advertisement-image
Interviews

Jodi Weedon(Chief Executive Officer-AMCC)

Jodi Weedon Chief Executive Officer Australia – Myanmar Chamber of Commerce (AMCC) Australia – Myanmar Chamber of Commerce (AMCC) ရဲ့ CEO Mrs.Jodi Weedon နဲ့ တွေ့ဆုံခိုက်မှာ AMCC ရဲ့ ရည်ရွယ်ချက်တွေ၊ ရှေ့ဆက်လုပ်ဆောင်သွားမယ့်အစီအစဉ်တွေအပါအဝင် မြန်မာနိုင်ငံအတွင်း လှုပ်ရှားမှုတွေအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါတယ်။ AMCC အကြောင်းရှင်းပြပေးပါ . . . AMCC က သြစတြေးလျနဲ့ မြန်မာနှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ AMCC ရဲ့ ရည်ရွယ်ချက်တွေကတော့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ချင်တဲ့ ၊ ရင်းနှီးမြှုပ်နှံချင်တဲ့ သြစတြေးလျလုပ်ငန်းရှင်တွေကို ကူညီပေးတယ်။ […]
Posted On May 19, 2017, By Editorial

ဦးအောင်ထွန်း(Managing Director-Myanmar Investments International Limited)

နောက်ခံပညာရေးနဲ့ လုပ်ငန်းအတွေ့ အကြုံများ . . . ကျွန်တော်က အင်္ဂလန်နိုင်ငံ၊ Imperial College ကနေ အင်ဂျင်နီယာဘွဲ့ရခဲ့ပါတယ်။ ၁၉၈၂ ခုနှစ်မှာ လန်ဒန်မှာဖွင့်ထားတဲ့  Kleinwort Benson ရဲ့ Corporate Finance Department မှာ ၀င်ရောက်လုပ်ကိုင်ခဲ့ပြီး Mergers and Acquisitions ပိုင်းမှာ တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်မှာတော့ ထိုင်းနိုင်ငံမှာ Seamico Securities Plc ကို ထူထောင်ခဲ့ပြီး အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ Seamico Securities Plc က Corporate Finance ၊ Fund Management နဲ့ Stock Broking ဆိုင်ရာ ကုမ္ပဏီဖြစ်ပါတယ်။ ဒီကုမ္ပဏီကို ၁၉၉၅ ခုနှစ်မှာ […]
Posted On May 16, 2017, By Editorial

Franchise ၏ အလားအလာ

Franchise လုပ်ငန်းဆိုတာကို အောင်မြင်နေတဲ့ မိမိလုပ်ငန်းကို အခကြေးငွေရယူပြီး အခြားသူတစ်ဦးအား လုပ်ကိုင်ခွင့်ပေးခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ ဟိုတယ်၊ စားသောက်ဆိုင်၊ စားသောက်ကုန်၊ ၀န်ဆောင်မှု၊ ပညာရေး၊ ထုတ်ကုန်တွေကစလို့ နိုင်ငံတကာမှာ Franchise လုပ်ငန်းအမျိုးအစားများစွာ အောင်မြင်ဖြစ်ထွန်းခဲ့ပြီးတာ ကြာပါပြီ။ ဒါကြောင့် မြန်မာနိုင်ငံအတွင်း လုပ်ငန်းနယ်ပယ်အသီးသီးက Franchise ယူလုပ်ကိုင်နေတဲ့ကုမ္ပဏီတွေ၊ ကိုယ်တိုင်က Franchise ပေးပြီး လုပ်ငန်းလုပ်ဖို့ ပြင်ဆင်နေတဲ့ကုမ္ပဏီတွေနဲ့ တွေ့ဆုံမေးမြန်းထားတာတွေ၊ မြန်မာနိုင်ငံတွင်း Franchise လုပ်ငန်းအလားအလာတွေအပြင် အတွေ့များတဲ့ Franchise ပုံစံတွေ၊ အသုံးများတဲ့ Franchise တည်ဆောက်ပုံတွေ၊ Franchise လုပ်ငန်းစမလုပ်ခင် သတိထားရမယ့်အချက်တွေကို ယခုလ အထူးဆောင်းပါးအဖြစ် ဖော်ပြလိုက်ပါတယ်။ Franchise ပေးခြင်း၏ အခြေခံအချက်များ . . . စားသောက်ဆိုင် Franchise များသည် တွေ့ရများပြီး […]
Posted On May 12, 2017, By Editorial

Mr Masazumi ODA (Franck Muller and Backes Et Strauss)

ရန်ကုန်မြို့ Sedona Hotel မှာ Showroom ဖွင့်ထားတဲ့ဆွစ်ဇိမ်ခံနာရီတွေဖြစ်တဲ့ Franck Muller နဲ့ Backs & Strauss အကြောင်းကို Franck Muller နဲ့ Backes Et Strauss အမှတ်တံဆိပ်တွေရဲ့ မြန်မာနိုင်ငံတာဝန်ခံဖြစ်သူ Mr Masazumi ODA ကို အခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။ အမှတ်တံဆိပ်တွေအကြောင်း အရင်ဆုံးမိတ်ဆက်ပေးပါ . . . Franck Muller က Master of Complications (နာရီများရဲ့ သခင်)ဆိုတဲ့ အညွှန်းရှိသလို Backs & Strauss ကတော့ Master Diamond ဆိုတဲ့ စိန်များရဲ့ သခင်ပဲ ဖြစ်ပါတယ်။ ဒီလို Luxury Brand မျိုး မြန်မာနိုင်ငံမှာ […]
Posted On May 9, 2017, By Editorial

Myanmar Young Entrepreneurs Association (MYEA)

မြန်မာနိုင်ငံရဲ့ အနာဂတ်ကိုပုံဖော်သွားမယ့် လူငယ်လုပ်ငန်းရှင်တွေကိုပံ့ပိုးပေးဖို့အတွက် တက်ကြွစွာလှုပ်ရှားနေတဲ့ Myanmar Young Entrepreneurs Association နဲ့ ပတ်သက်လို့ အသင်းဥက္ကဋ္ဌဖြစ်သူ ဦးထွန်းထွန်းနိုင်နဲ့ တွေ့ဆုံမေးမြန်းထားတာတွေကို ဖော်ပြလိုက်ပါတယ်။ အသင်းဖြစ်ပေါ်လာပုံ . . . MYEA က ၂၀၀၉ ခုနှစ်မှာ Group တစ်ခုအနေနဲ့ စဖွင့်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ အသင်းတစ်ခုအနေနဲ့ ဖွဲ့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေကစပြီး ကျွန်တော်တို့ MYEA က တဖြည်းဖြည်းနဲ့ လူတွေသိလာတဲ့ အသင်းအဖွဲ့တစ်ခုဖြစ်လာတယ်။ Private Sector  ရော၊ Public Sector ရော အားကိုးလာတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်လာတယ်။ အဓိကကတော့ Private Sector Development  အတွက် ပေါ်လစီရေးဆွဲတဲ့အပိုင်းမှာ ၀ိုင်းပြီးတော့ကူညီပေးမယ်။ နောက်ပြီး […]
Posted On May 2, 2017, By Editorial

Thai-Myanmar Business Cooperation

ထိုင်း-မြန်မာ စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်က ရန်ကုန်မြို့၊ Chatrium Hotel Royal Lake Yangon မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါပွဲကို ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် H.E Dr.Somkid Jatusripitak ဦးဆောင်မှုနဲ့ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၂၆ ဦးခန့်ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်ကဏ္ဍနဲ့ ခရီးသွားကဏ္ဍတွေမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်စေဖို့ ရည်ရွယ်ပြီး ကျင်းပတာဖြစ်ပါတယ်။ ပွဲမှာ ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် H.E Dr.Somkid Jatusripitak က ထိုင်းနိုင်ငံဟာ စွမ်းအင်ကဏ္ဍ၊ ပညာရေး၊ SME ကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ Financial ကဏ္ဍတွေမှာ မြန်မာနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ စက်မှုလက်မှုနဲ့ စိုက်ပျိုးရေးကဏ္ဍများဟာ အခွင့်အလမ်းကောင်းတွေဖြစ်တဲ့အတွက် […]
Posted On April 8, 2017, By Editorial

အာရှတော်ဝင်၏ ပဲ့ကိုင်ရှင်နှင့် တွေ့ဆုံခြင်း

အာရှတော်ဝင်ဆေးရုံရဲ့ အောင်မြင်မှုသက်တမ်းဟာ အခုဆိုရင် နှစ်ပေါင်း ၃၂ နှစ် ရှိလာပါပြီ။ စတင်တည်ထောင်ခဲ့တဲ့အချိန်ကစပြီး အခုလက်ရှိမှာ ဘယ်လိုဝန်ဆောင်မှုတွေ တိုးမြှင့်ပြုလုပ်နေသလဲ၊ ဘယ်လိုအဆင့်မြှင့်တင်နေသလဲ၊ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရသလဲဆိုတာတွေကို အာရှတော်ဝင်ဆေးရုံပိုင်ရှင် ဒေါက်တာမြတ်သူနဲ့ ဆေးရုံရဲ့ အဆင့်မြှင့်တင်မှုပိုင်းမှာ အဓိကအခန်းကဏ္ဍဖြစ်တဲ့ Risk Management ပိုင်းကို အထူးတာဝန်ယူထားတဲ့ ပါမောက္ခဒေါက်တာသိန်းဇော်တို့နဲ့ တွေ့ဆုံခိုက်မှာ အခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။ အာရှတော်ဝင်ရဲ့သမိုင်းကြောင်းကို အရင်ဆုံးပြောပြပေးပါ . . . အာရှတော်ဝင်ဆေးရုံအကြောင်း ပြောရမယ်ဆိုရင် တော်ဝင်ဆေးခန်းကနေ စပြောရမယ်။ ၁၉၈၅ ခုနှစ်မှာ တော်ဝင်ဆေးခန်းကို ကျွန်တော်ဆေးကျောင်းသား Final Part II ကတည်းက စတင်တည်ထောင်ခဲ့တာပါ။ တော်ဝင်ဆေးခန်းကိုအခြေခံပြီး အာရှတော်ဝင်ဆေးရုံ ဖြစ်လာခဲ့တာပါ။ ကျွန်တော်နဲ့အတူ တွဲလုပ်ခဲ့တဲ့ Final Part II တစ်ယောက်က တော်ဝင်ဆေးခန်းထက်ကြီးတဲ့ ဆေးရုံတစ်ခုဖွင့်ချင်တယ်လို့ […]
Posted On April 7, 2017, By Editorial

David Madden(Phandeeyar)

David Madden Founder & CEO Phandeeyar နည်းပညာနဲ့ပတ်သက်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေပေါ်ထွက်လာဖို့ ရည်ရွယ်ကာ တစ်ဖက်တစ်လမ်းကနေ လူငယ်တွေအတွက် အကျိုးဖြစ်ထွန်းစေမယ့်အရာတွေကို မျှဝေပေးနေတဲ့ ဖန်တီးရာဆိုတဲ့ အဖွဲ့အစည်းတစ်ခုကို ဦးဆောင်ရင်း မြန်မာလူငယ်ပေါင်းများစွာနဲ့အတူ လက်တွဲအလုပ်လုပ်နေတဲ့ Mr David Madden နဲ့ တွေ့ဆုံစကားပြောဖြစ်ခဲ့ပါတယ်။ လက်ရှိလုပ်ကိုင်နေတဲ့ ဖန်တီးရာနဲ့ပတ်သက်လို့ . . . ကျွန်တော်က Phandeeyar Myanmar Innovation Lab ရဲ့ Founder နဲ့ CEO တစ်ယောက်အဖြစ် တာဝန်ယူထားပါတယ်။ 'ဖန်တီးရာ' ကို ၂၀၁၄ ခုနှစ် အစောပိုင်းမှာ မြန်မာနိုင်ငံအတွက် ပထမဆုံးဖြစ်တဲ့ Hackathon Event တွေနဲ့ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ (Hackathon ဆိုတာကတော့ Mobile/Web […]
Posted On March 21, 2017, By Editorial

မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း

CEO မဂ္ဂဇင်းဟာ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရဲ့ ညီနောင်အသင်းတွေနဲ့ လစဉ်တွေ့ဆုံပြီး ဖော်ပြပေးနေရာ ဒီလမှာတော့ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း (Myanmar Rice Miller's Association( MRMA)) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်နဲ့ တွေ့ဆုံပြီး မေးမြန်းဖြစ်ခဲ့တာတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ အသင်းဖြစ်ပေါ်လာပုံ . . . မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းဟာ လက်ရှိမှာ တိုင်းနဲ့ပြည်နယ် ၁၃ ခုမှာ မြို့နယ်အသင်းပေါင်း ၁၂၅ သင်းနဲ့ ဆန်စက်အသင်းဝင်ပေါင်း ၁၅,၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားပါတယ်။ အသင်းအနေနဲ့ ဆန်စက်လုပ်ငန်းရှင်တွေကို အစိုးရနဲ့ပုဂ္ဂလိကကဏ္ဍကြားမှာရှိတဲ့ လုပ်ငန်းကဏ္ဍဆိုင်ရာ အခက်အခဲတွေကို ညှိနှိုင်းဆောင်ရွက်တာတွေ၊ ပေါင်းကူးဆောင်ရွက်တာတွေကို လုပ်ဆောင်ပေးနေပါတယ်။ မြန်မာနိုင်ငံရဲ့ ဆန်လုပ်ငန်းကဏ္ဍဟာ ၁၉၃၀ ပြည့်နှစ်လောက်ကတည်းက ဖွံ့ဖြိုးခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်က ကမ္ဘာ့ဆန်လိုအပ်ချက် ခြောက်သန်းမှာ သုံးသန်းလောက်ကို မြန်မာနိုင်ငံက […]
Posted On March 14, 2017, By Editorial

ဦးအောင်ချစ်ခင်(Strategy First Institute)

ဦးအောင်ချစ်ခင် Founder and MD Strategy First Institute Strategy First Institute လို့ဆိုလိုက်တာနဲ့ ကျောင်းဆရာလည်းဖြစ်၊ လုပ်ငန်းရှင်လည်းဖြစ်တဲ့ ဦးအောင်ချစ်ခင်ကို တွဲဖက်မြင်ကြမှာဖြစ်ပါတယ်။ ကိုယ်တိုင်က ငယ်စဉ်ကတည်းက မိဘလက်ငုတ်လက်ရင်းလုပ်ငန်းမှာ ဦးစီးလုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံရှိတဲ့အပြင် အချိန်တစ်ခုကျရောက်လာတဲ့အခါမှာလည်း ကိုယ်ပိုင်သင်တန်းကျောင်းထူထောင်ခဲ့သူဖြစ်ပါတယ်။ သင်ကြားရေးပိုင်းမှာလည်း ကိုယ်တိုင်ကသီအိုရီကို လက်တွေ့အသုံးချပြီး လုပ်ငန်းလည်ပတ်နေသူဖြစ်တာကြောင့် ထိထိရောက်ရောက်သင်ကြားပို့ချနိုင်တာကလည်း သူ့ရဲ့အားသာချက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့လုပ်ငန်းအတွေ့အကြုံတွေနဲ့အတူ လက်ရှိရပ်တည်ချက်၊ စီမံခန့်ခွဲမှုအပိုင်းနဲ့အတူ အနာဂတ်မျှော်မှန်းချက်တို့ကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ နောက်ခံပညာရေးနဲ့ Strategy First မတိုင်ခင် လုပ်ငန်းအတွေ့အကြုံကိုလည်း ပြောပြပေးပါ . . . ကျွန်တော့်ကို ၁၉၈၀ ပြည့်နှစ်မှာ မွေးတယ်။ အခုဆိုရင် အသက် ၃၇ နှစ်ရှိပါပြီ။ ပညာရေးကတော့ ဆယ်တန်းကို ၁၉၉၇ ခုနှစ်မှာ […]
Posted On March 6, 2017, By Editorial
1 5 6 7 8 9 23