Jodi Weedon(Chief Executive Officer-AMCC)

Jodi Weedon

Chief Executive Officer

Australia – Myanmar Chamber of Commerce (AMCC)

jodiweedon1

Australia – Myanmar Chamber of Commerce (AMCC) ရဲ့ CEO Mrs.Jodi Weedon နဲ့ တွေ့ဆုံခိုက်မှာ AMCC ရဲ့ ရည်ရွယ်ချက်တွေ၊ ရှေ့ဆက်လုပ်ဆောင်သွားမယ့်အစီအစဉ်တွေအပါအဝင် မြန်မာနိုင်ငံအတွင်း လှုပ်ရှားမှုတွေအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါတယ်။

AMCC အကြောင်းရှင်းပြပေးပါ . . .

AMCC က သြစတြေးလျနဲ့ မြန်မာနှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ AMCC ရဲ့ ရည်ရွယ်ချက်တွေကတော့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ချင်တဲ့ ၊ ရင်းနှီးမြှုပ်နှံချင်တဲ့ သြစတြေးလျလုပ်ငန်းရှင်တွေကို ကူညီပေးတယ်။ သြစတြေးလျရဲ့ အကောင်းဆုံးနည်းပညာတွေနဲ့ မြန်မာနိုင်ငံမှာ သင့်လျော်တဲ့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ဖို့ တာဝန်ယူ ကူညီပေးတယ်။ မြန်မာနိုင်ငံတစ်ဝန်း အနယ်နယ်အရပ်ရပ်မှာ ရင်းနှီးမြှုပ်နှံနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးတယ်။

AMCC ရဲ့ အဓိကရည်ရွယ်ချက်ကတော့ သြစတြေးလျရင်းနှီးမြှုပ်နှံသူတွေနဲ့ မြန်မာပြည်တွင်းကုမ္ပဏီတွေနဲ့ အဆင်ပြေပြေ လက်တွဲလုပ်ဆောင်နိုင်ဖို့ပဲ ဖြစ်တယ်။ သြစတြေးလျစီးပွားရေးသံရုံးရဲ့ အဖွဲ့ဝင်တွေအနေနဲ့ သြစတြေးလျနဲ့ မြန်မာနိုင်ငံက စီမံခန့်ခွဲသူတွေနဲ့ လက်တွဲနိုင်ခွင့်ရှိပါတယ်။ သံရုံးအနေနဲ့ လိုအပ်တဲ့ အချက်အလက်တွေကို အဖွဲ့ဝင်တွေကို ဝေမျှပေးမှာဖြစ်ပြီး မြန်မာ့စီးပွားရေးအသိုက်အ၀န်းမှာ အောင်မြင်စွာ လုပ်ကိုင်နိုင်ဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်။ မြန်မာပြည်မှာ လုပ်ငန်းချဲ့ထွင်ဖို့ အဓိကလိုအပ်ချက်ကတော့ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်း၊ စက်မှုဇုန်တွေရဲ့ လုပ်ထုံးလုပ်နည်းတွေကို သိကျွမ်းနားလည်ဖို့ပဲဖြစ်ပါတယ်။ AMCC အနေနဲ့ အဖွဲ့ဝင်တွေကို သြစတြေးလျ – မြန်မာ နှစ်နိုင်ငံအဖွဲ့အစည်း၊ စက်မှုဇုန်တွေနဲ့ လက်တွဲဆောင်ရွက်နိုင်ဖို့ ကူညီပေးသွားမှာပဲ ဖြစ်တယ်။

ဒါ့အပြင် နိုင်ငံတော်အစိုးရက သတ္တုတူးဖော်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ လယ်ယာကဏ္ဍဆိုင်ရာ လုပ်ငန်းတွေမှာ ကျယ်ပြန့်စွာ လုပ်ဆောင်ခွင့်ပေးလာတာ တွေ့ရပါတယ်။ ဒီလိုလုပ်ဆောင်ခွင့်တွေ ပေးထားတဲ့အတွက် နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံသူတွေအတွက် အခွင့်အလမ်းကောင်းတွေ ရရှိလာစေပါတယ်။ အရှေ့တောင်အာရှဒေသတစ်ဝန်းနဲ့ မြန်မာမှာရှိတဲ့ သံရုံး၊ စက်မှုဇုန်အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ AMCC ရဲ့ စံချိန်စံညွှန်းအရ AMCC အဖွဲ့ဝင်တွေဟာ မြန်မာ့ဈေးကွက်မှာ အောင်မြင်စွာရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့က ဥပမာ မြန်မာသတ္တုတူးဖော်ရေးပိုင်းက ကိုယ်စားလှယ်တွေကို သြစတြေးလျကို လာမယ့်မေလအတွင်း ခေါ်ဆောင်သွားတာမျိုးလုပ်ပြီး မြန်မာအစိုးရတာဝန်ရှိသူတွေကိုလည်း သြစတြေးလျနိုင်ငံမှာ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို ဘယ်လိုလုပ်ကိုင်နေသလဲဆိုတာ ကိုယ်တိုင်ကိုယ်ကျ လေ့လာဖို့ အခွင့်အလမ်းဖန်တီးပေးမှာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာ၊ ကုန်သွယ်မှုပိုင်းဆိုင်ရာ လုပ်ပိုင်ခွင့်တွေ ပိုရလာတဲ့ မြန်မာနိုင်ငံမှာ သြစတြေးလျ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စီးပွားရေးအဖွဲ့အစည်းတွေက မြန်မာ့ဈေးကွက် တိုးတက်ဖွံ့ဖြိုးအောင် ကြိုးပမ်းလာကြပါပြီ။ သြစတြေးလျကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေရဲ့ ကမ္ဘာ့အဆင့်မီနည်းစနစ်တွေကို မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ဖို့ AMCC က ရည်မှန်းထားပါတယ်။

မြန်မာ့သမိုင်းရဲ့ ဒီအပြောင်းအလဲကာလမှာ မြန်မာနိုင်ငံအခြေစိုက် သြစတြေးလျကုမ္ပဏီတွေဟာ မြန်မာ့ဈေးကွက်ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီဖို့အသင့်ရှိနေကြပါပြီ။ အဖွဲ့ဝင်အယောက်တစ်ရာနဲ့ ဖွဲ့စည်းထားတဲ့ သြစတြေးလျစီးပွားရေးသံရုံးက အဆင့်မြင့်နည်းစနစ်တွေ ပံ့ပိုးပေးခြင်းနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေဖို့ စီးပွားစီမံခန့်ခွဲမှုဆိုင်ရာ အကြံဉာဏ်တွေပေးခြင်းတို့ကို တာဝန်ယူ ဆောင်ရွက်ပေးသွားမှာပဲဖြစ်တယ်။

jodiweedon2

AMCC နဲ့ ပတ်သက်ပြီး အသေးစိတ်လေ့လာချင်ရင် www.a-mcc.com ကို ၀င်ရောက်လေ့လာနိုင်ပါတယ်။ အသေးစိတ်မေးမြန်းချင်ရင် [email protected] ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

AMCC မှာ ပြည်တွင်းကုမ္ပဏီတွေ အဖွဲ့ဝင်နိုင်ပါသလား . . .

အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ပါတယ်။ အမှန်တကယ်တော့ AMCC မှာ သြစတြေးလျ၊ မြန်မာသာမက တခြားနိုင်ငံက ကုမ္ပဏီတွေပါ ပါဝင်လာမယ်ဆိုရင် ပိုပြီးတောင့်တင်းခိုင်မာတဲ့ စီးပွားရေးအသိုက်အ၀န်း တည်ဆောက်နိုင်မှာ အမှန်ပါပဲ။ ကုမ္ပဏီတစ်ခုချင်းစီအနေနဲ့လည်း အဓိပ္ပာယ်ပြည့်ဝပြီး ပညာသားပါတဲ့ နည်းပညာအချက်အလက်တွေ မျှဝေနိုင်မှာဖြစ်ပါတယ်။ မြန်မာပြည်တွင်းကုမ္ပဏီတွေ စိတ်ဝင်တစား ပူးပေါင်းပါဝင်လာဖို့ UMFCCI နဲ့ မြန်မာ့လူငယ်ခေါင်းဆောင်များ အဖွဲ့အစည်းတွေကနေတစ်ဆင့် ဖိတ်ခေါ်တာမျိုးတွေ ပြုလုပ်နေပါတယ်။ ၂၀၁၆ ခုနှစ်၊ မေလက ကျင်းပခဲ့တဲ့ AMCC အမျိုးသမီးရေးရာ စီးပွားစီမံခန့်ခွဲမှုပွဲကိုလည်း မြန်မာ့အမျိုးသမီးရေးရာ စီးပွားရေးအဖွဲ့အစည်းက ကြီးမှူးကျင်းပပေးခဲ့တာပါ။ ဒီလိုကောင်းမွန်တဲ့ မိတ်ဆွေတွေရှိခြင်းဟာလည်း ကျွန်မတို့ရဲ့ အဖွဲ့ဝင်တွေအတွက် အကျိုးထူးစေခဲ့ပါတယ်။

လက်ရှိမှာ AMCC မှာ အဖွဲ့ဝင်ပေါင်း ၁၁၀ ၀န်းကျင်ရှိပြီး သြစတြေးလျကုမ္ပဏီ၊ မြန်မာကုမ္ပဏီနဲ့ တစ်သီးပုဂ္ဂလအဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။ NGO တွေဖြစ်တဲ့ Australian RedCross နဲ့ World Vision တို့လို အဖွဲ့ဝင်တွေလည်း ပါရှိပါတယ်။ မြန်မာကုမ္ပဏီတွေနဲ့ တခြားသြစတြေးလျ မဟုတ်တဲ့ နိုင်ငံခြားကုမ္ပဏီတွေကိုလည်းအဖွဲ့ဝင်အဖြစ် ကြိုဆိုပြီး လက်ရှိမှာဆိုရင်တော့ Max Myanmar Co Ltd နဲ့ Eden Group တို့ဆိုရင် ကျွန်မတို့ဆီမှာ Premium Member အဖြစ်ဝင်ထားတဲ့ မြန်မာပြည်တွင်း လုပ်ငန်းစုကြီးတွေပဲ ဖြစ်ပါတယ်။

AMCC မှာ Chief Executive Officer အဖြစ် စတင်တာဝန်ထမ်းဆောင်ဖြစ်ပုံ . . .

ကမ္ဘာတစ်ဝန်းက United Arab Emirates ၊ China ၊ Australia ၊ Indonesia နိုင်ငံတွေမှာ ဥပဒေအကြံပေးအရာရှိအဖြစ် ၁၅ နှစ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ရှေ့နေတစ်ယောက်ရဲ့ တာဝန်တွေထမ်းဆောင်ရင်း တခြားအသက်မွေးလမ်းကြောင်းပေါ်ရပ်တည်ချင်စိတ်တွေ ဖြစ်ခဲ့တယ်။ ဘယ်လိုလုပ်ငန်းမျိုးကို ပြောင်းမလဲဆိုတာ မသိသေးဘူးပေါ့။ ဒီလိုနဲ့ရန်ကုန်ရောက်လာတော့ ဥပဒေအကြံပေး အရာရှိအဖြစ်ကနေနားပြီး မြန်မာပြည်အတွက် အထောက်အကူဖြစ်ဖို့၊ မြန်မာလူမျိုးတွေကို ကူညီဖို့ လမ်းကြောင်းပြောင်းခဲ့တာပဲ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်၊ မေလမှာ ကျင်းပတဲ့ AMCC အမျိုးသမီးရေးရာစီမံခန့်ခွဲမှုနဲ့ တိုးတက်မှုဆိုင်ရာ အစည်းအဝေးပွဲကို တက်ရောက်ဖြစ်ခဲ့တယ်။ သက်ဆိုင်ရာ အကြီးအကဲအဖွဲ့ဝင်တွေကနေတစ်ဆင့် သြစတြေးလျနဲ့ မြန်မာနိုင်ငံအကြား စီးပွားကူးသန်းရောင်းဝယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတိုးတက်ဖွံ့ဖြိုးရေးကို အဓိကလုပ်ဆောင်နေတာကို သိရှိရတယ်။ ရှေ့နေတစ်ယောက်ရဲ့ အသိပညာဗဟုသုတကို အခြေခံပြီး မြန်မာနိုင်ငံအတွက် တစ်ဖက်တစ်လမ်းက ကူညီနိုင်မယ်လို့ ထင်မြင်မိတယ်။ AMCC ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအုပ်စုအကြောင်း အစုံအလင်သိပြီးနောက် သြစတြေးလျ ရင်းနှီးမြှုပ်နှံသူတွေကို မြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံဖို့ သြစတြေးလျလူမျိုးတစ်ယောက်အနေနဲ့ အကောင်းဆုံးအကြံဉာဏ် ပေးနိုင်ခဲ့ပါတယ်။ ကျွန်မကိုယ်တိုင်လည်း ကော်ပိုရိတ်လုပ်ငန်းစုတွေမှာ နှစ်ပေါင်းများစွာ လုပ်ကိုင်ဖူးတဲ့ အတွေ့အကြုံတွေရှိတာကြောင့် သြစတြေးလျကုမ္ပဏီတွေကို မြန်မာနိုင်ငံဈေးကွက်အတွင်း ၀င်ရောက်တဲ့နေရာနဲ့ မြန်မာလုပ်ငန်းများနဲ့ ပူးပေါင်းလုပ်ကိုင်တဲ့နေရာမှာ ကူညီနိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါတယ်။

၂၀၁၆ ခုနှစ်၊ မေလက အစည်းအဝေးပွဲတက်ရောက်ပြီးနောက် CEO အဖြစ် လျာထားခံရပြီး လုပ်သင့်လုပ်ထိုက်တာတွေ စတင်ဆောင်ရွက်ဖြစ်ခဲ့တယ်။

jodiweedon3

AMCC ရဲ့ CEO အနေနဲ့ အဓိကလုပ်ဆောင်ရတဲ့ တာဝန်တွေက . . .

CEO အနေနဲ့ လုပ်ဆောင်ရတာတွေက အမျိုးမျိုးသော မတူညီတဲ့လုပ်ငန်းဆောင်တာတွေ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်မတို့အဖွဲ့ဝင်တွေကို လက်ရှိမြန်မာဈေးကွက်အခြေအနေနဲ့ တပြေးညီအလုပ်လုပ်နိုင်ဖို့ အထစ်အငေါ့မရှိ ကူညီပေးနိုင်ဖို့လည်း ထည့်စဉ်းစားရပါသေးတယ်။ တာဝန်တွေကို အသေးစိတ်ပြောရရင်တော့ မြန်မာနိုင်ငံနဲ့ သြစတြေးလျနိုင်ငံ နှစ်ဘက်စလုံးမှာ Event တွေ စီစဉ်လုပ်ဆောင်ပေးပါတယ်။ အဲဒီပွဲတွေကလည်း လတ်တလော ဈေးကွက်အတွင်းသိရှိဖို့ လိုအပ်နေတဲ့အကြောင်းအရာတွေ ဖြစ်ဖို့လိုပြီး အဖွဲ့ဝင်တွေရော၊ စီးပွားရေးလုပ်ငန်းအသိုက်အ၀န်းအတွင်းမှာရော မြန်မာနိုင်ငံဈေးကွက်နဲ့ပတ်သက်လို့ ပိုမိုရှင်းလင်းစွာနားလည်နိုင်ဖို့ ကူညီပေးနိုင်ရပါမယ်။ အဖွဲ့ဝင်ခန့်အပ်လက်ခံပေးတယ်၊ တချို့ပွဲတွေကို Sponsorhip ပါဝင်ပြီး မြန်မာနိုင်ငံအတွင်းမှာ လာရောက် Event လုပ်ဖြစ်အောင် Initiate လုပ်ပေးပါတယ်။ ငွေကြေးပိုင်းဆိုင်ရာကိစ္စရပ်တွေ စီမံခန့်ခွဲတယ် ၊ Company ရဲ့ စည်းမျဉ်းစည်းကမ်းအရ လိုအပ်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေဖြစ်တဲ့ Board Meeting တွေ၊ Annual General Meeting တွေအပြင် တခြားလိုအပ်သမျှ အမှုဆောင်အဖွဲ့နဲ့ ပတ်သက်တဲ့ အရာအားလုံးကို လုပ်ကိုင်ပေးပါတယ်။ အစိုးရအဖွဲ့အစည်းတွေ၊ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေ၊ Regional Chamber တွေနဲ့ အတူကြိုးစားအားထုတ်ပြီး အဖွဲ့ဝင်တွေအတွက် ခိုင်မာတဲ့စီးပွားရေးအသိုက်အ၀န်းတစ်ခု ဖန်တီးပေးနိုင်ဖို့ လုပ်ဆောင်လျက်ရှိပါတယ်။

AMCC အနေနဲ့ နောက်ထပ်လုပ်ဆောင်သွားမယ့် စီမံကိန်းတွေကို ပြောပေးပါဦး . . .

AMCC ကတော့ စီးပွားရေးအသိုက်အ၀န်းနဲ့ အဖွဲ့ဝင်တွေအတွက် လိုအပ်တာတွေ ဆက်လက်လုပ်ဆောင်ပေးနေမှာပဲ ဖြစ်တယ်။ ၂၀၁၇ ခုနှစ်မှာတော့ AMCC ရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာ အဖွဲ့အစည်းကို အလေးပေး လုပ်ဆောင်သွားပါမယ်။ AMCC ရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာ အဖွဲ့အစည်းရဲ့ “Incentivising Shared Value” ပေါ်မူတည်ပြီး နိုင်ငံတော်အစိုးရထံ အသေးစိတ်ဆွေးနွေးတင်ပြသွားဖို့ ရှိပါတယ်။ ကျွန်မတို့ရဲ့ သတ္တုတွင်းတူးဖော်ရေး ဥပဒေဆိုင်ရာအဖွဲ့အစည်းကလည်း နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းလုပ်ကိုင်သွားဖို့ ရှိနေပါတယ်။ ကျွန်မတို့ရဲ့ နှစ်စဉ်ထုတ်ပေးနေကျ Women in Business Leadership Agenda ကိုလည်း ၂၀၁၇ ခုနှစ်အတွက် ထုတ်ပေးသွားမှာဖြစ်ပြီး မြန်မာ့နိုင်ငံရဲ့ ပထမဆုံးသော Women’s Week Myanmar မှာလည်း Workshop တွေပါဝင်ပြုလုပ်ခဲ့ပါတယ်။ အခြားသော မြန်မာအမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တွေအတွက် Workshop တွေ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။  မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ရည်ရွယ်တဲ့ပွဲတွေ ၂၀၁၇ ခုနှစ်မှာ မကြာခဏ ကျင်းပသွားဦးမှာလည်း ဖြစ်ပါတယ်။

AMCC  á€›á€˛á‚• ၂၀၁၇ ခုနှစ်အတွင်း ဆက်လက်ဆောင်ရွက်မယ့်ကိစ္စရပ်တွေကတော့ စီးပွားရေးကဏ္ဍကို အခြေခံပြီး သြစတြေးလျအစိုးရနဲ့ လက်တွဲလုပ်ကိုင်ခြင်း၊ AMCC အဖွဲ့ဝင်တွေကို လိုအပ်တဲ့သင်တန်းတွေ ပို့ချပေးပြီး သူတို့ရဲ့လုပ်ငန်းကဏ္ဍအလိုက် သင့်လျော်တဲ့ဆွေးနွေးပွဲတွေ ပူးတွဲကျင်းပနိုင်အောင် ကူညီခြင်း ၊ Austrade ၊ UMFCCI တို့နဲ့ ချိတ်ဆက်ပြီး အစည်းအဝေးပွဲများကျင်းပခြင်း ၊ မြန်မာ့စီးပွားရေးအသိုက်အ၀န်းကို စဉ်ဆက်မပြတ်လေ့လာခြင်း ၊ သြစတြေးလျနိုင်ငံ၌ အတွေ့အကြုံနှီးနှောဖလှယ်ပွဲတွေ မကြာခဏ ပြုလုပ်ပေးခြင်းအားဖြင့် မြန်မာပြည်ရောက် သြစတြေးလျ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အတွေ့အကြုံတွေကို ဆည်းပူးလေ့လာနိုင်ခြင်း ၊ သြစတြေးလျနဲ့ မြန်မာနှစ်နိုင်ငံလုံးမှာ အသိပညာ နှီးနှောဖလှယ်ပွဲတွေ စဉ်ဆက်မပြတ် ကျင်းပပေးခြင်းတို့ ဖြစ်ပါတယ်။

လက်ရှိမှာ AMCC က Working Group ၂ ခုကို ဦးဆောင်နေပါတယ်။ Mining Laws Working Group နဲ့ မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ Responsible Investment Working Group Phase 2 တို့ပဲ ဖြစ်ပါတယ်။  Responsible Investment Working Group ကို မြန်မာ/ သြစတြေးလျ Private Sector လုပ်ငန်းတွေ၊ NGO တွေ ၊ သြစတြေးလျအစိုးရအဖွဲ့က ကိုယ်စားလှယ်တွေ အပါအ၀င် အဖွဲ့ဝင်ပေါင်း ၂၀ နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ သီတင်းပတ် ခြောက်ပတ်တိုင်းတစ်ကြိမ် ကျွန်မတို့ တွေ့ဆုံဆွေးနွေးဖြစ်ပါတယ်။ အဲဒါအပြင် ကျွန်မတို့အဖွဲ့လုပ်နေတဲ့ အကြောင်းအရာပေါ်မူတည်ပြီးတော့လည်း မြန်မာအစိုးရအဖွဲ့တွေဆီက Input တွေလည်း တောင်းခံလေ့ရှိပါတယ်။ AMCC ရဲ့ CEO ဖြစ်တဲ့အလျောက် ကျွန်မက အဲဒီ Working Group ကို Myanmar Center for Responsible Business အဖြစ် တာဝန်ယူထားပြီး Myanmar Center for Responsible Business က Vicky က Bowman က Co-Chair အဖြစ် တာဝန်ယူပေးထားပါတယ်။ ဒီအဖွဲ့အတွက် Vicky ဆီကရရှိတဲ့ ကျွမ်းကျင်ဗဟုသုတတွေက မြန်မာနိုင်ငံရဲ့အနေအထားနဲ့လိုက်ပြီး အကြောင်းအရာတစ်ခုအတွက် ထင်မြင်ချက်တွေထုတ် ဆုံးဖြတ်တဲ့အခါမှာ သတင်းအချက်အလက် အပြည့်အစုံရဖို့အတွက် ကူညီပေးပါတယ်။ အဲဒီနောက်မှာတော့ ကျွန်မတို့ရဲ့ ရှာဖွေတွေ့ရှိချက်တွေနဲ့ Recommendation တွေကို မြန်မာအစိုးရအဖွဲ့ကို တင်ပြပေးပါတယ်။ Responsible Investment Working Group ဟာ လက်ရှိမှာ မြန်မာနိုင်ငံအတွင်းရှိ Environmental Impact Assessments) နဲ့ Labor Practices (Workplace Safety) နဲ့ ပတ်သက်လို့ လုပ်ကိုင်နေပါတယ်။ အဲဒါတွေ အပြင်  AMCC က တစ်လကို ပွဲနှစ်ပွဲကနေ သုံးပွဲအထိ ပြုလုပ်လေ့ရှိပါတယ်။ အဲဒီပွဲတွေအတွက် အကြောင်းအရာကတော့ အဖွဲ့ဝင်တွေနဲ့ Business Community ရဲ့ လတ်တလောအလေးထား စောင့်ကြည့်နေတဲ့ အကြောင်းအရာတွေအပေါ် အဓိက အခြေခံပါတယ်။ ဥပမာအားဖြင့် AMCC က မကြာသေးခင်က Draft Investment Rules & Regulations တွေနဲ့ ပတ်သက်ပြီး Public Consultation Session တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ နောက်ထပ် Seminar တစ်ခုကတော့ China’s New Silk Road ဆိုတဲ့ ဒေသတွင်း လုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေကြားထဲ စိတ်ဝင်စားဖွယ်ရာဖြစ်နေတဲ့ Topic ဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့ ဥပမာပြောရရင် Draft Foreign Workers Laws နဲ့ ပတ်သက်လို့ ဆွေးနွေးပွဲလေးတစ်ခုကိုလည်း လုပ်ပေးခဲ့ပါတယ်။ ပြီးတော့ အဲဒီဆွေးနွေးပွဲက ပေါ်ထွက်လာတဲ့ Concern တွေကို ပါလီမန်က Joint Bill commitee ရဲ့ Chairman ဦးထွန်းထွန်းဝင်းနဲ့ အစည်းအဝေးတစ်ခုမှာ တင်ပြခွင့်ရရှိခဲ့ပါတယ်။ ပြီးတော့ အဲဒီ Draft Laws ကို အတည်မပြုရသေးဘူးဖို့လည်း သိမှတ်ခွင့်ရရှိခဲ့ပါတယ်။ Women’s Week Myanmar အတွင်းတုန်းကလည်း Myanmar Imperial College မှာ တက္ကသိုလ်ကျောင်းသားကျောင်းသူ ၂၀၀ ကျော်ကို CV ရေးသားနည်း၊ Cover Letter ရေးသားနည်း၊ အင်တာဗျူးတွေ့ဆုံနည်းတွေနဲ့ လုပ်ငန်းခွင်အတွင်း တတ်သင့်တဲ့ ကျွမ်းကျင်မှုတွေကို သင်ကြားပေးခွင့်ရခဲ့ပါတယ်။ ရှေ့မှာပြောခဲ့သလိုပဲ အဘက်ဘက်အတွက် အကျိုးဖြစ်ထွန်းစေမယ့်အရာတွေကို AMCC အနေနဲ့ ဂုဏ်ယူစွာနဲ့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း ရောက်ရှိနေပြီးသား သြစတြေးလျကုမ္ပဏီကြီးတွေနဲ့ သူတို့ရဲ့လုပ်ငန်းတွေကိုလည်း ပြောပြပေးပါ . . .

မြန်မာနိုင်ငံအတွင်းရှိ သြစတြေးလျ ကုမ္ပဏီကြီးတွေအနေနဲ့ဆိုရင်တော့ Woodside ၊ SMEC ၊ ANZ Bank နဲ့ Bluescope Steel ၊ Cardno ၊ RJE ၊ Meinhardt ၊ Omni Assist နဲ့ Coffey တို့ဖြစ်ပါတယ်။ Education Agent  á€”ဲ့ Service Provider တွေအနေနဲ့ ဆိုရင်တော့ AVSS ၊ Edulink Australia ၊ Bridge Blue နဲ့ AEC တို့ရှိပါတယ်။ အကြမ်းဖျဉ်းအနေနဲ့ တခြား Micro ၊ Small Business ပေါင်း ၃၀ ကနေ ၅၀ ၀န်းကျင်လောက်အထိကလည်း Myanmar Respenstrative Office တွေ ဖွင့်ထားကြပြီးဖြစ်သလို မြန်မာလုပ်ငန်းအများစုမှာ လုပ်နေတဲ့ Senior Management Level ရှိဝန်ထမ်းတွေနဲ့ Legal ၊ Accounting ၊ Business Service Consulting နဲ့ တခြား Consulting Operation တွေနေရာမျိုးတွေမှာ လုပ်နေတဲ့ သြစတြေးလျလူမျိုးတွေရဲ့ အရေအတွက်ကလည်း တိုးလို့လာနေပါတယ်။

မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံမယ့်သူကို ဘယ်လိုအကြံပေးချင်ပါသလဲ . . .

ရင်းနှီးမြှုပ်နှံမှုတစ်ခု၊ စီးပွားရေးလုပ်ငန်းတစ်ခု မစတင်ခင်မှာ အရင်ဦးဆုံး သေချာလေ့လာဆန်းစစ်ပါ။ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကို အသင့်ရင်ဆိုင်နိုင်ဖို့  á€ťá€•á€„ယဆငယထဏးပဍ။ စီးပွားရေးလုပ်ငန်းတစ်ခုအတွက် အချိန်တစ်ခု သတ်မှတ်ထားပြီး မျှော်လင့်ချက်နဲ့ ကြိုးစားလုပ်ဆောင်ပါ။ အချိန်ကာလတစ်ခုအထိ ကြာကောင်းကြာနိုင်ပေမယ့် တကယ့်ကိုစိတ်ဝင်စားစရာကောင်းတဲ့ အတွေ့အကြုံရပါလိမ့်မယ်။

လာမယ့်နှစ်အတွင်းဖြစ်လာမယ့် မြန်မာ့ဈေးကွက်အပေါ် ထင်မြင်သုံးသပ်ချက် . . .

ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ထားတဲ့ IMF’s World Economic Outlook ရဲ့ ကြေညာချက်အရ မြန်မာနိုင်ငံရဲ့ GDP တိုးတက်မှုနှုန်းဟာ ၈.၆ ရာခိုင်နှုန်းဖြစ်ပြီး ကမ္ဘာ့ GDP တိုးတက်မှုနှုန်း အမြန်ဆုံးအဆင့်ကို ရောက်ရှိနေပါတယ်။  အဲဒီအခြေအနေကနေ ကျဆင်းလာတဲ့အနေအထားကို တွေ့ရပြီး အဓိကအကြောင်းရင်းက ငွေကြေးအဆမတန် ဖောင်းပွမှုကြောင့် ဖြစ်မယ်လို့တော့ထင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြင်ဆင်ရေးဆွဲပြီးတဲ့နောက် နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှုတွေ များပြားလာမှာဖြစ်ပြီး လုပ်ခလစာတွေလည်း တိုးမြင့်လာမယ်လို့ ယူဆသလို၊ မျှော်လည်း မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံတော်အစိုးရအနေနဲ့ တခြားအရေးကြီးကိစ္စတွေ အများကြီးရှိသလို အဲဒီထဲကမှ ကျန်းမာရေး၊ ပညာရေးနဲ့ အခြေခံအဆောက်အအုံတွေမှာ အကုန်အကျခံ ဆောင်ရွက်သွားမယ်လို့ ကျွန်မထင်ပါတယ်။ ပြီးတော့ အစိုးရအနေနဲ့ နိုင်ငံတော်ဝင်ငွေအတွက် အခွန်အကောက်တွေကတစ်ဆင့် လုပ်ဆောင်သွားမယ်လို့ ထင်မိပါတယ်။

အယ်ဒီတာအဖွဲ့