advertisement-image
ASEAN

Warning: copy(/var/www/com.ceo-myanmar/wp-content/uploads/img/160x111-36480-Top-10-Thai-Property-Developers-Who-Are-the-Best1.jpg): failed to open stream: Permission denied in /var/www/com.ceo-myanmar/wp-content/plugins/fly-crop/inc/helpers.php on line 36

ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်တွင်ကျင်းပခဲ့သည့် ထိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏အစည်းအဝေးတွင် နိုင်ငံခြားသားကျွမ်းကျင်ပညာရှင်များအား မြေကြီး ၀.၁၆ ဟက်တာ (စတုရန်းပေ ၁၇၀၀၀) ထိ ပိုင်ဆိုင်ခွင့်ပြုမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ပြည်ထဲရေးဝန်ကြီးဌာနမှအဆိုပြုတင်သွင်းသည့် ထိုဥပဒေမူကြမ်းမှာ လူတန်းစားလေးရပ်ဖြစ်သည့် ချမ်းသာကြွယ်ဝသည့် နိုင်ငံတကာမှ နိုင်ငံခြားသားများ၊ ငွေကြေးပြည့်စုံသည့်နိုင်ငံတကာမှ ပင်စင်စားများ၊ ထိုင်းနိုင်ငံတွင် အလုပ်လုပ်လိုသည့်သူများနှင့် အဆင့်မြင့်နည်းပညာကျွမ်းကျင်သူများနှင့်ပညာရှင်များအား ဆွဲဆောင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ ရည်မှန်းချက်မှာ ယခုမှစ၍ ၂၀၂၆ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း ချမ်းသာကြွယ်ဝသည့်နိုင်ငံခြားသားကျွမ်းကျင်ပညာရှင် တစ်သန်းခန့် ထိုင်းနိုင်ငံသို့လာရောက်ရန်ဖြစ်ပါသည်။ ထိုသို့ဆိုလျှင်ထိုင်းအစိုးရအနေဖြင့် အနည်းဆုံး ထိုင်းဘတ်ငွေတစ်ထရီလီယံခန့် စီးဝင်လာမည်ဟု တွက်ဆထားပါသည်။ မြေယာပိုင်ဆိုင်ခွင့်ရနိုင်သည့်နေရာဒေသများမှာ ဘန်ကောက်၊ ပတ္တရားဧရိယာ၊ တစ်နိုင်ငံလုံးရှိ မြူနီစပယ်ဧရိယာနှင့် ဥပဒေနှင့်အညီသတ်မှတ်ထားသည့် လူနေခွင့်ပြုထားသည့် ဇုန်များလည်း ပါဝင်ပါသည်။ ဝယ်ယူခွင့်ရရှိသည့်နိုင်ငံခြားသားအနေဖြင့် ထိုင်းနိုင်ငံတွင်းရှိ မြေယာနှင့်အိမ်ရာအဆောက်အဦများတွင် သတ်မှတ်ချိန်ကာလအတွင်း ထိုင်းဘတ်ငွေ […]
Posted On October 28, 2022, By Editorial

အမြတ်ရာခိုင်နှုန်းတိုးတက်လာတဲ့ Singtel

Singapore Telecommunications Ltd (Singtel) က သူတို့ရဲ့ ပထမ၃လပတ် အသားတင်အမြတ်က ၄၁ ရာခိုင်နှုန်းခုန်တက်လာခဲ့တယ်လို့ လွန်ခဲ့တဲ့ သတင်းပတ်ကထုတ်ပြန်ကြေငြာပါတယ်။ အဓိကကတော့ Singtel ကတစ်ဝက်ပိုင်တဲ့ Bharti Airtel ရဲ့ ဘဏ္ဍာရေးပိုင်း ပြန်နာလံထူလာတာကြောင့်ဖြစ်ပါတယ်။ Singtel ရဲ့ ဇွန်လ ၃၀ ရက်မှာအဆုံးသတ်တဲ့ပထမ၃လပတ်စာအတွက် အသားတင်အမြတ်က စင်ကာပူဒေါ်လာ ၆၂၈ သန်းဖြစ်ပြီး ယမန်နှစ်အခုလိုအချိန်တုန်းကတော့ အမြတ်က စင်ကာပူဒေါ်လာ ၄၄၅ သန်းပဲရရှိခဲ့တာပါ။ Singtel ရဲ့လုပ်ငန်းများ Singtel ဟာ စင်ကာပူနိုင်ငံအတွင်း ထိပ်တန်း ဆက်သွယ်ရေးလုပ်ငန်းကြီး ၄ ခုထဲကတစ်ခုဖြစ်ပြီး နိုင်ငံအတွင်းက အကြီးဆုံး မိုဘိုင်းလ်ကွန်ရက်လုပ်ငန်းလုပ်ကိုင်တဲ့ကုမ္ပဏီပါ။  ပင်မကုမ္ပဏီအပါအဝင် လုပ်ငန်းခွဲတွေအားလုံးရဲ့ ဖောက်သည်တွေကိုပေါင်းလိုက်ရင် စုစုပေါင်း အသုံးပြုသူ သန်း ၆၄၀ (subscriber) ရှိပါတယ်။ […]
Posted On August 29, 2022, By Editorial

SCG အမြတ်ရာခိုင်နှုန်းကျဆင်း

၂၀၂၂ ခုနှစ်ပထမနှစ်ဝက်ကာလအတွင်း ဆီရော ကုန်ကြမ်းဈေးနှုန်းတွေရော မြင့်တက်လာတဲ့ဲဒဏ်ကြောင့် ဘိလိပ်မြေထုတ်လုပ်သူ SCG ဟာ အမြတ်ကျဆင်းခဲ့ပါတယ်။ SET (Stock Exchange of Thailand) စာရင်းဝင် ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ဘိလိပ်မြေထုတ်လုပ်သူနဲ့ စက်မှုလက်မှုလုပ်ငန်းစုကြီးဖြစ်တဲ့ Siam Cement Group (SCG) ဟာ ပမာဏအားဖြင့်ဆိုရင်တော့ နှစ်အလိုက်တိုင်းတာချက်တွေနှိုင်းယှဉ်မှုအရ ၄၁ ရာခိုင်နှုန်းလျော့ကျသွားတာဖြစ်ပြီး ၁၈.၇ ဘီလီယံ ဘတ်ပဲရရှိခဲ့တာဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ရေနံဈေးနှုန်းမြင့်တက်တာ၊ ကုန်ကြမ်းတွေဈေးမြင့်တက်လာတာတွေက SCG ရဲ့ ဓာတုဆိုင်ရာလုပ်ငန်းတွေကို တိုက်ရိုက်အကျိုးသက်ရောက်မှုရှိနေတာဖြစ်ပြီး SCG ရဲ့ President နဲ့ CEO ဖြစ်သူ Roongrote Rangsiyopash က စတော့ရှယ်ယာကနေရတဲ့အမြတ်ဝေစုနှုန်းတွေလည်း ကျဆင်းဖို့ရှိနေတယ်လို့ မှတ်ချက်ပြုထားကြောင်းသိရပါတယ်။ သူက ကမ္ဘာ့စီးပွားရေးအနေနဲ့ ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်မှာ […]
Posted On July 30, 2022, By Editorial

Starbucks ဆိုင်ခွဲများ တိုးချဲ့ခြင်းပြန်လည်စတင်

ထိုင်းနိုင်ငံ၏ဖြစ်နိုင်ခြေစီးပွားရေးတိုးတက်မှုအနေအထားကြောင့် အမေရိကန်အခြေစိုက် Starbucks ကော်ဖီဆိုင်လုပ်ငန်းစုအနေဖြင့် ၂၀၂၂-၂၀၂၄ ကာလတွင် တစ်နှစ်လျှင် ဆိုင်ခွဲ ၃၀ ထပ်မံဖွင့်လှစ်ရန်အစီအစဉ်ရှိကြောင်း သိရသည်။ ၂၀၂၂ ခုနှစ် နှစ်ဝက်ကာလအထိ အရောင်းပမာဏမှာတိုးတက်လာသဖြင့် ယခင်က COVID-19 မတိုင်မီက ရည်ရွယ်ထားသည့်အတိုင်း ၂၀၂၂ မှစ၍ ၂၀၂၄ ခုနှစ်အထိ နှစ်စဉ် ဆိုင်ခွဲ ၃၀ ဖွင့်လှစ်သွားမည်ဟု ဆုံးဖြတ်ထားခြင်းဖြစ်သည်။ COVID-19 ကာလတွင် ကျန်းမာရေးအနေအထားနှင့်စည်းကမ်းချက်များနှင့်အညီ ကားနှင့်အော်ဒါမှာ၍ ပစ္စည်းမှာယူနိုင်သောဆိုင်ခွဲများတိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ဒစ်ဂျစ်တယ်ပလက်‌ဖောင်းများကို ဦးစားပေးရင်းနှီးမြှုပ်နှံထားခဲ့သည်။ ထို့ပြင် အစည်းအဝေးခန်းမ ငှားရမ်းခြင်းဝန်ဆောင်မှုလည်းတိုးချဲ့ထားရာ လက်ရှိတွင် Starbucks ဆိုင်ခွဲ ၅၀ ရာခိုင်နှုန်းတွင် ထိုဝန်ဆောင်မှုရရှိနေပြီဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင် Starbucks အနေဖြင့် ၁၉၉၈ ခုနှစ်၊ ဇူလိုင်တွင် ပထမဆုံးဆိုင်ခွဲစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင်နိုင်ငံတွင်း ဆိုင်ပေါင်း ၄၄၄ ဆိုင်ရှိပြီး […]
Posted On July 21, 2022, By Editorial

E-Scooter ထုတ်လုပ်သူ Ather ကုမ္ပဏီအမြတ်အစွန်းရဖို့ မရှိသေး

အိန္ဒိယနိုင်ငံထုတ် လျှပ်စစ်စကူတာထုတ်လုပ်သူ Ather Energy က ကုန်ကြမ်းစရိတ်နဲ့ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ပြတ်တောက်မှုတွေကြောင့် ဝယ်လိုအားတွေရှိနေသော်လည်း အမြတ်ရဖို့လမ်းကြောင်းဟာနှောင့်နှေးနေရကြောင်းပြောပါတယ်။ ကုမ္ပဏီက ဒီနှစ်ကုန်ပိုင်းမှာ အရင်းကြေမယ်လို့ အစကမျှော်မှန်းထားခဲ့တာ၊ ခုတော့ နောက်ထပ် လေး၊ ငါး၊‌ေ ခြောက်လလောက် ထပ်ကြာဦးမယ်ထင်ပါတယ်ဆိုပြီး Ather Energy ရဲ့ ပူးတွဲတည်ထောင်သူလည်းဖြစ် အမှုဆောင်အရာရှိချုပ်လည်းဖြစ်သူ Tarun Mehta က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ လူတွေဟာ ပိုမိုသန့်ရှင်းတဲ့ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုတွေကို ကမ္ဘာတစ်ဝန်းပိုမို လိုလားလာတာနဲ့အမျှ လျှပ်စစ်စွမ်းအင်သုံးဘီးတပ်ယာဉ်တွေရဲ့ ဝယ်လိုအားပိုတက်လာတာကို မြင်တွေ့ရပေမယ့် လူသုံးကုန်ပစ္စည်းတွေ တဟုန်ထိုးဈေးကြီးမြင့်လာတာ၊ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ပြတ်တောက်မှုက ဆိုးရွားလာတာတွေကြောင့် ထင်သလောက် ဒီကဏ္ဍဟာ မတိုးတက်လာဘူးဖြစ်နေတာပါ။ Ather ကုမ္ပဏီအနေနဲ့လည်း ကုန်ပစ္စည်းတွေရဲ့ စရိတ်မှာ ဒေါ်လာရာထောင်ချီတက်လာတာကြောင့် လူသုံးကုန်တွေဈေးတက်မှုနဲ့အတူ ဝယ်သူတွေပါက ဒီတိုးမြင့်လာမှုဒဏ်ကို ဝင်ကူထမ်းဖို့ဖြစ်လာတာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာဖြစ်တယ်လို့ Mehta […]
Posted On July 21, 2022, By Editorial

အရှေ့တောင်အာရှဒေသတွင်းမှာ Cybersecurity expert တွေ ရှားပါး

အဖွဲ့အစည်းအမျိုးမျိုးဟာ ပိုမိုရှုပ်ထွေးနက်နဲလာတဲ့ ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်မှုတွေခံနေရပြီး ဒါတွေကိုကိုင်တွယ်ဖြေရှင်းနိုင်ဖို့လည်း အနိုင်နိုင်ကြိုးစားနေကြရတာဖြစ်ပါတယ်။ ဒါအပြင် ဒီလိုကိစ္စတွေကိုဖြေရှင်းပေးနိုင်မယ့် ကျွမ်းကျင်သူတွေဟာလည်း ပြတ်လတ်နေပြီး ရှာဖွေရခက်နေတာဖြစ်တယ်လို့ ကမ္ဘာတစ်ဝန်းဆိုက်ဘာလုံခြုံရေးဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီ Fortinet က ထုတ်ပြန်ပါတယ်။ Fortinet ရဲ့ အာရှဒေသဆိုင်ရာ Marketing & Communications ဌာနက Vice-President Rashish Pandev ကတော့ အခုဆိုရင် ဆိုက်ဘာြခိမ်းခြောက်မှုကဏ္ဍမှာ အပြောင်းအလဲတွေဖြစ်နေတာကိုတွေ့ရပြီး ခြိမ်းခြောက်မှုတွေကလည်း ပိုမိုအကြမ်းဖက်တဲ့သဘောရောက်လာကာ သူတို့ရဲ့ပစ်မှတ်တွေလည်း ပြောင်းလဲလာတာကိုတွေ့ရကြောင်းပြောပါတယ်။ ခြိမ်းခြောက်ငွေညှစ်မှုအသစ် (ransomware) တွေကလည်း ပိုမိုကြမ်းတမ်းတဲ့ နည်းလမ်းတွေကိုသုံးလာကြပြီး အဲဒီအထဲမှာ Data တွေကို ပြန်ဆယ်မရအောင်ဖျက်ဆီးပစ်တဲ့နည်းတွေ၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံခြား စီးပွားရေး/နိုင်ငံရေး/နည်းပညာ – စသဖြင့် ဖျက်ဆီးအဆက်ပြတ်ဂယက်ထအောင်လုပ်တဲ့နည်းတွေ၊ ငွေရေးကြေးရေးအတွက်မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိနှောက်ယှက်ဖျက်ဆီးမှုတွေအထိ ပုံစံမျိုးစုံနဲ့ရှိနေပါတယ်? Remote Working အခြေအနေကြောင့်ရော၊ Network ပိုင်းမှာရော၊ […]
Posted On July 17, 2022, By Editorial

ဗီယက်နမ်က ယခုနှစ် ဂျီဒီပီ တိုးတက်နှုန်း ၇ ရာခိုင်နှုန်းရောက်ရှိဖို့မျှော်မှန်း

ယခင်ကသတ်မှတ်ထားခဲ့တဲ့မျှော်မှန်း စီးပွားရေးတိုးတက်နှုန်း ၆ ရာခိုင်နှုန်းကနေ ၆.၅ ရာခိုင်နှုန်းရှိဖို့လျာထားချက်ကို ဒီတစ်ပတ်အစပိုင်း တနင်္လာနေ့က ထပ်မံတိုးမြှင့်လိုက်ကြောင်းကို ဗီယက်နမ်နိုင်ငံရဲ့စီမံကိန်းနဲ့ရင်းနှီးမြှုပ်နှံမှုဌာနရဲ့ ဝန်ကြီး Nguyen Chi Dung ပြောလိုက်ပါတယ်။ ဒီလိုမျှော်မှန်းထားချက်ပြည့်မီရောက်ရှိဖို့ဆိုရင်တော့ နှစ်အလိုက်ယှဉ်တဲ့စီးပွားရေးတိုးတက်နှုန်းဟာ ဒီတတိယသုံးလပတ်နှိုင်းယှဉ်ချက်မှာ ယခင်နှစ်ကထက် ၉ ရာခိုင်နှုန်းနဲ့၊ လာမယ့် စတုတ္ထသုံးလပတ်နှိုင်းယှဉ်ချက်မှာတော့ ယခင်နှစ်ကထက် ၆.၃ ရာခိုင်နှုန်း အသီးသီးပိုများဖို့လိုနေတာဖြစ်တယ်လို့ သူကထပ်မံဖြည့်စွက်ပြောဆိုပါတယ်။ Dung က နိုင်ငံရဲ့ဘတ်ဂျက်လျာထားချက်မှာ ပိုငွေပြနေပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်သူပြည်သားတွေကို ထောက်ပံ့ပေးနိုင်မယ့် ဘဏ္ဍာရေးပေါ်လစီတွေချမှတ်လုပ်ကိုင်ဖို့ လုပ်နိုင်ကြောင်းလည်းဆိုပါတယ်။ Credit Institutions တွေအနေနဲ့လည်း သူတို့ရဲ့ ချေးငွေအတိုးနှုန်းတွေကိုလျှော့ချဖို့လုပ်ရလိမ့်မှာဖြစ်ကြောင်းနဲ့ အဓိကကတော့ စီးပွားရေးလုပ်ငန်းတွေအတွက် လုပ်ငန်းလုပ်ကိုင်ဖို့ ထည့်ဝင်ငွေအပေါ်မှာ ဖိအားများနေတာတွေလျော့ကျသွားစေဖို့၊ စီးပွားရေးအသိုက်အဝန်းအပေါ်ဖိအားတွေလျော့ကျဖို့ဖြစ်ကြောင်းလည်း သူကဆိုပါတယ်။ ယခုအခါမှာ ဒေသတွင်းကုန်ထုတ်လုပ်ရေးအချက်အချာဒေသဖြစ်လာတဲ့ဗီယက်နမ်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ ကန့်သတ်ချက်တွေကိုဖြေလျှော့ပေးခဲ့ကာ […]
Posted On July 7, 2022, By Editorial

ဂျပန်နိုင်ငံရဲ့အချမ်းသာဆုံး စာရင်းထဲ ထိပ်ဆုံးပြန်ရောက်လာတဲ့ Uniqlo ပိုင်ရှင်

Uniqlo လက်လီအရောင်းဆိုင်ခွဲများလုပ်ကိုင်နေတဲ့ Fast Retailing Co ရဲ့ တည်ထောင်သူနဲ့ ဥက္ကဋ္ဌဖြစ်သူ  Tadashi Yanai က ဂျပန်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်နေရာကို ပြန်ရောက်လာပါတယ်။ ကမ္ဘာ့စီးပွားရေးနှေးကွေးခြင်းကြောင့် Tadashi Yanai ရဲ့ ပိုင်ဆိုင်မှုတွေ အတော်လေးလျော့ကျသွားခဲ့တယ်ဆိုပေမယ့်လည်း သူဟာ Forbes Asia ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ ဂျပန်မှာအချမ်းသာဆုံး ၅၀ စာရင်းထဲမှာ ထိပ်ဆုံးကပါလာတာပါ။ Forbes Asia အရ Yanai ရဲ့ ပိုင်ဆိုင်မှုပမာဏ ၄၄ ရာခိုင်နှုန်း (၂၃.၆ ဘီလီယံဒေါ်လာ) လောက် လျော့ကျသွားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ အဓိကကတော့ဂျပန်ပြည်တွင်းနဲ့ တရုတ်နိုင်ငံအတွင်း အရောင်းနှေးကွေးခြင်းရဲ့ရလဒ်တွေပါ။ ဒီလိုမျိုး သူကြွယ်တစ်ဦးချင်းစီရဲ့ ကြွယ်ဝမှုကျဆင်းခြင်းကြောင့် ဂျပန်နိုင်ငံက အချမ်းသာဆုံး အယောက်  ၅၀ ရဲ့ စုစုပေါင်း ပိုင်ဆိုင်မှုပမာဏတွေက ၃ […]
Posted On June 7, 2022, By Editorial

Virtual World မှာ ရောင်းသူ၊ ဝယ်ယူ ဆုံဆည်းနိုင်အောင်လုပ်ပေးထားတဲ့ MyoePya

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ ရက်မှာ MyoePya product launch event ကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ပြည်လမ်းမပေါ်က Lotte Hotel Yangon မှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာတော့ AYEYARWADDY Engineering Group မှ Managing Director ဒေါ်မေဇွန်ကျော်ဝင်းက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး SHARRTZ.ORG မှ Founder ဖြစ်သူ ဒေါ်သျှားသက်ဇော်မှ MyoePYA platform နဲ့ပတ်သက်လို့ အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါတယ်။ MyoePya ကိုတော့ SHARRTZ.ORG က တည်ဆောက်ထားပြီး ၂၀၂၂ ခုနှစ်မှာ AYEYARWADDY Engineering Group နဲ့ ပူးပေါင်းဖို့ သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။ MyoePya Platform နဲ့ပတ်သက်လို့ Co-Founder ဦးစိုးစံအောင်က […]
Posted On June 3, 2022, By Editorial

ပြီးခဲ့တဲ့နှစ်အတွင်း ဗီယက်နမ်နိုင်ငံရဲ့ ပြည်ပပို့ကုန် ၁၉ ရာခိုင်နှုန်းမြင့်တက်

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံရဲ့ ပြည်ပပို့ကုန်ရာခိုင်နှုန်းက ၁၉ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး အမေရိကန်နိုင်ငံနဲ့ ဗီယက်နမ်ကြား ကုန်သွယ်မှုမှာဆိုရင် ပို့ကုန်နဲ့ သွင်းကုန်ပမာဏက မျှတတဲ့အတွက် trade surplus ဖြစ်တာကိုတောင်တွေ့ရတယ်လို့ဆိုပါတယ်။ အမေရိကန်ဟာ ဗီယက်နမ်နိုင်ငံအတွက် အကြီးဆုံးပြည်ပပို့ကုန်ဈေးကွက်လည်းဖြစ်ပြီး အမြင့်ဆုံးနှုန်းနဲ့ပို့ကုန်တွေထုတ်ပို့နိုင်ခဲ့တယ်လို့ အစိုးရကထုတ်ပြန်တဲ့အချက်အလက်တွေအရ သိရပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ ၂၀၂၁ ခုနှစ်တစ်နှစ်တာအတွက် စုစုပေါင်း ပို့ကုန်ပမာဏက အမေရိကန်ဒေါ်လာ ၃၃၆.၃၁ ဘီလီယံ ရှိခဲ့ပြီး သွင်းကုန်ပမာဏက ၃၃၁.၃၃ ဘီလီယံဒေါ်လာရှိတဲ့အတွက် (ပို့ကုန်က ၂၆.၅ ရာခိုင်နှုန်းမြင့်တက်လာတာ) နိုင်ငံရဲ့ trade surplus က ၄.၀၈ ဘီလီယံရှိပါတယ်လို့ အကောက်ခွန်ဌာနကထုတ်ပြန်ပါတယ်။ ပို့ကုန်ပမာဏက ပြီးခဲ့နှစ် ဒီဇင်ဘာတစ်လတည်းမှာတင် နိုဝင်ဘာလထက် ၈.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့တာဖြစ်ပြီး ၃၄.၅၉ ဘီလီယံဒေါ်လာရရှိခဲ့ပါတယ်။ သွင်းကုန်ပမာဏကလည်း ၃.၁ ရာခိုင်နှုန်းမြင့်တက်ကာ […]
Posted On January 28, 2022, By Editorial
1 2 3 10