advertisement-image
Interviews

လူငယ်တွေအတွက် လက်ဆင့်ကမ်းပညာတွေ ဖြန့်ဝေပေးချင်တယ်ဆိုတဲ့ Ooredoo ရဲ့ National Sales Director ဦးမြင့်ဇော်

လူတိုင်းမှာ ကိုယ်စီ ဘ၀အတွေ့အကြုံတွေ များစွာရှိကြပါတယ်။ မိမိတို့ဘ၀တိုးတက်အောင်မြင်ဖို့အတွက်ကို လည်း လူတိုင်းလူတိုင်း ကြိုးစားနေကြပါတယ်။ အဲဒီလို ကြိုးစားနေပါလျက် မအောင်မြင်တဲ့လူတွေ၊ လမ်းတစ်ဝက် မှာရပ်တန့်နေတဲ့လူတွေလည်း ရှိနေကြတာပါပဲ။ အောင်မြင်ကြတဲ့ပုဂ္ဂိုလ်တွေကိုလည်း အားကျလောက်အောင် တွေ့ရပါတယ်။ အဲဒီလိုအောင်မြင်နေကြတဲ့ လူတွေထဲက ဘ၀မှာ ပညာသာလျင် ကိုယ်ပိုင်ဆိုတဲ့ခံယူချက်နဲ့ လုပ်ငန်းနယ်ပယ်အလွှာစုံကို သိရှိလုပ်ကိုင်ခဲ့တဲ့ Ooredoo ရဲ့ National Sales Director  ဦးမြင့်ဇော် နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာတွေကို CEO ရဲ့ ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။   ဖြတ်သန်းခဲ့ရတဲ့ဘ၀အတွေ့အကြုံ ကျွန်တော်ရဲ့ဖြတ်သန်းခဲ့တဲ့ ဘ၀အတွေ့အကြုံဆိုရင် အဋ္ဌမတန်းကျောင်းသားဘ၀က စပြီးပြောချင်ပါ တယ်။ အဲဒီရှစ်တန်းကျောင်းသားဘ၀ကို ကျွန်တော်က သုံးနှစ်နေခဲ့တာပါ။ ပထမနှစ်က ကျွန်တော်ညံ့လို့ ဒုတိယနှစ်ကတော့ ကျွန်တော့်ဘက်က ကြိုးစားနေပါလျက် စာမေးပွဲကျတယ်။ အဲဒီလိုဆိုတော့ ကျွန်တော်စိတ်ဓာတ်တော်တော် ကျသွားတယ်။  […]
Posted On October 21, 2014, By Editorial

မြန်မာနိုင်ငံမှာကျင်းပတဲ့ Monin Cup 2014

နှစ်နှစ်တစ်ကြိမ်ကျင်းပလေ့ရှိတဲ့ Monin World Cup ပြိုင်ပွဲဟာ မြန်မာနိုင်ငံမှာ သုံးကြိမ်မြောက်ပြိုင်ပွဲအဖြစ် သြွဂုတ်လ ၂၈ ရက်နေ့ Yangon International Hotel Compound တွင်းရှိ FC Bar & Barista  မှာ ခမ်းခမ်းနားနားကျင်းပခဲ့ပါတယ်။ Monin အဖွဲ့သားတွေရဲ့ ပွဲပြီးမြောက်အောင် အားတက်သရောလှုပ်ရှားမှု၊ ၀ါသနာကြီးလှတဲ့မြန်မာလူငယ် Bartender တွေရဲ့ အားထုတ်ကြိုးစားမှုနဲ့ ဒိုင်ဖြစ်သူများရဲ့ လက်တွဲခေါ်ယူမှု၊ အတွေ့အကြုံမျဝေပေးမှုတွေနဲ့ သက်ဝင်လှုပ်ရှားနေတဲ့ဒီပွဲကြီးကို အခုလိုစကားသံတွေနဲ့ ပိုမိုအဓိပ္ပာယ်ရှိစေဖို့ ဖြည့်စွက်ရင်း …   ဦးလှမြင့်ထူး Managing Director HMH Distribution Monin ဆိုတာက လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်လောက်ကတည်းက  ပြင်သစ်မှာ အခြေစိုက်ခဲ့တဲ့ကုမ္ပဏီပါ။ အခုထိနိုင်ငံပေါင်းတစ်ရာကျော်ကို ဖြန့်ဖြူးရောင်းချနေ ပါတယ်။ မြန်မာနိုင်ငံကို ၂၀၀၉ ခုနှစ်မှာ […]
Posted On October 20, 2014, By Editorial

အံ့ဖွယ်ကောင်းသောဘ၀ကို ပိုင်ဆိုင်သူ Elon Musk

Elon Musk ၏ ညွှန်းဆိုစကား ကိုယ့်ဘ၀မှာ ဘီလီယံနာတစ်ယောက်ဖြစ်ခဲ့ရင်လို့ စိတ်ကူး ယဉ်လိုက်ပြီဆိုရင်လူအများစုဟာ သူတို့မှာရှိလာမယ့်ငွေတွေနဲ့ ကြီးကျယ်ခမ်းနားတဲ့အိမ်ကြီးတွေ၊ အပြတ်သားနားတဲ့မော်    တော်ကားကြီးတွေ၊ အပျော်စီးသင်္ဘောကြီးတွေဝယ်ဖို့ကိုပဲ စဉ်းစားကြပါတယ်။ Elon Musk  ကတော့ သူများတွေနဲ့ မတူပါဘူး။  ဒေါ်လာသန်းဂဏန်းကို ပထမဆုံးရပြီးနောက်ပိုင်း ၁၄ နှစ် ကြာတဲ့ အချိန်မှာပဲ Elon Musk ဟာ ဒီနေ့သက်ရှိထင်ရှား ရှိနေတဲ့ သြဇာအကြီးမားဆုံးစီး ပွားရေးလုပ် ငန်းရှင်ကြီး တွေထဲက တစ်ယောက်ဖြစ်နေပါပြီ။ သူပါဝင်ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့အရေအတွက်ဟာ သာမန်လူတွေ ၀ါသနာအရလုပ်ကြတဲ့ အလုပ်အရေအတွက်ထက် ပိုများနေပါ ပြီ။ သူရှာဖွေထားတဲ့ ချမ်းသာကြွယ်ဝမှုကို  အပန်းဖြေနားနေ ဖို့သုံးစွဲပစ်မယ့်အစား သူလုပ်ဖို့ဆန္ဒပြင်းပြတဲ့ လုပ်ငန်းစီမံ ကိန်းတွေကို ကမ္ဘာကြီးကိုပြောင်းလဲပစ်မယ့် ကုမ္ပဏီတွေဖြစ် လာအောင် ပြောင်းလဲပေးတဲ့နေရာမှာ အဲဒီငွေတွေကို ပိုပြီး […]
Posted On October 17, 2014, By Editorial

စားသောက်ဆိုင်လုပ်ငန်း လုပ်မယ်ဆိုရင် စေတနာအဓိကထားပါဆိုတဲ့ Feel ရဲ့ Managing Director ဦးစိုးညီညီ

စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့အတူ ရန်ကုန်မြို့ရဲ့လမ်းတွေပေါ်မှာ စားသောက်ဆိုင်တွေ တဖြည်းဖြည်းနဲ့တိုးပွားလာတာကို တွေ့ရပါတယ်။ ပြည်တွင်းက စားသောက်ဆိုင်တွေ များပြားလာသလိုပဲ The Pizza Company ၊ Manhattan Fish Market  ၊ Lotteria  စတဲ့ နိုင်ငံတကာစားသောက်ဆိုင်လုပ်ငန်းတွေလည်း ၀င်ရောက်လာတာကို တွေ့ရပါတယ်။ ပြည်တွင်းစားသောက်ဆိုင်လုပ်ငန်းတွေထဲ   မှာ Feel စားသောက်ဆိုင်ဟာ နာမည်တစ်ခုရယူထားနိုင်တဲ့ Brand တစ်ခုဖြစ်ပါတယ်။ လက်ရှိဆိုင်ခွဲပေါင်း ၁၅ ဆိုင်ဖွင့်လှစ်ထားပြီး ပြည်တွင်းစားသုံးသူတွေသာမက ပြည်ပက စားသုံးသူတွေကိုပါ ဆွဲဆောင်နိုင်တဲ့ Feel ရဲ့ လုပ်ငန်းလည်ပတ်မှုတွေနဲ့ ပတ်သက်ပြီး Managing Director  ဦးစိုးညီညီနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။   စတင်တည်ထောင်ဖြစ်ခဲ့ပုံနှင့်ရည်ရွယ်ချက် ၁၉၉၂ ခုနှစ်လောက်မှာ Dream Hamburger & Snack  ကို စဖွင့်ခဲ့ပါတယ်။ ကျွန်တော့်အစ်ကိုအကြီးဆုံးက သြစတြေးလျက […]
Posted On September 24, 2014, By Editorial

ဂေါက်ရိုက်လေ့ကျင့်ရင်း အနားယူအပန်းဖြေနိုင်မယ့်OKKALA GOLF RANGE

ဂေါက်သီးရိုက်အားကစားကိုစတင်ပြီးလေ့လာချင်လို့ပဲဖြစ်ဖြစ်၊လက်ရည်ကျသွားလို့ လေ့ကျင့်ချင်တာပဲဖြစ်ဖြစ်၊ အဲဒီလိုလေ့ကျင့်ချင်သူတွေအတွက် စနစ်တကျ သင်တန်းတွေပေးပြီး မြန်မာ့ဂေါက်သီးရိုက်အားကစား လောကကို အဆင့်မြင့်စေချင်တယ်ဆိုတဲ့ Okkala Golf Range ရဲ့ Managing Director  ဦးဆန်းထွန်းနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ ဂေါက်သီးရိုက်အားကစားနဲ့ကျန်းမာရေး ဂေါက်သီးရိုက်အားကစားက ကျန်းမာရေးကို အတော်လေး အထောက်အကူပြုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက လမ်းလျောက်ပြီး ကစားရတာဖြစ်ပါတယ်။ အနည်းဆုံး ငါးမိုင် လောက် လမ်းလျောက်ကစား ရတာပါ။ နောက်တစ်ခုက ရိုက်တဲ့အခါမှာလည်း အင်အားသုံးပြီး ရိုက်ရတာပဲဖြစ်ပါ တယ်။ ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ လှုပ်ရှားမှုနဲ့ သွေးလေလည် ပတ်မှုကိုလည်း ထိန်းညှိပေးပါတယ်။ ကိုယ်ခန္ဓာမှာရှိတဲ့ အဆီပိုတွေကို လျော့ချတဲ့နေရာမှာ ထိရောက်မှုရှိတာကိုတွေ့ ရပါတယ်။   ဂေါက်သီးရိုက်အားကစားနဲ့ ရရှိလာတဲ့ အကျိုးတရားများ ဂေါက်သီးရိုက်အားကစားဆိုတာ Social အားကစားတစ် ခုလည်း ဖြစ်ပါတယ်။ လူမှုဆက်ဆံရေးအားကစားတစ်ခုပါ။ […]
Posted On September 11, 2014, By Editorial

အာဆီယံဈေးကွက်ကို တိုးချဲ့ဖို့ ကြိုးပမ်းလာကြတဲ့ ထိုင်း SME တွေ

လာမယ့် ၂၀၁၅ ခုနှစ် AEC မှာ ဈေးကွက်အပြိုင်အဆိုင်လက်ဦးမှုရယူဖို့အတွက် ထိုင်းအသေးစားအလတ်စား စီးပွားရေးလုပ်ငန်းရှင် အုပ်စုဟာ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် UMFCCI မှာ  မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် စားသောက်ကုန် လုပ်ငန်း၊  သန့်ရှင်း ရေးသုံးပစ္စည်းထုတ်လုပ် တဲ့လုပ်ငန်း၊  မှန်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း စတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီး လာရောက်ဆွေးနွေး ခဲ့ကြပါတယ်။ ဒါကြောင့်  အဲဒီပွဲကိုတက်ရောက်လာကြတဲ့ ထိုင်းစီးပွားရေးလုပ်ငန်းရှင်အချို့ကို သူတို့ရဲ့လက်ရှိလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။   Ms Theerada Hosajakul International Business Manager J.D. Good Products Co lTd About Us ကျွန်မတို့ကုမ္ပဏီက […]
Posted On September 5, 2014, By Editorial

အရည်အသွေးမြင့် Gas တွေကို တင်သွင်းဖြန့်ချိနေတယ်ဆိုတဲ့ YIG

  ခုအချိန်မှာ မြန်မာနိုင်ငံကို ပြည်ပရင်းနှီးမြှုပ်နှံမှု့တွေ အမြောက်အမြား ၀င်ရောက်လာကြပါတယ်။ ပြည်ပကနေ တိုက်ရိုက်မြှုပ်နှံမှုအဖြစ် ၀င်ရောက်လာသလို ပြည်တွင်းမှာရှိနေတဲ့ ကုမ္ပဏီတွေ လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး အကျိုးတူ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်လာကြပါတယ်။ နိုင်ငံတကာအဆင့်မီ ကုန်ပစ္စည်းထုတ်လုပ်ခြင်း အရည်အသွေးမြင့် နည်းပညာများအသုံးပြုလာခြင်း ပြည်တွင်းမှာပဲ အရည်အသွေးကောင်းမွန်တဲ့ ထုတ်ကုန်ပစ္စည်းတွေ ရရှိနိုင်စေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက်Bangkok Industrial Gas Co ltd (BIG) နဲ့ အကျိုးတူပူးပေါင်းကာ အရည်အသွေးမြင့် Gas တွေကို တင်သွင်းဖြန့်ချိနေတဲ့ YIG Co ltd က မန်နေးဂျင်းဒါရိုက်တာဦးအောင်ကျော်နဲ့ ခုလိုတွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။   YIG Co ltd  ကို တည်ထောင်တဲ့ခုနှစ် YIG ကို တရားဝင်ခွင့်ပြုချက်ရပြီး ၂၀၁၂ […]
Posted On August 16, 2014, By Editorial

အပန်းဖြေရင်း အားကစားလုပ်နိုင်မယ့် FITNESS XPRESS

  အောင်မြင်လိုတဲ့လူတိုင်းအတွက် ပထမအဆင့်အနေနဲ့ လုပ်ဆောင်ရမှာက ကျန်းမာရေးကောင်းမွန်ဖို့ပဲဖြစ်ပါတယ်။  ဒါမှသာ မိမိသွားလိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကို အဆင်ပြေချောမွေ့စွာ လျောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ကျန်းမာရေးလိုက်စားတဲ့နေရာမှာလည်း အစားအသောက်၊ အနေအထိုင်ဆင်ခြင်တာထက် လေ့ကျင့်ခန်းများများလုပ်တာဟာ အထိရောက်ဆုံးလက်နက်တစ်ခုဖြစ်ပါတယ်။  ဒါအပြင် လုပ်ငန်းခွင်လုပ်ကိုင်နေသူတွေအတွက်လည်း ကျန်းမာရေးကောင်းမွန်ပြီး စွမ်းဆောင်ရည်မြင့်မားစေဖို့ မဖြစ်မနေလုပ်ဆောင်ရမယ့် အလေ့အကျင့်တစ်ခုဖြစ်တယ်လို့ မြင်မိပါတယ်။ ဒါကြောင့် စာဖတ်ပရိသတ် တွေအတွက် အေးအေးဆေးဆေးအပန်းဖြေအနားယူလို့ရသလို လေ့ကျင့်ခန်းတွေလုပ်နိုင်မယ့် အဆင့်မြင့်အားကစားရုံတစ်ခုဖြစ်တဲ့Fitness Express Malikha Clubhouse အကြောင်း ဖော်ပြပေးလိုက်ပါတယ်။ တည်နေရာနဲ့ဖွင့်ချိန် မလိခအိမ်ရာ၊ ရတနာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန် ကုန်မြို့၊ ဖုန်းနံပါတ်အနေနဲ့ ၀၉ ၂၅၀၄၉၉၉၉၈ တို့ဖြစ် ပြီး ဖွင့်ချိန်အနေနဲ့ နံနက် ၆ နာရီကနေ ည ၁၀ နာရီ အထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။   […]
Posted On August 16, 2014, By Editorial

Travel Agent အများဆုံစည်းရာ Thailand-Myanmar Table Top Sales and Gala Dinner

ဥက္ကဋ္ဌ Mr Sisdivachr Cheewarattanaporn  ရဲ့ဦးဆောင်မှုနဲ့  Association of Thai Travel Agents (ATTA)  ကအဖွဲ့ဝင် ၁၂၅ ယောက်ဟာ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံရှိTourism Business Operator  များနဲ့ တွေ့ဆုံခဲ့ပါတယ်။ Project of AEC Explore  လို့ အမည်ပေးထားတဲ့သူတို့ရဲ့ခရီးစဉ်ကို ဧပြီလ၂၁ ကနေ ၂၆ ရက်နေ့အထိ ပြုလုပ်ခဲ့တာဖြစ်ပြီး ၂၃ ရက်နေ့မှာ Table Top Sales  များနဲ့ရင်းရင်းနှီးနှီး ညစာစားသုံးခဲ့ ကြပါတယ်။ အခုလို ပွဲကျင်းပရတာဟာ ထိုင်းနဲ့မြန်မာနိုင်ငံကြား စီးပွားရေးလုပ်ငန်းများပိုမိုတိုးချဲ့လုပ်ကိုင် နိုင်စေဖို့ ရည်ရွယ်ခြင်းဖြစ်သလို မြန်မာနိုင်ငံအနေနဲ့ ထိုင်းနိုင်ငံရဲ့အကျော်ကြားဆုံးဟိုတယ်တွေ၊ Ground Operator တွေ၊ ထိုင်းနိုင်ငံရဲ့ခေတ်အမီဆုံးTourist Destination  တွေသိရှိနိုင်စေဖို့နဲ့ Toursim Product […]
Posted On August 16, 2014, By Editorial

MBA တို့ပြောတဲ့MBA အကြောင်း

နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့  စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ (MBA) ရဲ့ ၊ ဘွဲ့ကြိုတွေရဲ့ ခုနစ်ကြိမ်မြောက်နှစ်ပတ်လည်မိတ်ဆုံညစာစားပွဲကို ၂၀၁၄ ခုနှစ်၊ မတ်လ ၂၃ ရက်က ရန်ကုန်မြို့ MCC  ခန်းမမှာ ကျင်းပခဲ့ပါတယ်။ ရန်ကုန်စီးပွားရေးတက္ကသိုလ် စီမံခန့်ခွဲမှုပညာ ဌာနကနေ MBA သင်တန်းစတင်ခဲ့တဲ့ ၁၉ နှစ်တာကာလအတွင်းတက်ရောက်ခဲ့ကြတဲ့ အချိန်ပြည့်နေ့ပိုင်းသင်တန်း၊EMBA  ညနေသင်တန်းအသီးသီးက ဘွဲ့ရတွေက ဦးဆောင်ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဗြ အသိုင်းအ၀ိုင်းတစ်ခုလုံး ပြန်လည် ဆုံစည်းနိုင်ကြဖို့ အချင်းချင်းရင်းနှီးနွေးထွေးစွာနဲ့ အတွေ့အကြုံ၊ အသိပညာတွေဖလှယ်နိုင်ကြစေဖို့ ရည်ရွယ်ပြီး နှစ်ပတ်လည် မိတ်ဆုံစားပွဲကို ကျင်းပခြင်းဖြစ်ပါတယ်။ အဆိုပါမိတ်ဆုံစားပွဲကို တက်ရောက်လာကြတဲ့ MBA ဘွဲ့ကြို၊ ဘွဲ့ရအချို့နဲ့ MBA သင်ကြားခဲ့တဲ့အတွေ့အကြုံနဲ့ပတ်သက် ပြီး တွေ့ဆုံမေးမြန်းထားတာ ကို ဖော်ပြပေးလိုက် ပါတယ်။       ဦးမျိုးဝင်းသန်း […]
Posted On August 7, 2014, By Editorial
1 15 16 17 18 19 23