advertisement-image
Interviews

ပြည်တွင်းငွေတန်ဖိုးကျတာကို ဘယ်လိုထိန်းချုပ်နိုင်မလဲ

ဒေါက်တာအောင်သူရ CEO Thura Swiss Co Ltd ကျွန်တော့်အထင် ဒါကိုပြန်ထိန်းဖို့က တစ်ခုတည်းလုပ်လို့မရပါဘူး။ ငွေတန်ဖိုးကျတာနဲ့ပတ်သက်ပြီး ဗဟိုဘဏ်ဘက်က Import ကို ထိန်းချုပ်ရမယ်လို့ ပြောလာတာတွေရှိပါတယ်။ ကျွန်တော့်အမြင်မှာတော့ မြန်မာပြည်ငွေတန်ဖိုးကျလာတာနဲ့ပတ်သက်ပြီး လုပ်ရမှာတွေက နည်းမျိုးစုံရှိပါတယ်။ တချို့ကို Short Term  ပြုလုပ်ရမှာဖြစ်ပြီး တချို့ကို Long Term လုပ်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး မြန်မာပြည်မှာ Export လွယ်လွယ်ကူကူလုပ်နိုင်အောင် ဖန်တီးပေးရမယ့်အပိုင်းတွေလည်းရှိပါတယ်။ အဲဒီမှာတချို့အပိုင်းတွေကို  အစိုးရဘက်က လုပ်ရမှာဖြစ်သလို တချို့အပိုင်းတွေကျတော့ လုပ်ငန်းရှင်တွေဘက်က လုပ်ရမှာဖြစ်ပါတယ်။ Export လုပ်နိုင်ဖို့ဆိုရင် Infrastructure တွေ၊ Processing တွေ လွယ်လွယ်ကူကူ လုပ်နိုင်ဖို့လိုပါတယ်။ ကိုယ့်တိုင်းပြည်ရဲ့ထုတ်ကုန်တွေကို တကယ် Export လုပ်နိုင်ဖို့အတွက် ဘာအခက်အခဲတွေရှိလဲဆိုတာကို ပြန်ကြည့်ရပါမယ်။ ဆန်စပါးဆိုရင် အရည်အသွေးမမီဘူး၊ […]
Posted On February 27, 2017, By Editorial

Jo Daniels (Baker & McKenzie Limited)

Jo Daniels Managing Partner Baker & McKenzie Limited Baker & McKenzie နိုင်ငံတကာဥပဒေအကြံပေးအဖွဲ့အစည်းကို ၁၉၄၉ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး အခုဆိုရင် သက်တမ်း ၆၈ နှစ်ခန့်ရှိပြီဖြစ်ကာ ကာလရှည်ကြာစွာ အောင်မြင်စွာရပ်တည်နိုင်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့အခြေစိုက် Baker & McKenzie အဖွဲ့အစည်းဟာ လက်ရှိမှာ နိုင်ငံပေါင်း ၄၇ နိုင်ငံမှာ ရုံးခွဲဖွင့်လှစ်ထားပြီး ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီပေါင်းငါးရာကျော်ကို ၀န်ဆောင်မှုပေးလျက်ရှိပါတယ်။ ဒီအဖွဲ့အစည်းဟာ မြန်မာနိုင်ငံရဲ့ ပွင့်လန်းလာတဲ့ စီးပွားရေးစနစ်ကြောင့် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရန်ကုန်မြို့မှာ ရုံးခွဲစတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီမြန်မာနိုင်ငံရုံးခွဲမှာ လက်ရှိ Managing Partner အဖြစ် တာဝန်ယူထားတဲ့ Jo Daniels ကို အင်တာဗျူးတွေ့ဆုံမေးမြန်းခွင့်ရခဲ့ပြီး […]
Posted On February 22, 2017, By Editorial

အသစ်ထွက်ရှိလာတဲ့ Myanmar Investment Law အပေါ်အမြင်

ဦးအောင်ထွန်း Managing Director Myanmar Investments International Ltd ဥပဒေအသစ်ဖြစ်တဲ့ MIL (Myanmar Investment Law) က ရှိပြီးသား ဥပဒေနှစ်ခုဖြစ်တဲ့ မြန်မာအမျိုးသားရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုဥပဒေ (FIL – Foreign Investment Law) တို့ရဲ့ နေရာမှာအစားထိုး ထွက်ပေါ်လာတယ်ဆိုတာ ကျွန်တော်တို့ သိထားပြီးပါပြီ။ ဒါပေမဲ့ MIL ရဲ့ နည်းဥပဒေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဒီဇင်ဘာလထဲမှာ ထွက်ပေါ်လာမယ်လို့တော့ သိထားပါတယ်။ ဒါကြောင့် MIC မှာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်မတိုင်ခင် လုပ်ငန်းလုပ်ဖို့ လျှောက်ထားမယ်ဆိုရင် ဥပဒေအဟောင်းအောက်မှာရှိနေမှာဖြစ်ပြီး တကယ်လို့ ၂၀၁၇ ခုနှစ်မှ လျှောက်ထားမယ်ဆိုရင် ဥပဒေအသစ်နဲ့ အကျုံးဝင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး သိရသလောက်ကတော့ […]
Posted On February 20, 2017, By Editorial

မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MIFFA) နှင့် တွေ့ဆုံခြင်း

CEO မဂ္ဂဇင်းဟာ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရဲ့ ညီနောင်အသင်းတွေနဲ့ လစဉ်တွေ့ဆုံပြီး ဖော်ပြပေးနေရာ ဒီလမှာတော့ မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (Myanmar International Freight Forwarders' Association- MIFFA) နဲ့ တွေ့ဆုံပြီး မေးမြန်းဖြစ်ခဲ့တာတွေကို ဖော်ပြပေးလိုက်ပါတယ်။ အသင်းဖြစ်ပေါ်လာပုံ . . . ၁၉၉၀ ပြည့်နှစ်လောက်ကတည်းက မြန်မာနိုင်ငံမှာ Freight Forwarder လုပ်ငန်းလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်ဆယ်ဦးက ဦးဆောင်ပြီး Freight Forwarders' Association ဖွဲ့ဖို့ ကြိုးစားခဲ့ကြပါတယ်။ အစိုးရရဲ့ တရားဝင်ခွင့်ပြုမိန့်နဲ့ အသင်းဖွဲ့စည်းခွင့်ကိုတော့ ၂၀၀၀ ပြည့်နှစ်မှာ ရရှိခဲ့ပါတယ်။ တရားဝင်အသင်း ဖွဲ့ပြီးတဲ့အခါမှာ အဖွဲ့ဝင် ၄၀ လောက်ရှိလာပြီး အဖွဲ့ဝင် ၇၀ လောက်ဖြစ်လာတဲ့ ၂၀၀၃ ခုနှစ်မှာ အမေရိကန်ရဲ့ […]
Posted On February 8, 2017, By Editorial

အရှေ့တောင်အာရှနှင့် အိန္ဒိယနိုင်ငံ Hilton ကုမ္ပဏီ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဒုဥက္ကဌ William Costley နှင့် တွေ့ဆုံခြင်း

Hilton ရဲ့ အရှေ့တောင်အာရှမှာ လက်ရှိလုပ်ကိုင်နေတဲ့လုပ်ငန်းတွေအကြောင်း ပြောပြပေးပါ . . . အခုချိန်မှာ Hilton ဟာ အရှေ့တောင်အာရှဒေသတစ်ဝန်းမှာ ဟိုတယ် ၂၇ ခုကို လုပ်ကိုင်နေပါတယ်။ အထူးသဖြင့် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ မြန်မာ၊ သီရိလင်္ကာ၊ ဗီယက်နမ်၊ မော်လ်ဒိုက်နဲ့  ဖိလစ်ပိုင်နိုင်ငံတွေမှာ ဖြစ်ပါတယ်။ ဒီဒေသအတွင်း လောလောဆယ်မှာ အခန်းပေါင်း ၈,၅၀၀ ကျော်ရှိပြီး အရှေ့တောင်အာရှမှာ နောက်ထပ်ဟိုတယ် ၃၃ ခု ဆောက်ဖို့ စီစဉ်နေပါတယ်။ အရှေ့တောင်အာရှရဲ့ ခရီးသွားလုပ်ငန်း ဈေးကွက်ဖွံ့ဖြိုးမှုအလားအလာကို သုံးသပ်ပြပါ . . . အရှေ့တောင်အာရှဟာ တော်တော်စိတ်လှုပ်ရှားစရာကောင်းတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးအခြေခံတွေက ဖွံ့ဖြိုးမှုရှိလိမ့်မယ်ဆိုတာကို ညွှန်ပြနေလို့ပါပဲ။ အကြောင်းတစ်ခုကတော့ အဲဒီမှာအရွယ်အစားကြီးမားပြီး […]
Posted On February 6, 2017, By Editorial

LITHAN တည်ထောင်သူ Mr Leslie Loh နှင့် တွေ့ဆုံခြင်း

ကမ္ဘာ့စီးပွားရေးနယ်ပယ်မှာ A One Man ကို ရှင်သန်ကြီးထွားစေခဲ့ပြီး စင်ကာပူက နည်းပညာအဖွဲ့ပေါင်း ၄၀ နဲ့အတူ Red Ventures ၊ Digital Skill ကို ထူးချွန်ကျွမ်းကျင်အောင် သင်ကြားပြသပေးနေတဲ့ စင်ကာပူအခြေစိုက် ပုဂ္ဂလိကပညာရေး သိပံ္ပကျောင်းဖြစ်တဲ့ Lithan ကို တည်ထောင်သူတစ်ဦးဖြစ်တဲ့အပြင် မြန်မာနိုင်ငံမှာ နည်းပညာပိုင်းစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ပိုမိုပေါ်ထွက်လာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Tech Startups Programme ကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ Mr Leslie Loh နဲ့ တွေ့ဆုံခိုက်မှာ မေးမြန်းဖြစ်ခဲ့တာတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ Lithan ဆိုတာ . . . Digital Skills တွေ ပိုမိုကောင်းမွန်တိုးတက်လာဖို့ လိုအပ်ချက်တွေနဲ့ တောင်းဆိုမှုတွေအရ Lithan ဆိုတာ ဖြစ်ပေါ်လာတာပါ။ ကျွန်တော်တို့ဟာ […]
Posted On February 6, 2017, By Editorial

၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ Stock Market က အခြေအနေဘယ်လိုရှိမလဲ

မြန်မာနိုင်ငံမှာ Stock Market ဖွင့်ပြီးကတည်းက Market ပေါ်တက်လာတဲ့ ကုမ္ပဏီတွေ လေးခုလောက် ရှိလာနေပြီဖြစ်ပါတယ်။ လာမယ့်နှစ်မှာတော့ ကျွန်တော်သိသလောက် Stock Market ကို နောက်ထပ် ကုမ္ပဏီ လေး၊ ငါး၊ ဆယ်ခုလောက် ရောက်လာမယ်လို့ မှန်းဆရပါတယ်။ နောက်ပြီး ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်အရ နိုင်ငံခြားသားတွေလည်း Stock Market ၀င်ပြီး ရင်းနှီးမြှုပ်နှံနိုင်တယ်ဆိုရင် Stock Market က အခုထက်ပိုပြီး စည်ကားလာမှာပါ။ Stock Market မှာ Stock ဈေးက ၀ယ်လိုအား၊ ရောင်းလိုအားပေါ်မူတည်ပြီး အတက်၊ အကျ ဖြစ်နေတာဖြစ်တဲ့အတွက် ဈေးကွက်စည်ကားလာတာနဲ့အမျှ Stock ဈေးတွေလည်း အပြောင်းအလဲဖြစ်လာမယ်လို့ မြင်ပါတယ်။ အဲဒီအခါမှာဆိုရင် တကယ်အရည်အချင်းရှိပြီး အမြတ်ရအောင် စွမ်းဆောင်နိုင်တဲ့ကုမ္ပဏီတွေရဲ့ Stock တွေဟာ ဈေးတက်လာမှာ […]
Posted On February 3, 2017, By Editorial

Mr Akirakon I-Kitisiri(MONO Technology Myanmar)

Mr Akirakon I-Kitisiri General Manager, Country Head MONO Technology Myanmar ထိုင်းနိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး အခုမြန်မာနိုင်ငံအတွင်းမှာ မိုဘိုင်းလ်နဲ့ပတ်သက်လို့ SMS ကတစ်ဆင့် လူအများစိတ်ဝင်စားမယ့် သတင်းနဲ့ Value Added Service တွေကို ပြည်တွင်းကုမ္ပဏီတွေ၊ Telecom Operator တွေနဲ့ ပူးပေါင်းကာ အသုံးပြုသူတွေဆီရောက်အောင် ၀န်ဆောင်မှုပေးနေတဲ့ MONO Technology Myanmar မှ မြန်မာနိုင်ငံဆိုင်ရာ Country Head တာဝန်ယူထားတဲ့ Mr Akirakon I-Kitisiri ကို MONO Group အကြောင်းနဲ့ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။ အဓိကတာဝန်ယူထားတဲ့အပိုင်း . . . ကျွန်တော် ဒီမှာ General Manager တာဝန်ယူထားပါတယ်။ ၀န်ထမ်းတွေကို Training […]
Posted On January 30, 2017, By Editorial

Andre de Jong(Bosch Group)

Andre de Jong Managing Director (Cambodia) Chief of the representative office (Laos and Myanmar) Bosch Group Bosch Group ရဲ့ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံတို့မှာ Managing Director အနေနဲ့  တာဝန်ထမ်းဆောင်နေတဲ့ Mr Andre de Jong ကို တွေ့ဆုံခိုက်မှာ Bosch Myanmar ရဲ့ ကုန်ပစ္စည်းနဲ့  ၀န်ဆောင်မှုတွေ၊ ဈေးကွက်ရှယ်ယာတွေနဲ့ လုပ်ငန်းရဲ့အနာဂတ် ခြေလှမ်းတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။ ပညာအရည်အချင်းနဲ့ လုပ်ငန်းအတွေ့အကြုံ . . . ကျွန်တော်က ဂျာမန်လူမျိုးတစ်ယောက်ပါ။ ကျွန်တော် နယ်သာလန်က Rotterdam မှာရှိတဲ့ Erasmus […]
Posted On January 24, 2017, By Editorial

မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တင်ယာဉ်လုပ်ငန်းရှင်များအသင်းနှင့် တွေ့ ဆုံခြင်း

CEO မဂ္ဂဇင်းဟာ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရဲ့ ညီနောင်အသင်းတွေနဲ့ လစဉ်တွေ့ဆုံပြီး အင်တာဗျူးမေးမြန်းဖော်ပြပေးနေရာ ဒီလမှာတော့ မြန်မာနိုင်ငံကုန်သေတ္တာတင် မော်တော်ယာဉ်လုပ်ငန်းရှင်များအသင်း (Myanmar Container Trucks Association (MCTA)) နဲ့  တွေ့ ဆုံပြီး မေးမြန်းဖြစ်ခဲ့တာတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ အသင်းဖြစ်ပေါ်လာပုံ . . . မြန်မာနိုင်ငံမှာ ကွန်တင်နာလုပ်ငန်းကို ၁၉၉၂ ခုနှစ်လောက်ကတည်းက ဗိုလ်အောင်ကျော်ဆိပ်ကမ်းမှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကွန်တင်နာလုပ်ငန်းက သိပ်မတွင်ကျယ်သေးပေမဲ့ တဖြည်းဖြည်းနဲ့ တွင်ကျယ်လာပြီး ၁၉၉၅ – ၉၆ ခုနှစ်လောက်မှာ လုပ်ငန်းတအားတွင်ကျယ်လာပြီး နိုင်ငံတကာအဆင့်ကို တက်လှမ်းနိုင်တဲ့အဆင့်ကို ရောက်လာပါတယ်။ ၂၀၀၉ – ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းကျတော့ ကွန်တင်နာတင်ကားတွေက တအားများလာသလို လုပ်ငန်းတွေကလည်း များလာပါတယ်။ ဒါပေမဲ့ […]
Posted On January 23, 2017, By Editorial
1 6 7 8 9 10 23