advertisement-image
Profile

Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan

လက်(ဇ်)မင်းနာရာဆင်းဟန်းဟာ ကိုဗစ်ကပ်ဆိုးကာလအတွင်းက သူ့ဇနီး၊သားဖြစ်သူတို့နဲ့ကွဲနေပြီး အသက်၇၀နှစ်အရွယ်ရှိသူ့မိခင်အိုကြီးနဲ့အတူ လန်ဒန်မြို့ကတိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ နေထိုင်ခဲ့ရပါတယ်။ အခုတော့ကမ္ဘာကျော်အမေရိကန်ကော်ဖီဆိုင်ခွဲလုပ်ငန်းကုမ္ပဏီ Starbucks ရဲ့လက်ရှိ စီအီးအိုဟောင်းဝပ်ရှု(လ်)က ၎င်းရဲ့ စီအီးအိုရာထူးကိုဆက်ခံမယ့်သူအဖြစ် လက်(ဇ်)မင်းကိုခေါင်းခေါက်ရွေးချယ်ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံအခြေစိုက် လူသုံးကုန်ပစ္စည်းလုပ်ငန်းကုမ္ပဏီကြီး Reckitt Benckiser  မှာ အမှုထမ်းစဉ်က လက်(ဇ်)မင်းမှာ ရိုးစင်းတဲ့ရည်မှန်းချက်ပန်းတိုင်တစ်ခု ရှိပါတယ်။ အဲဒါကတော့ အဲဒီကုမ္ပဏီရဲ့ထုတ်ကုန်တွေကို ကမ္ဘာ့နိုင်ငံစုစုပေါင်းရဲ့ထက်ဝက်အထိ ဖြန့်ချိရောင်းချသွားဖို့ပဲဖြစ်ပါတယ်။ အခုတော့၂၀၂၂ခုနှစ်၊ စက်တင်ဘာလဆန်းပိုင်းမှာ ကမ္ဘာ့နိုင်ငံပေါင်း ၈၀ကျော်မှာ ဆိုင်ပေါင်း၃၂၀၀ဖွင့်ထားတဲ့ Starbucks ကော်ဖီဆိုင်လုပ်ငန်း ကုမ္ပဏီကြီးကို ဦးဆောင်ဖို့ ရွေးချယ်ခြင်းခံရပါတယ်။ Starbucks ဟာ ရပ်ကွက်တစ်ခုချင်းအတွက် ဆိုင်ခွဲတစ်ခုစီ တိုးချဲ့သွားမယ်ဆိုတဲ့ နည်းဗျူဟာအတွက် ကျော်ကြားခဲ့တာပဲဖြစ်ပါတယ်။ “အခုလိုသိပ်အရေးကြီးတဲ့ကာလမှာ Starbucks လိုနမူနာစံပြကုမ္ပဏီကြီးမှာပါဝင်ရမှာမို့ကျွန်တော်နှိမ့်ချမိပါတယ်။ ” ကော်ဖီနဲ့ပတ်သက်လို့ စားသုံးသူတွေရဲ့ဆက်သွယ်ပုံကိုပြောင်းလဲပေးခြင်းအတွက် Starbucks ဟာ လေးစားမြတ်နိုးခံရတာကြာပြီဖြစ်ကြောင်း သူ့ရဲ့သတင်းထုတ်ပြန်ချက်မှာဖြည့်စွက်ပြောကြားခဲ့ပါတယ်။ ဂျာမန်ဘာသာစကားပြောသင်တန်းမှဘွဲ့ရထားပြီးအ‌မေရိကန်နိုင်ငံ၊ ပင်ဆယ်ဗေးနီးယားပြည်နယ်ရှိ အထင်ကရကျောင်း […]
Posted On October 2, 2022, By Editorial

အမြတ်ရာခိုင်နှုန်းတိုးတက်လာတဲ့ Singtel

Singapore Telecommunications Ltd (Singtel) က သူတို့ရဲ့ ပထမ၃လပတ် အသားတင်အမြတ်က ၄၁ ရာခိုင်နှုန်းခုန်တက်လာခဲ့တယ်လို့ လွန်ခဲ့တဲ့ သတင်းပတ်ကထုတ်ပြန်ကြေငြာပါတယ်။ အဓိကကတော့ Singtel ကတစ်ဝက်ပိုင်တဲ့ Bharti Airtel ရဲ့ ဘဏ္ဍာရေးပိုင်း ပြန်နာလံထူလာတာကြောင့်ဖြစ်ပါတယ်။ Singtel ရဲ့ ဇွန်လ ၃၀ ရက်မှာအဆုံးသတ်တဲ့ပထမ၃လပတ်စာအတွက် အသားတင်အမြတ်က စင်ကာပူဒေါ်လာ ၆၂၈ သန်းဖြစ်ပြီး ယမန်နှစ်အခုလိုအချိန်တုန်းကတော့ အမြတ်က စင်ကာပူဒေါ်လာ ၄၄၅ သန်းပဲရရှိခဲ့တာပါ။ Singtel ရဲ့လုပ်ငန်းများ Singtel ဟာ စင်ကာပူနိုင်ငံအတွင်း ထိပ်တန်း ဆက်သွယ်ရေးလုပ်ငန်းကြီး ၄ ခုထဲကတစ်ခုဖြစ်ပြီး နိုင်ငံအတွင်းက အကြီးဆုံး မိုဘိုင်းလ်ကွန်ရက်လုပ်ငန်းလုပ်ကိုင်တဲ့ကုမ္ပဏီပါ။  ပင်မကုမ္ပဏီအပါအဝင် လုပ်ငန်းခွဲတွေအားလုံးရဲ့ ဖောက်သည်တွေကိုပေါင်းလိုက်ရင် စုစုပေါင်း အသုံးပြုသူ သန်း ၆၄၀ (subscriber) ရှိပါတယ်။ […]
Posted On August 29, 2022, By Editorial

နာမည်ကျော် ဂျပန်လူမျိုးဖက်ရှင်ဒီဇိုင်းနာ Issey Miyake ကွယ်လွန်

ဖက်ရှင်လောကအပေါ် တီထွင်ဖန်တီးမှုအမျိုးမျိုးနဲ့လွှမ်းမိုးမှုရှိခဲ့သူ ဂျပန်လူမျိုး ဖက်ရှင်ဒီဇိုင်းနာ Issey Miyake ဟာ ယခု ဩဂုတ်လ ၅ ရက်က ကင်ဆာရောဂါဖြင့်ကွယ်လွန်သွားကြောင်းသူ့ရုံးခန်းက အတည်ပြုပါတယ်ဆိုတဲ့အကြောင်း CNN က ဩဂုတ်လ ၁၀ ရက်က သတင်းရေးသားခဲ့ပါတယ်။ Issey Miyake ဟာ ကွယ်လွန်ချိန်မှာ အသက် ၈၄ နှစ်ရှိပါပြီ။ သူ့ရဲ့ သဘောထားအရ မိသားစုနဲ့ ရင်းနှီးသူမိတ်ဆွေအနည်းငယ်နဲ့သာ နာရေးကိုပြုလုပ်ခဲ့ပြီးဖြစ်ကာ သတိရပူဆွေးပွဲမလုပ်တော့ဘူးလို့လည်းသိရပါတယ်။ Miyake က ၁၉၈၀ ခုနှစ်တွေမှာ သူ့ရဲ့ ဆန်းသစ်တီထွင်မှုရှိတဲ့ ဖက်ရှင်ဒီဇိုင်းများကြောင့် နိုင်ငံတကာမှာကျော်ကြားလာပြီး သူ့တန်ဖိုးကြီးဇိမ်ခံပစ္စည်းသဖွယ်ဖက်ရှင်ထည်တွေဟာ စုဆောင်းသူတွေအကြိုက်ချက်ချင်းဖြစ်သွားခဲ့ပါတယ်။  ယနေ့မှာတော့ သူ့ရဲ့ လက်ရာ ဖက်ရှင်ဒီဇိုင်းတွေကို အဖွဲ့အစည်းတော်တော်များများက သိမ်းဆည်းစုဆောင်းထားပြီး အဲဒီထဲမှာ လန်ဒန်က Victoria & Albert Museum ၊ […]
Posted On August 11, 2022, By Editorial

JobNet.com.mm ရဲ့ MD Matt De Luca နှင့် အင်တာဗျူး

လက်ရှိ Job Market အနေအထား၊ The Best Companies to Work in Myanmar – BCIM ကနေ ကုမ္ပဏီတွေ ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေ၊ ဝန်ထမ်းတွေအနေနဲ့ ကိုယ်လုပ်ချင်တဲ့ လုပ်ငန်း/ကုမ္ပဏီကို ဘယ်လိုအချက်တွေကို ကြည့်ပြီးရွေးချယ်သင့်သလဲ။ မြန်မာနိုင်ငံ၏ ထိပ်တန်းအွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုဒ်များထဲမှတစ်ခုဖြစ်သည့် JobNet.com.mm မှ မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီများ (The Best Companies to Work in Myanmar – BCIM) အစီအစဉ်ကို ယခု ၂၀၂၂ ခုနှစ်တွင် ပြန်လည်ဦးစီးကျင်းပသွားမည်ဖြစ်သည်။    á€šá€á€Żá€Ąá€…ဎဥစဉ်ကို ပါ၀င်နိုင်ရန်အတွက် လျှောက်လွှာများကို ဇူလိုင်လ ၁၅ ရက်က www.bcimyanmar.com/participate တွင် စတင်လက်ခံခဲ့ပြီး ဩဂုတ်လ ၁၀ ရက်မတိုင်ခင်အထိ တင်နိုင်မည်ဖြစ်သည်။ ထိုအစီအစဉ်နှင့်ပတ်သက်ပြီး […]
Posted On August 6, 2022, By Editorial

အချိတ်အဆက်မိမိ ဝန်ဆောင်မှုတွေပေးနိုင်ဖို့ Messaging App များကို အသုံးပြုခြင်း : David Tse (Senior Director, APAC, Rakuten Viber)

အာရှပစိဖိတ်ဒေသတွင်း Viber Team ကို ဦးဆောင်နေသူ David Tse (Senior Director, APAC, Rakuten Viber) က CEO စာဖတ်ပရိသတ်တွေကို Messaging Application တွေကို မိမိတို့ စီးပွားရေးလုပ်ငန်းတွေမှာ ဘယ်လိုမျိုးပေါင်းစပ်အသုံးပြုကာ ဖောက်သည်တွေနဲ့ အချိတ်အဆက်မိမိ ဝန်ဆောင်မှုတွေပေးနိုင်မလဲဆိုတာ စီးပွားရေးလုပ်ငန်းနဲ့ သူတို့ရဲ့ဖောက်သည်တွေကြား အပြန်အလှန်ချိတ်ဆက်မှုတွေမှာ လုံခြုံမှုအပြည့်အဝရှိစေမယ့် Viber ရဲ့ Privacy Feature တွေကဘာတွေလဲဆိုတာ မြန်မာနိုင်ငံနဲ့ အာရှပစိဖိတ်ဒေသတွင်း‌ဈေးကွက်အပေါ် Viber ရဲ့ အမြင်နဲ့ အနာဂတ်ဈေးကွက်နည်းဗျူဟာတွေကဘာတွေဖြစ်မလဲဆိုတာ တွေကို ဖြေဆိုပေးထားပါတယ်။ David Tse ဟာ Viber ရဲ့ အာရှပစိဖိတ်ဒေသတွင်းလုပ်ငန်းအဖွဲ့ကိုဦးဆောင်ကာ မိတ်ဖတ်စီးပွားရေးလုပ်ငန်းတွေနဲ့ အသုံးပြုသူတွေ နေ့စဉ်တိုးပွားလာအောင်လုပ်ဆောင်နေတဲ့ Busienss Development ၊ Marketing ပိုင်းက […]
Posted On July 1, 2022, By Editorial

NearMe ရဲ့ Managing Director ဖြစ်သူ U Lin Htike Aung နှင့်တွေ့ဆုံခြင်း

၂၀၂၁ ပြည့်နှစ်၊ ဒီဇင်ဘာလထုတ် CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်းထဲတွင် Cover Story အဖြစ်ဖော်ပြပေးခဲ့တဲ့ Near Me ရဲ့ Managing Director ဖြစ်သူ U Lin Htike Aung နှင့်တွေ့ဆုံမေးမြန်းချက်များကို CEO ပရိသတ်များအတွက်ဖော်ပြပေးလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိ Digital Mobile Payment ပကတိအနေအထား၊ SEA နိုင်ငံများနဲ့နှိုင်းယှဉ်သုံးသပ်ပေးပါ။ လက်ရှိ Payment တွေကတော့ အရင်ထက်စာရင်စပြီး ကောင်းလာပြီ။အဆိုးထဲကအကောင်းလို့ပြောရမယ်။ကိုဗစ်ကာလဖြစ်တဲ့အချိန်မှာနိုင်ငံတော်ကလည်း ကိုဗစ်စီးပွားရေး Plan ဆိုပြီးတော့ CERP(COVID-19 Economic ReliefPlan) ကိုထုတ်ထားတာရှိတယ်။ကျွန်တော်တို့ CERP ရဲ့ ပန်းတိုင်(၅) ငါးအနေနဲ့ Digital Payment တွေ Promote လုပ်ဖို့ဆိုတဲ့ Section တစ်ခုအနေနဲ့ပါတယ်။ Action Item တစ်ခုအနေနဲ့အစိုးရ (Government) […]
Posted On February 5, 2021, By CEO Editors

ကိုရီးယားမှ Lotte ကော်ပိုရေးရှင်းကိုတည်ထောင်သူ Shin Kyuk Ho

စိုးသိဏ်း Lotte Corporation ဟာတောင်ကိုရီးယားမှ နိုင်ငံတကာဆိုင်ရာစီးပွားရေးလုပ်ငန်းစုကြီး ဖြစ်ပါတယ်။ ဒီကုမ္ပဏီကြီးကို ကိုရီးယားစီးပွားရေးလုပ်ငန်းရှင် ရှင်ကျပ်ဟိုး (Shin Kyuk Ho) က ၂၈.၆.၁၉၄၈ နေ့မှာစတင်တည်ထောင်ခဲ့ပြီး ၃.၄.၁၉၆၇ မှာသူ့ဇာတိမြို့ဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုး(လ်)မြို့မှာ Lotte Corporation ကို တိုးချဲ့ဖွင့်လှစ်ပါတယ်။ ဒီကုမ္ပဏီဟာတောင်ကိုရီးယားနိုင်ငံမှာ ပဉ္စမမြောက်အကြီးမားဆုံးစီးပွားရေးလုပ်ငန်းစုကြီးဖြစ်လာပါတယ်။ လော့ကော်ပိုရေးရှင်းမှာ စီးပွားရေးလုပ်ငန်းပေါင်း ၉၀ ကျော်ရှိပြီးအမှုထမ်းဦးရေ ၆၀၀၀၀ ခန့် ရှိပါတယ်။ သကြားလုံး၊ ကပ်စေးနှဲ၊ အချိုရည်၊ ဟိုတယ်၊ သရေစာ၊ လက်လီလက်ကားအရောင်းလုပ်ငန်း၊ ငွေကြေးဝန်ဆောင်မှု၊ စက်မှုလုပ်ငန်းသုံးဓာတုပစ္စည်း၊ အီလက်ထရွန်းနစ်၊ အိုင်တီ၊ ဆောက်လုပ်ရေး၊ ပုံနှိပ်ထုတ်ဝေရေးနဲ့ ဖြေဖျော်ရေး လုပ်ငန်းတွေလုပ်ပြီး အမေရိကန်နိုင်ငံ၊ ဗြိတိန်နဲ့ ရုရှားမှအစ အိန္ဒိယ၊ ပါကစ္စတန်နဲ့ မြန်မာအပါအဝင် အာရှနိုင်ငံများအထိ စီးပွ ားရေးလုပ်ငန် […]
Posted On December 23, 2020, By CEO Editors

မြန်မာနိုင်ငံရဲ့ Digital၊ Mobile Payment များနှင့်ပတ်သက်လို့ MPU ရဲ့ CEO ဦးဇော်လင်းထွဋ်နှင့်တွေ့ဆုံမေးမြန်းခြင်း

လက်ရှိမြန်မာနိုင်ငံရဲ့ Digital Mobile Payment ပကတိ အနေအထား။ SEA နိုင်ငံများနှင့် နှိုင်းယှဉ်သုံးသပ်ချက်… ကိုဗစ်ပြီးတဲ့ကာလတွေမှာတော့ လူတွေကပိုပြီး တွင်တွင်ကျယ်ကျယ်သုံးလာတာကိုတွေ့ရတယ်။ ၂၀၁၉ ခုနှစ်လောက်မှာ ဘဏ်တွေကလည်းသူတို့ရဲ့ Mobile App တွေ၊ Mobile Pay တွေနဲ့ အတူတူစပြီးတော့ Mobile Payment လောကကိုဦးဆောင်လာကြတယ်။ ဒီလိုပဲ Telecom Mobile တွေဖြစ်တဲ့ Wave Money၊ M ပိုက်ဆံတို့ Telecom လည်းမဟုတ်၊ Bank လည်းမဟုတ်တဲ့ OK Dollar တို့လည်း ၂၀၁၉ ခုနှစ်မတိုင်ခင်ကတည်းကလုပ်နေခဲ့ကြတယ်။ ၂၀၁၉ ခုနှစ်မှာပိုတွင်ကျယ်လာပြီးတော့ ကိုဗစ်ကာလမှာဆိုရင် Pay တွေရဲ့ အခန်းကဏ္ဍကအရေးပါလာပြီးတော့ လူတွေပိုပြီးစိတ်ဝင်စားလာတယ်။ နိုင်ငံတော်ကလည်း ပိုပြီးစိတ်ဝင်စားလာတယ်။ အစိုးရ Payment တွေဖြစ်တဲ့ မီတာခဆောင်တာတို့၊ […]
Posted On December 4, 2020, By CEO Editors

မရေရာသောအနာဂတ်နှင့် မြန်မာ့အထည်ချုပ်လုပ်ငန်းကဏ္ဍ

ကိုဗစ်-၁၉ကြောင့် ထိခိုက်မှုအများဆုံးသော လုပ်ငန်းကဏ္ဍတွေထဲမှာ လူသားအရင်းအမြစ် အများဆုံးသုံးရတဲ့ အထည်ချုပ်လုပ်ငန်းပါဝင်ပါတယ်။ ကိုဗစ်-၁၉ ကာလအတွင်း ဥရောပနှင့် နိုင်ငံတကာရှိ ဖက်ရှင်ကုမ္ပဏီကြီးများက အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီသော အမှာများကို ဖျက်သိမ်းခဲ့တာကြောင့် ဖနွမ်းပင်၊ ဒါကာနှင့် ရန်ကုန်မြို့ကြီးများက အထည်ချုပ်စက်ရုံများ ရာနှင့်ချီပိတ်သိမ်းမှုရဲ့နောက်ဆက်တွဲက အလုပ်အကိုင်ပေါင်း ထောင်သောင်းချီပြီးဆုံးရှုံးမှုများ ကိုဖြစ်ပေါ်စေခဲ့ပါတယ်။ ကိုဗစ်-၁၉ ပထမလှိုင်းအလွန်ကာလများအတွင်းမှာ ဆိုင်ရာလုပ်ငန်းအသီးသီးမှ မိမိတို့၏လုပ်သားများကို နည်းမျိုးစုံဖြင့်ပံ့ပိုးတောင့်ခံနေရခြင်းဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံအစိုး ရအသီးသီးထံမှ အထောက်အပံ့များကိုလည်း အတိုင်းအတာတစ်ခုအထိရရှိခဲ့ခြင်းကြောင့် တစ်တပ်တစ်အား အားရှိခဲ့ခြင်းဖြစ်ပါတယ်။ အထည်ချုပ်လုပ်ငန်းသဘောသဘာဝအရ စက်တင်ဘာနှင့် နောက်ပိုင်းလများတွင် ရာသီဖက်ရှင်အထည်များနှင့် အမှာများရလေ့ရှိတာ ကြောင့် နိုင်ငံတွင်းမှ လုပ်ငန်းရှင်များအနေဖြင့်လည်း ထိုကဲ့သို့အမှာများရရှိနိုင်အောင် အပူတပြင်းကြိုးစားနေကြရပါတယ်။ အမှာရခြင်း၊ မရခြင်းသည် စိန်ခေါ်မှုကြီးမားသကဲ့သို့ တစ်ပြိုင်နက်တည်းမှာပင် အနည်းဆုံးလုပ်ခလစာနှုန်းထားကိစ္စ၊ နိုင်ငံခြားငွေလဲလှယ်နှုန်းကျဆင်းခြင်းကိစ္စများသည်လည်း ပြည်တွင်း အထည်ချုပ်လုပ်ငန်းရှင်များအဖို့ စိန်ခေါ်မှုများဖြစ်နေသည်။ လုပ်ငန်းရှင်များဘက်မှ မည်သို့ပင်ကြိုးစားစေကာမူ […]
Posted On September 27, 2020, By CEO Editors

UNiQUE ရဲ့ Managing Director ဖြစ်သူ ဦးကျော်ဆန်းဦးနှင့်တွေ့ဆုံခြင်း

ဦးကျော်ဆန်းဦး :Managing Director (UNiQUE) ကိုယ်တိုင်မိတ်ဆက် ကျွန်တော့်အနေနဲ့ Unique IT ၊ Mobile & Electronic Center ကိုတည်ထောင်တာ ၁၆ နှစ်ပြည့်ခဲ့ပါပြီ။ ကွန်ပျူတာတက္ကသိုလ်ကနေ ဘွဲ့ရရှိပြီးအခြားသောလုပ်ငန်းခွင်တွေဝင်ပြီးလုပ်ကိုင်ခဲ့ဖူးကာ၊ နောက်ပိုင်းကိုယ်ပိုင်လုပ်ငန်းကိုစတင်လုပ်ကိုင်ခဲ့ပါတယ်။ MBA ဆက်တက်ခဲ့ပြီးနောက်ပိုင်းမှာတော့ လုပ်ငန်းတွေဆက်လက်တိုးချဲ့လာခဲ့ပါတယ်။ UNiQUE IT ၊ Mobile & Electronic Center စတင်တည်ထောင်ခဲ့ပုံကစပြီး လက်ရှိအခြေအနေထိ Miles-tones များ UNiQUE စတည်ထောင်တုန်းက ကျွန်တော်ဝန်ထမ်းလုပ်ရာကနေ စုဆောင်းလာတဲ့ ငွေနည်းနည်းလေးနဲ့စခဲ့ပါတယ်။ အဲဒီတုန်းက Partner နှစ်ယောက်ပါတယ်။သူငယ်ချင်းသုံးယောက်ပေါင်း မြန်မာငွေသိန်း ၅၀ တောင် မရှိပါဘူး။ လမ်း ၄၀ မှာ ဆိုင်ခန်းသေးသေးလေး ငှားပြီးတော့စခဲ့ပါတယ်။ကျွန်တော်တို့မှာ အရင်းအနှီးက သိပ်မကျန်တော့ ကွန်ပျူတာအဟောင်းလေးတွေဝယ်တာ၊ ရောင်းတာကနေစခဲ့တယ်။ ၂၀၀၄ […]
Posted On September 2, 2020, By CEO Editors
1 2 3 35