advertisement-image
About Us

Our Website

CEO online က နိုင်ငံတကာသတင်း၊ ပြည်တွင်းသတင်း၊ စီးပွားရေး၊ ကျန်းမာရေး၊ နည်းပညာ၊ စီမံခန့်ခွဲမှု၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း စသည်တို့နှင့်သက်ဆိုင်သော သတင်းဆောင်းပါးများ၊ ကိန်းဂဏန်းအချက်အလက်များကို တင်ဆက်ပေးပါသည်။

CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု ပုံနှိပ်မဂ္ဂဇင်းတွင်ပါဝင်သော အထူးဆောင်းပါးများ၊ သတင်းများကိုလည်း CEO online တွင် ဖတ်ရှုလေ့လာနိုင်ရန် စီစဉ်ထားပါသည်။

CEO online တွင် blog ၊ forum နှင့် audio/video စသည့် အစီအစဉ်များကိုလည်း ထည့်သွင်းထားပါသည်။ စီးပွားရေးနှင့် စီမံခန့်ခွဲမှု အကြောင်းအရာများ သာမ က ပေါ့ပေါ့ပါးပါး ဖတ်ရှုနိုင်မည့်ကဏ္ဍများဖြစ်သော အလှအပ၊ အားကစား၊ အစားအသောက်၊ ဗေဒင် စသည်တို့ကိုလည်း အားဖြည့်ထားပါသည်။

Our Organization

CEO online သည် TODAY Publishing House LTD ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုပုံနှိပ်မဂ္ဂဇင်း၏ ပုံရိပ်လည်း ဖြစ်ပါသည်။

Our History

CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှု ပုံနှိပ်မဂ္ဂဇင်းသည် TODAY Publishing House LTD မှ ထုတ်ဝေလျက်ရှိသော လစဉ်ထုတ် မဂ္ဂဇင်းများအနက်မှ တစ်အုပ်ဖြစ်ပြီး လုပ်ငန်းခွင်နယ်ပယ်အသီးသီးတွင် ဦးဆောင်လုပ်ကိုင်လျက်ရှိသော စီမံခန့်ခွဲသူခေါင်းဆောင်များ၊ မန်နေဂျာများနှင့် ရာထူးအဆင့်ဆင့်တာဝန်ယူထားသူများအတွက် ရည်ရွယ်ပါသည်။ CEO မဂ္ဂဇင်းမှကြီးမှူးပြီး Top Management Level အတွက်ရည်ရွယ်သော Myanmar Executive Forum နှင့် Middle Management Level အဆင့်ဆင့်အတွက်ရည်ရွယ်သော Seminar များကို မဂ္ဂဇင်းထုတ်ဝေသည့် ၂၀ဝ၅ ခုနှစ်မှစ၍ ယခုအချိန်အထိ ကျင်းပလျက်ရှိရာ စာဖတ်ပရိသတ်များ စိတ်ဝင်တစားတက်ရောက်ဆွေးနွေးကြပါသည်။

CEO online သည် CEO ပုံနှိပ်မဂ္ဂဇင်းပါအကြောင်းအရာများကို အခြေခံသည်မှာမှန်သော်လည်း နယ်ပယ်ပိုမိုကျယ်ပြန့်ပြီး သတင်းလတ်ဆတ်မှုပိုရှိသည့်အပြင် ကျင်းပပြုလုပ်နေသောပွဲများ၏ အသံ File များ၊ ရုပ်ပုံများကို ပိုမိုနားဆင်ကြည့်ရှုခွင့်ရသော အားသာချက်ရှိပါသည်။

Our Logo

CEO ပုံနှိပ်မဂ္ဂဇင်း၏ Logo နှင့် CEO Online ၏ Logo များကို TODAY Group of Companies ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးစောရန်နိုင်က ရေးဆွဲထားပါသည်။

Our Motto

လုပ်ငန်းခွင်နယ်ပယ်အသီးသီးတွင် တာဝန်ယူလုပ်ကိုင်နေသူများအား စွမ်းဆောင်ရည်အပြည့်ဖြင့် ထိရောက်စွာ ဦးဆောင်လာနိုင်ကြစေရန် အသိပညာ၊ အတတ်ပညာများ ဖြည့်ဆည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် CEO ပုံနှိပ်မဂ္ဂဇင်း၏ Motto ကို Leaders … Effective Leaders ဟု သတ်မှတ်ထားပါသည်။

CEO App

CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းကို Ebook အဖြစ် မိမိတို့ရဲ့ Mobile Device များတွင် အလွယ်တကူဝယ်ယူဖတ်ရှုနိုင်ရန်အတွက် CEO Business & Management Magazine Application ကို Android Phone (http://bit.ly/3b3wgLI ) ၊ iTunes App Store တို့ကနေ အခုပဲ အခမဲ့ Download ရယူလိုက်ပါ။