advertisement-image
Health

ခံတွင်းနံ့ ဘာကြောင့် မကောင်းရတာလဲ

ခံတွင်းနံ့မကောင်းတာက အတော်ဆိုးပါတယ်။ ဒါဆိုရင် သင်ဘာလုပ်နိုင်မလဲ။ ပီကေ၀ါးမလား။ သကြားလုံးငုံမလား။ ဒီနည်းလမ်းတွေက အကျိုးတော့ဖြစ်ပါတယ်။ ဒါပေမဲ့ ခဏပဲခံပါတယ်။ ပြီးတော့ သွားတိုက်မလား။ သိပ်ကို အရေးကြီးပါတယ်။ ဒါပေမဲ့ ကုသမှုအနေနဲ့ဆိုရင်တော့ သိပ်ထိရောက်မှု မရှိပါဘူးလို့ ဘရာဇီးမှာပြုလုပ်ခဲ့တဲ့ သိပံ္ပနည်းကျ လေ့လာမှုတွေအရ တွေ့ရှိရပါတယ်။ ပြည့်စုံတဲ့ နည်းစနစ်တစ်ခုကို သင်လိုအပ်နေတာဖြစ်ပါတယ်။ ဒါဆိုရင် ခံတွင်းနံ့မကောင်းရခြင်းရဲ့ အရင်းအမြစ်ကနေ စတင်ဖို့ပဲဖြစ်ပါတယ်။ ဒါကတော့ Volatile Sulfur Compound (VSC) ဆာလဖာဒြပ်ပေါင်းအငွေ့ကြောင့်ပဲ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ အဆိုအရတော့ ဒါတွေက ခံတွင်းနံ့ဆိုးတွေကို ဖြစ်ပေါ်စေတာပဲဖြစ်ပါတယ်။ ဆာလဖာဒြပ်ပေါင်းတွေ များပြားလာရတဲ့ အကြောင်းအရင်းကတော့ ခံတွင်းထဲမှာ ဖြစ်ပွားတတ်တဲ့ သွားဖုံးရောဂါနဲ့ ရောဂါပိုးမွှားတွေရှိတဲ့နေရာမှာ ဗက်တီးရီးယားတွေကို တွေ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ Clinical Perodontology Journal မှာ […]
Posted On November 5, 2015, By Editorial

လေ့ကျင့်ခန်းပြုလုပ်ခြင်း အကျိုးကျေးဇူးတွေ ချက်ချင်းပြန်ရနိုင်တယ်လို့ ပြန်လည်စဉ်းစားကြည့်ရအောင်

နောက်နေ့မနက်မှာ ကျွန်တော်ရေကူးမယ့် အစီအစဉ်ကိုမလုပ်ဖြစ်တော့ပါဘူး။ ကျွန်တော့်သူငယ်ချင်းနဲ့ သုံးမိုင်လောက် လမ်းလျှောက်ထားပြီးပါပြီ။ ကျွန်တော့်ခွေးလေးနဲ့လည်း  ပန်းခြံကိုသွားရင်း လေ့ကျင့်ခန်းသွားလုပ်ထားသေးတယ်။ ကျွန်တော် တော်တော်ပင်ပန်းနေပြီ။ ခါးတွေလည်း နာနေသလို၊ စာရေးစရာလေးလည်း ရှိသေးတယ်။ အိမ်မှာလည်း လုပ်စရာလေးတွေ ရှိသေးတယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့ အရင်တုန်းက အတွေ့အကြုံအရတော့ မိနစ် ၄၀ လောက် ရေကူးလိုက်တော့မှ နေလို့ထိုင်လို့ကောင်းပါတယ်။ ဟုတ်ပါတယ်။ တကယ်ကို နေလို့ကောင်းပါတယ်။ လန်းဆန်းသွားတယ်ဆိုတာထက် ပိုပြီးတော့ အင်အားတွေပြည့်လာသလို ခံစားရတယ်။ Sport ၊ Health and Activity Research and Policy Center  ၊ The University of Michigan ကို ဦးဆောင်နေတဲ့ Michelle Segar ပြောတာကတော့ သူ့ရဲ့လေ့ကျင့်ခန်းပြုလုပ်တဲ့ အကြောင်းတွေကို […]
Posted On September 18, 2015, By Editorial

လုပ်ငန်းခွင်မှာ စိတ်ပျော်ရွှင်ကျန်းမာအောင် ဘယ်လိုနေထိုင်ရမလဲ

ဝန်ထမ်းတွေရဲ့ တွေးခေါ်ပုံ၊ ခံစားမှုနဲ့ အပြုအမူတွေက လုပ်ငန်းအတွက်လိုအပ်တဲ့ အကျိုးရလဒ်တွေသာမကပဲ ဆက်ဆံရေးတွေမှာပါ များစွာအကျိုးသက်ရောက်မှုရှိပြီး လုံခြုံပါတယ်။ အလုပ်ရှင်အနေနဲ့ လုပ်ငန်းခွင်မှာ စိတ်ကျန်းမာပျော်ရွှင်အောင် လုပ်ဆောင်ပေးခြင်းက လုပ်ငန်းခွင်အသိုက်အဝန်းကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။   ၁။ ကျန်းမာတဲ့ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပါ ၂။ ဝန်ထမ်းတွေကို မိမိတို့ရဲ့ စိတ်ကျန်းမာရေးပြဿနာကို သိရှိအောင် ဆောင်ရွက်ပေးပါ ၃။ ဝန်ထမ်းတွေက စိတ်ဖိစီးမှုတွေ များနေကြပါတယ် ၄။ ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ကူညီဖြေရှင်းပေးပါ အဒိုနီရမ် Ref: www.forbes.com
Posted On September 2, 2015, By Editorial

ကျန်းမာရေးနဲ့ပတ်သက်ပြီး အလုပ်ခွင်မှာ ဘယ်လိုဖြေရှင်းမလဲ

မိသားစုအရေး၊ မိတ်ဆွေသူငယ်ချင်းတွေအရေးနဲ့ လူမှုရေးကိစ္စတွေပါ လုပ်ကိုင်နေရင်း အချိန်ပြည့် အလုပ်လုပ်နေရတာက လူတိုင်းအတွက် လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒါအပြင် နာတာရှည် ကျန်းမာရေးပြဿနာပါ ရှိလာမယ်ဆိုရင်တော့ ဒါတွေအားလုံးကို သင့်ရဲ့ စွမ်းဆောင်နိုင်တဲ့အားနဲ့ ပြီးမြောက်အောင် ဖြေရှင်းဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ကျန်းမာရေးပြဿနာရှိတဲ့သူတွေမှာတော့ သူတို့ရဲ့အစွမ်းအစတွေ၊ ခွန်အားတွေကို ကန့်သတ်လိုက်သလို ဖြစ်သွားပါတယ်။ ငွေကြေးရရှိခံစားမှုတွေကလည်း လျော့နည်းသွားပါတယ်။ အရေးကြီးဆုံးကတော့ သူတို့ရဲ့ အလုပ်ရှင်တွေက ကျန်းမာရေးကြောင့် ရုန်းကန်နေရတာတွေနဲ့ အခက်အခဲတွေကို နားလည်ပြီးတော့ တစ်နည်းတစ်လမ်း ကူညီပေးဖို့ လိုအပ်ပါတယ်။ ဒီလိုကူညီတဲ့အခါမှာ နည်းလမ်းများစွာရှိနိုင်ပါတယ်။ တချို့ကတော့ ကျန်းမာရေးလိုအပ်ချက်အရ ဆရာဝန်ဆီသွားပြဖို့ လိုအပ်ချိန်တွေတိုင်းမှာ အလုပ်ကို နောက်ဆံတင်းစရာမလိုပဲ ပေါ့ပေါ့ပါးပါး သွားရောက်ပြသနိုင်တာပဲ ဖြစ်ပါတယ်။ တချို့ကိုတော့ လမ်းညွှန်ပြောပြဖို့လိုပါတယ်။ နှစ်သိမ့်ဆွေးနွေးသူတွေ၊ စိတ်ပညာရှင်တွေ အစရှိတဲ့ ကျွမ်းကျင်ရာလိမ္မာရာ တတ်ကျွမ်းသူတွေနဲ့တွေ့ပြီး ကျန်းမာရေးအခြေအနေတွေကို ကောင်းစွာကိုင်တွယ်လာနိုင်သလို […]
Posted On August 25, 2015, By Editorial

2nd Myanmar Health Expo 2015

မြန်မာနိုင်ငံ ဆေးနဲ့ဆေးဝါးပစ္စည်းကုန်သည်များနဲ့ လုပ်ငန်းရှင်များအသင်း (Myanmar Pharmaceutical & Medical Equipment Entrepreneurs’ Association – MPMEEA) က ကြီးမှူးပြီး ဒုတိယအကြိမ် မြန်မာကျန်းမာရေးဆိုင်ရာပြပွဲ (2nd Myanmar Health Expo 2015) ကို ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမမှာ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်ကနေ ၇ ရက်အထိ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ကျင်းပလျက်ရှိပါတယ်။ ပြပွဲ ဖွင့်ပွဲနေ့မှာ မြန်မာနိုင်ငံ ဆေးနဲ့ဆေး ပစ္စည်းကုန်သည်များနဲ့ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူက အဖွင့်အမှာစကားနဲ့အတူ မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးစောင့်ရှောက်မှုမှာ တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုနေတဲ့ ဆေးဝါးတွေ၊ ဆေးဝါး ကုမ္ပဏီတွေ၊ ပြည်တွင်းပြည်ပ ပုဂ္ဂလိကဆေးရုံ၊ […]
Posted On February 6, 2015, By Editorial

လုပ်ငန်းခွင်မှာလုပ်နိုင်တဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းလမ်းများ

ရုံးလုပ်ငန်းလုပ်တဲ့သူတွေဟာ ရုံးလုပ်ငန်းတွေရဲ့ထုံးစံအတိုင်း အလုပ်စားပွဲမှာ တစ်ချိန်လုံးထိုင်နေရတဲ့အတွက် အ၀လွန်ခြင်းအ ပြင် နှလုံးရောဂါ လေဖြတ်တာ၊ ကင်ဆာရောဂါ အစရှိတာတွေကိုပါ ဖိတ်ခေါ်နေသလို ဖြစ်နေပါတယ်။ ဒီလိုအထိုင်များတဲ့ ရုံးလုပ်ငန်း တွေကို အရှုံးမပေးဘဲ ရုံးခန်းအတွင်းမှာ မကြာခဏ မတ်တတ်ရပ် တာမျိုး၊ လမ်းလျောက်တာမျိုးတွေလုပ်ပေးရင် ထိုင်နေတာထက် ကယ်လိုရီ ၅၀ လောက် ပိုမိုလောင် ကျွမ်းစေပါတယ်လို့ ကျန်းမာ ရေးပညာပေးတွေက ဆိုပါတယ်။ အကြောဆန့်တာ၊ ခြေထောက်ကို လှုပ်ရှားပေးတာလိုမျိုး လှုပ်ရှားမှုအသေးစားလေးတွေဟာ ထိုင် နေတဲ့အခါထက် ကယ်လိုရီလောင်ကျွမ်းနှုန်း ၂၀-၄၀ ရာခိုင်နှုန်း လောက် ပိုမိုမြန်ဆန်ပါတယ်။ အချိန်အကြာကြီးထိုင်ပြီး အလုပ်လုပ် ရတော့မယ်ဆိုရင် မကြာခဏ ထရပ်တာနဲ့ လမ်းလျောက်တာကို ဘယ်လိုဖြည့်ပြီး ထပ်လုပ်ရမလဲလို့ မေးမယ်ဆိုရင် အဓိကကတော့ ပုံမှန်လုပ်နေကျအလုပ်ရဲ့ လုပ်ငန်းဆောင်တာအစီအစဉ်တွေကြားမှာပဲ လမ်းလျောက်တာ၊ မတ်တတ်ရပ်တာကို […]
Posted On November 23, 2014, By Editorial

ကျန်းမာရေးဆိုင်ရာ အမေးအဖြေအချို့

ဆေးလိပ်ဖြတ်ရာမှာ အီလက်ထရောနစ်စီးကရက်ကို နည်းလမ်းတစ်ခုအဖြစ် သတ်မှတ်သင့်ပါသလား။   ယခုထက်ပိုပြီး လေ့လာဆန်းစစ်မှုတွေ မပြုလုပ်သေးခင်တော့ မသတ်မှတ်သင့်သေးပါဘူး။ E-cigarette တွေဟာ ရိုးရိုးစီးကရက်တွေနဲ့ ပုံစံတူပေမယ့် ဓာတ်ခဲထည့်ပြီး အသုံးပြု ရတဲ့ပစ္စည်းမျိုးဖြစ်ပါတယ်။ ဆေးရွက်ကြီးနဲ့ တခြားအပင်တွေကရတဲ့ပစ္စည်းတွေ မပါဝင်ဘဲ နီကိုတင်းပဲပါဝင်ပါတယ်။ ထွက်လာတဲ့ ဆေးလိပ်ငွေ့ဟာ အထဲမှာပါတဲ့ နီကိုတင်းအရည်ကို အငွေ့ပျံစေခြင်းမှ ရရှိပါတယ်။ လောင်ကျွမ်းမှုလည်း မရှိ၊ ကတ္တရာ၊ ကာဗွန်မိုနောက်ဆိုဒ် စတဲ့ဓာတ်ငွေ့တွေနဲ့လည်း ရှူရှိုက်မှုမရှိနိုင်တဲ့အတွက် E-cigarette  တွေဟာ ဘေးအန္တရာယ် သိပ်မရှိပါဘူးလို့ ထုတ်လုပ်ရောင်းချသူတွေက ဆိုပါတယ်။ ထုတ်လုပ်ရောင်းချနေသူတွေဟာ E-cigarette  က ဆေးလိပ်ဖြတ်ရာမှာ အထောက် အကူပြုပါတယ်လို့ ပြောပေမဲ့ အဲဒီအဆိုကို သက်သေပြဖို့ အချက်အလက်တွေ နည်းပါးနေ ပါသေးတယ်။ လတ်တလော ပြုလုပ်ထားတဲ့ သုတေသနတွေအရတော့ ဒီ E-cigarette  တွေဟာ […]
Posted On October 26, 2014, By Editorial

နိုးနိုးကြားကြားနဲ့အိပ်ရာထနိုင်ဖို့

အောင်မြင်တဲ့ စီးပွားရေးစွမ်းဆောင်ရှင်တစ်ဦးဖြစ်ဖို့ဆိုတာ အလုပ်ကြိုးစားဖို့ထက် ပိုအရေးကြီးတာက အလုပ်ကို စမတ်ကျကျ လုပ်ဆောင်နိုင်ဖို့ပဲဖြစ်တယ်။ အောင်မြင်ကျော်ကြားတဲ့ စီးပွားရေးသမားတိုင်းက အချိန်ဆိုတာ အကန့်အသတ်ရှိတယ်၊ တန်ဖိုးမြင့်တယ် ဆိုတာကို သိထားလေ့ရှိတယ်။ ဒါကြောင့် သူတို့ရဲ့အိပ်ချိန်ကို တတ်နိုင်သမျလျော့အောင် နေလေ့ရှိကြတယ်။ ဒါပေမဲ့သိထားသင့် တာက စမတ်ကျအ လုပ်လုပ်နိုင်ဖို့အချက်များစွာရှိပေမယ့် အရေးအကြီးဆုံးက အစီအစဉ်ကြိုတင်ရေးဆွဲထားခြင်းနဲ့ သင့်တင့်တဲ့ အိပ်စက်ချိန်ထားရှိ ဖို့ကိုတော့ မမေ့ထားသင့်ပါဘူး။ ဒါကြောင့် အချိန်ကိုအကျိုးရှိရှိအသုံးချနိုင်ဖို့ အိပ်ရာမ၀င်ခင် အောက်ပါ အချက် ငါး ချက်ကိုပြုလုပ်ပါ။ ဒါဆိုရင် သင်ဟာ နောက်တစ်နေ့မနက်မှာ နိုးနိုးကြားကြားနဲ့ စွမ်းအားတွေကို အစွမ်းကုန်ညှစ်ထုတ်ပြီး အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ၁။ ပြက္ခဒိန်ကိုကြည့်ပါ ကြိုတင်ပြင်ဆင်ဖို့ပျက်ကွက်တာဟာ ကျရှုံးဖို့ပြင်ဆင်ထားသလိုပဲဆိုတဲ့ အဆိုရှိပါတယ်။ ဒီနေ့ည ပြက္ခဒိန်ကို ကြိုကြည့်ထားခြင်းဖြင့် သင်ဟာ နောက်တစ်နေ့တာကို ကောင်းကောင်း ကိုင်တွယ်နိုင်မယ့်အပြင် […]
Posted On September 21, 2014, By Editorial

အပန်းဖြေရင်း အားကစားလုပ်နိုင်မယ့် FITNESS XPRESS

  အောင်မြင်လိုတဲ့လူတိုင်းအတွက် ပထမအဆင့်အနေနဲ့ လုပ်ဆောင်ရမှာက ကျန်းမာရေးကောင်းမွန်ဖို့ပဲဖြစ်ပါတယ်။  ဒါမှသာ မိမိသွားလိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကို အဆင်ပြေချောမွေ့စွာ လျောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ကျန်းမာရေးလိုက်စားတဲ့နေရာမှာလည်း အစားအသောက်၊ အနေအထိုင်ဆင်ခြင်တာထက် လေ့ကျင့်ခန်းများများလုပ်တာဟာ အထိရောက်ဆုံးလက်နက်တစ်ခုဖြစ်ပါတယ်။  ဒါအပြင် လုပ်ငန်းခွင်လုပ်ကိုင်နေသူတွေအတွက်လည်း ကျန်းမာရေးကောင်းမွန်ပြီး စွမ်းဆောင်ရည်မြင့်မားစေဖို့ မဖြစ်မနေလုပ်ဆောင်ရမယ့် အလေ့အကျင့်တစ်ခုဖြစ်တယ်လို့ မြင်မိပါတယ်။ ဒါကြောင့် စာဖတ်ပရိသတ် တွေအတွက် အေးအေးဆေးဆေးအပန်းဖြေအနားယူလို့ရသလို လေ့ကျင့်ခန်းတွေလုပ်နိုင်မယ့် အဆင့်မြင့်အားကစားရုံတစ်ခုဖြစ်တဲ့Fitness Express Malikha Clubhouse အကြောင်း ဖော်ပြပေးလိုက်ပါတယ်။ တည်နေရာနဲ့ဖွင့်ချိန် မလိခအိမ်ရာ၊ ရတနာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန် ကုန်မြို့၊ ဖုန်းနံပါတ်အနေနဲ့ ၀၉ ၂၅၀၄၉၉၉၉၈ တို့ဖြစ် ပြီး ဖွင့်ချိန်အနေနဲ့ နံနက် ၆ နာရီကနေ ည ၁၀ နာရီ အထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။   […]
Posted On August 16, 2014, By Editorial

ရုံးလုပ်ငန်းကြောင့် ဖြစ်ပွားနိုင်သော ကျန်းမာရေးပြဿ နာ ၆ မျိုး

အလုပ်စားပွဲမှာ တစ်နေ့လုံးထိုင်ပြီး အလုပ်လုပ်နေရတာဟာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အထိုင်များပြိး ဖိအားတွေ ပြည့်နေတဲ့ပတ်ဝန်းကျင်ကြောင့် ခါးနာတာတွေ၊ မျက်ရိုးကိုက်၊ မျက်လုံးညောင်းတာတွေ၊ အိပ်မပျော်တာတွေ စတဲ့ ပြဿနာတွေ ဖြစ်လာစေပါတယ်။ Urban Institute  မှ စီးပွားရေးနှင့် လူမှုရေးမူဝါဒသုတေသနပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ၁၉၅၀ ပြည့်နှစ်မှစပြီး ကာယအင်အားသုံးရတဲ့အလုပ်တွေဟာ ၅၀ ရာခိုင်နှုန်းအောက်ကနေ ၁၀ ရာခိုင်နှုန်းအောက်ကို ရောက်သွားတာ တွေ့ရပါတယ်။ ဒီလိုခွန်အားဗလအသုံးပြုရတဲ့အလုပ်တွေ ထက်ဝက်လောက်လျော့သွားတဲ့အတွက် အလုပ်လုပ်သူတွေဟာ စားပွဲခုံမှာ ထိုင်ပြီး လုပ်ရတဲ့အလုပ်တွေနဲ့ ဆက်စပ်တဲ့ကျန်းမာရေးပြဿနာတွေ ပေါ်ပေါက်လာပါတယ်။ ထိုအထိုင်များတဲ့အလုပ် နဲ့အလုပ်နဲ့ ဆက်စပ်တဲ့ကျန်းမာရေးပြဿနာ ခြောက်မျိုးနဲ့ ယင်းတို့ကို ဘယ်လိုကာကွယ်ရမလဲဆိုတာ ဖော်ပြသွားပါမယ်။   Carpel Tunnel Syndrome လှုပ်ရှားမှုတစ်မျိုးထဲကို ထပ်ခါထပ်ခါ လုပ်ရတဲ့အလုပ်မျိုးဟာ နာကျင်ကိုက်ခဲမှုတွေကို ဖြစ်ပွားစေပါတယ်။ ဒီရောဂါဟာ […]
Posted On July 26, 2014, By Editorial