advertisement-image
Property

Warning: copy(/var/www/com.ceo-myanmar/wp-content/uploads/img/160x111-36480-Top-10-Thai-Property-Developers-Who-Are-the-Best1.jpg): failed to open stream: Permission denied in /var/www/com.ceo-myanmar/wp-content/plugins/fly-crop/inc/helpers.php on line 36

ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်တွင်ကျင်းပခဲ့သည့် ထိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏အစည်းအဝေးတွင် နိုင်ငံခြားသားကျွမ်းကျင်ပညာရှင်များအား မြေကြီး ၀.၁၆ ဟက်တာ (စတုရန်းပေ ၁၇၀၀၀) ထိ ပိုင်ဆိုင်ခွင့်ပြုမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ပြည်ထဲရေးဝန်ကြီးဌာနမှအဆိုပြုတင်သွင်းသည့် ထိုဥပဒေမူကြမ်းမှာ လူတန်းစားလေးရပ်ဖြစ်သည့် ချမ်းသာကြွယ်ဝသည့် နိုင်ငံတကာမှ နိုင်ငံခြားသားများ၊ ငွေကြေးပြည့်စုံသည့်နိုင်ငံတကာမှ ပင်စင်စားများ၊ ထိုင်းနိုင်ငံတွင် အလုပ်လုပ်လိုသည့်သူများနှင့် အဆင့်မြင့်နည်းပညာကျွမ်းကျင်သူများနှင့်ပညာရှင်များအား ဆွဲဆောင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ ရည်မှန်းချက်မှာ ယခုမှစ၍ ၂၀၂၆ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း ချမ်းသာကြွယ်ဝသည့်နိုင်ငံခြားသားကျွမ်းကျင်ပညာရှင် တစ်သန်းခန့် ထိုင်းနိုင်ငံသို့လာရောက်ရန်ဖြစ်ပါသည်။ ထိုသို့ဆိုလျှင်ထိုင်းအစိုးရအနေဖြင့် အနည်းဆုံး ထိုင်းဘတ်ငွေတစ်ထရီလီယံခန့် စီးဝင်လာမည်ဟု တွက်ဆထားပါသည်။ မြေယာပိုင်ဆိုင်ခွင့်ရနိုင်သည့်နေရာဒေသများမှာ ဘန်ကောက်၊ ပတ္တရားဧရိယာ၊ တစ်နိုင်ငံလုံးရှိ မြူနီစပယ်ဧရိယာနှင့် ဥပဒေနှင့်အညီသတ်မှတ်ထားသည့် လူနေခွင့်ပြုထားသည့် ဇုန်များလည်း ပါဝင်ပါသည်။ ဝယ်ယူခွင့်ရရှိသည့်နိုင်ငံခြားသားအနေဖြင့် ထိုင်းနိုင်ငံတွင်းရှိ မြေယာနှင့်အိမ်ရာအဆောက်အဦများတွင် သတ်မှတ်ချိန်ကာလအတွင်း ထိုင်းဘတ်ငွေ […]
Posted On October 28, 2022, By Editorial

အာရှရဲ့အချမ်းသာဆုံးလူက Mandarin Oriental New York ကို ဒေါ်လာ ၉၈ သန်းနဲ့ဝယ်ယူ

အာရှတိုက်က ဘီလျံနာကြီးဖြစ်သူ Mukesh Ambani က နယူးယော့ခ်မြို့က Mandarin Oriental ဟိုတယ်ရဲ့ အဓိကရှယ်ယာအများစုဖြစ်တဲ့ ရှယ်ယာ ၇၃.၄ ရာခိုင်နှုန်းကို သွယ်ဝိုက် ပိုင်ဆိုင်တဲ့ Cayman Island အခြေစိုက် Investment Corporation of Dubai ဆိုတဲ့ ပင်မကုမ္ပဏီကနေ ရှယ်ယာတွေကို ၉၈ သန်းတန် deal နဲ့ ဝယ်ယူတာဖြစ်ပြီး ဒီအရောင်းအဝယ်က မတ်လကုန်မှာတော့ အပြီးသတ်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ ဒီအကြောင်းကို Mr Ambani ရဲ့ လုပ်ငန်းစုကြီးဖြစ်တဲ့ Reliance Industries ကနေ ပြီးခဲ့တဲ့ စနေက သတင်းထုတ်ပြန်ခဲ့တာပါ။ Investment Corporation of Dubai အနေနဲ့ ဒီဟိုတယ်ကို ၂၀၁၅ ခုနှစ်က ဝယ်ယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မတ်လတုန်းက […]
Posted On January 13, 2022, By Editorial

ရှီကျင့်ဖျင် ၊ ရှင်ဇိုအာဘေး နှင့် မြန်မာနိုင်ငံ

မြန်မာနိုင်ငံရဲ့ စီးပွားရေးအသိုက်အ၀န်း ကောင်းမွန်ခိုင်မာတဲ့ အနေအထားရောက်အောင် အတူလက်တွဲလုပ်ကိုင်ရမယ့် နိုင်ငံတွေရှိပါတယ်။ ပို့ကုန်ကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ အထူးစီးပွားရေးဇုန်တည်ဆောက်ခြင်းနဲ့ အခြေခံအဆောက်အဦးတည်ဆောက်ရေးကဏ္ဍတွေမှာ လွန်ခဲ့တဲ့နှစ်တွေကလည်းက  ပါဝင်လုပ်ကိုင်လျက်ရှိပြီး အစိုးရအချင်းချင်းလည်း ရေရှည်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ပြီး လက်ရှိအထိလည်း ခိုင်မာတဲ့ဆက်ဆံရေးတွေ ထူထောင်ထားတဲ့နိုင်ငံတွေ အထူးသဖြင့် တရုတ်နဲ့ ဂျပန်နိုင်ငံတွေဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်းမှာ တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေလည်း လုပ်ခဲ့တာကိုတွေ့ကြမှာပါ။ ဒုတိယသက်တမ်းအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေတဲ့ ရှီရဲ့ စီးပွားရေးမူဝါဒတွေကို နားလည်ထားခြင်းကလည်း မြန်မာ့စီးပွားရေး အသိုက်အ၀န်းအတွက် အကျိုးရှိပါတယ်။ တရုတ်ကုန်သည်ကြီးများအသင်းရဲ့ ဒုဥက္ကဌ ဦးကြည်ဝင်းက တရုတ်နိုင်ငံမှာ  ရှီကျင့်ဖျင်ဆက်ပြီး သမ္မတတာဝန်ထမ်းဆောင်တာ မြန်မာစီပွားရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မူတွေ ရှိနိုင်မလဲဆိုတာနဲ့ပတ်သက်လို့ ''ရှီက မူချပြီး အိမ်နီးချင်းနိုင်ငံတွေကို လက်တွဲခေါ်ပြီး နှစ်ဖက်အကျိုးဖြစ်ထွန်းအောင် လုပ်ဆောင်လိမ့်မယ်လို့ ယုံကြည်တယ်'' လို့ […]
Posted On February 25, 2018, By Editorial

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး

စီးပွားရေးကဏ္ဍတိုးတက်ဖို့ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေရဲ့ အရေးပါမှုကို နိုင်ငံတော်အစိုးရအပါအ၀င် ဆက်စပ်ရာအဖွဲ့အစည်းအသီးသီးနဲ့ လုပ်ငန်းရှင်တွေကိုယ်တိုင်က နားလည်အားစိုက်ကာ တွန်းတွန်းတိုက်တိုက် ၀ိုင်းဝန်းလုပ်ဆောင်နေကြတဲ့အချိန် ဖြစ်ပါတယ်။ ဒီနေရာမှာ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းဘက်က ဘယ်လိုအခက်အခဲနဲ့ အားသာချက်တွေရှိနေသလဲ၊ ဘယ်နေရာတွေမှာလိုအပ်ချက်ဖြစ်နေပြီး လိုအပ်တဲ့အထောက်အပံ့တွေဖြစ်တဲ့ နည်းပညာနဲ့ငွေကြေး၊ လူစွမ်းအားအရင်းအမြစ်၊ ဈေးကွက်စတာတွေကအစ ရရှိနေပြီးလားဆိုတာကလည်း အဓိကကျပါတယ်။ ဒါကြောင့် လက်ရှိမြန်မာနိုင်ငံအတွင်း အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက်အသီးသီး ထဲထဲဝင်ဝင်လုပ်ကိုင်နေကြသူတွေနဲ့ တွေ့ဆုံမေးမြန်းကာ ယခုလထုတ် စီအီးအိုမဂ္ဂဇင်းအတွက် အထူးဆောင်းပါးအဖြစ် ဖော်ပြလိုက်ရပါတယ်။ ဒေါ်အေးအေးဝင်း ညွှန်ကြားရေးမှူးချုပ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန အစိုးရအနေနဲ့ SME တွေအတွက် လုပ်ဆောင်ပေးခဲ့တာတွေကို ပြောပြပေးပါ . . . ကျွန်မက စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနကဖြစ်ပြီး အသေးစား၊ အလတ်စားဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နေသူဖြစ်ပါတယ်။ ကျွန်မတို့စက်မှုဝန်ကြီးဌာနက SME တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် […]
Posted On October 25, 2017, By Editorial

Franchise ၏ အလားအလာ

Franchise လုပ်ငန်းဆိုတာကို အောင်မြင်နေတဲ့ မိမိလုပ်ငန်းကို အခကြေးငွေရယူပြီး အခြားသူတစ်ဦးအား လုပ်ကိုင်ခွင့်ပေးခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ ဟိုတယ်၊ စားသောက်ဆိုင်၊ စားသောက်ကုန်၊ ၀န်ဆောင်မှု၊ ပညာရေး၊ ထုတ်ကုန်တွေကစလို့ နိုင်ငံတကာမှာ Franchise လုပ်ငန်းအမျိုးအစားများစွာ အောင်မြင်ဖြစ်ထွန်းခဲ့ပြီးတာ ကြာပါပြီ။ ဒါကြောင့် မြန်မာနိုင်ငံအတွင်း လုပ်ငန်းနယ်ပယ်အသီးသီးက Franchise ယူလုပ်ကိုင်နေတဲ့ကုမ္ပဏီတွေ၊ ကိုယ်တိုင်က Franchise ပေးပြီး လုပ်ငန်းလုပ်ဖို့ ပြင်ဆင်နေတဲ့ကုမ္ပဏီတွေနဲ့ တွေ့ဆုံမေးမြန်းထားတာတွေ၊ မြန်မာနိုင်ငံတွင်း Franchise လုပ်ငန်းအလားအလာတွေအပြင် အတွေ့များတဲ့ Franchise ပုံစံတွေ၊ အသုံးများတဲ့ Franchise တည်ဆောက်ပုံတွေ၊ Franchise လုပ်ငန်းစမလုပ်ခင် သတိထားရမယ့်အချက်တွေကို ယခုလ အထူးဆောင်းပါးအဖြစ် ဖော်ပြလိုက်ပါတယ်။ Franchise ပေးခြင်း၏ အခြေခံအချက်များ . . . စားသောက်ဆိုင် Franchise များသည် တွေ့ရများပြီး […]
Posted On May 12, 2017, By Editorial

မိရိုးဖလာစီးပွားရေးမှ စနစ်ကျကျွမ်းကျင်သော အနာဂတ်သို့

၂၀၁၇ ခုနှစ်၊ မတ်လ ၁၉ ရက်မှာ မန္တလေးမြို့ ၊ Hotel Marvel Mandalay တွင် ကျင်းပခဲ့သော မိရိုးဖလာစီးပွားရေးမှ စနစ်ကျကျွမ်းကျင်သော အနာဂတ်သို့ ဟောပြောပွဲတွင် CEO Business And Management Magazine မှ အယ်ဒီတာချုပ် ဒေါက်တာသာထွန်းဦးမှ အဖွင့်မှာစကားပြောကြားခဲ့ပြီး Yathar Cho Industry Limited မှ Managing Director ဦးဝေဖြိုးမှ သူ၏လုပ်ငန်းများကို စနစ်ကျစွာပြောင်းလဲလုပ်ကိုင်လာမှုများကို ကိုယ်တိုင်တွေ့ကြုံခဲ့ရသည်များအပေါ်အခြေခံပြီး ဆွေးနွေးခဲ့ပါတယ်။ V-Advisory Services Limited မှ Chairman ဦးကျော်တင့်မှ ပုံမှန်လုပ်ရိုးလုပ်စဉ်ပုံစံလုပ်ငန်းများမှ စနစ်ကျသော လုပ်ငန်းများအဖြစ်သို့ ဘာကြောင့်ပြောင်းလဲဖို့လိုအပ်သလဲဆိုတာကို နိုင်ငံတကာ Trend များ၊ လက်ရှိနိုင်ငံအတွင်း ဖြစ်ပေါ်ပြောင်းလဲနေသော အခြေအနေများနှင့် နှိုင်းယှဉ်ပြီး ဟောပြောဆွေးနွေးခဲ့ပါတယ်။ […]
Posted On March 20, 2017, By Editorial

၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ Stock Market က အခြေအနေဘယ်လိုရှိမလဲ

မြန်မာနိုင်ငံမှာ Stock Market ဖွင့်ပြီးကတည်းက Market ပေါ်တက်လာတဲ့ ကုမ္ပဏီတွေ လေးခုလောက် ရှိလာနေပြီဖြစ်ပါတယ်။ လာမယ့်နှစ်မှာတော့ ကျွန်တော်သိသလောက် Stock Market ကို နောက်ထပ် ကုမ္ပဏီ လေး၊ ငါး၊ ဆယ်ခုလောက် ရောက်လာမယ်လို့ မှန်းဆရပါတယ်။ နောက်ပြီး ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်အရ နိုင်ငံခြားသားတွေလည်း Stock Market ၀င်ပြီး ရင်းနှီးမြှုပ်နှံနိုင်တယ်ဆိုရင် Stock Market က အခုထက်ပိုပြီး စည်ကားလာမှာပါ။ Stock Market မှာ Stock ဈေးက ၀ယ်လိုအား၊ ရောင်းလိုအားပေါ်မူတည်ပြီး အတက်၊ အကျ ဖြစ်နေတာဖြစ်တဲ့အတွက် ဈေးကွက်စည်ကားလာတာနဲ့အမျှ Stock ဈေးတွေလည်း အပြောင်းအလဲဖြစ်လာမယ်လို့ မြင်ပါတယ်။ အဲဒီအခါမှာဆိုရင် တကယ်အရည်အချင်းရှိပြီး အမြတ်ရအောင် စွမ်းဆောင်နိုင်တဲ့ကုမ္ပဏီတွေရဲ့ Stock တွေဟာ ဈေးတက်လာမှာ […]
Posted On February 3, 2017, By Editorial

မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တင်ယာဉ်လုပ်ငန်းရှင်များအသင်းနှင့် တွေ့ ဆုံခြင်း

CEO မဂ္ဂဇင်းဟာ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရဲ့ ညီနောင်အသင်းတွေနဲ့ လစဉ်တွေ့ဆုံပြီး အင်တာဗျူးမေးမြန်းဖော်ပြပေးနေရာ ဒီလမှာတော့ မြန်မာနိုင်ငံကုန်သေတ္တာတင် မော်တော်ယာဉ်လုပ်ငန်းရှင်များအသင်း (Myanmar Container Trucks Association (MCTA)) နဲ့  တွေ့ ဆုံပြီး မေးမြန်းဖြစ်ခဲ့တာတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ အသင်းဖြစ်ပေါ်လာပုံ . . . မြန်မာနိုင်ငံမှာ ကွန်တင်နာလုပ်ငန်းကို ၁၉၉၂ ခုနှစ်လောက်ကတည်းက ဗိုလ်အောင်ကျော်ဆိပ်ကမ်းမှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကွန်တင်နာလုပ်ငန်းက သိပ်မတွင်ကျယ်သေးပေမဲ့ တဖြည်းဖြည်းနဲ့ တွင်ကျယ်လာပြီး ၁၉၉၅ – ၉၆ ခုနှစ်လောက်မှာ လုပ်ငန်းတအားတွင်ကျယ်လာပြီး နိုင်ငံတကာအဆင့်ကို တက်လှမ်းနိုင်တဲ့အဆင့်ကို ရောက်လာပါတယ်။ ၂၀၀၉ – ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းကျတော့ ကွန်တင်နာတင်ကားတွေက တအားများလာသလို လုပ်ငန်းတွေကလည်း များလာပါတယ်။ ဒါပေမဲ့ […]
Posted On January 23, 2017, By Editorial

မြန်မာ့ခရီးသွားနှင့် ဆက်စပ်လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေး

ခရီးသွားလုပ်ငန်းတိုးတက်ဖို့ Tourist Master Plan ချမှတ်ကာလုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းကဏ္ဍအတွက် လက်ရှိအချိန်ဟာ တိုးတက်ပြောင်းလဲမှုတွေ အကောင်အထည်ပေါ်လာဖို့ အားလုံးက လိုလားနေကြတဲ့ အချိန်ဖြစ်ပါတယ်။ Visa မလိုဘဲ လွယ်လင့်တကူ ကူးသန်းသွားလာလို့ ရနေတဲ့ အာဆီယံအတွင်းက နိုင်ငံတွေ၊ Arrival Visa ယူလို့ရနေတဲ့ နိုင်ငံတွေအပြင် E-Visa လျှောက်ထားမှုကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လာနေတာကို တွေ့ရသလို နယ်စပ်ဂိတ်များမှတစ်ဆင့် ခရီးသွားဝင်ရောက်မှုနှုန်း တိုးတက်အောင် လုပ်ဆောင်နေတာတွေက နိုင်ငံရဲ့ခရီးသွားလုပ်ငန်းကဏ္ဍအပေါ် အာရုံစိုက်လုပ်ဆောင်လာမှုတွေရဲ့ တစ်စိတ်တစ်ဒေသပဲဖြစ်ပါတယ်။ ဒီလိုနိုင်ငံတကာ ခရီးသွားဧည့်သည်တွေအတွက် ဖြေလျှော့ပေးမှုတွေလုပ်လာတာနဲ့ တစ်ပြိုင်နက် နိုင်ငံတွင်းလိုအပ်လျက်ရှိတဲ့ သယ်ယူပို့ဆောင်ရေး၊ တည်းခိုစရာနေရာတွေနဲ့ အခြားအခြေခံအဆောက်အအုံတွေကိုလည်း ရေတို၊ ရေရှည် Strategy များနဲ့ နိုင်ငံတကာ နည်းတူမဟုတ်သော်ငြားလည်း ဒေသတွင်းနိုင်ငံတွေနဲ့ယှဉ်ရင် နောက်ကျမကျန်ရလေအောင် အရှိန်အဟုန်နဲ့ တိုးမြှင်အကောင်အထည်ဖော်ရမယ့် အချိန်ဆိုတာ ခရီးသွားလုပ်ငန်းကဏ္ဍထဲက […]
Posted On January 20, 2017, By Editorial

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း

မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း (Myanmar Construction Entrepreneurs Association) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးတင်မောင်နိုင်နဲ့ တွေ့ဆုံခိုက်မှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ဒါတွေကို ဖြေရှင်းသွားနိုင်ဖို့ အသင်းအနေနဲ့ ဘယ်လိုတွေဆောင်ရွက်နေတယ်ဆိုတာတွေနဲ့ နိုင်ငံတကာဆောက်လုပ်ရေး လုပ်ငန်းရှင်တွေနဲ့တန်းတူ မြန်မာဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ယှဉ်ပြိုင်နိုင်ဖို့ အသင်းအနေနဲ့ ဘာတွေပံ့ပိုးပေးသွားမယ်ဆိုတာတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။ စတင်တည်ထောင်ဖြစ်ပုံ . . . မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း (Myanmar Construction Entrepreneurs Association) ကို ၁၉၉၆ ခုနှစ်ကနေ စတင်ဖွဲ့စည်းခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှာ ၁၉၉၈ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်က ခွင့်ပြုမိန့်အမှတ် ၁၈၀၃ နဲ့ လူမှုရေးအသင်းအဖွဲ့တစ်ခုအနေနဲ့ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အသင်းကို အဖွဲ့ဝင်ဦးရေ ၁၅၀ လောက်နဲ့ စတင်တည်ထောင်ခဲ့ပေမဲ့ […]
Posted On December 20, 2016, By Editorial
1 2 3