advertisement-image
Articles

Virtual World မှာ ရောင်းသူ၊ ဝယ်ယူ ဆုံဆည်းနိုင်အောင်လုပ်ပေးထားတဲ့ MyoePya

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ ရက်မှာ MyoePya product launch event ကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ပြည်လမ်းမပေါ်က Lotte Hotel Yangon မှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာတော့ AYEYARWADDY Engineering Group မှ Managing Director ဒေါ်မေဇွန်ကျော်ဝင်းက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး SHARRTZ.ORG မှ Founder ဖြစ်သူ ဒေါ်သျှားသက်ဇော်မှ MyoePYA platform နဲ့ပတ်သက်လို့ အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါတယ်။ MyoePya ကိုတော့ SHARRTZ.ORG က တည်ဆောက်ထားပြီး ၂၀၂၂ ခုနှစ်မှာ AYEYARWADDY Engineering Group နဲ့ ပူးပေါင်းဖို့ သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။ MyoePya Platform နဲ့ပတ်သက်လို့ Co-Founder ဦးစိုးစံအောင်က […]
Posted On June 3, 2022, By Editorial

Springteen က သီချင်းအားလုံးကို Sony ကို ရောင်းချ

Grammy ဆုများစွာရရှိထားတဲ့ အဆိုကျော် Bruce Springsteen က သူရဲ့သီချင်းတွေအကုန်လုံးကို Sony Music ကို ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိ သဘောတူညီမှုတစ်ခုနဲ့ ၂၀၂၁ ခုနှစ် ဒီဇငက်ဘာလအတွင်းမှာ ရောင်းချခဲ့ပါတယ်။ Sony Music နဲ့ Born To Run သီချင်းရဲ့ပိုင်ရှင် Bruce Springsteen တို့ ဒီသဘောညီရောင်းချမှုမှာ Springsteen ရဲ့ သွင်းထားပြီးသားသီချင်းအားလုံးနဲ့ သီချင်းထုတ်ဝေပိုင်ခွင့်ကိုပါ ရောင်းချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုရောင်းချမှုဟာငွေပမာဏအားဖြင့် ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကို နှစ်ဦးနှစ်ဖက်က တရားဝင်မထုတ်ပြန်ပေမဲ့ Billboard ကတော့ ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိတယ်လို့ ခန့်မှန်းထားတာပါ။ ဒီလိုသာဆိုရင်တော့ အရင်နှစ်တုန်းက Bob Dylan နဲ့ Universal Music Group […]
Posted On January 31, 2022, By Editorial

ဇိမ်ခံပစ္စည်းအမှတ်တံဆိပ်များ အရောင်းပြန်လည်နာလန်ထူမည့်အရိပ်အယောင် တွေ့လာရ

Cie Financiere Richemont SA (ဆွစ်ဇာလန်အခြေစိုက် ဇိမ်ခံပစ္စည်းအမျိုးမျိုးထုတ်လုပ်ရောင်းချသည့်ကုမ္ပဏီ၊ Richemont ဟု အခေါ်များသည်။) က အားလပ်ရက်ရာသီအတွင်း အမြန်ဆုံးနှုန်းနဲ့ ရောင်းအားသွက်ခဲ့ တက်ခဲ့သလို၊ Burberry Group Plc (လန်ဒန်အခြေစိုက် တန်ဖိုးကြီးဖက်ရှင်ထုတ်ကုန်ကုမ္ပဏီ) အနေနဲ့လည်း ဒီနှစ်မှာ ဝင်ငွေ ၃၅ ရာခိုင်နှုန်းတက်ခဲ့ပါတယ်။ ဒါကြောင့် ဇိမ်ခံပစ္စည်းဈေးကွက်အနေနဲ့ တစ်ဖန်ပြန်လည် လည်ပတ်အရောင်းအဝယ်ဖြစ်နေတဲ့ဆိုတဲ့သဘောကို တွေ့ရပါတယ်။ Richemont က ဒီဇင်ဘာမှာအဆုံးသတ်ခဲ့တဲ့ တတိယသုံးလပတ်အတွက် ဝင်ငွေဟာ ၃၂ ရာခိုင်နှုန်း ၅.၆၅၈ ဘီလီယံယူရို (အမေရိကန်ဒေါ်လာ ၆.၄၁ ဘီလီယံ) တက်လာခဲ့ပြီး Cartier လက်ဝတ်ရတနာတွေနဲ့ Chole ဖက်ရှင်ထုတ်ကုန်တွေဘက်မှာဆိုရင် ကပ်ဘေးမတိုင်မီကာလကတုန်းထက်တောင် ဝင်ငွေတက်ခဲ့တာလို့ဆိုပါတယ်။ Burberry ဟာဆိုရင်တော့ ၂၀၁၉ ခုနှစ်တုန်းက အရောင်းနဲ့ဝင်ငွေပမာဏကိုမှီဖို့ လိုသေးတယ်ဆိုပေမယ့် ကုတ်အင်္ကျီရှည်တွေက […]
Posted On January 20, 2022, By Editorial

ဒေါ်လာ သန်းကျော်သွားသည့် အင်ဒိုနီးရှားက ကျောင်းသားလေးရဲ့ NFT

မြန်မာနိုင်ငံမှာ Cryptocurrency ရောင်းဝယ်ရေးကို တော်တော်များများကစိတ်ဝင်စားလာကြတာတွေ့ရပါတယ်။ Cryptocurrency ရောင်းဝယ်ရေးနှင့်ပတ်သက်တဲ့ သင်တန်းတွေလည်းအပြိုင်းအရိုင်းပေါ်လာပါတယ်။ တစ်ဆက်တည်းမှာပဲ NFT (Non-fungible Token) ပြုလုပ်ရေး၊ရောင်းဝယ်ရေးကိုလဲစိတ်ဝင်စားလာကြတယ်။ ဖေ့ဘွတ်မှာ မြန်မာတွေရဲ့ NFT Group နဲ့ Community တွေလဲ တော်တော်တွေ့လာရပါတယ်။ အခုအထိတော့ အများစုက လေ့လာစမ်းသပ် လုပ်ဆောင်ဆဲ အခြေအနေပါ။ ဒါက မြန်မာတစ်နိုင်ငံထဲမှ မဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာပါခေတ်စားလာတဲ့ trend တစ်ခုပါ။ ကိုယ်ထုတ်လုပ်လိုက်တဲ့၊ ဒါမှမဟုတ် ဝယ်ယူထားတဲ့ NFT တစ်ခုဟာ ကံအကြောင်းသင့်ခဲ့ရင် နေ့ချင်းညချင်းမှာပဲ သန်းကြွယ်သူဌေးဖြစ်လာနိုင်တာကိုး။ ဒါပေမဲ့ ဒီလိုဖြစ်လာဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ လွန်ခဲ့တဲ့ ရက်များက အင်ဒိုနီးရှားနိုင်ငံက ကျောင်းသားလေးတစ်ယောက်ရဲ့ ဓါတ်ပုံ NFT ဟာ ဒေါ်လာ တစ်သန်းနီးပါးအထိဈေးတက်လာတာကြောင့် NFT စိတ်ဝင်စားသူတွေကြားအုတ်အော်သောင်းနင်းဖြစ်ခဲ့ပါတယ်။ သာမန်လူငယ်ကျောင်းသားလေးရဲ့ဓါတ်ပုံကို ဘာကြောင့် […]
Posted On January 19, 2022, By Editorial

သကြားအချိုများတဲ့ အဖျော်ယမကာတွေကိုသောက်သုံးမှုက အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေ ၂ ဆ မြင့်တက်စေတယ်

ဗြိတိန်တစ်နိုင်ငံတည်းမှာတင် တစ်နှစ်ကို ၁၆၀၀၀ လောက်အထိ အသက်ဆုံးရှုံးမှုရှိတဲ့ အူမကြီးကင်ဆာဆိုတဲ့ရောဂါဟာ large intestine ထဲကစပြီး ကင်ဆာဆဲလ်မဖြစ်ခင် အူထဲမှာ မူမမှန်တဲ့ အမြှေးအဖုအထစ်တွေကနေတစ်ဆင့် စတင်ပေါက်ဖွားတာဖြစ်ပါတယ်။ အဲဒီလိုဖြစ်တိုင်းလည်း ချက်ချင်းကင်ဆာဖြစ်တာမဟုတ်တော့ စောစောရှာဖွေတွေ့ရင်ဖယ်ရှားကုသလို့ရပါတယ်။ ဒါပေမဲ့လည်း ကျန်းမာတဲ့နေထိုင်မှုဘဝကို စတင်တည်ဆောက်ထားတာကလည်း စိတ်ချရတဲ့ အူမကြီးကင်ဆာကို ကာကွယ်နိုင်မယ့် အချက်တစ်ချက်ပါပဲ။             Gut ဆိုတဲ့ ဂျာနယ်မှာ ပါဝင်တဲ့ သုတေသနတွေ့ရှိချက်တစ်ခုအရ သကြားအချိုများတဲ့ အဖျော်ယမကာတွေသောက်သုံးမှုနဲ့ ဒီသေစေနိုင်လောက်တဲ့ အူမကြီးကင်ဆာရောဂါကြားဆက်စပ်မှုရှိတာတွေ့ရပါတယ်။ ဒီတွေ့ရှိချက်အရ တစ်နေ့ကို အချိုရည် ၂ ဗူးနဲ့အထက် သောက်လေ့ရှိတဲ့ အသက် ၅၀ မပြည့်သေးတဲ့ အရွယ်ရောက်ပြီးသူများ အထူးသဖြင့် အမျိုးသမီးများ ဟာ ဒီအူမကြီးကင်ဆာဖြစ်နိုင်ခြေ အခြားလူတွေထက် ၂ ဆပိုများတယ်ဆိုတာပါပဲ။             သကြားအချိုများတဲ့အချိုရည်ဆိုတဲ့နေရာမှာ ကာဗွန်နိတ်အချိုရည်၊ အသီးအရသာအချိုရည်၊ […]
Posted On January 19, 2022, By Editorial

ကမ္ဘာ့အကြီးဆုံး ဗီဒီယိုဂိမ်းလက်လီအရောင်းလုပ်ငန်းကြီးက စတင်မိတ်ဆက်မယ့် NFTs marketplace

GameStop Corp က NFTs(Nonfungible Tokens) အတွက် marketplace တစ်ခုကိုတည်ထောင်ဖို့ ဌာနသီးသန့်ခွဲသွားဖို့ရှိပြီး ဒီဂျစ်တယ်ငွေကြေးထုတ်သူတွေနဲ့လည်း အကျိုးတူပူးပေါင်းသွားဖို့ရှိတယ်လို့ သေချာတဲ့သတင်းရပ်ကွက်ကနေ သတင်းတွေထွက်နေပါတယ်။ ဒီအတွက်လည်း ဂိမ်းလက်လီအရောင်းလုပ်ငန်းဖြစ်တဲ့ GameStop ရဲ့ စတော့တန်ဖိုးတွေက (စတော့အိတ်ချိန်းပြင်ပ အွန်လိုင်းစတော့ဈေးကွက်တွေထဲမှာ) ၂၇ ရာခိုင်နှုန်းလောက်တက်သွားခဲ့ပါတယ်။ ဒီသတင်းကို The Wall Street Journal(WSJ) က ပထမဆုံးတင်ခဲ့တာဖြစ်ပြီး ကုမ္ပဏီအနေနဲ့ကတော့ တရားဝင်ထုတ်ပြန်ချင်းမရှိသေးပါဘူး။ ဗီဒီယိုဂိမ်းအရောင်းလုပ်ငန်းဖြစ်တဲ့ GameStop အနေနဲ့ကုမ္ပဏီကို ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတာဖြစ်ပြီး ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်သူ Ryan Cohen က Amazon.com Inc. အပါအဝင် ကုမ္ပဏီကြီးတွေက အမှုဆောင်တွေကိုခေါ်ယူခန့်ထားနေတာဖြစ်ပါတယ်။ အဓိကကတော့ လက်လီအရောင်းဆိုင်လုပ်ငန်းကနေ e-commerce လုပ်ငန်းဘက်ကို ပိုမိုရည်သန်ပြောင်းလဲလုပ်ကိုင်သွားဖို့လုပ်နေတာပါ။ WSJ ရဲ့သတင်းအရဆိုရင်တော့ ကုမ္ပဏီက သူတို့ရဲ့ NFTs […]
Posted On January 8, 2022, By Editorial

ဈေးကွက်တန်ဖိုး ၃ ထရီလီယံဒေါ်လာရှိတဲ့ ကမ္ဘာ့ပထမဆုံးကုမ္ပဏီ : Apple Inc.

Apple Inc အနေနဲ့ အထင်ကရမှတ်တိုင်တစ်ခု ထပ်မံစိုက်ထူနိုင်လိုက်တာပါ။ နာမည်ကျော် ကွန်ပျူတာ၊ မိုဘိုင်းပစ္စည်းတွေနဲ့ အခုဆို wearable tech အပါအဝင် နည်းပညာမြင့် ပစ္စည်းများအပြင် Online Services တွေအမျိုးမျိုး ထုတ်လုပ်ဝန်ဆောင်မှုပေးနေတဲ့ ဒီကုမ္ပဏီဟာ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ထရီလီယံပမာဏကို ဒီသီတင်းပတ်ရဲ့တနင်္လာနေ့မှာ ရောက်ရှိခဲ့ပါတယ်။ ဒါကြောင့် Apple အနေနဲ့ ကမ္ဘာမှာ ပထမဆုံး ဒီပမာဏနဲ့ စတော့အိတ်ချိန်းဝင် share trade လုပ်တဲ့ အများပိုင်ကုမ္ပဏီတစ်ခုဖြစ်လာပါတယ်။ Apple ရဲ့ ရှယ်ယာတွေဟာ ကုမ္ပဏီတန်ဖိုး ၃ ထရီလီယံပမာဏထက်ကျော်လွန်စေမယ့် ရှယ်ယာတစ်ခုကို တန်ဖိုး ၁၈၂.၈၈ ဒေါ်လာအထိ (၃ထရီလီယံတန်ကုမ္ပဏီဖြစ်ဖို့ ရှယ်ယာတစ်ခုတန်ဖိုးက ၁၈၂.၈၅ ဒေါ်လာရှိဖို့ပဲလိုပါတယ်။) ၃ ရာခိုင်နှုန်းလောက် အချိန်ပိုင်းကလေးတက်သွားပါသေးတယ်။ နောက်မှသာ မူလဈေးနှုန်းပြန်ကျသွားတာပါ။ […]
Posted On January 4, 2022, By Editorial

၂၀၂၁ တွင် Lotus cars ဈေးကွက် ရောင်းအားမြင့်

၂၀၂၁ ခုနှစ်တွင်း ထိုင်းနိုင်ငံ၏ ဇိမ်ခံကားဈေကွက် ရောင်းအားတိုးတက်မှုနှုန်းမှာ ဂဏန်းနှစ်လုံးတိုးတက်နှုန်းရှိခဲ့ပါသည်။ ၂၀၂၁ တွင် COVID-19 ကြောင့် အခြေအနေအမျိုးမျိုးကြုံခဲ့ရသော်လည်း ဈေးနှုန်းမြင့် ဇိမ်ခံကားများရောင်းချရမှုနှင့် ဝယ်ယူလိုသူဖောက်သည်များကျဆင်းခဲ့ခြင်းမရှိပေ။ ကားကုမ္ပဏီများအနေဖြင့် သာမန်ကားမျိုးစုံတွင် ပြိုင်ဆိုင်မှုပြင်းထန်းသော်လည်း ဇိမ်ခံလူစီးကားအမျိုးအစားတွင်မှု ရောင်းအားမြင့်ခဲ့ကြပါသည်။ နာမည်ကြီး အင်္ဂလိန်နိုင်ငံထုတ်ပြိုင်ကားတံဆိပ်ဖြစ်သည့် Lotus ကားမှာ တစ်စီးလျှင် အနည်းဆုံး ဘတ်ငွေ ၁၁.၉ သန်း (အမေရိကန်ဒေါ်လာ ၃၉၀,၀၀၀ ခန့်) ကျသင့်ပြီး ၆ စီးသား ရောင်းချခွင့်ရှိသော်လည်း ဝယ်ယူလိုသူပိုမိုများပြားခဲ့ပါသည်။ မကြာမီကာတွင် လျှပ်စစ်ဓာတ်အားသုံး SUV ကားများထုတ်လုပ်မည်ဖြစ်ပြီး တရုတ်နိုင်ငံသို့လည်း ပထမဆုံးရောင်းချသွားမည်ဖြစ်ပါသည်။ Ref : BKK Post, Internet
Posted On December 7, 2021, By Editorial

Facebook က ကုမ္ပဏီနာမည်ကို Meta ဟု စတင်ပြောင်းလဲ

● ယခင်က ကြေငြာထားခဲ့တဲ့အတိုင်း Facebook Connect Conference 2021 မှာ ကုမ္ပဏီရဲ့ နာမည်အသစ်ကို CEO ဖြစ်သူ Mark Zuckerberg က ပြောပြခဲ့တာဖြစ်ပါတယ်။ ● Corporate Name ကိုသာ ပြောင်းလဲတာဖြစ်တဲ့အတွက် ကုမ္ပဏီရဲ့ အဓိက လူမှုကွန်ရက် Application ဖြစ်တဲ့ Facebook ကတော့ ယခင်အတိုင်း Facebook အဖြစ်ရှိနေဆဲပါ။ ● ကုမ္ပဏီအနေနဲ့ နိုင်ငံရေးကစလို့ လူမှုရေးရာအထိ ဘက်ပေါင်းစုံမှာ လက်တွေ့ထိခိုက်နစ်နာမှုတွေကို ထိရောက်စွာမတားဆီးနိုင်ဘူး၊ ဈေးကွက်လက်ဝါးကြီးအုပ်မှုတွေလည်းရှိနေတယ် စသဖြင့် အမျိုးမျိုးသော နာမည်ပျက်တွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဒီလို ကုမ္ပဏီနာမည်အပြောင်းအလဲဖြစ်လာတာပါ။ Facebook Connect Conference 2021 မှာ CEO Mark Zuckerberg မှ ” […]
Posted On October 28, 2021, By Editorial

စိုးရိမ်ကြောင့်ကြမှုတွေကိုလျှော့ချပေးနိုင်မယ့် နည်းလမ်း ၁၀ မျိုး

သင့်အနေနဲ့ အရာရာတိုင်းအတွက်အမြဲစိတ်ပူနေတတ်တယ်၊ အနားမရဘူးလို့ခံစားနေရတယ်၊ တစ်ခုခုအပေါ် အာရုံစိုက်ဖို့အမြဲလိုခက်ခဲနေတတ်တယ်ဆိုရင် သေချာပါတယ် သင့်မှာစိုးရိမ်ကြောင့်ကြမှုတွေရှိနေပါပြီ။ ဒါကလည်း အခုခေတ်ကာလကြီးမှာ လူအနည်းနဲ့အများမဆိုခံစားနေရတ်တဲ့ စိတ်ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ ဒီစိုးရိမ်ကြောင့်ကြနေတတ်မှုကို ဆေးဝါး၊ တိုင်ပင်ခံများနှင့်ဆွေးနွေးအကူအညီယူခြင်း၊ သင့်ကိုယ်သင်ဂရုစိုက်အလေးထားမှုအလေ့အကျင့်လုပ်ခြင်း စသဖြင့်တို့ကနေ ပြန်လည်ကောင်းမွန်လာအောင်လုပ်ယူနိုင်ပါတယ်။ ပထမဆုံးတော့ သင့်ရဲ့စိုးရိမ်ကြောင့်ကြမှုတွေက ဘာကြောင့်ဖြစ်တယ်ဆိုတာ သင့်ဘာသာအရင်သိအောင်လုပ်ရပါမယ်။ အောက်မှာ ဖော်ပြပေးထားတဲ့ ၁၀ ချက်ကတော့ စိုးရိမ်ကြောင့်ကြမှုဝေဒနာတွေခံစားနေရတဲ့အခါမှာ သင်ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းလို့ရနိုင်မယ့် လက်တွေ့အသုံးကျအကြံပေးချက်လေးတွေဖြစ်ပါတယ်။ ခဏအရာရာကိုရပ်ထားလိုက်ပါ – စိုးရိမ်ပူပန်မှုကြောင့်ကြမှုတွေက သင့်ကိုအမြဲ ဘေးအန္တရာယ်တွေဆီကနေ ပြေးနေရသလိုခံစားစေပါတယ်။ တကယ်လို့သင်သာ အရာရာဆီကနေ ခဏရပ် အသက်ပြင်းပြင်းရှူကာ နားနေလိုက်ရင် အမြဲတမ်းလိုဒုက္ခဗျာပါဒများနေတာချည်းပဲလည်းမဟုတ်ဘဲ ကမ္ဘာကြီးက ချောမွေ့စွာလည်ပတ်နေပါတယ်ဆိုတာကို သတိထားမိစေပါလိမ့်မယ်။ အာဟာရပြည့်ဝအောင်နေပါ – စိုးရိမ်ပူပန်မှုတွေသိပ်များတဲ့အခါ အစာစားချင်စိတ်ကိုပျက်စေပါတယ်။ ဒါမှမဟုတ်လည်း သရေစာတွေအလွန်အကြွံစားမိစေပါတယ်။ ဒါဆို လူရောစိတ်ပါပိုအခြေအနေဆိုးပါရော။ ဒါကြောင့် တတ်နိုင်သမျှ သဘာဝအစားအစာကိုစားပါ (ပြန်လည်ပြုပြင်ထားခြင်းမရှိတဲ့အစားအစာများကိုဆိုလိုပါတယ်) […]
Posted On October 28, 2021, By Editorial