advertisement-image
Trade & Investment

ဂျပန်နိုင်ငံရဲ့အချမ်းသာဆုံး စာရင်းထဲ ထိပ်ဆုံးပြန်ရောက်လာတဲ့ Uniqlo ပိုင်ရှင်

Uniqlo လက်လီအရောင်းဆိုင်ခွဲများလုပ်ကိုင်နေတဲ့ Fast Retailing Co ရဲ့ တည်ထောင်သူနဲ့ ဥက္ကဋ္ဌဖြစ်သူ  Tadashi Yanai က ဂျပန်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်နေရာကို ပြန်ရောက်လာပါတယ်။ ကမ္ဘာ့စီးပွားရေးနှေးကွေးခြင်းကြောင့် Tadashi Yanai ရဲ့ ပိုင်ဆိုင်မှုတွေ အတော်လေးလျော့ကျသွားခဲ့တယ်ဆိုပေမယ့်လည်း သူဟာ Forbes Asia ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ ဂျပန်မှာအချမ်းသာဆုံး ၅၀ စာရင်းထဲမှာ ထိပ်ဆုံးကပါလာတာပါ။ Forbes Asia အရ Yanai ရဲ့ ပိုင်ဆိုင်မှုပမာဏ ၄၄ ရာခိုင်နှုန်း (၂၃.၆ ဘီလီယံဒေါ်လာ) လောက် လျော့ကျသွားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ အဓိကကတော့ဂျပန်ပြည်တွင်းနဲ့ တရုတ်နိုင်ငံအတွင်း အရောင်းနှေးကွေးခြင်းရဲ့ရလဒ်တွေပါ။ ဒီလိုမျိုး သူကြွယ်တစ်ဦးချင်းစီရဲ့ ကြွယ်ဝမှုကျဆင်းခြင်းကြောင့် ဂျပန်နိုင်ငံက အချမ်းသာဆုံး အယောက်  ၅၀ ရဲ့ စုစုပေါင်း ပိုင်ဆိုင်မှုပမာဏတွေက ၃ […]
Posted On June 7, 2022, By Editorial

Springteen က သီချင်းအားလုံးကို Sony ကို ရောင်းချ

Grammy ဆုများစွာရရှိထားတဲ့ အဆိုကျော် Bruce Springsteen က သူရဲ့သီချင်းတွေအကုန်လုံးကို Sony Music ကို ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိ သဘောတူညီမှုတစ်ခုနဲ့ ၂၀၂၁ ခုနှစ် ဒီဇငက်ဘာလအတွင်းမှာ ရောင်းချခဲ့ပါတယ်။ Sony Music နဲ့ Born To Run သီချင်းရဲ့ပိုင်ရှင် Bruce Springsteen တို့ ဒီသဘောညီရောင်းချမှုမှာ Springsteen ရဲ့ သွင်းထားပြီးသားသီချင်းအားလုံးနဲ့ သီချင်းထုတ်ဝေပိုင်ခွင့်ကိုပါ ရောင်းချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုရောင်းချမှုဟာငွေပမာဏအားဖြင့် ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကို နှစ်ဦးနှစ်ဖက်က တရားဝင်မထုတ်ပြန်ပေမဲ့ Billboard ကတော့ ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိတယ်လို့ ခန့်မှန်းထားတာပါ။ ဒီလိုသာဆိုရင်တော့ အရင်နှစ်တုန်းက Bob Dylan နဲ့ Universal Music Group […]
Posted On January 31, 2022, By Editorial

ပြီးခဲ့တဲ့နှစ်အတွင်း ဗီယက်နမ်နိုင်ငံရဲ့ ပြည်ပပို့ကုန် ၁၉ ရာခိုင်နှုန်းမြင့်တက်

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံရဲ့ ပြည်ပပို့ကုန်ရာခိုင်နှုန်းက ၁၉ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး အမေရိကန်နိုင်ငံနဲ့ ဗီယက်နမ်ကြား ကုန်သွယ်မှုမှာဆိုရင် ပို့ကုန်နဲ့ သွင်းကုန်ပမာဏက မျှတတဲ့အတွက် trade surplus ဖြစ်တာကိုတောင်တွေ့ရတယ်လို့ဆိုပါတယ်။ အမေရိကန်ဟာ ဗီယက်နမ်နိုင်ငံအတွက် အကြီးဆုံးပြည်ပပို့ကုန်ဈေးကွက်လည်းဖြစ်ပြီး အမြင့်ဆုံးနှုန်းနဲ့ပို့ကုန်တွေထုတ်ပို့နိုင်ခဲ့တယ်လို့ အစိုးရကထုတ်ပြန်တဲ့အချက်အလက်တွေအရ သိရပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ ၂၀၂၁ ခုနှစ်တစ်နှစ်တာအတွက် စုစုပေါင်း ပို့ကုန်ပမာဏက အမေရိကန်ဒေါ်လာ ၃၃၆.၃၁ ဘီလီယံ ရှိခဲ့ပြီး သွင်းကုန်ပမာဏက ၃၃၁.၃၃ ဘီလီယံဒေါ်လာရှိတဲ့အတွက် (ပို့ကုန်က ၂၆.၅ ရာခိုင်နှုန်းမြင့်တက်လာတာ) နိုင်ငံရဲ့ trade surplus က ၄.၀၈ ဘီလီယံရှိပါတယ်လို့ အကောက်ခွန်ဌာနကထုတ်ပြန်ပါတယ်။ ပို့ကုန်ပမာဏက ပြီးခဲ့နှစ် ဒီဇင်ဘာတစ်လတည်းမှာတင် နိုဝင်ဘာလထက် ၈.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့တာဖြစ်ပြီး ၃၄.၅၉ ဘီလီယံဒေါ်လာရရှိခဲ့ပါတယ်။ သွင်းကုန်ပမာဏကလည်း ၃.၁ ရာခိုင်နှုန်းမြင့်တက်ကာ […]
Posted On January 28, 2022, By Editorial

ဇိမ်ခံပစ္စည်းအမှတ်တံဆိပ်များ အရောင်းပြန်လည်နာလန်ထူမည့်အရိပ်အယောင် တွေ့လာရ

Cie Financiere Richemont SA (ဆွစ်ဇာလန်အခြေစိုက် ဇိမ်ခံပစ္စည်းအမျိုးမျိုးထုတ်လုပ်ရောင်းချသည့်ကုမ္ပဏီ၊ Richemont ဟု အခေါ်များသည်။) က အားလပ်ရက်ရာသီအတွင်း အမြန်ဆုံးနှုန်းနဲ့ ရောင်းအားသွက်ခဲ့ တက်ခဲ့သလို၊ Burberry Group Plc (လန်ဒန်အခြေစိုက် တန်ဖိုးကြီးဖက်ရှင်ထုတ်ကုန်ကုမ္ပဏီ) အနေနဲ့လည်း ဒီနှစ်မှာ ဝင်ငွေ ၃၅ ရာခိုင်နှုန်းတက်ခဲ့ပါတယ်။ ဒါကြောင့် ဇိမ်ခံပစ္စည်းဈေးကွက်အနေနဲ့ တစ်ဖန်ပြန်လည် လည်ပတ်အရောင်းအဝယ်ဖြစ်နေတဲ့ဆိုတဲ့သဘောကို တွေ့ရပါတယ်။ Richemont က ဒီဇင်ဘာမှာအဆုံးသတ်ခဲ့တဲ့ တတိယသုံးလပတ်အတွက် ဝင်ငွေဟာ ၃၂ ရာခိုင်နှုန်း ၅.၆၅၈ ဘီလီယံယူရို (အမေရိကန်ဒေါ်လာ ၆.၄၁ ဘီလီယံ) တက်လာခဲ့ပြီး Cartier လက်ဝတ်ရတနာတွေနဲ့ Chole ဖက်ရှင်ထုတ်ကုန်တွေဘက်မှာဆိုရင် ကပ်ဘေးမတိုင်မီကာလကတုန်းထက်တောင် ဝင်ငွေတက်ခဲ့တာလို့ဆိုပါတယ်။ Burberry ဟာဆိုရင်တော့ ၂၀၁၉ ခုနှစ်တုန်းက အရောင်းနဲ့ဝင်ငွေပမာဏကိုမှီဖို့ လိုသေးတယ်ဆိုပေမယ့် ကုတ်အင်္ကျီရှည်တွေက […]
Posted On January 20, 2022, By Editorial

ကမ္ဘာ့အကြီးဆုံး ဗီဒီယိုဂိမ်းလက်လီအရောင်းလုပ်ငန်းကြီးက စတင်မိတ်ဆက်မယ့် NFTs marketplace

GameStop Corp က NFTs(Nonfungible Tokens) အတွက် marketplace တစ်ခုကိုတည်ထောင်ဖို့ ဌာနသီးသန့်ခွဲသွားဖို့ရှိပြီး ဒီဂျစ်တယ်ငွေကြေးထုတ်သူတွေနဲ့လည်း အကျိုးတူပူးပေါင်းသွားဖို့ရှိတယ်လို့ သေချာတဲ့သတင်းရပ်ကွက်ကနေ သတင်းတွေထွက်နေပါတယ်။ ဒီအတွက်လည်း ဂိမ်းလက်လီအရောင်းလုပ်ငန်းဖြစ်တဲ့ GameStop ရဲ့ စတော့တန်ဖိုးတွေက (စတော့အိတ်ချိန်းပြင်ပ အွန်လိုင်းစတော့ဈေးကွက်တွေထဲမှာ) ၂၇ ရာခိုင်နှုန်းလောက်တက်သွားခဲ့ပါတယ်။ ဒီသတင်းကို The Wall Street Journal(WSJ) က ပထမဆုံးတင်ခဲ့တာဖြစ်ပြီး ကုမ္ပဏီအနေနဲ့ကတော့ တရားဝင်ထုတ်ပြန်ချင်းမရှိသေးပါဘူး။ ဗီဒီယိုဂိမ်းအရောင်းလုပ်ငန်းဖြစ်တဲ့ GameStop အနေနဲ့ကုမ္ပဏီကို ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတာဖြစ်ပြီး ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်သူ Ryan Cohen က Amazon.com Inc. အပါအဝင် ကုမ္ပဏီကြီးတွေက အမှုဆောင်တွေကိုခေါ်ယူခန့်ထားနေတာဖြစ်ပါတယ်။ အဓိကကတော့ လက်လီအရောင်းဆိုင်လုပ်ငန်းကနေ e-commerce လုပ်ငန်းဘက်ကို ပိုမိုရည်သန်ပြောင်းလဲလုပ်ကိုင်သွားဖို့လုပ်နေတာပါ။ WSJ ရဲ့သတင်းအရဆိုရင်တော့ ကုမ္ပဏီက သူတို့ရဲ့ NFTs […]
Posted On January 8, 2022, By Editorial

ဈေးကွက်တန်ဖိုး ၃ ထရီလီယံဒေါ်လာရှိတဲ့ ကမ္ဘာ့ပထမဆုံးကုမ္ပဏီ : Apple Inc.

Apple Inc အနေနဲ့ အထင်ကရမှတ်တိုင်တစ်ခု ထပ်မံစိုက်ထူနိုင်လိုက်တာပါ။ နာမည်ကျော် ကွန်ပျူတာ၊ မိုဘိုင်းပစ္စည်းတွေနဲ့ အခုဆို wearable tech အပါအဝင် နည်းပညာမြင့် ပစ္စည်းများအပြင် Online Services တွေအမျိုးမျိုး ထုတ်လုပ်ဝန်ဆောင်မှုပေးနေတဲ့ ဒီကုမ္ပဏီဟာ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ထရီလီယံပမာဏကို ဒီသီတင်းပတ်ရဲ့တနင်္လာနေ့မှာ ရောက်ရှိခဲ့ပါတယ်။ ဒါကြောင့် Apple အနေနဲ့ ကမ္ဘာမှာ ပထမဆုံး ဒီပမာဏနဲ့ စတော့အိတ်ချိန်းဝင် share trade လုပ်တဲ့ အများပိုင်ကုမ္ပဏီတစ်ခုဖြစ်လာပါတယ်။ Apple ရဲ့ ရှယ်ယာတွေဟာ ကုမ္ပဏီတန်ဖိုး ၃ ထရီလီယံပမာဏထက်ကျော်လွန်စေမယ့် ရှယ်ယာတစ်ခုကို တန်ဖိုး ၁၈၂.၈၈ ဒေါ်လာအထိ (၃ထရီလီယံတန်ကုမ္ပဏီဖြစ်ဖို့ ရှယ်ယာတစ်ခုတန်ဖိုးက ၁၈၂.၈၅ ဒေါ်လာရှိဖို့ပဲလိုပါတယ်။) ၃ ရာခိုင်နှုန်းလောက် အချိန်ပိုင်းကလေးတက်သွားပါသေးတယ်။ နောက်မှသာ မူလဈေးနှုန်းပြန်ကျသွားတာပါ။ […]
Posted On January 4, 2022, By Editorial

လတ်တလော နယ်စပ်ကုန်စည်စီးဆင်းမှုများ

ဝူဟန်ကြောင့် မြန်မာနိုင်ငံရဲ့ကုန်စည်စီးဆင်းမှု၊ ထိခိုက်မှုအခြေအနေတွေအပြင် အခြားအာဆီယံနိုင်ငံများနဲ့ ကုန်သွယ်မှုအခြေအနေ၊ ဌာနအနေနဲ့ ဆောင်ရွက်ပေးနေမှုများအကြောင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင်ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၂ ရက်က ဆက်သွယ်မေးမြန်းထားပါတယ်။ ဝူဟန်ကြောင့် နယ်စပ်နှင့်အခြားသော ကုန်စည်စီးဆင်းမှုအခြေအနေ…ဝူဟန်ကြောင့် တရုတ်နယ်စပ်ဘက်မှာတော့ ထိခိုက်မှုတွေ ရှိပါတယ်။ သူတို့ရဲ့ နှစ်သစ်ကူးရုံးပိတ်ရက်နဲ့ တစ်ဆက်တည်း ဝူဟန်ဗိုင်းရပ်စ်ရယ် တစ်ဆက်တည်း ဆက်စပ်သလိုဖြစ်သွားတယ်။ နောက်ပိုင်းကျမှသာ သူတို့ဘက်ကနေ ပြန်ဖွင့်တယ်။ အသွားအလာတွေကန့်သတ်တာဆိုတော့ ကုန်စည်စီးဆင်းမှုကတော့ ရပ်တန့်လုနီးပါး ဖြစ်တယ်။ မူဆယ်ဆိုလို့ရှိရင် သူတို့ရဲ့ တစ်နေ့ကုန်သွယ်မှုက ဒေါ်လာဆယ်သန်းကနေ ၁၅ သန်းလောက်ထိရှိတယ်။ အခုထိ ပုံမှန်အတိုင်းတော့ဖြစ်မလာသေးဘူး။ ကုန်သွယ်မှု လုပ်နိုင်တဲ့အနေအထားတော့ တွေ့ရပါတယ်။ လက်ရှိကုန်သွယ်မှု ပမာဏ…လက်ရှိအနေအထားက ပျမ်းမျဆိုရင် ကုန်သွယ်မှုမှာ ပြီးခဲ့တဲ့ကာလတူနဲ့ နှိုင်းယှဉ်လို့ရှိရင် ဖေဖော်ဝါရီလ ၁၄ […]
Posted On March 23, 2020, By CEO Editors

Covid-19 ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ၂၀၂၀ အရှေ့အာရှရဲ့ GDP တိုးတက်မှုနှုန်းဟာ ၄.၂ ရာခိုင်နှုန်းအထိကျဆင်းဖွယ်

Covid-19 ဗိုင်းရပ်စ်ရောဂါပျံ့နှံ့မှုတိုးပွားလာသည်နှင့်အမျှ ခရီးသွားလုပ်ငန်းများဒေသတွင်းနဲ့နယ်စပ်ကုန်စည်စီးဆင်းမှုများစွာကို ထိခိုက်စေတဲ့အပြင် အိမ်ထောင်စုများရဲ့ငွေကြေးသုံးစွဲမှုများလည်းကျဆင်းလာပါတယ်။ ဒါကြောင့် အရှေ့တောင်အာရှအတွင်းရှိ စီးပွားရေးတိုးတက်မှုနှုန်းဟာ တစ်စတစ်စနှေးကွေးလာပြီး ၂၀၂၀ ပြည့်နှစ်မှာ ၄.၂ ရာခိုင်နှုန်းအထိကျဆင်းမယ်လို့ Charteret အစာရင်းကိုင်အဖွဲ့အစည်း ICAEW ဟာ ၂၀၂၀ ခု၊ မတ်လ ၁၇ ရက်နေ့မှာ နောက်ဆုံးထုတ်ပြန်တဲ့ Economic Update: South East Asia မှာခန့်မှန်းထားပါတယ်။ ဒါပေမဲ့သင့်တင့်လျောက်ပတ်တဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမူဝါဒတွေနဲ့ဘဏ္ဍာရေးလှုပ်နှိုးမှုတွေကြောင့် တိုးတက်မှုအဟုန်ဟာ ၂၀၂၁ ခုနစ်မှာ ၅ ရာခိုင်နှုန်းထိ ပြန်လည်တိုးမြှင့်လာမယ်လို့ ဆက်လက်ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံရဲ့ Covid-19 ဗိုင်းရပ်စ်ရောဂါရိုက်ခတ်မှုဟာ အရှေ့တောင်အာရှမှာရှိတဲ့ခရီးသွားလုပ်ငန်းတွေနဲ့ အိမ်ထောင်စုအလိုက် ငွေကြေးသုံးစွဲမှုတွေကျဆင်းပြီး ကုန်စည်စီးဆင်းမှုတွေပြတ်တောက်ခြင်းကနေ သိသိသာသာ ထိခိုက်နိုင်ဖွယ်ရှိပါတယ်။ လက်ရှိမှာမြန်မာနိုင်ငံဟာလည်း တရုတ်နိုင်ငံနဲ့နယ်စပ်ကုန်သွယ်မှုတွေကျဆင်းပြီး များစွာထိခိုက်နေတာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ခရီးသွားလုပ်ငန်းတွေအပေါ် မှီခိုမှုနည်းတဲ့အတွက်ကြောင့် ထိခိုက်မှုကိုထိန်းချုပ်နိုင်ဖွယ်ရှိပါတယ်။ […]
Posted On March 19, 2020, By CEO Editors

စီးပွားရေးအဘိဓာန် ၁၀၇

Expense Account အသုံးစရိတ်စာရင်း။ ရုံး၏ပြင်ပ၌ စီးပွားရေးလုပ်ငန်းလုပ် ဆောင်စဉ်ကုန်ကျခဲ့သည့် အလုပ်နှင့်ဆိုင်ရာအသုံးများ ဥပမာခရီးစရိတ်၊ ဧည့်ခံစရိတ်စ သည့် အထူးသုံးစွဲငွေများ စာရင်းရှင်းတမ်းဖြစ်သည်။ ပုံမှန်အားဖြင့် ထိုသို့သောစရိတ်များ ပြန်လည်ဖြည်ထုတ်မပေးမီ ခွင့်ပြုချက်ရှိရသည်။ Exponential နှစ်ထပ်ကိန်း ညှိနှိုင်းချက်။ အချက်အလက်များကို ပြီးခဲ့သည့်အတိတ် အတွေ့အကြုံများထက်မကြာမီဖြစ်ရပ်များ ရောင်ပြန်ဟပ်စေပြီး ကြိုတင် ခန့်မှန်းရာ၌ ပိုမိုအသုံးဝင်ထိရောက်စေရန် ပြုလုပ်သည့်စာရင်းအင်းပညာ နည်းနိဿယတစ်ခုဖြစ်သည်။ ဥပမာ-ကုန်စည် ထိန်းချုပ်ရာ၌ ရက်သတ္တတစ်ပတ်အတွက် ကုန်စည်အသုံးကို ၈၀ မှန်းထားပြီးအမှန်အသုံးက ၉၀ ဖြစ်ခဲ့၏။ ပျှမ်းမျှ လိုအပ်ချက်တွက်ရာ၌ ပျှမ်းမျှဟောင်းကို လက်ငင်းဦးရေအတွက် ဖော်မြူလာသုံးသည်။ ပျှမ်းမျှသစ် = ပျှမ်းမျှဟောင်း + အေ (လက်ငင်းလိုအပ်ချက်- ပျှမ်းမျှဟောင်း)           အေသည် ပုံသေတစ်စိတ်ဖြစ်ပြီး စိတ်မှန်းသတ်မှတ် ဝ.၁။ ထို့ကြောင့် ပျှမ်းမျှသစ်သည် […]
Posted On February 27, 2019, By Editorial

စီးပွားရေး အဘိဓာန်  ၁၀၆

European Payments Union ၊ EPU ဥရောပပေးငွေ သမဂ္ဂ၊ အီးပီယူလည်းဖြစ်သည်။ ဥရောပစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင် ၁၆ နိုင်ငံ တို့က ၁၉၅၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သည့် အေဂျင်စီတစ်ခုဖြစ်သည်။ ယင်းအဖွဲ့သည် ဥရောပပြန်လည်ရှင်သန်ရေးအစီအစဉ် EUROPEAN RECOVERY PROGRAM á€Ąá€ąá€€á€Źá€„ယဥထညယ်ဖဏယ်ရ်းဥဂျငယစဎဝဖစယသညယ။           အီးပီယူသည် စစ်ပြီးကာလအတွင်း ဥရောပငွေကြေးတစ်ခုနှင့်တစ်ခုကြား ငွေကြေးပြောင်းလဲနိုင်ရန်ယာယီစနစ်တစ်ခုဖြစ်သည်။ အီးပီယူသည် အဖွဲ့ဝင်နိုင်ငံများ အတွင်းရရန်ပေးရန်များရှင်းလင်းပေးသည်။ ၄င်းသည်အဖွဲ့ဝင်နိုင်ငံအတွင်း ငွေပေးငွေယူရှင်းတမ်းလိုငွေအတွက်ချေးငွေကိုထုတ်ပေးသည်။ အဖွဲ့ဝင်နိုင်ငံတစ်ခုချင်း ၁၉၄၉ ခုနှစ်အတွင်း ကုန်သွယ်မှုပေါ်တည်၍ကိုတာရှိပြီး၊ လိုငွေပေါ်ပါကကိုတာ၏ ၂၀ ရာနှုန်းအလိုအလျှောက်ချေးငွေရပြီးကိုတာထက်ကျော်သည့် ကိုရွှေ၊ သို့မဟုတ် ဒေါ်လာဖြင့် ပေးချေရသည်။ သမဂ္ဂ၏ကိုယ်စားလှယ်သည် ဆွစ်ဇာလန်နိုင်ငံဘေဆယ်မြို့ရှိ နိုင်ငံတကာရှင်းလင်းဘဏ် BANK FOR INTERNATIONAL SETTLEMENTS ဖြစ်သည်။ ၁၉၅၈ ခုနှစ်တွင် အီးပီယူကိုဖျက်သိမ်းပြီး ဥရောပငွေကြေးသဘောတူစာချုပ်က EUROPEAN […]
Posted On January 24, 2019, By Editorial