MPRL E&P Group of Companies ရဲ့ CSR

article portrait

ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ MPRL E&P Group of Companies  ရဲ့ CSR လှုပ်ရှားမှု အစီအစဉ်တွေနဲ့ပက်သက်ပြီး MPRL E&P  ရဲ့ CSR Officer ဖြစ်သူ Ms Anastacia Howe နဲ့ မေးမြန်းခဲ့သမျှကို ဖော်ပြပေးလိုက်ပါတယ်။

 

MPRL E&P ရဲ့ CSR  အပေါ်အဓိပ္ပာယ်ဖွင့်ဆိုချက် 

MPRL E&P အနေနဲ့ CSRကို ကုမ္ပဏီရဲ့ စီးပွားရေးဗျူဟာ တွေထဲမှာ ပေါင်းစပ်ထည့်သွင်းထားတဲ့ လုပ်ငန်းစဉ်တစ်ရပ်လို့ သတ်မှတ်ထားပါတယ်။ အထူးသဖြင့် MPRL E&P   က ဒေသခံလူထုတွေကို ထောက်ပံ့အကျိုးပြုသလို သဘာဝပတ် ၀န်းကျင်နဲ့ကိုက်ညီပြီး လူမှုရေးအရ တာဝန်ယူမှုရှိတဲ့ကျင့်ဝတ် နဲ့ညီညွတ်ပြီး ရေရှည်တည်တံ့တဲ့နည်းလမ်းနဲ့ အကျိုးအမြတ် ကိုရှာဖွေတာဖြစ်ပါတယ်။

 

MPRL ရဲ့ CSR ဌာနအကြောင်း 

ကုမ္ပဏီအကြီးအကဲဖြစ်တဲ့ CEO  ရဲ့ ဦးဆောင်မှုနဲ့အတူ ၀န်ထမ်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ MPRL E&P ဟာ ပရဟိတလုပ်ငန်းတွေကို အမြဲတစေ လှုပ်ရှားဆောင်ရွက်ခဲ့ပါ တယ်။ လက်ရှိတည်ရှိနေတဲ့ လုပ်ထုံးလုပ်နည်းပုံစံမှာ ကုမ္ပဏီ ရဲ့လုပ်ငန်းဖွဲ့စည်းမှုပုံစံနဲ့ စွမ်းဆောင်ရည်တိုးတက်လာဖို့နဲ့ လူမှုဝန်းကျင်ဆိုင်ရာတာဝန်ယူမှုကို ထည့်သွင်းတည်ဆောက် ဖို့အတွက် MPRL E&P အနေနဲ့ CSR ဌာနတစ်ခုကိုတည် ထောင်ထားပါတယ်။

CSR လှုပ်ရှားဆောင်ရွက်မှုတွေဟာ ကုမ္ပဏီအတွက် အကျိုးဖြစ်ထွန်းစေဖို့ လိုအပ်သလို လူထုအသိုင်းအ၀ိုင်းကို အကျိုးပြုဖို့လည်း လိုအပ်တယ်ဆိုတာကို MPRL E&P    အ နေနဲ့နားလည်လက်ခံထားပါတယ်။ ရလဒ်အနေနဲ့ လုပ်ငန်း အတွက်ရော ပတ်ဝန်းကျင်မှာရှိတဲ့ လူထုအသိုင်းအ၀ိုင်းအတွက် ပါ အကျိုးသက်ရောက်စေမယ့် လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ စီမံကိန်းတွေကို ထောက်ပံ့ကူညီပေးဖို့ အရေးကြီးပါတယ်။

ဒေသခံများနှင့်တွေ့ဆုံခြင်း

ဒေသခံများနှင့်တွေ့ဆုံခြင်း

MPRL E&P ရဲ့ CSR လှုပ်ရှားမှုအစီအစဉ်တွေ

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းကုန်း တွင်းကဏ္ဍမှာ MPRL E&P ကုမ္ပဏီရဲ့ အကြီးဆုံးရင်းနှီး မြှုပ်နှံမှုတစ်ခုဖြစ်တဲ့ Mann Field  စီမံကိန်းထဲမှာ

(၁)     ရေရရှိရေး၊

(၂)     ကျောင်းသုံးပစ္စည်းထောက်ပံ့ရေးနဲ့ ကျောင်းနဲ့ပတ်သက် တဲ့အခြေခံအဆောက်အအုံတွေကို ခိုင်မာတိုးတက်အောင် ဆောင်ရွက်ရေး၊

(၃)     အိမ်သာများတည်ဆောက်ရေး၊

(၄)     သုသာန်ဇရပ်များ တည်ဆောက်ရေး

(၅)     လက်ရှိကျောင်းများတွင် စာသင်ခန်းများ တိုးချဲ့တည် ဆောက်ရေးနှင့် ရေသန့်စင်စက်များထောက်ပံ့ရေး စတာ တွေကို MPRL E&P  အနေနဲ့ လှုပ်ရှားဆောင်ရွက် လျက်ရှိပါတယ်။

အိမ်ယာအထက်တန်းကျောင်းအတွက် ရေသန့်စင်စက်လှူဒါန်း

အိမ်ယာအထက်တန်းကျောင်းအတွက် ရေသန့်စင်စက်လှူဒါန်း

ဦးစားပေးလှုပ်ရှားဆောင်ရွက်မှုတွေ

(၁)     ကျွန်မတို့အနေနဲ့ လက်ရှိအချိန်မှာ  လူထုအဖွဲ့အစည်း တွေရဲ့လိုအပ်ချက်တွေနဲ့ အလေးထားမှုတွေကို သိရှိနိုင် ဖို့အတွက် အခြေခံဆန်းစစ်လေ့လာချက်တွေကို ပြုလုပ် ဆောင်ရွက်နေပါတယ်။ ဘာတွေကို ထောက်ပံ့ဆောင် ရွက်ရမလဲဆိုတာကို ဆန်းစစ်လေ့လာမှုတွေကနေ ရရှိ လာတဲ့ရလဒ်တွေက အဆုံးအဖြတ်ပေးပါလိမ့်မယ်။ ဒါ ပေမဲ့ ရေရည်မှာ MPRL E&P  အနေနဲ့ အောက်ပါလှုပ် ရှားဆောင်ရွက်မှုတွေကို ဦးစားပေးဆောင်ရွက်သွားချင် ပါတယ်။

(၂)     ပညာရေးနဲ့ အလုပ်အကိုင်ဖန်တီးခြင်း

–         စီမံကိန်းတွေရှိရာ ဒေသတွေမှာSupply Change Servicesတွေကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက် ခြင်း

–         အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်နဲ့ သင်တန်းတွေကနေတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်း တိုးတက်အောင်ဆောင်ရွက်ခြင်း

–         သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုနဲ့ ဘေးကင်းလုံခြုံရေး ဆိုင်ရာ အသိပညာမြှင့်တင်ခြင်း

အိမ်ယာအထက်တန်းကျောင်းအတွက် နှစ်ထပ်ဆောင်ဆောက်လုပ်လှူဒါန်း

အိမ်ယာအထက်တန်းကျောင်းအတွက် နှစ်ထပ်ဆောင်ဆောက်လုပ်လှူဒါန်း

MPRL E&P   လုပ်ငန်းလည်ပတ်ဆောင်ရွက်တဲ့ လူထုအဖွဲ့ အစည်းတွေအပေါ် အကျိုးပြုမှု

ပြီးခဲ့တဲ့နှစ်တွေတစ်လျောက်မှာ ဘာသာရေးဆိုင်ရာနေရာ တွေနဲ့ ပွဲတော်တွေ၊ မိခင်နဲ့ကလေးကျန်းမာရေးနဲ့ ART  ကျန်းမာရေးဝန်ဆောင်မှုတွေကို ဆောင်ရွက်နေတဲ့ ပြည်တွင်း NGO တွေကို ထောက်ပံ့မှုအမြောက်အမြား ပြုလုပ်ခဲ့ပြီးပါပြီ။ ရန်ကုန်နဲ့ မန္တလေးမှာကျင်းပခဲ့တဲ့ စာပေပွဲတော်လိုမျိုး ပညာ ရေးလှုပ်ရှားဆောင်ရွက်မှုတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ လှူဒါန်းမှုတွေပြုလုပ်ခြင်းနဲ့စပွန်ဆာပေးခြင်းအားဖြင့် ပါဝင် အကျိုးပြုတာဟာ ကုမ္ပဏီရဲ့ထိန်းသိမ်းထားတဲ့စံနှုန်းတန်ဖိုး တွေအများကြီးထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။

ကျေးရွာများအတွက်ရေတွင်းလှူဒါန်း

ကျေးရွာများအတွက်ရေတွင်းလှူဒါန်း

၂၀၁၄  ခုနှစ်အတွက် MPRL E&P  ရဲ့ CSR အစီအစဉ်တွေ

အထက်မှာပြောခဲ့ပြီးသလိုပဲ အခြေခံလေ့လာဆန်းစစ်ချက် တွေကနေ ထွက်ပေါ်လာတဲ့ရလဒ်တွေအပေါ်မှာ မူတည်ပြီး ဆောင်ရွက်သွားမှာပါ။ ဘယ်လိုအစီအစဉ်တွေကိုပဲအကောင် အထည်ဖော်သည်ဖြစ်စေ ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် အကျိုးအမြတ်ရဖို့လိုသလို လူထုအဖွဲ့အစည်းအတွက်လည်း ရေရှည်စဉ်ဆက်မပြတ် အကျိုးသက်ရောက်မှုရှိတဲ့ရလဒ်တွေ ရရှိဖို့အရေးကြီးပါတယ်။ ကျွန်မတို့လုပ်ငန်းဆောင်ရွက်နေတဲ့ လူထုအဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးတိုးတက်ကောင်းမွန်ပြီှးအေုန့သိုနမ  တွေရဲ့ ပါဝင်ပတ်သက်မှုနဲ့ လူမှုဆက်ဆံရေးကို တိုးတက်ခိုင်မာအောင်လုပ်ဖို့ ကျွန်မတို့အနေနဲ့ မျော်လင့်ထား ပါတယ်။

 

ကျေးရွာမူလတန်းကျောင်းအတွက် စာသင်စားပွဲခုံများလှူဒါန်း

ကျေးရွာမူလတန်းကျောင်းအတွက် စာသင်စားပွဲခုံများလှူဒါန်း

UN Global Compact ကို  ၀င်ရောက်မယ့် အစီအစဉ်

UN Global Compact က တကယ့်ကိုကောင်း မွန်တဲ့ လှုပ်ရှားမှုအစီအစဉ်တစ်ခုဖြစ်ပြီး အနာ ဂတ်မှာတော့ MPRL E&P အနေနွဲူ့Global Compact    ကိုဝင်ရောက်ဖို့ဖြစ်လာမှာပါ။UN Global Compact   ဟာ အဖွဲ့အစည်းအတွင်းမှာ အစီရင်ခံမှု (Reporting) နဲ့ အသိပညာဗဟု သုတစီမံခန့်ခွဲမှုအပိုင်းတွေကို တိုးတက်အောင် အကူအညီပေးမယ့် ကြီးမားတဲ့ဆက်သွယ်ရေး တန်ဆာပလာ (Communication Tool) တစ်ခု ဖြစ်ပါတယ်။

စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုသင်တန်း

စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုသင်တန်း

ကျောင်းသူကျောင်းသားများအား အာဟာရကျွေးမွေး

ကျောင်းသူကျောင်းသားများအား အာဟာရကျွေးမွေး

 

article landscape wartermark final5

article landscape wartermark final3