advertisement-image
Health

သကြားအချိုများတဲ့ အဖျော်ယမကာတွေကိုသောက်သုံးမှုက အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေ ၂ ဆ မြင့်တက်စေတယ်

ဗြိတိန်တစ်နိုင်ငံတည်းမှာတင် တစ်နှစ်ကို ၁၆၀၀၀ လောက်အထိ အသက်ဆုံးရှုံးမှုရှိတဲ့ အူမကြီးကင်ဆာဆိုတဲ့ရောဂါဟာ large intestine ထဲကစပြီး ကင်ဆာဆဲလ်မဖြစ်ခင် အူထဲမှာ မူမမှန်တဲ့ အမြှေးအဖုအထစ်တွေကနေတစ်ဆင့် စတင်ပေါက်ဖွားတာဖြစ်ပါတယ်။ အဲဒီလိုဖြစ်တိုင်းလည်း ချက်ချင်းကင်ဆာဖြစ်တာမဟုတ်တော့ စောစောရှာဖွေတွေ့ရင်ဖယ်ရှားကုသလို့ရပါတယ်။ ဒါပေမဲ့လည်း ကျန်းမာတဲ့နေထိုင်မှုဘဝကို စတင်တည်ဆောက်ထားတာကလည်း စိတ်ချရတဲ့ အူမကြီးကင်ဆာကို ကာကွယ်နိုင်မယ့် အချက်တစ်ချက်ပါပဲ။             Gut ဆိုတဲ့ ဂျာနယ်မှာ ပါဝင်တဲ့ သုတေသနတွေ့ရှိချက်တစ်ခုအရ သကြားအချိုများတဲ့ အဖျော်ယမကာတွေသောက်သုံးမှုနဲ့ ဒီသေစေနိုင်လောက်တဲ့ အူမကြီးကင်ဆာရောဂါကြားဆက်စပ်မှုရှိတာတွေ့ရပါတယ်။ ဒီတွေ့ရှိချက်အရ တစ်နေ့ကို အချိုရည် ၂ ဗူးနဲ့အထက် သောက်လေ့ရှိတဲ့ အသက် ၅၀ မပြည့်သေးတဲ့ အရွယ်ရောက်ပြီးသူများ အထူးသဖြင့် အမျိုးသမီးများ ဟာ ဒီအူမကြီးကင်ဆာဖြစ်နိုင်ခြေ အခြားလူတွေထက် ၂ ဆပိုများတယ်ဆိုတာပါပဲ။             သကြားအချိုများတဲ့အချိုရည်ဆိုတဲ့နေရာမှာ ကာဗွန်နိတ်အချိုရည်၊ အသီးအရသာအချိုရည်၊ […]
Posted On January 19, 2022, By Editorial

စိုးရိမ်ကြောင့်ကြမှုတွေကိုလျှော့ချပေးနိုင်မယ့် နည်းလမ်း ၁၀ မျိုး

သင့်အနေနဲ့ အရာရာတိုင်းအတွက်အမြဲစိတ်ပူနေတတ်တယ်၊ အနားမရဘူးလို့ခံစားနေရတယ်၊ တစ်ခုခုအပေါ် အာရုံစိုက်ဖို့အမြဲလိုခက်ခဲနေတတ်တယ်ဆိုရင် သေချာပါတယ် သင့်မှာစိုးရိမ်ကြောင့်ကြမှုတွေရှိနေပါပြီ။ ဒါကလည်း အခုခေတ်ကာလကြီးမှာ လူအနည်းနဲ့အများမဆိုခံစားနေရတ်တဲ့ စိတ်ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ ဒီစိုးရိမ်ကြောင့်ကြနေတတ်မှုကို ဆေးဝါး၊ တိုင်ပင်ခံများနှင့်ဆွေးနွေးအကူအညီယူခြင်း၊ သင့်ကိုယ်သင်ဂရုစိုက်အလေးထားမှုအလေ့အကျင့်လုပ်ခြင်း စသဖြင့်တို့ကနေ ပြန်လည်ကောင်းမွန်လာအောင်လုပ်ယူနိုင်ပါတယ်။ ပထမဆုံးတော့ သင့်ရဲ့စိုးရိမ်ကြောင့်ကြမှုတွေက ဘာကြောင့်ဖြစ်တယ်ဆိုတာ သင့်ဘာသာအရင်သိအောင်လုပ်ရပါမယ်။ အောက်မှာ ဖော်ပြပေးထားတဲ့ ၁၀ ချက်ကတော့ စိုးရိမ်ကြောင့်ကြမှုဝေဒနာတွေခံစားနေရတဲ့အခါမှာ သင်ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းလို့ရနိုင်မယ့် လက်တွေ့အသုံးကျအကြံပေးချက်လေးတွေဖြစ်ပါတယ်။ ခဏအရာရာကိုရပ်ထားလိုက်ပါ – စိုးရိမ်ပူပန်မှုကြောင့်ကြမှုတွေက သင့်ကိုအမြဲ ဘေးအန္တရာယ်တွေဆီကနေ ပြေးနေရသလိုခံစားစေပါတယ်။ တကယ်လို့သင်သာ အရာရာဆီကနေ ခဏရပ် အသက်ပြင်းပြင်းရှူကာ နားနေလိုက်ရင် အမြဲတမ်းလိုဒုက္ခဗျာပါဒများနေတာချည်းပဲလည်းမဟုတ်ဘဲ ကမ္ဘာကြီးက ချောမွေ့စွာလည်ပတ်နေပါတယ်ဆိုတာကို သတိထားမိစေပါလိမ့်မယ်။ အာဟာရပြည့်ဝအောင်နေပါ – စိုးရိမ်ပူပန်မှုတွေသိပ်များတဲ့အခါ အစာစားချင်စိတ်ကိုပျက်စေပါတယ်။ ဒါမှမဟုတ်လည်း သရေစာတွေအလွန်အကြွံစားမိစေပါတယ်။ ဒါဆို လူရောစိတ်ပါပိုအခြေအနေဆိုးပါရော။ ဒါကြောင့် တတ်နိုင်သမျှ သဘာဝအစားအစာကိုစားပါ (ပြန်လည်ပြုပြင်ထားခြင်းမရှိတဲ့အစားအစာများကိုဆိုလိုပါတယ်) […]
Posted On October 28, 2021, By Editorial

Millennials များကိုခြိမ်းခြောက်နေတဲ့ အူမကြီးကင်ဆာ

ဒေါက်တာကေ ပိုငယ်ရွယ်သောသူများအတွင်း အူမကြီးကင်ဆာတွေ့ရှိ မှုပိုမိုများပြားလာနေပါသည်။ အူမကြီးကင်ဆာနှင့် ပတ်သက်ပြီး သင်ဘာသိသင့်သလဲ။ အူမကြီးကင်ဆာဖြစ်ပွားမှုသည် နည်းပါးလာနေသည်ဟုဆိုနိုင်သော်လည်း အမေရိကန်လူမည်းလူငယ် ရုပ်ရှင်သရုပ်ဆောင်ချက်ဝှခ်ဘော့စမင် း (Chadwick Boseman) ၏ဝမ်းနည်းကြေကွဲဖွယ်ရာ လတ်တလောသေဆုံးရမှုက အူမကြီးနှင့်စအိုကင်ဆာများ မပျောက်ကွယ်သွားသေးကြောင်းကို သတိပေးလိုက်သလိုဖြစ်နေပါသည်။ အူမကြီးနှင့်စအိုကင်ဆာများသည် အမေရိကန်နိုင်ငံတွင် တတိယတွေ့ရအများဆုံးသောကင်ဆာအမျိုးအစားဖြစ်နေပါသည်။ အမျိုးသားများက အမျိုးသမီးများထက်ရောဂါဖြစ်နိုင်ခြေ အနည်းငယ်ပိုများပါသည်။ မြန်မာနိုင်ငံတွင်လည်း အူမကြီးကင်ဆာသည် အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ အသည်းကင်ဆာ၊ အစာရေမျိုကင်ဆာ စသည်တို့ပြီးလျင် နံပါတ်ငါးအဆင့်တွေ့ရအများဆုံးသောကင်ဆာတစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း အမျိုးသားများအတွင်း နှစ်စဉ်ရောဂါဖြစ်ပွားသူ အသစ်တွေ့ရှိရမှု ရာခိုင်နှုန်းသည် အမျိုးသမီးများထက်အနည်းငယ်ပိုများသည် ကိုတွေ့ရပါသည်။ ”လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်စုလောက်အတွင်း အူမကြီးမှန်ပြောင်းကြည့်စစ်ဆေးမှု (Colonoscopy) တွေ တိုးပြီးလုပ်လာနိုင်လို့ ရောဂါဖြစ်ပွားမှုနှုန်းက တဖြည်းဖြည်းချင်း ကျဆင်းလာနေတာကိုတွေ့ရပါတယ်” ဟု မြောက်ဝက်ချက်စတာဆေးရုံမှ အူမကြီးခွဲစိတ်ဌာန၏ညွှန်ကြားရေးမှူး ဒေါက်တာဝှရှ်နာကပြောပါသည်။ အမေရိကန်နိုင်ငံသားထက်ဝက်ခန့်သည် အူမကြီးကင်ဆာရှိမရှိစစ် […]
Posted On December 23, 2020, By CEO Editors

နှာခေါင်းစည်းနဲ့ ခံတွင်းရနံ့ဆိုးပြဿနာ

နှာခေါင်းစည်း (မတ်စ်)(Mask)တွေကို ဘယ်အချိန်လောက်အထိဆက်တပ်ပြီး သွားလာနေဦီးမလဲဆိုတာကိုအခုအချိန်အထိဘယ်သူကမှ အတိအကျမပြောနိုင်သေးပါဘူး။ လာမည့် သုံး၊လေးလအတွင်းကတော့ အခုလိုပဲဆက်ပြီးအပြင်ထွက်တိုင်းဝတ်ထားကြရမှာကတော့အသေအချာပါပဲ။ဘာဖြစ်လို့လဲဆိုတော့ အခုတင်မိုးတွေရွာလာပြီးရိုးရိုးတုပ်ကွေးတွေနဲ့ အခြားရာသီတုပ်ကွေးစတဲ့ ရောဂါပိုးတွေကလည်းစလာပြီဖြစ်လို့ပါပဲ။ တဘက်မှာလည်း အခုလိုနေ့စဉ်နေ့တိုင်း အပြင်သွားတိုင်းနှာခေါင်းစည်းကို တပ်ထားရမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ကိုယ့်ပါးစပ်ထဲကအနံ့တွေဟာလည်းတဖြည်းဖြည်းထွက်ပေါက်မရှိဘဲ ကိုယ့်အနံ့ကို ကိုယ်ပြန်ရှူနေရတဲ့အခြေအနေကိုရောက်မှန်းမသိရောက်လာတတ်ပါတယ်။အဲဒီကျမှ ကိုယ့်ခံတွင်းအနံ့ကဘယ်လိုရှိသလဲဆိုတာကို သတိပြုမိလာတတ်ကြပါတယ်။တနည်းပြောရရင် နှာခေါင်းစည်းတပ်ထားလိုက်တော့မှ ကိုယ့်ခံတွင်းရနံ့အကြောင်းကို ပိုသတိထားမိလာစေနိုင်ပါတယ်။ လူတွေမှာကိုယ့်ရဲ့ခံတွင်းရနံ့ကိုယ်ရပြီဆိုရင်တော့ အဲဒါဟာပြဿနာရှိပြီလို့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လည်ဆိုတော့ လူအများစုဟာ ကိုယ့်ပါးစပ်ကထွက်တဲ့အနံ့က ဘာအနံ့ရှိသလဲဆိုတာကို မပြောပြနိုင်ကြလို့ပါပဲလို့ ခံတွင်းဆရာဝန်တွေကပြောပါတယ်။တကယ်တော့မိမိခံတွင်းက အနံ့ဆိုးတာဟာမိမိနဲ့ မိမိပတ်ဝန်းကျင်ကလူတွေအားလုံးအတွက်ကတော့ စိတ်အနှောက်အယှက်တစ်ခုပါပဲ။ ဒါပေမယ့် အဲဒါဟာမိမိတစ်ဦးတည်း မဟုတ်ပါဘူး။ကမ္ဘာပေါ်မှာ လူသန်းပေါင်းရှစ်ဆယ်လောက်ဟာနာတာရှည်ခံတွင်းရနံ့ဆိုး (အာပုပ်စော်နံ့) ရှိတဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။အဲဒါဟာမိမိရဲ့ လူမှုဘဝအောင်မြင်မှုတွေအပေါ်မှာ ထိခိုက်မှုတွေရှိနေနိုင်တာထက်မကပါဘူး။ခံတွင်းရနံ့ဆိုးတာဟာ မိမိမှာရောဂါဝေဒနာတစ်ခုခု၊ အခြေအနေတစ်ခုခုဒါမှမဟုတ် တစ်ချို့အခြေအနေတွေဟာ ဆိုးဝါးတဲ့အခြေအနေတစ်ခုခုကို ညွှန်ပြနေတာလည်းဖြစ်နေနိုင်ပါတယ်။ကိုယ့်ဖာသာအနံ့သက်သာအောင် ပူရှိန်းသကြားလုံးတွေဖြစ်ဖြစ် ပီကေတွေဖြစ်ဖြစ် ငုံဖို့ကြိုးစားနေတုံးမှာပဲခံတွင်းရနံ့ဆိုးခြင်းရဲ့တွေ့ရလေ့ရှိတဲ့အကြောင်းရင်း ၁၀ချက်နဲ့ ဘာဆက်လုပ်သင့်တယ်ဆိုတာတွေကိုလည်း […]
Posted On August 21, 2020, By CEO Editors

Warning: copy(/var/www/com.ceo-myanmar/wp-content/uploads/img/160x111-35534-ဖိစီးမှု-Stress.png): failed to open stream: Permission denied in /var/www/com.ceo-myanmar/wp-content/plugins/fly-crop/inc/helpers.php on line 36

ဘယ်အရာတွေက ခွန်အားဖြစ်စေတာလဲ

ဖိစီးမှု (Stress) ဆိုတဲ့ စကားလုံးကို အကောင်အထည်ပြနိုင်တဲ့ ဒြပ်ဝတ္ထုပစ္စည်းတွေအတွက် ရူပဗေဒပညာရှင်တွေက ရာစုနှစ်အတော်များများ အသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ဟော်မုန်းမညီမျမှုကုသတဲ့ ဟန်ဂေရီနွယ်ဖွား ဆရာဝန် Hans Selye က သက်ရှိလူသားတွေအတွက် ဖိစီးမှု (Stress) ကို စတင်အသုံးပြုခဲ့တဲ့ ၁၉၃၀ ပြည့်နှစ်အချိန်အထိတော့ မဟုတ်ခဲ့ပါဘူး။ Selye ဟာ ကြွက်ကိုယ်ထဲကို နွားရဲ့ဟော်မုန်းထိုးပြီး စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ နွားဟော်မုန်းအထိုးခံရတဲ့ ကြွက်တွေဟာ အပူချိန် ပြင်းပြင်းထန်ထန်မြင့်တက်လာခဲ့ပြီး ကျောရိုးရောင်ရမ်းတာနဲ့အစာအိမ်ပြည်တည်နာကအစ ကိုယ်ခံအားစနစ်ပျက်စီးလာတဲ့အထိ အကျိုးသက်ရောက်မှုတွေဖြစ်စေပါတယ်။ ဒီလိုဟော်မုန်းမညီမျမှု လက္ခဏာတွေအတွက် Selye က ဖိစီးမှုဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲလာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေအတွက်ပါ ဖိစီးမှု (Stress) အသုံးပြုဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ မျက်မှောက်ကာလ အောက်စ်ဖို့ဒ်အင်္ဂလိပ်အဘိဓာန်မှာတော့ Stress ဆိုတဲ့ စကားလုံးကို […]
Posted On August 12, 2020, By CEO Editors

စိုးရိမ်မှုနဲ့ပတ်သက်ပြီး သိဖို့လိုအပ်တဲ့ အကြောင်းအရာ ၉ ခု

၁။ စာနာပေးနိုင်တဲ့ နားတစ်စုံကိုရှာပါ။ သင့်ရဲ့စိုးရိမ်မှုတွေ၊ အတွေးတွေအားလုံးဟာ တကယ်တော့ တအားအရေးမကြီးဘူးဆိုတာကို ကူညီနားထောင်ပေးနိုင်တဲ့ မိသားစုဝင်၊ ဒါမှမဟုတ် သူငယ်ချင်းတွေ အမှန်တကယ်လိုအပ်ပါတယ်။ အနည်းငယ်သော အသိ အမှတ်ပြုနားလည်ပေးခြင်းက များစွာထိရောက်မှုရှိပါတယ်။ ၂။ တက်ကြွစွာနဲ့ နားထောင်ပေးနိုင်မယ့်သူမျိုးကိုရှာဖွေပါ။ ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျ ကျွန်တော်တို့အကြောင်းကို ကြိုတင်မြင်ပြီး နားလည်ပေးနိုင်တဲ့ လူအချို့နဲ့ဆက်ဆံကြရပါတယ်။ တကယ်လို့ စိုးရိမ်မှု ရှိနေပြီဆိုရင်တော့ သင်ပြောတာတွေကို အမှန်တကယ် နားထောင်ပေး နိုင်မယ့်အပြင် ကိုယ့်ကိုစဉ်းစားစရာမေးခွန်းတွေ မေးပေးရုံတင်မကဘဲ ကိုယ့်အခြေအနေနဲ့ ပူပန်မှုက ဘာကြောင့်ဆိုတာဖော်ထုတ်ပေးနိုင်မယ့် လူတစ်ဦး လိုအပ်ပါတယ်။ ၃။ အသက်ရှူခြင်း။ ဒါဟာ လူတိုင်းပုံမှန်လုပ်နေကျအရာပါ။ ဒါပေမဲ့ စိုးရိမ်မှုရလာတတ်တဲ့ သူ တွေမှာ အသက်ရှူတာအတော်မြန်လာတာမျိုးတွေ ဖြစ်နိုင်ပြီးတော့ သင့် ကို စိတ်ဖိစီးမှုပိုမိုပေးနိုင်ပါတယ်။ ဒါကြောင်မို့ နှစ်သိမ့်ဆွေးနွေးသူတွေ ရဲ့ […]
Posted On August 11, 2020, By CEO Editors

Vitamin Supplement များသောက်သုံးခြင်း

Vitamin Supplement တွေက ပုံမှန်သောက်သုံးသင့်သလား။ Vitamin ဆိုတာ ခန္ဓာကိုယ်ထဲကနေ မတည်ဆောက်နိုင်ဘဲနဲ့ ပြင်ပအစားအသောက်ကနေရယူနေရတဲ့ အော်ဂဲနစ်ဒြပ်ပေါင်းတွေကို Vitamin လို့ခေါ်ပါတယ်။ သာမန်လူတစ်ယောက်က Vitamin သောက်သုံးဖို့လိုအပ်သလား (မြန်မာတွေခေါ်တော့ အားဆေး)။ အားဆေးဆိုအားရှိအောင် သောက်မယ်ဆိုပြီး ဖြစ်သွားပါတယ်။ တကယ်တော့ Vitamin အနေနဲ့ပဲမှတ်ထားဖို့လိုအပ်ပါတယ်။ Vitamin တွေဆိုတာ ကိုယ်နေ့စဉ်စားသောက်တဲ့ထဲမှာ အနည်းငယ်ပါရုံနဲ့ လုံလောက်တဲ့အတွက်ကြောင့် ပုံမှန်ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးနေတယ်ဆိုရင် Vitamin တွေကို သောက်သုံးပေးစရာမလိုဘူးဆိုတဲ့အဖြေ ထွက်လာပါတယ်။ ဘာလို့လဲဆိုတော့ ဒီဓာတ်တွေက အစားအသောက်ထဲမှာ ပါပြီးလို့ ဖြစ်ပါတယ်။ အစားအသောက်ထဲမှာမှ ရောဂါကာကွယ်နိုင်တဲ့အုပ်စုလို့ခေါ်တဲ့ အသီးအရွက်၊ အသီးအနှံတွေထဲမှာ ဒီ Vitamin တွေက ပါဝင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အသီးအရွက်၊ အသီးအနှံတွေ စားသုံးတဲ့သူတွေမှာ Vitamin တွေ လုံလုံလောက်လောက် […]
Posted On July 7, 2020, By CEO Editors

အိပ်မပျော်တဲ့ရောဂါကို ကုသနိုင်မယ့် သဘာဝကုထုံး ၁၀ ခု

ညအိပ်ရာဝင်တဲ့အချိန်မှာ သင်ဟာမျက်နှာကြက်ကို ကြည့်လိုက်၊ မျက်စိအကျယ်ကြီးဖွင့်လိုက်၊ စိတ်ပျံ့လွင့်လိုက်ဖြစ်ပြီး ကောင်းသောအိပ်စက်ခြင်းဆိုတာ သင့်အတွက်အိပ်မက်တစ်ခုလိုသာ ခံစားနေရတယ်ဆိုရင် ဒါဟာသင်တစ်ယောက်တည်းမဟုတ်ပါဘူး။ National Sleep Foundation ရဲ့ ပြောကြားချက်အရ နှစ်စဉ်နှစ်တိုင်းမှာ လူကြီး ၄၀ ရာခိုင်နှုန်းက အိပ်မပျော်တဲ့ရောဂါစွဲကပ်နေပြီး ၁၅ ရာခိုင်နှုန်းလောက်ကတော့ နာတာရှည်အိပ်မပျော်တဲ့ရောဂါခံစားနေရတယ်လို့ဆိုပါတယ်။ အိပ်ရေးမဝခြင်းဟာ သင့်ရဲ့ ကိုယ်ခံအားကိုကျဆင်းစေပြီး ဆီးချိုရောဂါ၊ နှလုံးရောဂါတွေဖြစ်စေနိုင်ကာ ခန္ဓာကိုယ်အလေးချိန်ကို မြင့်တက်စေပါတယ်။ ဒါကြောင့် အိပ်မပျော်တဲ့ရောဂါကို ကုသနိုင်မယ့် သဘာဝနည်းလမ်းဆယ်ခုကို ဖော်ပြလိုက်ပါတယ်။ ၁။ ဘယ်အရာက သင့်ကိုနှိုးထစေတာလဲဆိုတာ ဆန်းစစ်ပါ။ တချို့ဆေးတွေနဲ့ စိတ်ကျရောဂါဟာ အိပ်မပျော်ခြင်းကို ဖြစ်ပွားစေပေမယ့် အဓိကဖြစ်ပွားစေတဲ့ အကြောင်းအရာတွေကတော့ စိုးရိမ်ကြောင့်ကြမှုများခြင်းကြောင့်ပဲဖြစ်ပါသည်။ တကယ်လို့ သင်ဟာ အိပ်မပျော်တဲ့ရောဂါကို မကြာခဏခံစားရတယ်ဆိုရင် အရက်မသောက်တာ၊ ဒါမှမဟုတ် TV မကြည့်တာတို့ကို ပြုလုပ်ပြီးဖြစ်မှာပါ။ ဆေးသောက်တာတို့၊ […]
Posted On June 26, 2020, By CEO Editors

အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ကင်ဆာ

ဆီးကျိတ်ကင်ဆာက ဘယ်အသက်အရွယ်တွေမှာ အများဆုံးဖြစ် တတ်ပါသလဲ အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာလို့ခေါ်တဲ့ Prostate ကင်ဆာက အသက် ၆၅ နှစ်ကျော်မှာ ဖြစ်ပွားတာကို အများ ဆုံးတွေ့ရပါတယ်။ ဒါပေမဲ့ အသက် ၅၀ ကျော် အရွယ်က နေစပြီးတော့ ဆီးကျိတ်ကင်ဆာဖြစ်တဲ့နှုန်းက ပိုပြီးတော့ မြင့်လာတာကို တွေ့ရပါတယ်။ ဆီးကျိတ်ကင်ဆာရဲ့ ရော၈ါလက္ခဏာတွေ ရောဂါလက္ခဏာ အများစုကတော့ အမျိုးသားတွေကတော့ အသက် ၅၀ ကျော်လာပြီဆိုရင် ဆီးကျိတ်က အမျိုးသား တော်တော်များမှာ ကြီးနေပြီလို့ ပြောကြပါတယ်။ သူ့မှာ ရိုးရိုးဆီးကျိတ်ကြီးတဲ့အခါမှာတွေ့ရတဲ့ လက္ခဏာနဲ့ ဆီး ကျိတ်ကင်ဆာမှာတွေ့ရတဲ့လက္ခဏာက အများစုအားဖြင့် အတူတူပဲတွေ့ရပါတယ်။ အဲဒါက ဘာတွေလဲဆိုတော့ ဆီးသွားမယ်ဆိုပြီး အိမ်သာထဲမှာ ပြင်လိုက်တဲ့အခါ ဆီး ကတော်တော်နဲ့မထွက်ဘူး။ စောင့်ရတယ်။ နောက်ပြီးတော့ ထွက်တဲ့ ဆီးလုံးအရွယ်အစားကလည်း […]
Posted On May 14, 2020, By CEO Editors

ခါးအောက်ပိုင်းနဲ့ ခန္ဓာကိုယ်ရင်ပိုင်းအတွက် ၅ မိနစ်ကာယလေ့ကျင့်ခန်း

ခန္ဓာကိုယ်ရင်ပိုင်း၊ ကိုယ်ပိုင်းသန်မာမှုရှိစေဖို့နဲ့ ခန္ဓာကိုယ်ပုံပန်းဟန်ချက်ညီစေဖို့ အထောက်အကူပြုတဲ့ အိမ်မှာပဲ ကိုယ်တိုင်လိုက်လုပ်နိုင်စေမယ့် လေ့ကျင့်ခန်းဖြစ်ပါတယ်။ လွယ်ကူတဲ့အဆင့် ၁။ ခန္ဓာကိုယ်ကို မှောက်လှဲပြီး လက်မောင်းနှစ်ဖက်ကို ဘေးထုတ်၊ တံတောင် ဆစ်တွေကို ၉၀ ဒီဂရီကျကျ ကွေးထားပါ။ ၂။ ဘယ်လက်ကို လေပေါ်မှာ ငါးစက္ကန့်ကြာအောင် မြှောက်ထားပါ။ ၃။ ပထမကိုယ်ဟန်အတိုင်း ပြန်နေပါ။ ၄။ အဆင့်နှစ်ကအတိုင်း ညာလက်၊ ဘယ်ခြေထောက်၊ ညာခြေထောက်တို့ကို လည်းလုပ်ပေးပါ။ လုပ်နိုင်သလောက် ထပ်ခါထပ်ခါလုပ်ပါ။ အသင့်အတင့်ခက်ခဲ ၁။ ခန္ဓာကိုယ်ကို မှောက်လှဲပြီး လက်မောင်းနှစ်ဖက်ကို ဘေးထုတ်၊ တံတောင်ဆစ် တွေကို ၉၀ ဒီဂရီ ကျကျ ကွေးထားပါ။ ၂။ ဘယ်လက်နဲ့ ညာခြေထောက်ကို တစ်ပြိုင်တည်း လေပေါ်မှာ ငါးစက္ကန့်ကြာ အောင် မြှောက်ထားပါ။ ၃။ […]
Posted On May 14, 2020, By CEO Editors
1 2 3 9