ကမ္ဘာပေါ်ရှိ ချမ်းသာကြွယ်ဝဆုံးသော ပုဂ္ဂိုလ်များ၏ ငွေကြေးများအား ရင်းနှီးမြှုပ်နှံကြသည့် ပုံစံများ

real-estate 4

မိသားစုငွေကြေးဆိုင်ရာစီမံခန့်ခွဲသည့် ကုမ္ပဏီများနှင့် ပတ်သက်သော UBS ဘဏ်နှင့် Campden Wealth ကုမ္ပဏီတို့၏ တင်ပြချက်တစ်ခုတွင် ကမ္ဘာပေါ်ရှိ အလွန်ချမ်းသာသူများ၏ ငွေကြေးရင်းနှီးမြှုပ်နှံမှုများအပေါ် အရေးပါသည့် အတွင်းကျကျလေ့လာတွေ့ရှိများကို ဖော်ပြခဲ့သည်။

မိသားစုငွေကြေးဆိုင်ရာ စီမံခန့်ခွဲရေးကုမ္ပဏီများသည် ဖြစ်ရိုးဖြစ်စဉ်တိုင်းပင် ချမ်းသာကြွယ်ဝသူများ၏ ငွေကြေးများကို စီမံခန့်ခွဲသည့် ရုံးခန်းများဖြစ်သည်။ မိသားစုရုံးခန်းများသည် မိမိတို့ စုဆောင်းပိုင်ဆိုင်ထားသည့် ပျမ်းမျှရင်းနှီးမြှုပ်နှံမှုများ၏ ၂၈ ရာခိုင်နှုန်းကိုကုမ္ပဏီ အစုရှယ်ယာများ ဝယ်ယူခြင်းတွင်လည်းကောင်း၊ ၂၂ ရာခိုင်နှုန်းကို ကိုယ်ပိုင်လုပ်ငန်းအစုရှယ်ယာများတွင်လည်းကောင်း၊ ၁၇ ရာ ခိုင်နှုန်းကို အိမ်ခြံမြေကဏ္ဍတွင် လည်းကောင်း၊ ၁၆ ရာခိုင် နှုန်းကို ငွေစုစာချုပ်များဝယ်ယူစုဆောင်းရာတွင် လည်းကောင်း၊ ရင်းနှီးမြှုပ်နှံကြသည်။ စုပေါင်းထည့်ဝင်ကြသည့်  Hedge Fund ဟုခေါ်သော ရင်းနှီးမြှုပ်နှံမှုတွင် ထည့်ဝင်ခြင်းမှာ လုပ်ငန်းလည်ပတ်မှု အားနည်းခြင်းနှင့်ကုန်ကျ ငွေများပြားခြင်းတို့မှဖြစ်ပေါ်လာသည့် စိုးရိမ်ပူပန်မှုများ ကြောင့် ၅.၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။ ကမ္ဘာ့အချမ်းသာဆုံးသူများသည် စတော့ရှယ်ယာများကို နှစ်သက်ကြသည်။ ပိုင်ဆိုင်မှုအမျိုးမျိုးပါဝင်သော ရင်းနှီးမြှုပ် နှံမှုကဏ္ဍတွင်အများဆုံးအဖြစ် စုစုပေါင်း၏ ၂၈ ရာခိုင် နှုန်းကို ထည့်ဝင်ရင်းနှီးကြပြီး ကိုယ်ပိုင်အစုရှယ်ယာများ နှင့် အိမ်ခြံမြေလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုတို့က နောက် မှလိုက်ကြသည်။ 

9-26-18-family-office-cotd          မိသားစုငွေကြေးဆိုင်ရာစီမံခန့်ခွဲသည့် ကုမ္ပဏီ များနှင့်ပတ်သက်သော UBS ဘဏ်နှင့် Campden Wealth ကုမ္ပဏီတို့၏ နှစ်ပတ်လည်အစီရင်ခံစာတစ်ခုတွင် ကမ္ဘာ ပေါ်ရှိ အလွန်ချမ်းသာသူများငွေကြေးရင်းနှီးမြှုပ်နှံကြသည့်ပုံစံအား အတွင်းကျကျလေ့လာတွေ့ရှိချက်အချို့ကို ဖော်ပြခဲ့သည်။ မိသားစုငွေကြေးဆိုင် ရာစီမံခန့်ခွဲရေး ကုမ္ပဏီများသည် အစဉ်အလာအတိုင်း အရေးပါသောြွကယ်ဝသူများ၏ ငွေကြေးများကို စီမံခန့်ခွဲသည့် ရုံးခန်း များပင်ဖြစ်သည်။

          အစီရင်ခံစာသည် ကမ္ဘာအဝန်းရှိ မိသားစုလုပ်ငန်းစီမံခန့်ခွဲသည့်ကုမ္ပဏီ ၃၁၁ ခုအား လေ့လာသုံးသပ်ထားသည့် အချက်များအပေါ်အခြေခံ၍ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယင်းကုမ္ပဏီများ၏ ၄၀ ရာခိုင်နှုန်းသည်

ဥရောပတွင် အခြေစိုက်သည့် ကုမ္ပဏီများဖြစ်ပြီး၊ သုံးပုံ တစ်ပုံမှာ အမေရိကမြောက်ဖက်မှလည်းကောင်း၊ ကျန် ကုမ္ပဏီများမှာ အာရှ-ပစိဖိတ်ဒေသနှင့် အခြား ကမ္ဘာ့ အစိတ်အပိုင်းများမှလည်းကောင်း ဖြစ်ကြသည်။ 

          ယင်းတို့၏ငွေကြေးများကို ရင်းနှီးမြှုပ်နှံသည့်နေရာများနှင့် မြှုပ်နှံသည့်ပုံစံများကို ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ်ရာတွင်-

အစုရှယ်ယာများ

မိသားစုငွေကြေးစီမံခန့်ခွဲသည့် ကုမ္ပဏီများသည် ပျမ်းမျှရင်းနှီးမြှုပ်နှံငွေ၏ ၂၈ ရာခိုင်နှုန်းကို အစုရှယ်ယာဈေး ကွက်များတွင် ထည့်ဝင်ကြပြီး တစ်နှစ်ကျော်ကာလအတွင်း ၄.၃ ရာခိုင်နှုန်း တက်လာခဲ့သည်။ အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု၏ ၂၂ ရာခိုင်နှုန်းကို ဖွံ့ဖြိုးတိုးတက်သည့် ဒေသများရှိ ဈေးကွက်တွင် ရင်းနှီးထည့်ဝင်ပြီး၊ ၆ ရာခိုင်နှုန်းကို ဖွံ့ဖြိုးဆဲလုပ်ငန်းများတွင် ထည့်ဝင်ကြသည်။ ယင်းထည့်ဝင်ငွေများမှ ပြန်လည်ရရှိသည့် အကျိုးအမြတ်များမှာ ဖွံ့ဖြိုးပြီး ဒေသရှိဈေးကွက်နှင့်   ဖွံ့ဖြိုးဆဲဒေသ ရှိဈေးကွက်တို့တွင် ၂၃ ရာခိုင်နှုန်းနှင့် ၃၈ ရာခိုင်နှုန်းတို့ အသီးသီးဖြစ်ကြသည်။

အများနှင့် မသက်ဆိုင်သော ပုဂ္ဂလိကကုမ္ပဏီအစုငွေ 

ပုဂ္ဂလိကလုပ်ငန်းအစုငွေများသည် မိသားစုဆိုင်ရာငွေ ကြေးစီမံခန့်ခွဲသည့် ကုမ္ပဏီများ၏ အဓိကအားထားရာ ရင်းနှီးမြှုပ်နှံမှုများဖြစ်ပြီး ပျမ်းမျှရင်းနှီးမြှုပ်နှံငွေများ၏ ၂၂ ရာခိုင်နှုန်းကို ယင်းလုပ်ငန်းများတွင် ထည့်ဝင်ကြကာ၊ ၂၀၁၇ ခုနှစ်ထက် ၃.၈ ရာခိုင်နှုန်း တက်လာခဲ့သည်။ မိသားစုကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများအနက် ပုဂ္ဂလိ ကလုပ်ငန်းအစုရှယ်ယာများမှ ပျမ်းမျှပြန်လည်ရရှိသည့် ဝင်ငွေမှာ ၁၈ ရာခိုင်နှုန်းဖြစ်ပြီး ယခင်နှစ်ကထက် ၁၃ ရာခိုင်နှုန်း တက်လာခဲ့သည်။

အိမ်ခြံမြေလုပ်ငန်း

ဤကဏ္ဍတွင်မြှုပ်နှံသည့် ပမာဏမှာ ပျမ်းမျှရင်းနှီးမြှုပ်နှံ ငွေများ၏ ၁၇ ရာခိုင်နှုန်းရှိပြီး တတိယနေရာတွင် ရပ် တည်လျှက်ရှိသည်။ ဥရောပနိုင်ငံများရှိ မိသားစုကုမ္ပဏီ များသည်လည်းကောင်းတို့ ပျမ်းမျှရင်းနှီးမြှုပ်နှံငွေ၏ ၂၃ ရာခိုင်နှုန်းကို ဤကဏ္ဍတွင် ထည့်ဝင်ကြပြီး အိမ်ခြံမြေလုပ် ငန်းတွင် ထည့်ဝင်မှုအများဆုံးဒေသဖြစ်ခဲ့သည်။ အာရှ-ပစိဖိတ်ဒေသနိုင်ငံများတွင် ၁၈ ရာခိုင်နှုန်းနှင့် မြောက် အမေရိကနိုင်ငံများတွင် ၁၃ ရာခိုင်နှုန်း အသီးသီးဖြစ် ကြသည်။

စုပေါင်းထည့်ဝင်မှုများ

ဤကဏ္ဍတွင် ထည့်ဝင်သည့် ရင်းနှီးမြှုပ်နှံမှုမှာ လုပ် ဆောင်မှုညံ့ဖျဉ်းခြင်း၊ အခြားကဏ္ဍများနှင့် နှိုင်းယှဉ်လျှင် ကုန်ကျမှုများပြားခြင်း စသည်တို့မှ ဖြစ်ပေါ်သည့် စိုးရိမ် ပူပန်မှုများကြောင့် တတိယနှစ်အဖြစ် ဆက်တိုက်ကျဆင်း ခဲ့သည်။ ဤကဏ္ဍတွင် ထည့်ဝင်သည့် ရင်းနှီးမြှုပ်နှံမှုမှာ ပျမ်းမျှရင်းနှီးမြှုပ်နှံမှု၏ ၅.၇ ရာခိုင်နှုန်းသာရှိပြီး၊ ယခင် နှစ်ကထက် ၃.၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု စုငွေစာချုပ်များ

မိသားစုကုမ္ပဏီများသည်လည်းကောင်းတို့ ရင်းနှီးမြှုပ်နှံမှု များ၏ ၁၆ ရာခိုင်နှုန်းကို ဤစာချုပ်စာတမ်းများ ဝယ်ယူ စုဆောင်းမှုတွင် ထည့်ဝင်ကြသည်။ ဤကဏ္ဍနှင့်ပတ် သက်သော ယင်းတို့ထည့်ဝင်သည့် ရင်းနှီးမြှုပ်နှံမှု၏ ၂၄ ရာခိုင်နှုန်းကို တောင်အမေရိက၊ အာဖရိကနှင့် အရှေ့အ လယ်ပိုင်းဒေသများမှ ဖွံ့ဖြိုးစနိုင်ငံများရှိ ငွေစုစာချုပ် များတွင် သုံးစွဲကြသည်။ အစီရင်ခံစာက ကမ္ဘာ့အရပ် ဒေသအသီးသီးတွင် စီမံခန့်ခွဲလုပ်ကိုင်ဆောင်ရွက်နေ သော မိသားစုကုမ္ပဏီများမှ ဦးစားပေးရင်းနှီးမြှုပ်နှံသည့် ကဏ္ဍများအလိုက် ကွဲပြားခြားနားပုံကို တင်ပြထားသည်။

မြောက်အမေရိကဒေသ 

ဖွံ့ဖြိုးပြီးနိုင်ငံများရှိ ဈေးကွက်အစုရှယ်ယာများတွင် ပိုမိုထည့်ဝင်ပြီး ၂၇ ရာခိုင်နှုန်းခန့်ရှိသည်။ ကိုယ်ပိုင်လုပ်ငန်းအစုရှယ်ယာများတွင် ၉.၉ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံခဲ့သည်။

ဥရောပဒေသ

လှုပ်ရှားရပိုမိုလွယ်ကူသောလုပ်ငန်းငယ်များတွင် ရင်းနှီး မြှုပ်နှံသည့် ကဏ္ဍများကိုပိုမိုနှစ်သက်ပြီး ထိုဒေသတွင်း ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကိုယင်း ကဏ္ဍတွင်လည်းကောင်း၊ အိမ်ခြံမြေကဏ္ဍတွင် ၂၃ ရာခိုင်နှုန်း ကိုသော်လည်းကောင်း ထည့်ဝင်မြှုပ်နှံခဲ့သည်။

အာရှပစိဖိတ်ဒေသ 

အများနှင့်သက်ဆိုင်သည့် အစုရှယ်ယာများကို ဦးစား ပေးကာ၊ ထိုဒေသတွင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ရာခိုင်နှုန်းကို ယင်းကဏ္ဍတွင်လည်းကောင်း၊ အိမ်ခြံမြေ ကဏ္ဍတွင် ၁၈ ရာခိုင်နှုန်းနှင့် ကိုယ်ပိုင်လုပ်ငန်းအစုရှယ်ယာများတွင် ၁၅ ရာခိုင်နှုန်းကိုသော်လည်းကောင်း အသီးသီး ထည့်ဝင်မြှုပ် နှံကြသည်။

ဖွံ့ဖြိုးစနိုင်ငံများရှိ ဈေးကွက်များ 

လုပ်ငန်းငယ်များအားစုပေါင်း၍ မြှုပ်နှံခြင်းတွင် ၃၇ ရာ ခိုင်နှုန်း၊ အစုရှယ်ယာများတွင် ၂၅ ရာခိုင်နှုန်းနှင့် ငွေစုစာချုပ်များတွင် ၂၄ ရာခိုင်နှုန်းအသီးသီးထည့်ဝင်မြှုပ် နှံ ကြသည်။

 

အောင်ကို (တောင်ငူ)