advertisement-image
Technology

Warning: copy(/var/www/com.ceo-myanmar/wp-content/uploads/img/160x111-36473-Digital-Currency.jpg): failed to open stream: Permission denied in /var/www/com.ceo-myanmar/wp-content/plugins/fly-crop/inc/helpers.php on line 36

ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ

ဒီဆောင်းပါးဟာ စင်ကာပူFinTech ပွဲတော်ဒုတိယနေ့ (၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်)မှာ Monetary Authority of Singapore – MAS ရဲ့ ညွှန်ကြားရေးမှူးချုပ် Mr. Ravi Menon က The Future of Money, Finance and the Internet ဆိုတဲ့ခေါင်းစဉ်နဲ့ ပြောကြားသွားတဲ့ မိန့်ခွန်းကို ဆီလျော်အောင် ဘာသာပြန်ဆို ရေးသားထားတဲ့ဆောင်းပါးဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ ဒစ်ဂျစ်တယ် ငွေကြေးအမျိုးမျိုးအကြောင်း၊ ဗဟိုဘဏ်တွေရဲ့အခန်းကဏ္ဍနဲ့ ဒစ်ဂျစ်တယ် ငွေကြေးတွေရဲ့လားရာ၊ ဈေးကွက်တွေအပေါ်သက်ရောက်မှုတွေနဲ့ အကျိုးပြုနိုင်မှုတွေ စသဖြင့် စုံစုံလင်လင်ပါဝင်တယ်။ ငွေကြေး၊ စာရင်းအင်းနှင့် အင်တာနက် ငွေကြေးကို နှစ်သန်းပေါင်းများစွာကတည်းက ကြားခံလဲလှယ်ရေးအရာ (Medium of Exchange) အဖြစ်သုံးခဲ့ကြတာဖြစ်ပါတယ်။ သူ့ရဲ့တိုးတက်ဖြစ် […]
Posted On October 19, 2022, By Editorial

Olympus Corp က မိုက်ခရိုစကုပ်လုပ်ငန်းခွဲကို ရောင်းချ

ဂျပန်နိုင်ငံရဲ့နှစ်ပေါင်းရာချီသက်တမ်းရှိနေပြီဖြစ်တဲ့ မိုက်ခရိုစကုပ်ထုတ်လုပ်ရေးလုပ်ငန်းကြီး Olympus က သူ့ရဲ့ မိုက်ခရိုစကုပ်ထုတ်လုပ်ရေးလုပ်ငန်းခွဲကို Bain Capital (ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ)ကို ဂျပန်ယမ်း ၄၂၇.၆ ဘီလီယံ(အမေရိကန်ဒေါ်လာ ၃.၁ ဘီလီယံ)ဖြင့်ရောင်းချဖို့ သဘောတူညီလိုက်ပါတယ်။ ဒါဟာ Olympus အတွက် အကြီးဆုံး ရောင်းချမှုတစ်ခုဖြစ်မှာပါ။             ဒီရောင်းချလိုက်တဲ့လုပ်ငန်းဟာ မိုက်ခရိုစကုပ်တွေအပြင် Endoscopes နဲ့ X-ray Analyser တွေကိုပါ ထုတ်လုပ်တဲ့ဌာနတစ်ခုလည်းဖြစ်ပါတယ်။ ရောင်းချရင်းအကြောင်းရင်းကတော့ Olympus ကုမ္ပဏီအနေနဲ့ ဆေးနှင့်ပတ်သက်သောနည်းပညာအမျိုးမျိုးအပေါ်ကိုပဲ အဓိကထားလုပ်ကိုင်သွားဖို့ ကုမ္ပဏီရဲ့လုပ်ငန်းလည်ပတ်မှုပုံစံကိုစတင်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းနေတာကြောင့်ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲဖွဲ့စည်းခြင်းကို ၂၀၁၉ ခုနှစ်ကတည်းကစတင်လုပ်ဆောင်လာတာဖြစ်ပြီး အခုရောင်းချလိုက်တဲ့လုပ်ငန်းခွဲဟာလည်း အရောင်းအားလည်းကောင်းပြီး အမြတ်လည်းရှိတဲ့လုပ်ငန်းခွဲပါ။ ပြောင်းလဲပြင်ဆင်မှုလုပ်ငန်းစဉ်အတွင်း ကုမ္ပဏီအနေနဲ့ သူ့ရဲ့ဘုတ်အဖွဲ့ထဲကို ValueAct Capital ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကိုပါထည့်သွင်းခဲ့သလို ၊ နိုင်ငံပြင်ပက ဆေးပစ္စည်းလုပ်ငန်းအမျိုးမျိုးကိုဝယ်ယူခဲ့ကာ၊ ကာလရှည်ကြာအရှုံးပေါ်နေတဲ့လုပ်ငန်းဖြစ်တဲ့ ဒီဂျစ်တယ်ကင်မရာလုပ်ငန်းကိုလည်း ရောင်းချနိုင်ခဲ့ပါတယ်။             […]
Posted On September 4, 2022, By Editorial

အမြတ်ရာခိုင်နှုန်းတိုးတက်လာတဲ့ Singtel

Singapore Telecommunications Ltd (Singtel) က သူတို့ရဲ့ ပထမ၃လပတ် အသားတင်အမြတ်က ၄၁ ရာခိုင်နှုန်းခုန်တက်လာခဲ့တယ်လို့ လွန်ခဲ့တဲ့ သတင်းပတ်ကထုတ်ပြန်ကြေငြာပါတယ်။ အဓိကကတော့ Singtel ကတစ်ဝက်ပိုင်တဲ့ Bharti Airtel ရဲ့ ဘဏ္ဍာရေးပိုင်း ပြန်နာလံထူလာတာကြောင့်ဖြစ်ပါတယ်။ Singtel ရဲ့ ဇွန်လ ၃၀ ရက်မှာအဆုံးသတ်တဲ့ပထမ၃လပတ်စာအတွက် အသားတင်အမြတ်က စင်ကာပူဒေါ်လာ ၆၂၈ သန်းဖြစ်ပြီး ယမန်နှစ်အခုလိုအချိန်တုန်းကတော့ အမြတ်က စင်ကာပူဒေါ်လာ ၄၄၅ သန်းပဲရရှိခဲ့တာပါ။ Singtel ရဲ့လုပ်ငန်းများ Singtel ဟာ စင်ကာပူနိုင်ငံအတွင်း ထိပ်တန်း ဆက်သွယ်ရေးလုပ်ငန်းကြီး ၄ ခုထဲကတစ်ခုဖြစ်ပြီး နိုင်ငံအတွင်းက အကြီးဆုံး မိုဘိုင်းလ်ကွန်ရက်လုပ်ငန်းလုပ်ကိုင်တဲ့ကုမ္ပဏီပါ။  ပင်မကုမ္ပဏီအပါအဝင် လုပ်ငန်းခွဲတွေအားလုံးရဲ့ ဖောက်သည်တွေကိုပေါင်းလိုက်ရင် စုစုပေါင်း အသုံးပြုသူ သန်း ၆၄၀ (subscriber) ရှိပါတယ်။ […]
Posted On August 29, 2022, By Editorial

သင့် ဖုန်း၊ တက်ဘလက်နဲ့ လက်ပ်တော့ပ်တွေရဲ့ ဘက်ထရီသက်တမ်းကြာရှည်ခံစေမယ့်အကောင်းဆုံးနည်းလမ်း

ဖုန်း၊ တက်ဘလက်၊ လက်ပ်တော့ပ်နဲ့ တခြား အသုံးအဆောင်ပစ္စည်းအမျိုးမျိုးရဲ့ ဘက်ထရီတွေဟာ တဖြည်းဖြည်းအချိန်ကြာလာတာနဲ့အမျှ အားကုန်တာမြန်လာတတ်ပါတယ်။ နောက်ဆုံးအဆင့်ကျရင် အားသွင်းကြိုးတပ်ထားလျက်သားနဲ့သုံးမှသာရတော့တဲ့အခြေစိုက်တာပါပဲ။ Lithium-ion ဘက်ထရီတွေဟာ အကြိမ် ၅၀၀ ရောက် ထပ်ပြန်တလဲအသုံးပြုနိုင်ပါတယ်။ သဘောကတော့ အားသွင်းလိုက်၊ သုံးလိုက်နဲ့ တစ်နှစ်၊ တစ်နှစ်ခွဲလောက်ခံတဲ့သဘောပါ။ ဘက်ထရီတစ်ကြိမ်အသုံးပြုတယ်ဆိုတာက full charge (0-100) ရာခိုင်နှုန်းဆိုတာနဲ့တိုင်းတာတာဖြစ်ပါတယ်။ ဒီလို တစ်ရာ ရာခိုင်နှုန်းအားဖြည့်ထားရကနေ သုညရာခိုင်နှုန်းအထိ အသုံးပြုမှု အကြိမ်ရေ ၅၀၀ အထိ သက်တမ်းရှိတယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ဖုန်းကို တစ်ရာရာခိုင်နှုန်းဖြည့် တစ်ရာရာခိုင်နှုန်းသုံးလုပ်တာများလေ ဖုန်းမြန်မြန်အသစ်ဝယ်ဖို့နီးလာလေပါပဲလို့ Liz Hamilton (Director , People and Customers , Mobile Klinkk) က ပြောပါတယ်။ သူ့လုပ်ငန်းက ဖုန်းပြုပြင်ရေးလုပ်ငန်းပါ။ […]
Posted On July 25, 2022, By Editorial

အရှေ့တောင်အာရှဒေသတွင်းမှာ Cybersecurity expert တွေ ရှားပါး

အဖွဲ့အစည်းအမျိုးမျိုးဟာ ပိုမိုရှုပ်ထွေးနက်နဲလာတဲ့ ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်မှုတွေခံနေရပြီး ဒါတွေကိုကိုင်တွယ်ဖြေရှင်းနိုင်ဖို့လည်း အနိုင်နိုင်ကြိုးစားနေကြရတာဖြစ်ပါတယ်။ ဒါအပြင် ဒီလိုကိစ္စတွေကိုဖြေရှင်းပေးနိုင်မယ့် ကျွမ်းကျင်သူတွေဟာလည်း ပြတ်လတ်နေပြီး ရှာဖွေရခက်နေတာဖြစ်တယ်လို့ ကမ္ဘာတစ်ဝန်းဆိုက်ဘာလုံခြုံရေးဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီ Fortinet က ထုတ်ပြန်ပါတယ်။ Fortinet ရဲ့ အာရှဒေသဆိုင်ရာ Marketing & Communications ဌာနက Vice-President Rashish Pandev ကတော့ အခုဆိုရင် ဆိုက်ဘာြခိမ်းခြောက်မှုကဏ္ဍမှာ အပြောင်းအလဲတွေဖြစ်နေတာကိုတွေ့ရပြီး ခြိမ်းခြောက်မှုတွေကလည်း ပိုမိုအကြမ်းဖက်တဲ့သဘောရောက်လာကာ သူတို့ရဲ့ပစ်မှတ်တွေလည်း ပြောင်းလဲလာတာကိုတွေ့ရကြောင်းပြောပါတယ်။ ခြိမ်းခြောက်ငွေညှစ်မှုအသစ် (ransomware) တွေကလည်း ပိုမိုကြမ်းတမ်းတဲ့ နည်းလမ်းတွေကိုသုံးလာကြပြီး အဲဒီအထဲမှာ Data တွေကို ပြန်ဆယ်မရအောင်ဖျက်ဆီးပစ်တဲ့နည်းတွေ၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံခြား စီးပွားရေး/နိုင်ငံရေး/နည်းပညာ – စသဖြင့် ဖျက်ဆီးအဆက်ပြတ်ဂယက်ထအောင်လုပ်တဲ့နည်းတွေ၊ ငွေရေးကြေးရေးအတွက်မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိနှောက်ယှက်ဖျက်ဆီးမှုတွေအထိ ပုံစံမျိုးစုံနဲ့ရှိနေပါတယ်? Remote Working အခြေအနေကြောင့်ရော၊ Network ပိုင်းမှာရော၊ […]
Posted On July 17, 2022, By Editorial

Bill Gates ၏ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံအလှူ

Bill Gates အနေဖြင့် သူ၏ကြွယ်ဝချမ်းသာမှုမှ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံအား Bill and Melinda Gates Foundation သို့ လှူဒါန်းမည်ဖြစ်ကြောင်းထုတ်ပြန်ကြေငြာခဲ့သည်။ အဆိုပါဖောင်‌ဒေးရှင်းအနေဖြင့် လက်ရှိတွင် ကမ္ဘာအနှံ့ပြန့်ပွားသောရောဂါများတိုက်ဖျက်ရန်နှင့် ယူကရိန်းစစ်ပွဲကြောင့်ကြုံတွေ့ရဖွယ်ရှိသည့်စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် အထူးအားထုတ်ဆောင်ရွက်လျက်ရှိပါသည်။ Bill and Melinda Gates Foundation သည် ကမ္ဘာပေါ်ရှိ အကြီးမားဆုံးပရိဟိတအလှူရှင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး COVID-19 မတိုင်မီအချိန်ထက် လှူဒါန်းမှုကို ၅၀ ရာခိုင်နှုန်းတိုးမြှင့်ကာ ၂၀၂၆ ခုနှစ်အထိ နှစ်စဉ်အမေရိကန်ဒေါ်လာ ၆ ဘီလီယံမှ ၉ ဘီလီယံထိ ပေးလှူမည်ဟုဆိုလေသည်။ အလှူငွေကိုအဓိကအားဖြင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး၊ ကျားမတန်းတူအခွင့်အရေးရရှိရေးနှင့် ပညာရေးဆိုင်ရာကိစ္စများကို ပိုမိုဦးစားပေးမည်ဖြစ်ပါသည်။  Bill and Melinda Gates Foundation ကို Bill Gates […]
Posted On July 16, 2022, By Editorial

ဝန်ထမ်းသစ်ငှားရမ်းခြင်းလျှော့ချနေတဲ့ Google

Alphabet & Google တို့ရဲ့ CEO Sundar Pichai ၏ အင်္ဂါနေ့တွင်ထုတ်ပြန်ခဲ့သော ရုံးတွင်းအမိန့်စာအရ အနာဂတ်ကမ္ဘာ့စီးပွားရေးအခြေအနေကို မျှော်မှန်းရန်ခက်ခဲသဖြင့် ဈေးကွက်စိန်ခေါ်မှုကို လျင်လျင်မြန်မြန် တုန့်ပြန်ရန်၊ ထိထိရောက်ရောက်အာရုံစူးစိုက်လုပ်ဆောင်ရန်နှင့် ယခင်ကထက် ပိုမိုခွန်အားထည့်လုပ်ကိုင်ရန်လိုအပ်ကြောင်း အသိပေးထားလေသည်။ ထိုအထဲတွင် ဝန်ထမ်းသစ်ငှားရမ်းခြင်းကို ယခုနှစ်ကုန်သည်အထိ ဆိုင်းငံ့ထားရန်နှင့် ရင်းနှိးမြှုပ်နှံမှုများကို ပြန်လည်ဆန်းစစ်ရန်လည်း ပါရှိလေသည်။ ဤသည်မှာSilicon Valley ရှိနည်းပညညဆိုင်ရာ ကုမ္ပဏီကြီးများအနေဖြင့် အခက်အခဲများရင်ဆိုင်နေရကြောင်းသိသာထင်ရှားလေသည်။ လက်ရှိတွင် Google ၏ မိခင်ကုမ္ပဏီဖြစ်သည့် Alphabet Inc အနေဖြင့် ယခုနှစ်မတ်လကုန်အထိ အချက်အလက်များအရ ယခင်နှစ်နှင့်စာလျှင် ဝန်ထမ်း နှစ်သောင်း ပိုမိုရှိလာပြီး စုစုပေါင်း ဝန်ထမ်း ၁၆၃၉၀၆ ဦိးရှိလေသည်။ လက်ရှိအခြေအနေတွင် Netflix ၊ Coinbase နှင့် လျင်မြန်စွာကြီးထွားလာသည့် Gopuff […]
Posted On July 16, 2022, By Editorial

အချိတ်အဆက်မိမိ ဝန်ဆောင်မှုတွေပေးနိုင်ဖို့ Messaging App များကို အသုံးပြုခြင်း : David Tse (Senior Director, APAC, Rakuten Viber)

အာရှပစိဖိတ်ဒေသတွင်း Viber Team ကို ဦးဆောင်နေသူ David Tse (Senior Director, APAC, Rakuten Viber) က CEO စာဖတ်ပရိသတ်တွေကို Messaging Application တွေကို မိမိတို့ စီးပွားရေးလုပ်ငန်းတွေမှာ ဘယ်လိုမျိုးပေါင်းစပ်အသုံးပြုကာ ဖောက်သည်တွေနဲ့ အချိတ်အဆက်မိမိ ဝန်ဆောင်မှုတွေပေးနိုင်မလဲဆိုတာ စီးပွားရေးလုပ်ငန်းနဲ့ သူတို့ရဲ့ဖောက်သည်တွေကြား အပြန်အလှန်ချိတ်ဆက်မှုတွေမှာ လုံခြုံမှုအပြည့်အဝရှိစေမယ့် Viber ရဲ့ Privacy Feature တွေကဘာတွေလဲဆိုတာ မြန်မာနိုင်ငံနဲ့ အာရှပစိဖိတ်ဒေသတွင်း‌ဈေးကွက်အပေါ် Viber ရဲ့ အမြင်နဲ့ အနာဂတ်ဈေးကွက်နည်းဗျူဟာတွေကဘာတွေဖြစ်မလဲဆိုတာ တွေကို ဖြေဆိုပေးထားပါတယ်။ David Tse ဟာ Viber ရဲ့ အာရှပစိဖိတ်ဒေသတွင်းလုပ်ငန်းအဖွဲ့ကိုဦးဆောင်ကာ မိတ်ဖတ်စီးပွားရေးလုပ်ငန်းတွေနဲ့ အသုံးပြုသူတွေ နေ့စဉ်တိုးပွားလာအောင်လုပ်ဆောင်နေတဲ့ Busienss Development ၊ Marketing ပိုင်းက […]
Posted On July 1, 2022, By Editorial

၀င်ငွေလျော့ကျနေတဲ့ Netflix က ဝန်ထမ်း ၃၀၀ ထပ်မံလျှော့ချ

ဒီတစ်ပတ်ကြာသာပတေးနေ့တုန်းက အင်တာနက်ကနေဗီဒီယိုများထုတ်လွှင့်ပြသခြင်းလုပ်ငန်းကြီး Netflix ဟာ ဒုတယအကြိမ်အနေနဲ့ အလုပ်သမားလျှော့ချခြင်းကို ဒီတစ်ပတ်ရဲ့ ကြာသာပတေးနေ့တုန်းက ပြုလုပ်ခဲ့ပါတယ်။ ဒါက သူ့ရဲ့ လစဉ်ကြေးပေးသွင်း ကြည့်ရှုသူဦးရေလျော့ကျခြင်း ဒဏ်ကို ကာမိစေဖို့နဲ့ ကုမ္ပဏီရဲ့ စတော့ရှယ်ယာဈေးနှုန်းကျဆင်းခြင်းကို ကာမိစေဖို့လုပ်ရတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့လတုန်းကတော့ Netflix က ကုမ္ပဏီရဲ့ဈေးကွက်မြှင့်တင်ရေးဌာနဘက်က ဝန်ထမ်းတွေအပါအဝင် ဝန်ထမ်း ၁၅၀ ကိုအလုပ်ကရပ်နားခဲ့ပါသေးတယ်။ အခု ဒုတိယအကြိမ် လျှော့ချအပြီး ကုမ္ပဏီအနေနဲ့ ဒီအွန်လိုင်းကနေရုပ်ရှင် ဗီဒီယိုများထုတ်လွှင့်ခြင်း ကဏ္ဍမှာ ဆက်လက်ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားဦးမှာဖြစ်ကြောင်း၊ ဒီလိုလျှော့ချရတာကလည်း ဝင်ငွေတိုးတက်နှုန်းနှေးကွေးသွားခြင်းနဲ့ ကာမိစေမယ့် ကုန်ကျစရိတ်တွေဖြစ်အောင် တစ်ဖက်တစ်လမ်းက လုပ်တဲ့အနေအထားဖြစ်ကြောင်းလည်းထုတ်ပြန်ပါတယ်။ ကုမ္ပဏီဟာ လစဉ်ကြေးပေးသွင်းသူတွေအနေနဲ့ အကောင့်တစ်ခုတည်းဝယ်ပြီးလူတွေမျှသုံးနေတာနဲ့ပတ်သက်လို့ တင်းကြပ်စိစစ်ဖျက်ချလိုက်အပြီးမှာ ဧပြီလကစလို့ လစဉ်ကြေးပေးသွင်းဖတ်ရှုသူ နှစ်သိန်းကျော်ကိုဆုံးရှုံးသွားတာဖြစ်ပါတယ်။ ဒီနှစ် ဒုတိယသုံးလပတ်မှာလည်း နောက်ထက် ၂ သန်းလောက်လျော့ကျဆုံးရှုံးရဖို့ရှိကြောင်း တွက်ချက်ထားတယ်လို့ လည်း […]
Posted On June 25, 2022, By Editorial

ဖုန်းအဟောင်းတစ်လုံးကို ဒီအချက် ၆ ချက် မလုပ်ပြီးမချင်း မပစ်ထုတ်လုပ်ပါနဲ့ဦး

သင့်အနေနဲ့ ဖုန်းအသစ်တစ်လုံးဝယ်ဖို့လိုနေပြီ၊ ဒါမှမဟုတ် ဝယ်ပြီးသွားပြီဆိုတဲ့အခါ ဖုန်းအဟောင်းက  အနေအထားကလည်း ကောင်းနေသေးတဲ့ ဖုန်းဆိုရင် သင်က ပြန်ရောင်းလို့ရရင် ရောင်းတာ၊ မဟုတ်လည်း ညီ၊ ညီမ၊ တူ၊ တူမတွေကိုပေးလိုက်တာမျိူး၊ လှူလို့ရတဲ့နေရာမှာ ပြန်လှူလိုက်တာမျိုးလုပ်ချင်မှာပါ။ ဘယ်လိုပဲလုပ်လုပ်ပါ သင့်ဖုန်းဟောင်းကို တစ်ခြားသူတွေလက်ထဲမထည့်ခင်မှာ သင့်ကိုယ်ရေးကိုယ်တာလုံခြုံရေးအတွက် လုပ်ကိုလုပ်သင့်တဲ့ အချက် ၆ ချက်ရှိပါတယ်။ ၁။ ဖုန်းအဟောင်းကို back up လုပ်ပါ ဖုန်းထဲက Data Back Up ကတော့ ဖုန်းဟောင်းသွားမှမဟုတ်ဘဲ အမြဲလုပ်သင့်တဲ့အရာပါ။ ဖုန်းမတော်တဆပျောက်တာပဲဖြစ်ဖြစ်၊ ပျက်စီးရေစိုသွားတာပဲဖြစ်ဖြစ် မတော်တဆတစ်ခုခုမဖြစ်သွားခင် / မမျှော်လင့်တဲ့အခြေအနေတစ်ခုမရောက်သွားခင် သင့်ဖုန်းထဲက Contact တွေ၊ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ၊ Document တွေနဲ့ သီချင်း၊ မှတ်စု စတာတွေကို ပုံမှန် တစ်လတစ်ခါ၊ […]
Posted On June 16, 2022, By Editorial
1 2 3 17