advertisement-image
Interviews

East-West Center ကကြီးမှူးကျင်းပခဲ့တဲ့ နိုင်ငံတကာမီဒီယာညီလာခံ

အမေရိကန်နိုင်ငံ၊ ဟာဝိုင်ရီအခြေစိုက်East West Center က ကြီးမှူးကျင်းပတဲ့ “Challenge of a Free Press” ခေါင်းစဉ်နဲ့နိုင်ငံတကာမီဒီယာညီလာခံကြီးကို ၂၀၁၄ ခုနှစ်၊ မတ်လ ၁၀ ရက် နေ့ကနေ ၁၂ ရက်နေ့အထိ ရန်ကုန်မြို့ ၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ၊ ကုန်သည်/စက်မှု အသင်းချုပ် (UMFCCI) မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါညီလာခံမှာ အမေရိကန်၊ အာရှနဲ့ ပစိဖိတ်ဒေသမှာရှိတဲ့ စာနယ်ဇင်းသမားတွေအချင်းချင်း ဒေသတွင်းဖြစ်ပျက်နေတဲ့ အရေးကိစ္စတွေ၊ မီဒီယာတွေကြုံတွေ့နေရ တဲ့ တူညီတဲ့စိန်ခေါ်မှုတွေ၊ ဦးတည်ရာ လမ်းကြောင်းတွေ စတာတွေကို အပြန်အလှန်ဆွေးနွေးကြတဲ့ ညီလာခံဖြစ်ပါတယ်။ ဒီညီလာခံကို နိုင်ငံပေါင်း ၃၀ ကျော်က ဂျာနယ်လစ်တွေနဲ့လေ့လာသူ အယောက်သုံး ရာကျော် တက်ရောက်ခဲ့ပြီး တက်ရောက် လာသူအချို့နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာကို […]
Posted On May 21, 2014, By Editorial

နိုင်ငံခြားသား အိမ်ငှားကောင်းတွေ ရရှိအောင် အကောင်းဆုံးဝန်ဆောင်မှု ပေးမယ်ဆိုတဲ့ Pronto Services

မြန်မာနိုင်ငံဟာ စီးပွားရေးပိတ်ဆို့မှုတွေမရှိတော့တဲ့ နောက်ပိုင်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေနဲ့ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုနဲ့အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ နိုင်ငံခြားက လာရောက်အလုပ်လုပ်ကိုင်သူတွေ များစွာဝင်ရောက်လာနေပါတယ်။ ဒီလို ရင်းနှီးမြှုပ်နှံသူတွေ၊ အလုပ်လာလုပ်ကြတဲ့ နိုင်ငံခြားသားတွေအနေနဲ့ နေရာထိုင် ခင်းနဲ့ပတ်သက်ပြီး ပထမဦးဆုံး လုပ်ဆောင်ရမှာကတော့ အသေအချာပဲဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံခြားသားလုပ်ငန်းရှင်တွေ၊ အလုပ်လာရောက်လုပ်ကိုင်သူအတွက် အိမ်ကောင်းရဖို့သာမက မြန်မာအိမ်ရှင်တွေအတွက်လည်း အိမ်ဌားကောင်းတွေရရှိအောင်အထိရောက်ဆုံးဝန်ဆောင်မှုပေးမယ်ဆိုတဲ့ Proton Services  ရဲ့ Managing Director    ဦးရော်ဘင်အောင်စောနိုင်နဲ့ တွေ့ဆုံ မေးမြန်းဖြစ်ခဲ့တာတွေကို ဖော်ပြပေးလိုက်ပါတယ်။   စတင်တည်ထောင်ဖြစ်ပုံ၊ လုပ်ငန်းစတင်ခဲ့တဲ့ခုနှစ် ကျွန်တော်ကအရင်တုန်းက NGO  တွေမှာ ၁၇ နှစ်  လောက်အလုပ်လုပ်ခဲ့ပါတယ်။ အဲလိုမျိုး လုပ်ခဲ့တာတွေကြောင့် နိုင်ငံခြားသား Network တွေရှိလာတယ်။ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ မြန်မာပြည်မှာရှိတဲ့ NGO  တစ်ခုမှာ ကျွန်တော်က […]
Posted On May 8, 2014, By Editorial

British Columbia တက္ကသိုလ်ရဲ့ တွဲဖက်ပါမောက္ခ Yves Tiberghien

  ပါမောက္ခအနေနဲ့ ဘယ်လိုတာဝန်တွေကို ယူထားသလဲ။ ကျွန်တော်က University of British Columbia (UBC) ၊ Institute of  Asian Research  ရဲ့ ဒါရိုက်တာဖြစ်ပြီး နိုင်ငံရေးသိပ္ပံဘာသာရပ် (Political Science)  ရဲ့တွဲ ဖက် ပါမောက္ခလည်းဖြစ်ပါတယ်။ ကျွန်တော် ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေကို အထူးပြုလေ့ လာခဲ့ပါတယ်။ အထူးသဖြင့် ဂျပန်၊ ကိုရီးယားနဲ့ တရုတ်စတဲ့ အာရှနိုင်ငံတွေကို အဓိက လေ့လာခဲ့ပါတယ်။ နောက်ပြီး ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးပိုင်း (Global Governance) မှာလည်း ပါဝင်လှုပ်ရှားနေပြီး G-20 အစည်းဝေးတွေမှာ အမြဲတမ်းလိုလို ပါဝင်ခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စတွေ မှာလည်း ပါဝင်လုပ်ကိုင်နေပါတယ်။ အခြား တာဝန်တွေထဲက […]
Posted On April 22, 2014, By Editorial

အွန်လိုင်းမော်တော်ယဉ် ဈေးကွက် motors.com.mm

နိုင်ငံတကာမှာ အိုင်တီနည်းပညာအရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်ခြင်းရဲ့အကျိုးဆက်တစ်ရပ်အနေနဲ့ အွန်လိုင်အ ခြေပြု စီးပွားရေးလုပ်ငန်းတွေ ကြီးထွားလာနေသလို မြန်မာနိုင်ငံမှာ အရှိန်အဟုန်နဲ့ ကြီးထွားလာဖို့ အလားအ လာရှိနေတဲ့ လုပ်ငန်းနယ်ပယ်တစ်ခုလို့ဆိုရမှာ ဖြစ်ပါတယ်။ ပြည်တွင်းလုပ်ငန်းတွေအပြင် နိုင်ငံတကာက အွန် လိုင်းအခြေပြု စီးပွားရေးလုပ်ငန်းတွေလည်း မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ် နှစ်လယ်ကစပြီး အခြေချလုပ်ကိုင် နေတဲ့ Motors.com.mm ရဲ့ လုပ်ငန်းလည် ပတ်ဆောင် ရွက်နေတာတွေနဲ့ပတ်သက်ပြီး Motors.com.mm ရဲ့ Country Manager Mr Sascha Woelk နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။   လုပ်ငန်းအတွေ့အကြုံနဲ့ Motors.com.mm အကြောင်း ကုမ္ပဏီတွေအမျိုးမျိုးမှာ အကြံပေးအနေနဲ့ ကျွန်တော်လုပ်ကိုင်ခဲ့ပြီး Rocket Internet မှာ ၀င်ရောက်မလုပ်ကိုင် ခင်မှာ ကိုယ်ပိုင်ကုမ္ပဏီ တည်ထောင်လုပ်ကိုင်ခဲ့ပါတယ်။ Motors.com.mm ဟာအွန်လိုင်းမော်တော်ယဉ်ဈေး […]
Posted On April 9, 2014, By Editorial

၂၀၁၄ ခုနှစ် မြန်မာ့စိုက်ပျိုးမွေးမြူရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာထိပ်သီးအစည်းအဝေး

  စိုက်ပျိုးမွေးမြူရေးကဏ္ဍက တခြားကုန်သွယ်မှုစီးပွားရေးလုပ်ငန်းတွေလိုမျိုး နေ့ချင်းညချင်း ရင်းနှီးမြှုပ်နှံလို့မရဘဲ ရေရှည်လုပ်ကိုင်ရမယ့် စီးပွားရေးဖြစ်တဲ့အတွက် အချိန်အတိုင်းအတာတစ်ခုလိုပါတယ်။ အဲဒီလိုအပ်တဲ့အချိန်ကို စောင့်ရမှာ သဘာဝပါပဲ။ လက်ရှိဝင်လာနေတဲ့ နိုင် ငံခြားရင်းနှီးမြှုပ်နှံမှုတွေရဲ့ အလားအလာကိုလည်း အားရမိပါတယ်လို့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးဝင်းအောင်က ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလ ၂၁ ကနေ၂၂ ရက်အ တွင်းပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံစိုက်ပျိုးမွေးမြူရေးရင်းနှီးမြှုပ်နှံမှု ဆိုင်ရာထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးကို မြန်မာနိုင် ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းကဦးစီးပြီး စင်ကာပူနိုင်ငံက Confexhub ရဲ့စီစဉ်မှု၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန  လက်အောက်ရှိ ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးနှင့်ရေလုပ်ငန်းညွှန်ကြားမှုဦးစီဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်းလုပ် ငန်း၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်(ရေဆင်း)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနလက်အောက်မှ ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ရဲ့ […]
Posted On April 5, 2014, By Editorial

ထိရောက်တဲ့ စိုက်ပျိုးရေးနည်းပညာဆိုင်ရာ ၀န်ဆောင်မှုတွေနဲ့ ၀င်ရောက်လာတဲ့ Bayer CropScience

ဂျာမနီအခြေစိုက်Bayer CropScience  ကထုတ်လုပ်ပြီဲးဲ-JJ-Pun Ltd ကနေ တစ်ဦးတည်းကိုယ်စားလှယ်အနေနဲ့ ဖြန့်ဖြူးမယ့် အရည်အသွေးမြင့် စိုက်ပျိုးရေးသုံးဆေး မိတ်ဆက်ခြင်းအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက်က ရန်ကုန်မြိှု့SAKURA Tower  မှာကျင်းပခဲ့ပါတယ်။ ပိုမိုကျယ်ပြန့်လာမယ့် မြန်မာ့လယ်ယာစိုက်ပျိုးရေးဈေးကွက်ကို အထောက်အကူပေးနိုင်ဖို့နဲ့ ထိရောက်တဲ့ နည်းပညာ ဆိုင်ရာဝန်ဆောင် မှုတွေနဲ့အတူ ၀င်ရောက်လာတဲ့ Bayer Crop – Science ရဲ့ လုပ်ကိုင်ဆောင်ရွက်နေမှုအပိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ တင်သွင်းတဲ့ရည်ရွယ်ချက် မြန်မာနိုင်ငံမှာရှိတဲ့ တောင်သူလယ်သမားတွေ၊ အကျိုးတူ စီးပွားဖက်တွေရဲ့လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် ခေတ်မီဆန်းသစ်ပြီး သီးနှံအထွက်နှုန်းမြင့် ကောက်ပဲသီးနှံ ထိန်းသိမ်းကာကွယ်ရေး ပစ္စည်းတွေကို တင်သွင်းလာတာ ဖြစ် ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံဝယ်ယူသုံးစွဲသူ (တောင်သူ ကြီး) တွေရဲ့ဝင်ငွေနဲ့ လုပ်ငန်းအကျိုးစီးပွားတွေကို […]
Posted On April 1, 2014, By Editorial

MPRL E&P Group of Companies ရဲ့ CSR

ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ MPRL E&P Group of Companies  ရဲ့ CSR လှုပ်ရှားမှု အစီအစဉ်တွေနဲ့ပက်သက်ပြီး MPRL E&P  ရဲ့ CSR Officer ဖြစ်သူ Ms Anastacia Howe နဲ့ မေးမြန်းခဲ့သမျှကို ဖော်ပြပေးလိုက်ပါတယ်။   MPRL E&P ရဲ့ CSR  အပေါ်အဓိပ္ပာယ်ဖွင့်ဆိုချက်  MPRL E&P အနေနဲ့ CSRကို ကုမ္ပဏီရဲ့ စီးပွားရေးဗျူဟာ တွေထဲမှာ ပေါင်းစပ်ထည့်သွင်းထားတဲ့ လုပ်ငန်းစဉ်တစ်ရပ်လို့ သတ်မှတ်ထားပါတယ်။ အထူးသဖြင့် MPRL E&P   က ဒေသခံလူထုတွေကို ထောက်ပံ့အကျိုးပြုသလို သဘာဝပတ် ၀န်းကျင်နဲ့ကိုက်ညီပြီး လူမှုရေးအရ တာဝန်ယူမှုရှိတဲ့ကျင့်ဝတ် နဲ့ညီညွတ်ပြီး ရေရှည်တည်တံ့တဲ့နည်းလမ်းနဲ့ အကျိုးအမြတ် ကိုရှာဖွေတာဖြစ်ပါတယ်။   […]
Posted On March 31, 2014, By Editorial

မြန်မာနိုင်ငံ၏ စက်မှုကုန်ထုတ်လုပ်မှုအနေအထား

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၄ ခုနှစ်အကုန် ၂၀၁၅ ခုနှစ်မှာ အာဆီယံစီးပွားရေးအသိုက်အ၀န်းကို ကျင့်သုံးတော့မှာဖြစ်တဲ့အတွက် မိမိတို့ အနေနဲ့ လေ့လာမှုတွေ၊ ကြိုတင်ပြင်ဆင်မှုတွေ၊ ပူပေါင်းဆောင်ရွက်မှုတွေ၊  လုပ်ဆောင်ထားဖို့ လိုပါတယ်။  ဒါကြောင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနဲ့ SME  လုပ်ငန်းတွေအနေနဲ့ ပြင်ဆင်ထားသင့်တာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း သား၊ စုံညီအစည်း အဝေးပွဲကို တက်ရောက်လာတဲ့ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း အထွေထွေအတွင်းရေးမှူး      ဒေါက်တာအောင်သိန်းနဲ့ တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းရဲ့ ရည်ရွယ်ချက် ဒီအသင်းအဖွဲ့ကို ၁၉၉၃ ခုနှစ်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အသင်းရည်ရွယ်ချက်အနေနဲ့ ပုဂ္ဂလိကစက်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမှာ အစိုးရနဲ့ပုဂ္ဂလိကကြား၊ အစိုးရ နဲ့ နိုင်ငံတကာက စက်မှုလုပ် ငန်းရှင်တွေကြားမှာ ချိတ်ဆက် ပေးနိုင်ဖို့ အတွက်ပဲဖြစ်တယ်။ ပုဂ္ဂလိကစက်မှုကဏ္ဍဖွံ့ဖြိုး ဖို့ဆောင်ရွက်တဲ့နေရာမှာ ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေ၊ Business Matching […]
Posted On March 29, 2014, By Editorial

ဆောက်လုပ်ရေးမှာQuality ကို အဓိကထားတဲ့ AOA Construction

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ရုပ်ပိုင်းဆိုင်ရာတစ်ခုဖြစ်တဲ့ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဟာလည်း အရေးကြီးပါတယ်။ အဲဒီလို အခြေခံအဆောက်အအုံနဲ့ပတ်သက်ရင် အရေးကြီးဆုံးအပိုင်းဖြစ်တဲ့ အရည်အသွေးပိုင်းကို အကောင်းဆုံးလုပ်ဆောင်ပေးဖို့လည်း လိုပါသေးတယ်။ ဒါကြောင့် ဆောက်လုပ်ရေးပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်Quality ကိုသာ ဦးစားပေးဆောက် လုပ်ပေးနေ တယ်ဆိုတဲ့ မန္တလေးက AOA Construction Co Ltd  ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးမင်းလှိုင်နဲ့တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။ လုပ်ငန်းစတင်တည်ထောင်တဲ့ခုနှစ် ကျွန်တော်က ၂၀၀၃ ခုနှစ်မှာBE ပြီးတယ်။ ၂၀၀၆ ခုနှစ်မှာMaster of Engineering   ကျောင်းပြီးသွားပြီး တော့ အကြောင်းအမျိုးမျိုးကြောင့် ကုမ္ပဏီမတည်ထောင် ဖြစ်ဘူး။ ကုမ္ပဏီတည်ထောင်ဖြစ်တာက ၂၀၁၃ ခုနှစ် မှာပါ။ အရင်တုန်းက အင်ဂျင်နီယာတစ်ယောက်အနေနဲ့ပဲ အဆောက်အအုံတွေကို ဆောက်တယ်။ ကုမ္ပဏီအနေနဲ့  မဆောက်သေးဘူး။ ကျွန်တော့်ရည်ရွယ်ချက်က အင်ဂျင် နီယာဖြစ်ချင်လို့  အိမ်ဆောက်ချင်လို့ […]
Posted On March 26, 2014, By Editorial

FORD ကုမ္ပဏီ၏ PRESIDENTနှင့် CEO ALAN MULALLY

  ၁၉၄၅ ခုနှစ်၊ သြဂုတ်လ ၄ ရက်မှာ မွေးခဲ့တဲ့ Alan Roger Mulally ဟာ အမေရိကန်လူမျိုးအင်ဂျင်နီယာနဲ့ စီးပွားရေးအမှုဆောင်အရာရှိတစ်ယောက်ဖြစ် ပြီး ၂၀၀၆ ခုနှစ်ကတည်းက Ford မော်တော်ကားကုမ္ပဏီရဲ့ President  နဲ့ CEO ဖြစ်ခဲ့ပါတယ်။Ford ဟာ ၂၀၀၀ ပြည့်လွန်နှစ်တွေရဲ့နောက်ပိုင်း စီးပွား ရေးအကျပ်အတည်းကာလအတွင်းမှာ ရုန်းကန်ခဲ့ရပေမဲ့ Mulally ရဲ့ လက် အောက်မှာ အမြတ်ရတဲ့ အခြေအနေကို ပြန်ရောက်ခဲ့ပြီး အစိုးရကပေးတဲ့ ကယ်ဆယ်မှုရန်ပုံငွေကို မယူရအောင် ရှောင်နိုင်ခဲ့တဲ့ တစ်ခုတည်းသော အမေရိ ကန်အဓိကကားထုတ်လုပ်ရေးလုပ်ငန်းကြီးပဲ ဖြစ်ပါတယ်။Ford  မှာ Mulally ရဲ့အောင်မြင်မှုတွေကို Bryce G Hoffman ရေးသားပြီး ၂၀၁၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ထူးချွန်သော အမေရိကန်ပုဂ္ဂိုလ်ကျော်တစ်ဦး […]
Posted On March 24, 2014, By Editorial
1 17 18 19 20 21 23