Square Line Decorative Materials

Squareline1

ဆိုင်တည်နေရာနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ် . . .

အမှတ် ၈၆၊ ပတ္တမြား ၂ လမ်း၊ ၁၀ ရပ်ကွက်၊ အရှေ့ဒဂုံ၊ မြောက်ဒဂုံအနီး၊ ကုန်ပဒေသာလမ်းဆုံအနားမှာ ဆိုင်ဖွင့်ထားပြီး www.facebook.com/squarelinedecor နဲ့ ၀၉၉၇၆၈၂၅၉၉၄ ကနေတဆင့် ဆက်သွယ်နိုင်ပါတယ်။

ဆိုင်ဖွင့်ချိန် . . .

ဆိုင်ဖွင့်ချိန်ကတော့ မနက်ကိုးနာရီကနေ ခြောက်နာရီထိ ဖြစ်ပါတယ်။

Squareline2

စတင်ဖွင့်လှစ်ခဲ့တဲ့ခုနှစ်နဲ့ ရည်ရွယ်ချက် . . .

ဆိုင်ကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ကျွန်မတို့က ဆောက်လုပ်ရေးလုပ်ငန်း လုပ်ရင်းနဲ့ အိမ်အလှဆင်ပေးခဲ့ရာကနေ တဖြေးဖြေးနဲ့ ဒီလုပ်ငန်းကို လုပ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ရနိုင်တဲ့ ပစ္စည်းအမျိုးအစား . . .

ကျွန်မတို့ဆီမှာ Accessories ပစ္စည်းအသေးလေးတွေဖြစ်တဲ့ လိပ်စာကတ်လို အမှတ်တရပစ္စည်း အသေးလေးတွေကစပြီး အိမ်အတွင်း၊ အပြင် အလှဆင်ပစ္စည်းတွေဖြစ်တဲ့ သံဗန်းသံတံခါးကနေပြီး ပရိဘောဂပစ္စည်းတွေထိ ပစ္စည်းအမျိုးမျိုးကို ဒီဇိုင်းအမျိုးမျိုးကို ရရှိနိုင်ပါတယ်။ ကျွန်မတို့ရဲ့ ပစ္စည်းတွေက အဓိကအနေနဲ့ ဖန်တီးနိုင်မှုအပေါ်မူတည်ပြီး အမျိုးမျိုးပြုလုပ်လို့ ရပါတယ်။ ဒါကိုလည်း ကျွန်မတို့က အဓိကထားထားတာ ဖြစ်ပါတယ်။

Squareline3

ဈေးနှုန်းအပိုင်း . . .

ကျွန်မတို့ Product ရဲ့ တစ်စတုရန်းပေပတ်လည်ကို ဈေးအနိမ့်ဆုံး ၅၆၀၀ ကနေ အမြင့်ဆုံး တစ်သောင်းခွဲ အထိရှိပါတယ်။

Squareline4

ဝန်ဆောင်မှုအပိုင်းနဲ့ ထူးခြားချက် . . .

ကျွန်မတို့ဆိုင်မှာ လောလောဆယ်မှာ ပစ္စည်းအမျိုးပေါင်း တစ်ရာကျော်ကို ရရှိနိုင်နေပါပြီ။ ဒါအပြင် Customer တွေလိုချင်တဲ့ ဒီဇိုင်းပုံစံကိုလည်း ကျွန်မတို့က စိတ်တိုင်းကျ ဆောင်ရွက်ပေးပါတယ်။ ထူးခြားချက်အနေနဲ့ ဒီလို Product တွေကို အရင်ကနိုင်ငံတကာနေ သွင်းရတဲ့အခါကျတော့ Customer တွေလိုချင်တဲ့ Custom ဆိုဒ်၊ Custom ဒီဇိုင်းကို မရနိုင်ခဲ့ပေမဲ့ ကျွန်မတို့ဆီမှာကတော့ သူတို့လိုချင်တဲ့ ဆိုဒ်၊ ဒီဇိုင်းကို အိမ်တိုင်ရာရောက် အတိအကျ ၀န်ဆောင်မှုပေးနိုင်တာဖြစ်ပါတယ်။ ဆေးကိုလည်း သူတို့လိုချင်တဲ့အတိုင်း ၀န်ဆောင်မှု ပေးနေပါတယ်။