advertisement-image
Interviews

ဦးခင်အောင်ထွန်း (Chartered Project-Rotary Club of Central Yangon)

Rotary Club ဆိုတာ . . . Rotary Club က ၁၉၀၅ ခုနှစ်က အမေရိကန်နိုင်ငံမှာ စတင်ပေါ်ပေါက်ခဲ့တာပါ။ အခုဆိုရင် ၁၂၂ နှစ် ရှိသွားပါပြီ။ Rotary Club က အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ လုပ်ကိုင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်က Rotary Club of Yangon ဆိုပြီး မြန်မာနိုင်ငံကို ရောက်လာတာ ဖြစ်ပါတယ်။ အဖွဲ့ဝင် စုစုပေါင်း ခြောက်ဆယ်ကျော်ရှိတဲ့အထဲမှာ မြန်မာနဲ့နိုင်ငံခြားသားတွေ ပါဝင်ပါတယ်။ Rotary Club ကို Business Leader ၊ Social Leader ၊ Professional တွေကို စုစည်းပြီးတော့ Commercial လိုအပ်ချက်၊ တိုင်းပြည်ရဲ့လိုအပ်ချက်တွေ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ […]
Posted On August 10, 2017, By Editorial

ဒေါ်မျိုးစန္ဒီထွန်းသိန်း(Vice Principal-Eton House Yangon)

မြန်မာနိုင်ငံမှာ ပုဂ္ဂလိက ကျောင်းတွေဖွင့်လှစ်တာကို စတင်ခွင့်ပြုလိုက်တဲ့ ၂၀၁၂ ခုနှစ်၊ သြဂုတ်လက စပြီး ပုဂ္ဂလိကကျောင်းတွေ တစ်စတစ်စ များပြားလာပါတယ်။ ပြည်တွင်းပိုင် ပုဂ္ဂလိကကျောင်းတွေလည်း ပါဝင်ပြီး နိုင်ငံတကာကျောင်းတွေနဲ့ ပူးပေါင်းဖွင့်လှစ်တဲ့ ကျောင်းတွေကလည်း ဈေးကွက်လိုအပ်ချက်နဲ့အညီ ဖွင့်လှစ်လာပါတယ်။ ဒါတင်သာမကဘဲ မူကြိုအရွယ်ကို အထူးပြုပြီး ဖွင့်လှစ်တဲ့ နိုင်ငံတကာနာမည်ရကျောင်းတွေလည်း ပါဝင်လာပါတယ်။ ဒီအထဲမှာ ၁၉၉၅ ခုနှစ်မှာ စတင်တည်ထောင်ပြီး နိုင်ငံပေါင်း ၁၂ နိုင်ငံမှာ ကျောင်းခွဲပေါင်းတစ်ရာကျော်နဲ့ အောင်မြင်စွာရပ်တည်နေတဲ့ Eton House က မြန်မာနိုင်ငံကို ၂၀၁၅ ခုနှစ်မှာ ရောက်ရှိလာပါတယ်။ ဒါကြောင့် Eton House Myanmar ရဲ့ ထူးခြားတဲ့ သင်ကြားမှုပုံစံနဲ့အတူ လုပ်ငန်းပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေ၊ အနာဂတ်အစီအစဉ်တွေကို ကျောင်းရဲ့ Vice Principal ဒေါ်မျိုးစန္ဒီထွန်းသိန်းနဲ့ […]
Posted On July 31, 2017, By Editorial

Behind the Secret of Success-The Real Story စာရေးသူ Ashok K. Nath နှင့် စကားစမြည်

Mr Ashok K. Nath ဟာ လတ်တလောမှာ Behind the Secrect of Success- The Real Story စာအုပ်ကို ရေးသားထုတ်ဝေထားသူဖြစ်ပြီး သူဟာ အာရှနိုင်ငံတွေအတွင်း နှစ်ပေါင်းများစွာနေထိုင်ပြီး လုပ်ငန်းအမျိုးမျိုးလုပ်ကိုင်ခဲ့ကာ လက်ရှိလည်း အဖွဲ့အစည်းတော်တော်များများမှာ ပါဝင်နေဆဲဖြစ်ပါတယ်။ World Executive’s Digest ကိုလည်း အောင်မြင်စွာ စီစဉ်ထုတ်ဝေဖူးသူတစ်ယောက်ဖြစ်တဲ့ Mr Ashok K. Nath နဲ့ CEO မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်တို့ တွေ့ဆုံခိုက်မှာ ထုတ်ဝေရေးလောကရဲ့ လက်ရှိအခြေအနေနဲ့ အနာဂတ်မှာ ထုတ်ဝေသူတစ်ယောက်အနေနဲ့ ရပ်တည်နိုင်ဖို့နဲ့ ပတ်သက်ဆွေးနွေးခဲ့ကြပြီး အဲဒီထဲက တချို့ကို အကျဉ်းချုပ်အနေနဲ့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ Behind the Secrect of Success – The […]
Posted On July 20, 2017, By Editorial

Repatriate များနှင့် လုပ်ငန်းခွင်စိန်ခေါ်မှုများ

မြန်မာ့စီးပွားရေးလုပ်ငန်းများမှာ နိုင်ငံတကာကုမ္ပဏီများ ၀င်ရောက်လာသလို တစ်ချိန်က မြန်မာနိုင်ငံမှ ထွက်သွားပြီး ရေကြည်ရာ မြက်နုရာ ရှာဖွေရင်း နိုင်ငံခြားမှာ ပညာရှာကာ လုပ်ငန်းအတွေ့အကြုံများပါ ရထားသည့် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံကို ပြန်ဝင်လာပြီး Repatriate များအနေနှင့် မြန်မာ့လုပ်ငန်းခွင်များမှာ ၀င်ရောက်အလုပ်လုပ်ကိုင်လာကြပါသည်။ ထိုအခြေအနေမှာ ပြည်တွင်းအတွေ့အကြုံများသည့် Local Employee များနှင့် တွဲဖက်လုပ်ကိုင်သည့်အခါ စိန်ခေါ်မှုများလည်း အနည်းနဲ့အများရှိလာပါသည်။ ထိုစိန်ခေါ်မှုများက ဘာတွေလဲ၊ ဘယ်လိုရင်ဆိုင်ရမလဲဆိုသည်ကို HR Expert နှစ်ဦးနှင့်အတူ လက်တွေ့လုပ်ငန်းခွင်ထဲက Repatriate များကိုပါ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပြီး ယခုလ၏ အထူးဆောင်းပါးအဖြစ် တင်ဆက်လိုက်ပါသည်။ ဒေါ်တင်မမစိုး HR Consultant cum MD Billion Force Service Co Ltd Repatriate တွေအနေနဲ့ မြန်မာနိုင်ငံမှာ အလုပ်ပြန်လာလုပ်တဲ့အခါ […]
Posted On July 18, 2017, By Editorial

ဦးအောင်ကျော်မင်း(Executive Director,Logika Co Ltd)

Mekong Business Challenge ဆိုတဲ့ နှစ်စဉ်ကျင်းပတဲ့ Entrepreneurship ပြိုင်ပွဲမှာ Greater Mekong ဒေသမှာရှိတဲ့ ဘူတန်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နဲ့ ယူနန်တရုတ်ပြည်တို့က ကိုယ်စားပြု လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်အဖွဲ့တွေ ပါဝင်ယှဉ်ပြိုင်ကြပါတယ်။ Mekong Challenge 2017 မှာ မြန်မာနိုင်ငံကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိပြီး ကိုယ်တိုင်လည်း Logika  Technology ကုမ္ပဏီကို တည်ထောင်ထားတဲ့ ဦးအောင်ကျော်မင်းကို ပြိုင်ပွဲအတွေ့အကြုံနဲ့အတူ လက်ရှိလုပ်ငန်းအခြေအနေ၊ အနာဂတ်လုပ်ငန်းအစီအစဉ်တွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။ နောက်ခံပညာရေးနဲ့ လုပ်ငန်းအတွေ့အကြုံ . . . ၂၀၀၈ ခုနှစ်မှာ ကွန်ပျူတာတက္ကသိုလ်က Computer Technology မေဂျာနဲ့ ဘွဲ့ရခဲ့ပါတယ်။ ဘွဲ့ရပြီးနောက်မှာ ZTE Corporation မှာ Telecom Engineer […]
Posted On July 12, 2017, By Editorial

Oway ရဲ့ Founder & CEO ဦးနေအောင်နှင့် တွေ့ဆုံခြင်း

မြန်မာနိုင်မှာ Mobile Application တွေကို အခြေခံပြီး ၀န်ဆောင်မှုပေးတဲ့ စီးပွားရေးလုပ်ငန်းတွေ တစ်စတစ်စ ပိုမိုများပြားလာပါပြီ။ ဒီအထဲမှာမှ လူတွေရဲ့နေ့စဉ် သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလာရေး၊ အလုပ်ရှာဖွေရေး၊ ဘဏ်လုပ်ငန်း၊ အစားအသောက်မှာယူနိုင်တဲ့ Application စတာတွေ ဒီနေ့ခေတ်ရဲ့ လူနေမှုဘ၀ပုံစံမှာ အရေးပါလာပါပြီ။ ဒီအတွက် Travel Booking App နဲ့ Taxi App နှစ်ခုကို ဆောင်ရွက်နေတဲ့ Oway ရဲ့ Founder & CEO ဦးနေအောင်နဲ့တွေ့ဆုံဖြစ်ခဲ့ပြီး လုပ်ငန်းရဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ဖြတ်သန်းပုံ၊ စီးပွားရေးစီမံခန့်ခွဲမှုပိုင်းနဲ့ အတွေးအခေါ်တွေ၊ အနာဂတ်လုပ်ငန်း အစီအစဉ်တွေကို အခုလိုသိခွင့်ရခဲ့ပါတယ်။ နောက်ခံပညာရေးနဲ့ လုပ်ငန်းအတွေ့အကြုံများ . . . ကျွန်တော်ဟာ University of Arizona ကနေ Bachelor in […]
Posted On June 15, 2017, By Editorial

Calvin Pun (Branding Director)

လက်ရှိမှာ Branding  ပိုင်းဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီထူထောင်ပြီး ကိုယ်တိုင်စိတ်ဝင်တစားဦးဆောင်လုပ်ကာ မိဘရဲ့လုပ်ငန်းတွေကို အမွေဆက်ခံဦးဆောင်လာနိုင်အောင် ကြိုးပမ်းနေတဲ့ Beyond Scaling Up ရဲ့ Branding Director Mr Calvin Pun နဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ သူ့ရဲ့စီးပွားရေးပိုင်းဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာ ကြိုးပမ်းလေ့လာမှုတွေနဲ့အတူ လုပ်ငန်းပိုင်းဆိုင်ရာ ၀န်ဆောင်မှုတွေကိုပါ အခုလို သိခွင့်ရခဲ့ပါတယ်။ Calvin Pun Branding Director, Beyond Scaling Up New Business Operations Manager,First Ocean Breeze Co Ltd Beyond က ဘာတွေလုပ်နေသလဲဆိုတာ ပြောပြပေးပါ . . . Beyond က Branding နဲ့ Marketing ပိုင်း ၀န်ဆောင်မှုပေးတဲ့ကုမ္ပဏီဖြစ်ပြီး […]
Posted On June 9, 2017, By Editorial

အလုပ်လုပ်မည့် လုပ်ငန်းအဖွဲ့အစည်းကို ရွေးချယ်ခြင်း

လုပ်ငန်းခွင်ဘ၀တစ်လျှောက်မှာ မိမိအလုပ်လုပ်ကိုင်မယ့် လုပ်ငန်းအဖွဲ့အစည်းကို ရွေးချယ်ရခြင်းဟာ အလုပ်အကိုင်လမ်းကြောင်း ရွေးချယ်ရသလိုပဲ အရေးကြီးလှပါတယ်။ မိမိရဲ့လုပ်ငန်းအဖွဲ့အစည်းက နာမည်ကောင်းရှိတာ၊ လူမှုအဖွဲ့အစည်းအတွက် တာဝန်ယူတာစတဲ့ ပြင်ပအချက်တွေက အရေးကြီးသလို လုပ်ငန်းခွင်ပျော်ရွှင်မှု၊ မိမိအလုပ်တာဝန်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ လုပ်ခလစာနဲ့ ခံစားခွင့်တွေ၊ မိမိအထက်လူကြီးနဲ့ ဆက်ဆံရေးကောင်းမွန်မှု၊ Teamwork ရှိမှု စတာတွေကလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့လုပ်ငန်းခွင်အလိုက် နေရာတစ်ခုမှာအောင်မြင်မှုရနေတဲ့ ဒါရိုက်တာတွေ၊ မန်နေဂျာတွေကို သူတို့ရဲ့ လုပ်ငန်းအဖွဲ့အစည်းရွေးချယ်ရာမှာ ထည့်သွင်းစဉ်းစားတဲ့အချက်တွေကို မေးမြန်းခဲ့ပြီး Cover Story အဖြစ် တင်ဆက်လိုက်ပါတယ်။ ဒေါ်ချိုဦးလွင် New Business Development & Office Manager Du Pont (Myanmar) Co Ltd ကိုယ်အလုပ်လုပ်မယ့် Organization ကို ဘယ်လိုရွေးချယ်မလဲ . […]
Posted On June 7, 2017, By Editorial

မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်းနှင့် တွေ့ဆုံခြင်း

CEO မဂ္ဂဇင်းဟာ မြန်မာနိုင်ငံရှိ လုပ်ငန်းရှင်များအသင်းတွေနဲ့ လစဉ်တွေ့ဆုံပြီးဖော်ပြပေးနေရာ ဒီလမှာတော့ မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်းရဲ့ ဥက္ကဋ္ဌ ဦးမျိုးသန့်နဲ့ တွေ့ဆုံဖြစ်ခဲ့ပြီး အသင်းရဲ့ဆောင်ရွက်ချက်တွေနဲ့ လှုပ်ရှားမှုတွေ၊ အနာဂတ်အစီအစဉ်တွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။ ဦးမျိုးသန့် ဥက္ကဋ္ဌ မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်း အသင်းဖြစ်ပေါ်လာပုံ . . . မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်း ဖြစ်မြောက်ရေးအတွက် ကျွန်တော်နဲ့အတူ ဒီ Industry မှာရှိတဲ့ လုပ်ငန်းရှင်တွေက ၂၀၁၅ ခုနှစ်ကတည်းက စတင်ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့  အသင်းတစ်ခု       စတည်ထောင်ဖို့ဆိုတာက အင်မတန်ခက်ခဲပါတယ်။ ဒီအသင်းအကြောင်းကို လူတွေသိအောင်၊ အသင်းမှာပါဝင်ခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်တယ်ဆိုတာကို နားလည်သဘောပေါက်အောင် ပြောဆိုရှင်းပြရတယ်။ ၂၀၁၅ ခုနှစ်ကတည်းက ထောက်ခံမှုတွေ အဆင့်ဆင့်ယူခဲ့ပြီး ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလမှာ မြန်မာနိုင်ငံကုမ္ပဏီမှတ်ပုံတင်ရုံးကနေ မြန်မာနိုင်ငံအဆင့်အသင်းတစ်ခုအနေနဲ့ တရားဝင်ဖွဲ့စည်းခွင့်ပေးခဲ့ပါတယ်။ […]
Posted On May 29, 2017, By Editorial

ဦးတင်မောင်နိုင် (Group CEO – KOL Group of Companies)

မိမိကိုယ်ပိုင်လုပ်ငန်းကို မိမိလက်၊ မိမိခြေနဲ့ ကိုယ်ထူးကိုယ်ချွန်တည်ထောင်ခဲ့ပြီး လက်ရှိမှာတော့ KOL Group အောက်က ကုမ္ပဏီအခွဲခြောက်ခုကို ထိပ်ဆုံးကနေ ဦးဆောင်အုပ်ချုပ်နေတဲ့ ဦးတင်မောင်နိုင်ကို လုပ်ငန်းပိုင်းဆိုင်ရာစတင်ပုံ၊ ကိုယ်တိုင်ကြိုးပမ်းအားထုတ်မှု၊ အနာဂတ်အစီအစဉ်တွေနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။ မိမိကျွမ်းကျင်တဲ့ ဘာသာရပ်ကိုအခြေခံကာ လုပ်ငန်းထူထောင်ပြီး လိုအပ်တဲ့ပညာရပ်တွေကို ဆက်လက်သင်ယူသွားရင်း လုပ်ငန်းတိုးတက်အောင် တည်ဆောက်ကြိုးပမ်းမှုတွေကို လေးစားဖွယ်တွေ့မြင်သိရှိခွင့်ရခဲ့ပါတယ်။ နောက်ခံပညာရေးနဲ့ လုပ်ငန်းသမိုင်းကြောင်း . . . ကျွန်တော် Mechanical Engineering နဲ့ ၁၉၈၇ ခုနှစ်မှာ ဘွဲ့ရခဲ့ပြီး နိုင်ငံခြားသင်္ဘောအင်ဂျင်နီယာအဖြစ် ငါးနှစ်လုပ်ခဲ့ပါတယ်။ ပြီးတဲ့အခါ ၁၉၉၇ ခုနှစ်မှာ KOL ကုမ္ပဏီကို တည်ထောင်ဖြစ်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာ အိမ်ထောင်ကျတဲ့အခါ သင်္ဘောလည်း ရေရှည်မလိုက်ချင်ဘူး၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့လည်း အစောကတည်းက ရည်ရွယ်ချက်ရှိခဲ့တဲ့အတွက် ကိုယ်ပိုင်ကုမ္ပဏီတည်ထောင်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ […]
Posted On May 22, 2017, By Editorial
1 4 5 6 7 8 23