပြီး တကယ်လို့ ၂၀၁၇ ခုနှစ်မှ လျှောက်ထားမယ်ဆိုရင် ဥပဒေအသစ်နဲ့ အကျုံးဝင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး သိရသလောက်ကတော့ […]
Posted On February 20, 2017, By Editorial

၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ Stock Market က အခြေအနေဘယ်လိုရှိမလဲ

မြန်မာနိုင်ငံမှာ Stock Market ဖွင့်ပြီးကတည်းက Market ပေါ်တက်လာတဲ့ ကုမ္ပဏီတွေ လေးခုလောက် ရှိလာနေပြီဖြစ်ပါတယ်။ လာမယ့်နှစ်မှာတော့ ကျွန်တော်သိသလောက် Stock Market ကို နောက်ထပ် ကုမ္ပဏီ လေး၊ ငါး၊ ဆယ်ခုလောက် ရောက်လာမယ်လို့ မှန်းဆရပါတယ်။ နောက်ပြီး ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်အရ နိုင်ငံခြားသားတွေလည်း Stock Market ၀င်ပြီး ရင်းနှီးမြှုပ်နှံနိုင်တယ်ဆိုရင် Stock Market က အခုထက်ပိုပြီး စည်ကားလာမှာပါ။ Stock Market မှာ Stock ဈေးက ၀ယ်လိုအား၊ ရောင်းလိုအားပေါ်မူတည်ပြီး အတက်၊ အကျ ဖြစ်နေတာဖြစ်တဲ့အတွက် ဈေးကွက်စည်ကားလာတာနဲ့အမျှ Stock ဈေးတွေလည်း အပြောင်းအလဲဖြစ်လာမယ်လို့ မြင်ပါတယ်။ အဲဒီအခါမှာဆိုရင် တကယ်အရည်အချင်းရှိပြီး အမြတ်ရအောင် စွမ်းဆောင်နိုင်တဲ့ကုမ္ပဏီတွေရဲ့ Stock တွေဟာ ဈေးတက်လာမှာ […]
Posted On February 3, 2017, By Editorial

မြန်မာ့ခရီးသွားနှင့် ဆက်စပ်လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေး

ခရီးသွားလုပ်ငန်းတိုးတက်ဖို့ Tourist Master Plan ချမှတ်ကာလုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းကဏ္ဍအတွက် လက်ရှိအချိန်ဟာ တိုးတက်ပြောင်းလဲမှုတွေ အကောင်အထည်ပေါ်လာဖို့ အားလုံးက လိုလားနေကြတဲ့ အချိန်ဖြစ်ပါတယ်။ Visa မလိုဘဲ လွယ်လင့်တကူ ကူးသန်းသွားလာလို့ ရနေတဲ့ အာဆီယံအတွင်းက နိုင်ငံတွေ၊ Arrival Visa ယူလို့ရနေတဲ့ နိုင်ငံတွေအပြင် E-Visa လျှောက်ထားမှုကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လာနေတာကို တွေ့ရသလို နယ်စပ်ဂိတ်များမှတစ်ဆင့် ခရီးသွားဝင်ရောက်မှုနှုန်း တိုးတက်အောင် လုပ်ဆောင်နေတာတွေက နိုင်ငံရဲ့ခရီးသွားလုပ်ငန်းကဏ္ဍအပေါ် အာရုံစိုက်လုပ်ဆောင်လာမှုတွေရဲ့ တစ်စိတ်တစ်ဒေသပဲဖြစ်ပါတယ်။ ဒီလိုနိုင်ငံတကာ ခရီးသွားဧည့်သည်တွေအတွက် ဖြေလျှော့ပေးမှုတွေလုပ်လာတာနဲ့ တစ်ပြိုင်နက် နိုင်ငံတွင်းလိုအပ်လျက်ရှိတဲ့ သယ်ယူပို့ဆောင်ရေး၊ တည်းခိုစရာနေရာတွေနဲ့ အခြားအခြေခံအဆောက်အအုံတွေကိုလည်း ရေတို၊ ရေရှည် Strategy များနဲ့ နိုင်ငံတကာ နည်းတူမဟုတ်သော်ငြားလည်း ဒေသတွင်းနိုင်ငံတွေနဲ့ယှဉ်ရင် နောက်ကျမကျန်ရလေအောင် အရှိန်အဟုန်နဲ့ တိုးမြှင်အကောင်အထည်ဖော်ရမယ့် အချိန်ဆိုတာ ခရီးသွားလုပ်ငန်းကဏ္ဍထဲက […]
Posted On January 20, 2017, By Editorial