advertisement-image
Articles

Warning: copy(/var/www/com.ceo-myanmar/wp-content/uploads/img/160x111-36473-Digital-Currency.jpg): failed to open stream: Permission denied in /var/www/com.ceo-myanmar/wp-content/plugins/fly-crop/inc/helpers.php on line 36

ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ

ဒီဆောင်းပါးဟာ စင်ကာပူFinTech ပွဲတော်ဒုတိယနေ့ (၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်)မှာ Monetary Authority of Singapore – MAS ရဲ့ ညွှန်ကြားရေးမှူးချုပ် Mr. Ravi Menon က The Future of Money, Finance and the Internet ဆိုတဲ့ခေါင်းစဉ်နဲ့ ပြောကြားသွားတဲ့ မိန့်ခွန်းကို ဆီလျော်အောင် ဘာသာပြန်ဆို ရေးသားထားတဲ့ဆောင်းပါးဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ ဒစ်ဂျစ်တယ် ငွေကြေးအမျိုးမျိုးအကြောင်း၊ ဗဟိုဘဏ်တွေရဲ့အခန်းကဏ္ဍနဲ့ ဒစ်ဂျစ်တယ် ငွေကြေးတွေရဲ့လားရာ၊ ဈေးကွက်တွေအပေါ်သက်ရောက်မှုတွေနဲ့ အကျိုးပြုနိုင်မှုတွေ စသဖြင့် စုံစုံလင်လင်ပါဝင်တယ်။ ငွေကြေး၊ စာရင်းအင်းနှင့် အင်တာနက် ငွေကြေးကို နှစ်သန်းပေါင်းများစွာကတည်းက ကြားခံလဲလှယ်ရေးအရာ (Medium of Exchange) အဖြစ်သုံးခဲ့ကြတာဖြစ်ပါတယ်။ သူ့ရဲ့တိုးတက်ဖြစ် […]
Posted On October 19, 2022, By Editorial

Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan

လက်(ဇ်)မင်းနာရာဆင်းဟန်းဟာ ကိုဗစ်ကပ်ဆိုးကာလအတွင်းက သူ့ဇနီး၊သားဖြစ်သူတို့နဲ့ကွဲနေပြီး အသက်၇၀နှစ်အရွယ်ရှိသူ့မိခင်အိုကြီးနဲ့အတူ လန်ဒန်မြို့ကတိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ နေထိုင်ခဲ့ရပါတယ်။ အခုတော့ကမ္ဘာကျော်အမေရိကန်ကော်ဖီဆိုင်ခွဲလုပ်ငန်းကုမ္ပဏီ Starbucks ရဲ့လက်ရှိ စီအီးအိုဟောင်းဝပ်ရှု(လ်)က ၎င်းရဲ့ စီအီးအိုရာထူးကိုဆက်ခံမယ့်သူအဖြစ် လက်(ဇ်)မင်းကိုခေါင်းခေါက်ရွေးချယ်ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံအခြေစိုက် လူသုံးကုန်ပစ္စည်းလုပ်ငန်းကုမ္ပဏီကြီး Reckitt Benckiser  မှာ အမှုထမ်းစဉ်က လက်(ဇ်)မင်းမှာ ရိုးစင်းတဲ့ရည်မှန်းချက်ပန်းတိုင်တစ်ခု ရှိပါတယ်။ အဲဒါကတော့ အဲဒီကုမ္ပဏီရဲ့ထုတ်ကုန်တွေကို ကမ္ဘာ့နိုင်ငံစုစုပေါင်းရဲ့ထက်ဝက်အထိ ဖြန့်ချိရောင်းချသွားဖို့ပဲဖြစ်ပါတယ်။ အခုတော့၂၀၂၂ခုနှစ်၊ စက်တင်ဘာလဆန်းပိုင်းမှာ ကမ္ဘာ့နိုင်ငံပေါင်း ၈၀ကျော်မှာ ဆိုင်ပေါင်း၃၂၀၀ဖွင့်ထားတဲ့ Starbucks ကော်ဖီဆိုင်လုပ်ငန်း ကုမ္ပဏီကြီးကို ဦးဆောင်ဖို့ ရွေးချယ်ခြင်းခံရပါတယ်။ Starbucks ဟာ ရပ်ကွက်တစ်ခုချင်းအတွက် ဆိုင်ခွဲတစ်ခုစီ တိုးချဲ့သွားမယ်ဆိုတဲ့ နည်းဗျူဟာအတွက် ကျော်ကြားခဲ့တာပဲဖြစ်ပါတယ်။ “အခုလိုသိပ်အရေးကြီးတဲ့ကာလမှာ Starbucks လိုနမူနာစံပြကုမ္ပဏီကြီးမှာပါဝင်ရမှာမို့ကျွန်တော်နှိမ့်ချမိပါတယ်။ ” ကော်ဖီနဲ့ပတ်သက်လို့ စားသုံးသူတွေရဲ့ဆက်သွယ်ပုံကိုပြောင်းလဲပေးခြင်းအတွက် Starbucks ဟာ လေးစားမြတ်နိုးခံရတာကြာပြီဖြစ်ကြောင်း သူ့ရဲ့သတင်းထုတ်ပြန်ချက်မှာဖြည့်စွက်ပြောကြားခဲ့ပါတယ်။ ဂျာမန်ဘာသာစကားပြောသင်တန်းမှဘွဲ့ရထားပြီးအ‌မေရိကန်နိုင်ငံ၊ ပင်ဆယ်ဗေးနီးယားပြည်နယ်ရှိ အထင်ကရကျောင်း […]
Posted On October 2, 2022, By Editorial

လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group

ဆိပ်ကမ်းတွေနဲ့ စွမ်းအင်လုပ်ငန်းစုတွေအပါအဝင် လုပ်ငန်းနယ်ပယ်တော်တော်များများမှာ ဝင်ရောက်နေရာယူထားပြီးသားဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီးဖြစ်တဲ့ Adani Group ဟာ လာမယ့် ဆယ်စုနှစ်တွေအတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေထပ်မံပြုလုပ်သွားဖို့ရှိကြောင်း Chairman ဖြစ်သူ Gautam Adani က ဆိုပါတယ်။ အများစုကိုတော့ သဘာဝသယံဇာတကနေ ကာဗွန်ထုတ်လုပ်မှုသုညဖြစ်နိုင်ခြေနည်းနဲ့ စွမ်းအင်ထုတ်လုပ်ခြင်းလုပ်ငန်းစဉ် (energy transition business) တွေဘက်မှာ အသုံးချရင်းနှီးမြှုပ်နှံသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ၁၉၈၈ ခုနှစ်က coal trading လုပ်ငန်းအဖြစ် စတင်တည်ထောင်ခဲ့တဲ့ Adani Group ကို အခုအသက် ၆၀ ဝန်းကျင်ရှိတဲ့ Gautam Adani က ဦးဆောင်နေပြီး သူဟာလုပ်ငန်းနယ်ပယ်တော်တော်များများမှာ ဝင်ရောက်အခြေချ အောင်မြင်နေပြီဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ အခြေခံအဆောက်အအုံ များတည်ဆောက်ငှားရမ်း၊ လုပ်ကိုင်ခြင်းဖြစ်ပြီး၊ လုပ်ငန်းစုဟာ […]
Posted On September 30, 2022, By Editorial

လူငယ်ခေါင်းဆောင်များအတွက် ခေါင်းဆောင်မှုဆိုင်ရာထိပ်တန်းအကြံပြုချက်များ

အိန္ဒိယလူမျိုးစီးပွားရေးလုပ်ငန်းကျွမ်းကျင်သူ Siddhant Raizada ရဲ့ ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး မှတ်သား စရာကောင်းတဲ့အကြံပြုချက်တွေကို အောက်မှာဖော်ပြလိုက်ပါတယ်။ ထက်မြက်တဲ့အဖွဲ့အစည်းတစ်ခုကိုတည်ဆောက်ခြင်းဟာ အမြဲလုပ်နေရတဲ့လုပ်ငန်းစဉ်ဖြစ်သလို တစ်သက်လုံးလည်းလုပ် နေရမယ့်လုပ်ငန်းဖြစ်ပါတယ်။ အစောပိုင်းအဆင့်တွေမှာ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေဟာ ရှင်သန်ရပ်တည်ရေးကို အာရုံ စိုက်ကြပြီး အဲဒါဟာလည်းမှန်ပါတယ်။ ဒါပေမဲ့ အဖွဲ့အစည်းရဲ့ယဉ်ကျေးမှုဆိုင်ရာမျိုးဗီဇကိုဖန်တီးတာဟာလည်း ဒီအ စောပိုင်းနှစ်တွေအတွင်းမှာပဲဖြစ်ပါတယ်။ အဲဒါကြောင့် တည်ထောင်သူတွေနဲ့ခေါင်းဆောင်တွေဟာ သူတို့ရဲ့ယဉ်ကျေးမှု ကျင့်ဝတ်စည်းကမ်းကို အောင်မြင်မှုအတွက်ပုံစံချထားတယ်ဆိုတာသေချာအောင်လုပ်ဖို့အတွက် တချို့သောအရာတွေကို စိတ်ထဲမှာထည့်ထားရပါမယ်။ လွန်ခဲ့တဲ့ ၁၇ နှစ်အတွင်းမှာ စွန့်ဦးတီထွင်သူတွေ၊ လုပ်ငန်းခေါင်းဆောင်တွေအများကြီး နဲ့ ကျွန်တော်အလုပ်လုပ်ခဲ့ပါတယ်။ဒီလိုလုပ်ခဲ့တဲ့အတွက် နေ့စဉ်ဆုံးဖြတ်ချက်ချမှုတွေဟာ ရေရှည်အောင်မြင်မှုအပေါ်မှာဘယ်လို သက်ရောက်မှုရှိတယ် ဆိုတာကို ကျွန်တော်စောင့်ကြည့်လေ့လာခွင့်ရခဲ့ပါတယ်။ အဲဒီနှစ်တွေအတွင်း ကျွန်တော့်ရဲ့လေ့လာတွေ့ရှိမှုတွေကို အောက်မှာဖော်ပြထားပါတယ်။ ဒါပေမဲ့ အဲဒါတွေဟာ အကြွင်းမဲ့အမှန်တရားတွေတော့လုံးဝမဟုတ်ပါဘူး။ အဲဒီလေ့လာ တွေ့ရှိမှုတွေဟာ ကျွန်တော့်ရဲ့အမှန်တရားတွေသာဖြစ်ပါတယ်။ အဲဒီလေ့လာတွေ့ရှိမှုတွေကို လက်ခံချင်ရင်လည်းရပါ တယ်။ လက်မခံဘဲနေလို့လည်းရပါတယ်။ • […]
Posted On August 30, 2022, By Editorial

အမြတ်ရာခိုင်နှုန်းတိုးတက်လာတဲ့ Singtel

Singapore Telecommunications Ltd (Singtel) က သူတို့ရဲ့ ပထမ၃လပတ် အသားတင်အမြတ်က ၄၁ ရာခိုင်နှုန်းခုန်တက်လာခဲ့တယ်လို့ လွန်ခဲ့တဲ့ သတင်းပတ်ကထုတ်ပြန်ကြေငြာပါတယ်။ အဓိကကတော့ Singtel ကတစ်ဝက်ပိုင်တဲ့ Bharti Airtel ရဲ့ ဘဏ္ဍာရေးပိုင်း ပြန်နာလံထူလာတာကြောင့်ဖြစ်ပါတယ်။ Singtel ရဲ့ ဇွန်လ ၃၀ ရက်မှာအဆုံးသတ်တဲ့ပထမ၃လပတ်စာအတွက် အသားတင်အမြတ်က စင်ကာပူဒေါ်လာ ၆၂၈ သန်းဖြစ်ပြီး ယမန်နှစ်အခုလိုအချိန်တုန်းကတော့ အမြတ်က စင်ကာပူဒေါ်လာ ၄၄၅ သန်းပဲရရှိခဲ့တာပါ။ Singtel ရဲ့လုပ်ငန်းများ Singtel ဟာ စင်ကာပူနိုင်ငံအတွင်း ထိပ်တန်း ဆက်သွယ်ရေးလုပ်ငန်းကြီး ၄ ခုထဲကတစ်ခုဖြစ်ပြီး နိုင်ငံအတွင်းက အကြီးဆုံး မိုဘိုင်းလ်ကွန်ရက်လုပ်ငန်းလုပ်ကိုင်တဲ့ကုမ္ပဏီပါ။  ပင်မကုမ္ပဏီအပါအဝင် လုပ်ငန်းခွဲတွေအားလုံးရဲ့ ဖောက်သည်တွေကိုပေါင်းလိုက်ရင် စုစုပေါင်း အသုံးပြုသူ သန်း ၆၄၀ (subscriber) ရှိပါတယ်။ […]
Posted On August 29, 2022, By Editorial

နာမည်ကျော် ဂျပန်လူမျိုးဖက်ရှင်ဒီဇိုင်းနာ Issey Miyake ကွယ်လွန်

ဖက်ရှင်လောကအပေါ် တီထွင်ဖန်တီးမှုအမျိုးမျိုးနဲ့လွှမ်းမိုးမှုရှိခဲ့သူ ဂျပန်လူမျိုး ဖက်ရှင်ဒီဇိုင်းနာ Issey Miyake ဟာ ယခု ဩဂုတ်လ ၅ ရက်က ကင်ဆာရောဂါဖြင့်ကွယ်လွန်သွားကြောင်းသူ့ရုံးခန်းက အတည်ပြုပါတယ်ဆိုတဲ့အကြောင်း CNN က ဩဂုတ်လ ၁၀ ရက်က သတင်းရေးသားခဲ့ပါတယ်။ Issey Miyake ဟာ ကွယ်လွန်ချိန်မှာ အသက် ၈၄ နှစ်ရှိပါပြီ။ သူ့ရဲ့ သဘောထားအရ မိသားစုနဲ့ ရင်းနှီးသူမိတ်ဆွေအနည်းငယ်နဲ့သာ နာရေးကိုပြုလုပ်ခဲ့ပြီးဖြစ်ကာ သတိရပူဆွေးပွဲမလုပ်တော့ဘူးလို့လည်းသိရပါတယ်။ Miyake က ၁၉၈၀ ခုနှစ်တွေမှာ သူ့ရဲ့ ဆန်းသစ်တီထွင်မှုရှိတဲ့ ဖက်ရှင်ဒီဇိုင်းများကြောင့် နိုင်ငံတကာမှာကျော်ကြားလာပြီး သူ့တန်ဖိုးကြီးဇိမ်ခံပစ္စည်းသဖွယ်ဖက်ရှင်ထည်တွေဟာ စုဆောင်းသူတွေအကြိုက်ချက်ချင်းဖြစ်သွားခဲ့ပါတယ်။  ယနေ့မှာတော့ သူ့ရဲ့ လက်ရာ ဖက်ရှင်ဒီဇိုင်းတွေကို အဖွဲ့အစည်းတော်တော်များများက သိမ်းဆည်းစုဆောင်းထားပြီး အဲဒီထဲမှာ လန်ဒန်က Victoria & Albert Museum ၊ […]
Posted On August 11, 2022, By Editorial

ဒီစာကိုမဖတ်ပါနဲ့

အဒမ်စမစ်က တားမြစ်ခြင်းနဲ့ပတ်သက်လို့ အလွန်စိတ်ဝင်စားဖွယ်ကောင်းတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုကို ထောက်ပြခဲ့ပါတယ်။ သူကတော့ အထူးသဖြင့် အတိုးနှုန်းအလွန်များတဲ့ ဥပဒေနဲ့မညီတဲ့အရာကိုထောက်ပြတာပါ။ (သူက စည်းမျဉ်းစည်းကမ်းနဲ့မကိုက်ညီတဲ့အရာအပေါ် အလွန်စိတ်ဝင်စားမှုမြင့်မလားလေ့ရှိတတ်တာကို အထူးသဖြင့်ထောက်ပြတာပါ။) ဘယ်လိုပဲဆိုဆို သူက သင်တို့ကျွန်ုပ်တို့ကိုသတိပေးနေတာကတော့ “ဒီတားမြစ်ပိတ်ပင်ထားတဲ့အရာက တခြားသောအရာကိစ္စတိုင်းလိုပဲ အရာမရောက်ပါဘူး၊ အကျိုးသက်ရောက်မှုမရှိဘူးလို့ဆိုကြပါတယ်။ ဖြစ်နိုင်တာကတော့ မတန်တဆအတိုးကြီးစားခြင်းကို ပပျောက်သွားစေမယ့်အစား ပိုပြီးတိုးလာစေတာပါပဲ။”လို့ သူ့ရဲ့ The Wealth of Nations စာအုပ်ထဲမှာ ရေးသားခဲ့ပါတယ်။ ပြောချင်တဲ့အရာ … တားမြစ်ပိတ်ပင်ထားတဲ့အရာတွေမှာ ဆွဲဆောင်မှုတစ်မျိုးရှိတယ်။ Publius Cornelius Tacitus (ရိုမန်အင်ပါယာရဲ့ ဆီးနိတ်အမတ်နဲ့ သမိုင်းပညာရှင်) သူရေးထားတဲ့အထဲမှာ စိတ်ဝင်စားဖွယ်အထူးကောင်းတာတစ်ခုက သူ့စကားစုတွေမှာဖော်ပြနေတဲ့ စိတ်ပညာပါ။ ဖြစ်နိုင်ခြေဥပမာတစ်ခုပေးရရင် သင့်အနေနဲ့ အင်တာနက်သုံးနေရင်၊ Facebook သုံးနေရင် Newsfeed ထဲပေါ်လာသမျှတွေကြားထဲမှာ ဒီစာစုရဲ့ခေါင်းစဉ်ကိုရှာတွေ့တော့ မဖတ်ပါနဲ့လို့ ရေးထားတာတောင် […]
Posted On August 7, 2022, By Editorial

JobNet.com.mm ရဲ့ MD Matt De Luca နှင့် အင်တာဗျူး

လက်ရှိ Job Market အနေအထား၊ The Best Companies to Work in Myanmar – BCIM ကနေ ကုမ္ပဏီတွေ ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေ၊ ဝန်ထမ်းတွေအနေနဲ့ ကိုယ်လုပ်ချင်တဲ့ လုပ်ငန်း/ကုမ္ပဏီကို ဘယ်လိုအချက်တွေကို ကြည့်ပြီးရွေးချယ်သင့်သလဲ။ မြန်မာနိုင်ငံ၏ ထိပ်တန်းအွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုဒ်များထဲမှတစ်ခုဖြစ်သည့် JobNet.com.mm မှ မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီများ (The Best Companies to Work in Myanmar – BCIM) အစီအစဉ်ကို ယခု ၂၀၂၂ ခုနှစ်တွင် ပြန်လည်ဦးစီးကျင်းပသွားမည်ဖြစ်သည်။    á€šá€á€Żá€Ąá€…ဎဥစဉ်ကို ပါ၀င်နိုင်ရန်အတွက် လျှောက်လွှာများကို ဇူလိုင်လ ၁၅ ရက်က www.bcimyanmar.com/participate တွင် စတင်လက်ခံခဲ့ပြီး ဩဂုတ်လ ၁၀ ရက်မတိုင်ခင်အထိ တင်နိုင်မည်ဖြစ်သည်။ ထိုအစီအစဉ်နှင့်ပတ်သက်ပြီး […]
Posted On August 6, 2022, By Editorial

သင့် ဖုန်း၊ တက်ဘလက်နဲ့ လက်ပ်တော့ပ်တွေရဲ့ ဘက်ထရီသက်တမ်းကြာရှည်ခံစေမယ့်အကောင်းဆုံးနည်းလမ်း

ဖုန်း၊ တက်ဘလက်၊ လက်ပ်တော့ပ်နဲ့ တခြား အသုံးအဆောင်ပစ္စည်းအမျိုးမျိုးရဲ့ ဘက်ထရီတွေဟာ တဖြည်းဖြည်းအချိန်ကြာလာတာနဲ့အမျှ အားကုန်တာမြန်လာတတ်ပါတယ်။ နောက်ဆုံးအဆင့်ကျရင် အားသွင်းကြိုးတပ်ထားလျက်သားနဲ့သုံးမှသာရတော့တဲ့အခြေစိုက်တာပါပဲ။ Lithium-ion ဘက်ထရီတွေဟာ အကြိမ် ၅၀၀ ရောက် ထပ်ပြန်တလဲအသုံးပြုနိုင်ပါတယ်။ သဘောကတော့ အားသွင်းလိုက်၊ သုံးလိုက်နဲ့ တစ်နှစ်၊ တစ်နှစ်ခွဲလောက်ခံတဲ့သဘောပါ။ ဘက်ထရီတစ်ကြိမ်အသုံးပြုတယ်ဆိုတာက full charge (0-100) ရာခိုင်နှုန်းဆိုတာနဲ့တိုင်းတာတာဖြစ်ပါတယ်။ ဒီလို တစ်ရာ ရာခိုင်နှုန်းအားဖြည့်ထားရကနေ သုညရာခိုင်နှုန်းအထိ အသုံးပြုမှု အကြိမ်ရေ ၅၀၀ အထိ သက်တမ်းရှိတယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ဖုန်းကို တစ်ရာရာခိုင်နှုန်းဖြည့် တစ်ရာရာခိုင်နှုန်းသုံးလုပ်တာများလေ ဖုန်းမြန်မြန်အသစ်ဝယ်ဖို့နီးလာလေပါပဲလို့ Liz Hamilton (Director , People and Customers , Mobile Klinkk) က ပြောပါတယ်။ သူ့လုပ်ငန်းက ဖုန်းပြုပြင်ရေးလုပ်ငန်းပါ။ […]
Posted On July 25, 2022, By Editorial

သင့်ရဲ့အချိန်တွေကို ဘယ်လိုစီမံခန့်ခွဲမလဲ

အချိန်မရှိဘူးလို့ လူတော်တော်များများက အမြဲညည်းညူတတ်ကြပါတယ်။ တကယ်တော့မဟုတ်ပါဘူး … သင့်အလုပ်တွေအကုန်ပြီးစီးတဲ့အပြင်ကို သင့်ကိုယ်ပိုင်ဘဝအတွက်ပါ အချိန်အပြည့်အဝရှိအောင်လုပ်ဖို့က လွယ်ကူပါတယ်။ ဒီအတွက် လုပ်လိုက်နိုင်မယ့် ရိုးရှင်းပြီး လုပ်ရလွယ်တဲ့ နည်းလမ်း ၆ ခုကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။ ပြစ်တင်ညည်းညူနေတာတွေကိုရပ်ပါ လူတိုင်းနဲ့အတူတူပဲ သင့်ရဲ့တစ်နေ့တာက အချိန် ၂၄ နာရီရှိပါတယ်။ ဘယ်လောက်ပဲ အချိန်တွေဟာတိုတောင်းတယ်၊ အချိန်မလောက်မငှဖြစ်နေတယ်လို့ခံစားနေရပါစေ မနက်မိုးလင်းလို့ မျက်လုံး ၂ လုံးပွင့်လာတာနဲ့ သင်ရတဲ့ နာရီပမာဏက တစ်နေ့တာ ၂၄ နာရီပါ … သူများတွေနဲ့တန်းတူပါပဲ။ ဒါကြောင့် ပြစ်တင်ညည်းညူနေ အချိန်မလောက်ဘူးလို့ စောဒကတက်နေတာတွေကိုရပ်တန့်လိုက်ပါတော့။ သင်နေ့စဉ်ဘာတွေနဲ့အချိန်ဖြုန်းမိနေလဲပြန်ဆန်းစစ်ပါ။ ညည်းညူနေမယ့်အချိန်တွေမှာ သင့်တစ်ခုခုကိုအကျိုးရှိအောင်တောင်ကောက်လုပ်လိုက်ရပါလိမ့်မယ်။ သင့်အချိန်တွေကို ခြေရာခံပါ သင့်အတွက် အချိန်ကိုစီမံခန့်ခွဲဖို့ဆိုတာက သင်ဘာတွေလုပ်နေသလဲဆိုတာကို ပြောင်းလဲလိုက်ဖို့မဟုတ်ပါဘူးဆိုတဲ့ နာမည်ကြီးတဲ့ ဆိုစကားတစ်ခုနဲ့တော့ပြောင်းပြန်ဖြစ်နေပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ သင့်အနေနဲ့က သင်ဘာတွေတကယ်လုပ်နေသလဲဆိုတာကို […]
Posted On July 19, 2022, By Editorial
1 2 3 94