advertisement-image
Articles

ခေါင်းဆောင်တာဝန်ယူရမယ့် မန်နေဂျာတွေအတွက် အကြံပြုချက် ၁၀ ချက်

ကုမ္ပဏီတစ်ခုရဲ့ ရာထူးအကြီးဆုံးပုဂ္ဂိုလ်တွေ၊ ဒါမှမဟုတ် CEO တွေ အားလုံးနီးပါးဟာ ဦးစီးခေါင်းဆောင်ဆိုတာ မွေးရာပါအရည်အချင်းတွေကြောင့် မဟုတ်ဘဲ ကြိမ်ဖန်များစွာ တစိုက်မတ်မတ် ကြိုးစားတဲ့ အရည်အချင်းကြောင့်သာ ဖြစ်လာတယ်ဆိုတာကို တစ်ညီတစ်ညွတ်တည်း လက်ခံကြပါတယ်။ နောက်ပြီး သူတို့က မန်နေဂျာဖြစ်တိုင်း ဦးစီးခေါင်းဆောင် မဟုတ်ဘူးဆိုတဲ့ အပေါ်မှာလည်း သဘောထား ထပ်တူထပ်မျှ တူညီကြပါတယ်။ မန်နေဂျာအဖြစ်ကနေ ဦးစီးခေါင်းဆောင်ဖြစ်အောင် ကြိုးစားမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ဖို့နဲ့ အတွေးအခေါ်၊ အကြံအစည်၊ သဘောထား၊ စိတ်နေစိတ်ထား စတဲ့တိကျတဲ့ အရည်အချင်းတွေလည်း ရှိဖို့လိုအပ်တယ်လို့ အောင်မြင်ကျော်ကြားတဲ့ ဦးစီးခေါင်းဆောင်တွေက ပြောကြပါတယ်။ မန်နေဂျာလုပ်ရာကနေ ဦးစီးခေါင်းဆောင်အဖြစ် ပြောင်းလဲတာဝန်ယူ လုပ်ကိုင်ရတဲ့အခါ သိထားသင့်တဲ့အချက်တွေကို အ ကြံပြုချက်ဆယ်ချက်အဖြစ် တင်ပြပေးလိုက်ပါတယ်။ ၁။ ပထမဦးဆုံးအနေနဲ့ Change နဲ့ Transition သဘောသဘာဝချင်း မတူညီတာကို သတိပြုပါ။ […]
Posted On September 19, 2016, By Editorial

စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ် သြဇာညောင်းခြင်းနှင့် အများသက်သေ သဘောတရား

ဉာဏ်ပညာအမြော်အမြင်၊ အသိပညာနဲ့ ဂုဏ်ဒြပ်ရှိတဲ့ လူတွေအပေါ်မှာ ကျွန်တော်တို့က ပိုပြီးအားကိုးအားထားပြုကြပါတယ်။ မိဘ၊ ဆရာသမား၊ ရာထူးကြီးသူ၊ ပညာရှင်၊ ထင်ပေါ်ကျော်ကြားသူများပြောတဲ့စကားဆိုရင် ပိုအလေးထားကြပါတယ်။ ကျွန်တော်တို့နဲ့ စေ့စပ်ညှိနှိုင်းဖော်များဟာလည်း အဲဒီလိုသြဇာညောင်းသူတွေအပေါ် ယုံကြည်လက်ခံမှုပိုရှိကြတယ်ဆိုတာ သိပြီးပြီဆိုရင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ကျွန်တော်တို့ကိုယ်တိုင်ဟာ သြဇာညောင်းသူ ဖြစ်တယ်ဆိုတာကို သူတို့သိအောင်လုပ်ရမှာပေါ့။ ကျွန်တော်တို့ရဲ့ တင်ပြချက်ကို ဆွေးနွေးတဲ့အခါ ကျွန်တော်တို့မှာ သင့်လျော်တဲ့အရည်အချင်းရှိကြောင်း၊ ကျွမ်းကျင်မှုနဲ့ ယုံကြည်စိတ်ချရမှုရှိကြောင်း ပေါ်လွင်စေသင့်ပါတယ်။ ဒါပေမဲ့ အကြွားပိုပြီး ကိုယ်ရည်သွေးခြင်းမဖြစ်အောင်တော့ ဂရုစိုက်ရပါမယ်။ ကျွန်တော်တို့ရဲ့ သြဇာညောင်းမှုဟာ ကျွန်တော်တို့ပြောကြားတဲ့ သတင်းစကားတွေမှာ ခိုင်လုံတဲ့အထောက်အထားတွေ ရှိရပါမယ်။ အရည်မရ အဖတ်မရစကားတွေ မဖြစ်သင့်ပါဘူး။ အ၀တ်အစားကလည်း ကိုယ့်ဆွေးနွေးဖက်နဲ့တန်းတူ ဒါမှမဟုတ် နှာတစ်ဖျားအသာ ဖြစ်စေသင့်ပါတယ်။ အလွန်အကျွံသာလွန်ခြင်းတော့ မဖြစ်စေသင့်ပါ။ မိတ်ဆက်ရာမှာ သြဇာညောင်းသူ ဖြစ်ကြောင်းဖော်ပြနိုင်တဲ့ ရာထူးဌာနန္တရ၊ […]
Posted On September 19, 2016, By Editorial

မြန်မာနိုင်ငံကြော်ငြာလုပ်ငန်းရှင်များအသင်းမှ ကြော်ငြာလုပ်ငန်း အခြေခံသင်တန်းဖွင့်လှစ်သင်ကြား

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်က ရန်ကုန်မြို့၊ အလုံမြို့နယ်၊ နှင်းဆီလမ်းရှိ Thalun International School မှာ Advertising Fundamental Course အမှတ်စဉ် ၁/၂၀၁၆ ကို စတင်ခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားမှာ မြန်မာနိုင်ငံ ကြော်ငြာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာသာထွန်းဦးက အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အသင်းရဲ့အလုပ်အမှုဆောင်တွေကို သင်တန်းသားတွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံကြော်ငြာလုပ်ငန်းရှင်များအသင်းရဲ့ ဒု-ဥက္ကဋ္ဌတွေဖြစ်တဲ့ ဒေါ်လင်းလင်းတင်ထွန်းနဲ့ ဦးအောင်သူရတို့ကလည်း ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပေးကာ သင်တန်းနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကြပါတယ်။ သင်တန်းသားဦးရေ ၉၃ ဦးကို သင်တန်းကြေး သုံးသောင်းကျပ်နှုန်းနဲ့ လက်ခံခဲ့ပြီး သင်တန်း ပထမနေ့မှာတော့ မြန်မာနိုင်ငံကြော်ငြာလုပ်ငန်းရှင်များအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အေးနှင်းဆွေမှ Fundamentals of Advertising ၊ EC Member ဖြစ်သူ ဒေါ်ခင်မြတ်သူမှ Account […]
Posted On September 4, 2016, By Editorial

ခေါင်းကိုက်ခြင်းအတွက် လွယ်လွယ်ကူကူ ဆေးတစ်လက်

ခေါင်းကိုက်ခြင်းဟာ လွန်စွာအဖြစ်များပါတယ်။ ဘာကြောင့်လဲဆိုတော့ ခေါင်းကိုက်စေတဲ့ အကြောင်းအရင်း များစွာရှိလို့ပါပဲ။ တချို့ခေါင်းကိုက်ပြီဆိုရင် နေ့စဉ်လိုလို ကုသမှုတွေတောင် ပြုလုပ်ရပါတယ်။ ကံကောင်းစွာနဲ့ပဲ၊ အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့ပဲ ခေါင်းတစ်ခြမ်းကိုက်တာနဲ့ တခြားခေါင်းကိုက်တဲ့ ပြဿနာတွေကို သက်သာစေပါတယ်။ လဗင်ဒါအဆီ (Lavender Oil) . . . လဗင်ဒါပန်းရဲ့ အနံ့ဟာ မွှေးရုံတင်မကဘဲ ခေါင်းကိုက်တာကို သက်သာစေပါတယ်။ လဗင်ဒါအဆီကို လိမ်းတာပဲဖြစ်ဖြစ် ရှူတာပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။ အနံ့ကိုရှူမယ်ဆိုရင်တော့ ပွက်ပွက်ဆူနေတဲ့ ခွက်သုံးခွက်ထဲမှာ လဗင်ဒါအဆီ နှစ်စက် သုံးစက်လောက်ထည့်ပြီး ထွက်လာတဲ့အငွေ့ကို ရှူရှိုက်ခြင်းက ခေါင်းကိုက်တာကို သက်သာစေပါတယ်။ အခြားသော ဆေးအဆီတွေနဲ့ မတူတာကတော့ စိတ်ချစွာနဲ့ လိမ်းနိုင်သလို ရေရောစရာလည်း မလိုတာမို့ သိပ်ကိုကောင်းပါတယ်။ ဒါပေမဲ့ လဗင်ဒါအဆီကို သောက်သုံးမှီဝဲတာမျိုးတော့ လုပ်လို့မရပါဘူး။ ပူဒီနာအဆီ […]
Posted On August 12, 2016, By Editorial

အလကားရတိုင်းမစားနဲ့

အာဆီယံနိုင်ငံတွေက စစ်တုရင်အဖွဲ့ချုပ်တွေ စုစည်းပြီး ဖွဲ့စည်းထားတဲ့ အာဆီယံနိုင်ငံများ စစ်တုရင်အဖွဲ့ချုပ် (ASEAN Chess Confederation) ဆိုတာ ရှိပါတယ်။ ၂၀၀၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာပါ။ အဲဒီနှစ်ကနေစပြီး အာဆီယံဒေသအတွင်းက ကလေးတွေအကြားမှာ စစ်တုရင်ကစားနည်း ပိုမိုတိုးတက်ထွန်းကားဖို့နဲ့ ချစ်ကြည်ရင်းနှီးစေဖို့ ရည်ရွယ်ပြီး သက်တမ်းအလိုက် စစ်တုရင်ပြိုင်ပွဲတွေကို နှစ်စဉ်ကျင်းပပေးပါတယ်။ ၁၇ ကြိမ် မြောက်ပြိုင်ပွဲကို ၂၀၁၆ ခုနှစ်မှာ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ အစဉ်အလာကြီးမားတဲ့ ပြိုင်ပွဲကြီးဖြစ်တဲ့အလျှောက် နိုင်ငံတွေ၊ ပြိုင်ပွဲဝင်တွေကလည်း လေးလေးစားစား ၀င်ရောက်ယှဉ်ပြိုင်ကြပါတယ်။ ဂရင်းမာစတာတွေကို နည်းပြအနေနဲ့ ခေါ်လာကြပြီး ကလေးတွေကို နည်းပြစေကြတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ နည်းပြတွေက ကလေးတွေကို ပုံမှန်အချိန်တွေမှာ သင့်နိုးရာရာတွေ သင်ပေးတယ်။ ပြိုင်ပွဲရက်တွေမှာ ယှဉ်ပြိုင်ရမဲ့ ပြိုင်ဘက်ပေါ်မူတည်ပြီး […]
Posted On August 11, 2016, By Editorial

Square Line Decorative Materials

ဆိုင်တည်နေရာနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ် . . . အမှတ် ၈၆၊ ပတ္တမြား ၂ လမ်း၊ ၁၀ ရပ်ကွက်၊ အရှေ့ဒဂုံ၊ မြောက်ဒဂုံအနီး၊ ကုန်ပဒေသာလမ်းဆုံအနားမှာ ဆိုင်ဖွင့်ထားပြီး www.facebook.com/squarelinedecor နဲ့ ၀၉၉၇၆၈၂၅၉၉၄ ကနေတဆင့် ဆက်သွယ်နိုင်ပါတယ်။ ဆိုင်ဖွင့်ချိန် . . . ဆိုင်ဖွင့်ချိန်ကတော့ မနက်ကိုးနာရီကနေ ခြောက်နာရီထိ ဖြစ်ပါတယ်။ စတင်ဖွင့်လှစ်ခဲ့တဲ့ခုနှစ်နဲ့ ရည်ရွယ်ချက် . . . ဆိုင်ကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ကျွန်မတို့က ဆောက်လုပ်ရေးလုပ်ငန်း လုပ်ရင်းနဲ့ အိမ်အလှဆင်ပေးခဲ့ရာကနေ တဖြေးဖြေးနဲ့ ဒီလုပ်ငန်းကို လုပ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ ရနိုင်တဲ့ ပစ္စည်းအမျိုးအစား . . . ကျွန်မတို့ဆီမှာ Accessories ပစ္စည်းအသေးလေးတွေဖြစ်တဲ့ […]
Posted On August 11, 2016, By Editorial

အစေခံခေါင်းဆောင်

ကျွန်တော့်ဘ၀မှာ ပထမဆုံးအကြိမ် အစေခံခေါင်းဆောင်နဲ့ပတ်သက်ပြီး ကြုံတွေ့ရတဲ့ကာလက Service Master မှာ ပထမဦးဆုံး ၀င်လုပ်တဲ့အချိန်ဖြစ်ပါတယ်။ ကျွန်တော်ဟာ အီလီနွိုက်ပြည်နယ်၊ ၀ီတန်ကောလိပ်မှာ ကျောင်းတက်ခဲ့ပြီး ၀ီတန်ကော်လိပ်ရဲ့ စီမံခန့်ခွဲမှုကော်မတီမှာ ကျွန်တော်သင်ယူခဲ့တဲ့ရှေ့နေပညာရပ်နဲ့ ဆယ်နှစ်တိတိ အလုပ်လုပ်ခဲ့ပါတယ်။ ပြင်ပလောကထွက်ပြီး ရှေ့နေအနေနဲ့ လုပ်စားဖို့ စဉ်းစားတုန်း ServiceMaster မှာ အလုပ်လုပ်ဖို့ ဆက်သွယ်ခြင်းခံရပါတယ်။ အဲဒီအချိန်မှာ ServiceMaster မှာ Ken Hensen က ဥက္ကဋ္ဌရာထူးနဲ့ Ken Wessner က အမှုဆောင်အရာရှိချုပ် တာဝန်ယူထားပြီး ကျွန်တော့်အနေနဲ့ နှစ်ယောက်စလုံးနဲ့ တွေ့ခဲ့ရပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ တကယ်ကျွမ်းကျင်ပြီး တော်တဲ့အရောင်းသမားကောင်းတွေဖြစ်ပါတယ်။ သူတို့ ဦးဆောင်နေရတဲ့အချိန်မှာ ServiceMaster ဟာ အများပိုင်ကုမ္ပဏီ သေးသေးလေး တစ်ခုသာဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးက ServiceMaster ရဲ့ ရှေ့ရေးတစ်ခုလုံးကို […]
Posted On August 10, 2016, By Editorial

တစ်ခုတည်းသော တာရှည်ခံ

တရုတ်နိုင်ငံက နိုင်ငံတကာဈေးကွက်ကို အောင်မြင်စွာ ထိုးဖောက်ပြီး ကမ္ဘာအနှံ့မှာ တရုတ်နိုင်ငံလုပ်ပစ္စည်းများကို လူကြိုက်များအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ဈေးကွက်ထိုးဖောက်ရေး စီမံခန့်ခွဲမှုဗျူဟာက ပြိုင်ဘက်ကုန်စည်များထက် ဈေးနှုန်းသက်သာအောင် ရောင်းချနိုင်ခြင်းပါပဲ။ ဈေးသက်သာခြင်းဆိုတာက ဈေးဝယ်သူတွေ အမြဲလို ဆွဲဆောင်နိုင်တယ်ဆိုတာကတော့ ငြင်းစရာ မရှိပါဘူး။ ဒါပေမဲ့ ဈေးသက်သာအောင်လို့ ထုတ်ကုန်အရည်အသွေးကို လျှော့ချရတတ်တာမို့ အဲဒါကတော့ ဖောက်သည်အများစုရဲ့ အယုံအကြည်ကင်းမဲ့ခြင်းကို ခံရတတ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဟာသကလေးတစ်ခု တွေ့ရပါတယ်။ စာသင်ခန်းထဲမှာ တရုတ်နိုင်ငံက မဟာတံတိုင်းကြီးအကြောင်း သင်ကြားနေပါတယ်။ တရုတ်တံတိုင်းကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၂၂၀ ကျော်ကတည်းက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး  ယခုအထိ အံ့သြဖွယ်ရာ တည်ရှိနေဆဲဖြစ်ကြောင်း ဆရာမက ပြောပြရင်း မေးခွန်းတစ်ခု မေးလိုက်ပါတယ်။ ''တရုတ်နိုင်ငံတံတိုင်းကြီး ကျော်ကြားရတဲ့ အကြောင်းရင်းကဘာလဲ'' ဆိုတော့ တစ်တန်းလုံး ရုတ်တရက် […]
Posted On August 9, 2016, By Editorial

Career တစ်ခုကနေ နောက်တစ်ခုပြောင်းဖို့လုပ်တဲ့ အချိန်မှာ စဉ်းစားသင့်တဲ့အချက်တွေ၊ မပြောင်းခင် ပြင်ဆင်သင့်တဲ့ အချက်များ

အလုပ်ပြောင်းတယ်လို့ ပြောတဲ့အခါမှာ ကိုယ်နဲ့ Career တူတဲ့အလုပ်ကို ပြောင်းတာနဲ့ Career မတူတဲ့ အလုပ်ကို ပြောင်းတာဆိုပြီး Situation နှစ်မျိုးရှိပါတယ်။ အဓိကအနေနဲ့ အလုပ်ပြောင်းတယ်ဆိုရင်တော့ ကိုယ်ကဘာလဲ၊ ကိုယ်ဘာဖြစ်ချင်တာလဲဆိုတာကို သိဖို့လိုတယ်။ လူတော်တော်များများက ကိုယ်ဘာလုပ်ချင်တယ်ဆိုတာကို သေသေချာချာ ဝေခွဲနိုင်လေ့ မရှိကြပါဘူး။ ဒါကြောင့် တစ်ခုခုစမ်းလုပ်ကြည့်ပြီး ဒါကိုယ့်ဝါသနာမဟုတ်ဘူး၊ နောက်တစ်ခုပြောင်းလုပ်ကြည့်လည်း ကိုယ့်ဝါသနာ မဟုတ်သေးဘူးဆိုပြီး ဖြစ်လေ့ဖြစ်ထ ရှိတတ်ကြပါတယ်။ ဒါပေမဲ့ အောင်မြင်တဲ့လူတွေကတော့ ကိုယ်ဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာကို စောစောစီးစီးစဉ်းစားနိုင်ကြပါတယ်။ ဒါကြောင့် Career တစ်ခုပြောင်းတော့မယ်လို့ စဉ်းစားတယ်ဆိုရင် မပြောင်းခင်မှာ နံပါတ်တစ် ကိုယ်က ဘာဖြစ်ချင်တာလဲ၊ ကိုယ့်ရဲ့အားသာချက်တွေက ဘာတွေလဲ၊ ကိုယ်ဖြစ်ချင်တာကို ဖြစ်ဖို့အတွက် ကိုယ့်မှာကော အခြေခံကောင်းတွေ ရှိသလား၊ ရှိတယ်ဆိုရင်ကော ဒါတွေကိုကူညီပံ့ပိုးနိုင်ဖို့ ဘယ်လို ကြိုးစားမလဲ။ အဲဒီလိုမျိုး […]
Posted On August 9, 2016, By Editorial

မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း (ဗဟို)

မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းရှင်များအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးခင်မောင်သန်းနဲ့ တွေ့ဆုံခိုက်မှာ မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း ပေါ်ပေါက်လာပုံ၊ လက်ရှိဆောင်ရွက်နေတာတွေ၊ အသင်းဝင်ခြင်းကနေ ရရှိတဲ့အကျိုးကျေးဇူးတွေ၊ ၂၀၁၅ ခုနှစ် အိမ်ခြံမြေဈေးကွက် အခြေအနေ၊ ၂၀၁၆ ခုနှစ်အတွက် ပြင်ဆင်မှုတွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေ၊ တန်ဖိုးနည်းအိမ်ရာတွေ ပေါ်ပေါက်လာတဲ့အပေါ် အသင်းရဲ့အမြင်နဲ့ တာဝန်ယူမှုတွေ၊ စုပေါင်းပိုင်အဆောက်အအုံလုပ်ငန်း ဥပဒေပြဋ္ဌာန်းလာတဲ့အပေါ် အသင်းရဲ့အမြင်နဲ့ တာဝန်ယူမှုတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။ အသင်းပေါ်ပေါက်လာပုံနဲ့ လက်ရှိဆောင်ရွက်နေတာတွေ . . . မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်းကို ၂၀၀၅ ခု နှစ်မှာ ရန်ကုန်တိုင်း အိမ်ခြံမြေအကျိုးဆောင်တွေက ၀န်ဆောင်မှုပေးရာမှာ ကြုံတွေ့နေရတဲ့ အကျိုးဆောင်ပေးရပြီး ပွဲခမရတဲ့ကိစ္စတွေ၊ အကျိုးဆောင် (ပွဲစား) တွေအပေါ် အထင်သေး၊ အမြင်သေးနဲ့ ပြောဆိုဆက်ဆံခံရတဲ့ ကိစ္စတွေနဲ့ အကျိုးဆောင်တွေလိုအပ်တဲ့ ၀န်ဆောင်မှု ပညာရပ်တွေ၊ စီးပွားရေးကိုယ်ကျင့်သိက္ခာ ပညာရပ်တွေနဲ့ […]
Posted On August 8, 2016, By Editorial
1 62 63 64 65 66 94