advertisement-image
Feature

လုပ်ငန်းခွင်မှာပရော်ဖက်ရှင်နယ်မဆန်တဲ့ အကျင့် ၂၄ မျိုး

သင့်လုပ်ဖော်ကိုင်ဖက်တွေ စိတ်ညစ်အောင်လုပ်တာဟာ မကောင်းပေမယ့်သိပ်ပြဿနာမရှိပါဘူး။ သင့်အလုပ်ရှင်စိတ်ညစ်အောင်လုပ်တာကတော့သင့်ကို အလုပ်ပြုတ်စေနိုင်ပြီး ပရော်ဖက်ရှင်နယ်မဆန်တဲ့သူဖြစ်စေမှာပါ။ သင့်အတွက်အကောင်းဆုံးဖြစ်အောင် ဒီလိုအကျင့်ဆိုးတွေကိုရှောင်ရှားဖို့ကျွမ်းကျင်သူတွေ ထောက်ပြတဲ့အကျင့်ဆိုး ၂၄ မျိုးကိုစုစည်းဖော်ပြအပ်ပါတယ်။ ၁။ အလုပ်ကိုနောက်ကျရောက်ခြင်း။ အချိန်တိကျမှုဟာ အရေးကြီးပါတယ်။ အချိန်အတိအကျရောက်တာကပရော်ဖက်ရှင်နယ်ပီသပါတယ်။ သင့်ကုမ္ပဏီက သင့်ကိုဒီရာထူးကို လက်လွတ်စပယ်ခန့်ခဲ့တာမဟုတ်ပါဘူး။ ၂။ အစည်းအဝေးတိုင်းကို ဆယ်မိနစ်နောက်ကျရောက်ခြင်း။ အလားတူပဲအစည်းအဝေးကို သင်နောက်ကျရောက်ရင်အချိန်မီရောက်နှင့်တဲ့ သင့်လုပ်ဖော်ကိုင်ဖက်တွေေရော အစည်းအဝေးစီစဉ်သူကပါ သင့်ကိုလေးစားမှာမဟုတ်ဘူး။ ကိုယ့်ကိုသူများတွေ မျော်ရအောင်လုပ်တာဟာ ငဲ့ညှာစိတ်ကင်းမဲ့ကာရိုင်းပျပြီးလူပါးဝရာကျပါတယ်။ ၃။ အချိန်ပြည့်အပျက်သဘောဆောင်ခြင်း။ ”အဲဒါတော့ ဖြစ်မှာမဟုတ်ဘူး”၊”အဲဒါကတော့ အတော်လုပ်ရခက်မယ့်ပုံပဲ၊ ဒါမှမဟုတ် ”ဘယ်ကစလုပ်ရမှန်း ကျွန်တော်/ကျွန်မမသိဘူး” စသဖြင့် အပျက်သဘောဆန်တဲ့ စကားတွေနဲ့တုံ့ပြန်တာက သင်ဟာပူးပေါင်းဆောင်ရွက်တတ်သူမဟုတ်မှန်း ပေါ်လွင်စေတယ်။ အလားတူ ညည်းညူရုံနဲ့ပဲ သင့်ရဲ့သိက္ခာကျပါတယ်။ ”လူတိုင်းညည်းချင်ပေမယ့် ညည်းတာကပရော်ဖက်ရှင်နယ်မဆန်ပါဘူး။နေ့တိုင်းတစ်နေကုန်သင်ဗျစ်တောက်ဗျစ်တောက်ပြောနေရင်သူများတွေ ကသင့်ကိုရှောင်ကြလိမ့်မယ်။ Career Builder ရဲ့စစ်တမ်းအရ အလုပ်ရှင် ၆၂ ရာခိုင်နှုန်းဟာ […]
Posted On September 2, 2020, By CEO Editors

၀င်ရောက်နှောင့်ယှက်ဟန့်တားပါ

မန်နေဂျာများအတွက် ဆွန်ဇူးရဲ့စစ်ဆင်ရေးပညာ ယခင်လမှအဆက် ရှိရှိသမျခွန်အားတွေကို နည်းဗျူဟာဆိုင်ရာကိစ္စတွေအတွက်သာ ပုံအောသုံးစွဲနေကြသူများဟာ ရေတိုအကျိုးစီးပွားကိုသာ ကြည့်လုပ်နေကြသူတွေဖြစ်တယ်။ ရေရှည်မျော်မှန်းချက်ထားတဲ့ မဟာဗျူဟာအောင်မြင်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်နေကြသူများဟာ နောက်ဆုံးမှာရေတိုသမားများကို ကျော်လွှားလွှမ်းမိုးသွားကြမှာဖြစ်တယ်။ မိမိတို့ရဲ့ကုန်ပစ္စည်းများ ရောင်းထွက်ရေးနဲ့ကြော်ငြာရေးတွေမှာ ရေတိုနည်းပညာကို အလွန်အကျူးအသုံးပြုနေကြတာကို တွေ့နိုင်တယ်။ သူတို့ဟာ လောလောဆယ်ကုန်ပစ္စည်းရောင်းထွက်ရေးကိုပဲ အာရုံစိုက်ကြတယ်။ ရေရှည်ရောင်းသွားနိုင်ရေးနဲ့ ဖောက်သည်တွေနဲ့ ရေရှည်ဆက်သွယ်သွားနိုင်ရေးကိုထည့်မတွက်ကြဘူး၊ ဈေးချိုတယ်ဆိုတဲ့အချက်ကိုပဲ အာရုံစိုက်နေကြတယ်။ ဒါနဲ့ပတ်သက်ပြီး သတိပြုရမယ့်အချက်တစ်ချက်ရှိတယ်။ အဲဒါကတော့ဝယ်သူတွေဟာ ဈေးချိုလို့ဝယ်ကြတာမဟုတ်ဘူး၊ ရောင်းသူတွေကသာ ဈေးကိုအဓိကထားရောင်းနေကြတယ်ဆိုတဲ့အချက်တွေပဲဖြစ်တယ်။ ရေရှည်ရည်မှန်းချက်ကို မှန်ကန်စွာထည့်သွင်းရေးဆွဲထားတဲ့ မဟာဗျူဟာတစ်ရပ်ဟာ လောလောဆယ်ရရှိတဲ့အကျိုးအမြတ်နဲ့ ပဋိပက္ခဖြစ်နေနိုင်ပါတယ်။ ရေရှည်အတွက်ရေးဆွဲထားတဲ့ မဟာဗျူဟာသဘောတရားအရ မှန်ကန်တယ်ဆိုပေမယ့် ကြားကာလမှာ ရေတိုနည်းတွေသုံးရင်း ရှိသမျငွေအား၊ လူအားတွေကုန်ခန်းသွားနိုင်တယ်။ စစ်ပွဲတွေကို နည်းဗျူဟာသုံးပြီးအောင်နိုင်ပါတယ်။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်းတွေမှာတော့ ရေရှည်အောင်မြင်ရေးအတွက် မဟာဗျူဟာနဲ့ နည်းဗျူဟာတို့ကို မှန်ကန်မျတစွာသုံးစွဲသွားမှရနိုင်တယ်။ ရေရှည်မဟာဗျူဟာအရအကျိုးအမြတ်ရရှိရေးအတွက်အတွေးနဲ့အလုပ်ကို မှန်မှန်ကန်ကန် ပေါင်းစပ်တတ်ဖို့လိုတယ်။ […]
Posted On August 26, 2020, By CEO Editors

လူတိုင်း ချမ်းသာနိုင်ပါသည်

ကမ္ဘာကျော်ရင်းနှီးမြှုပ်နှံသူ Warren Buffett က မည်သူမဆိုချမ်းသာနိုင်ပါသည်ဟုဆိုလေသည်။ ငွေကြေးအနည်းငယ်နှင့်လွန်ခဲ့သည်နှစ်ပေါင်း ၅၈ နှစ်ကျော်မှ စတင်ကာစနစ်တကျရင်းနှီးမြှုပ်နှံခဲ့သဖြင့် ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်သူ Warren Buffett အနေဖြင့် ရေရှည်ရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးခဲ့သူဖြစ်ပါသည်။ ဤသို့အောင်မြင်ခဲ့ခြင်း၏ အခြေခံအကြောင်းရင်းများအနက် စည်းကမ်းရှိခြင်း၊ တစ်နည်းအားဖြင့် စိတ်ရှည်ခြင်း၊ လောဘသတ်နိုင်ခြင်း၊ အခြေခံကျကျတွေးခေါ်နိုင်ခြင်းနှင့် အခြေအနေကို စနစ်တကျ အချိန်ပေးလေ့လာခြင်းတို့၏ရလဒ်များပင်ဖြစ်ပါသည်။ အရောင်းတာဝန်ခံတစ်ဦး၏သားဖြစ်သူ Warren Buffett အနေဖြင့် ငယ်စဉ်ကတည်းက ပိုက်ဆံရှာတတ်လေသည်။ ငါးနှစ်သားအရွယ်တွင်သူသည် အိမ်ရှေ့တွင်စားပွဲခင်း၍ လမ်းသွားလမ်းလာများကို ပီကေရောင်းချခဲ့ပြီး လူသွားလူလာများသော သူငယ်ချင်းတစ်ဦး၏အိမ် ရှေ့တွင်သံပရာရည်ရောင်းချခြင်းဖြင့် ဝင်ငွေရှာဖွေခဲ့ပါသည်။ ငွေရှာခြင်းထက် ချမ်းသာလိုသည့်စိတ်ဖြင့် လုပ်ဆောင်ခဲ့ပါသည်။ မူလတန်းကျောင်းသားဘဝကတည်း က အသက် ၃၅ နှစ်မတိုင်မီတွင် ချမ်းသာရမည်ဟု ကြွေးကြော်ခဲ့ပါသည်။ ဂေါက်ကွင်းတွင် လှည့်လည်၍ ပြန်ရောင်းနိုင်သော ဘောလုံးများရှာဖွေခြင်း၊ မြင်းပွဲတွင်အမှတ်မထင် စွန့်ပစ်ထားသော […]
Posted On August 24, 2020, By CEO Editors

စီးပွားရေးအဘိဓာန် ၁၂၄

ယခင်လမှအဆက် Fractional reserve banking (အပိုင်းဂဏန်း/အစိတ်အပိုင်းဘဏ်သီးသန့်ထားငွေ) ကမ္ဘာ့အရင်းရှင်နိုင်ငံများတွင်ကျင့်သုံးနေသော ဘဏ်လုပ်ငန်းစနစ်တစ်ခုဖြစ်သည်။ ယင်းစနစ်တွင် ဘဏ်အပ်နှံငွေများ၏ အစိတ်အပိုင်းတစ်ခုကို ပဏာမအပ်ငွေသီးသန့်လျာထားချန်ထားခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် စုစုပေါင်းဘဏ်အပ်ငွေများအတွက် သီးသန့်လျာထားအချိုးကို ဖက်ဒရယ်ဗဟိုဘဏ်က အဖွဲ့ဝင်ဘဏ်တို့အတွက်သတ်မှတ်ပေးသည်။ အဖွဲ့ဝင်မဟုတ်သည့်ဘဏ်များအတွက် ပြည်နယ်ဥပဒေကသတ်မှတ်သည်။ (သီးသန့်ငွေလိုအပ်ချက် RESERVE REQUIREMENTS ကို ကြည့်ပါ။) ဗြိတိန်နိုင်ငံရှိ ကူးသန်း/ကုန်သွယ်ဘဏ်များအတွက်ထုံးတမ်းစဉ်လာကသာ လွှမ်းမိုး၍ အပ်ငွေများအတွက်ငွေသားဖြင့် ၈-၁၀ ရာခိုင်နှုန်း ပဏာမသီးသန့်ထားရှိရပြီး၊ ထပ်ဆင့်၍ ဒုတိယသီးသန့် ၁၈-၂၀ ရာခိုင်နှုန်းကို ငွေဖြစ်လွယ်သောရပိုင်ခွင့်များ အဓိကရေတိုအစိုးရစာတမ်းများဖြင့် ထားပေးရသည်။ အပိုင်းဂဏန်းတစ်ခုဖြင့်သာ ဘဏ်အပ်ငွေများအတွက် သီးသန့်ထားပေးသည့်စနစ် ဘဏ်လုပ်ငန်းသမိုင်းအစောပိုင်းကဖြစ်ပေါ်ခဲ့သည်။ဘဏ်လုပ်ငန်းလုပ်ကိုင်သူများက အပ်ငွေများ တစ်ချိန်တည်းထုတ်ယူကြနိုင်ခြေကွာလှမ်းသည်ကို သဘောပေါက်နားလည်ခဲ့ကြ၍ဖြစ်သည်။ အစိုးရကဥပဒေနှင့်ကြပ်မတ်ပြီး ငွေကြေးအာဏာပိုင်များက လှည့်လည်နေသည့် ငွေကြေးထိန်းချုပ်ရန်အပိုင်းဂဏန်းတစ်ခုဖြင့် ဘဏ်အပ်ငွေများအတွက် သီးသန့်ထားစေသောစနစ်ကို အခြေခံကိုင်စွဲသည်။ (ငွေကြေးပေါ်လစီ MONETARY POLICY တွင်အသေးစိတ်ရှင်းလင်းချက်များကို […]
Posted On August 24, 2020, By CEO Editors

ငွေကြေးပညာရှင်မဟုတ်သူ မန်နေဂျာများအတွက် ငွေကြေးပညာ

ယခင်လမှအဆက် ၁၆။ PPE များအရေးကြီးရသည့်အကြောင်းကိုကြည့်ပါ (Why PPE Is Important) ပုံသေရင်းနှီးပိုင်ဆိုင်မှုများဟုလည်းသိကြသည့် အဆောက်အအုံနှင့်မြေ (Property)၊ စက်ရုံ (Plant) နှင့် ကိရိယာများ (Equipment)၊ အတိုကောက်အားဖြင့် PPE သည် လုပ်ငန်းလုပ်ဆောင်စဉ်ကာလတစ်လျောက်လုံး ကုမ္ပဏီများကပိုင်ဆိုင်၊ အသုံးပြုသည့် ရုပ်ဝတ္ထုရင်းနှီးပိုင်ဆိုင်မှုများ ဖြစ်ကြသည်။ ယင်းတို့တွင်မော်တော်ကားများ၊ ခုံစက်များ၊ စက်ရုံများနှင့် ရည်ရွယ်ချက်တစ်ခုအတွက် အသုံးမပြုရသေးသော မြေစသည်တို့ပါဝင်သည်။ PPE များသည် တစ်နှစ်ထက်ပို၍တာရှည်ခံသဖြင့် ယင်းတို့အား နှစ်ရှည်ရင်းနှီးပိုင်ဆိုင်မှုများဟု မှတ် ယူကြသည်။ သို့သော်လည်း စက်များနှင့်ကိရိယာများကို သုံးစွဲနေရသဖြင့် ယင်းတို့၏တန်ဖိုးများကျဆင်းလာသည်။ ယင်းကဲ့သို့တန်ဖိုးကျခြင်းကို Depreciation ဟုခေါ်သည့် တန်ဖိုးဖြန့်ကြက်သည့်နည်းလမ်းဖြင့် ကိုယ်စားပြုဖော်ပြသည်။ Depreciation နည်းလမ်းက ယင်းစက်ကိရိယာများ၏ အလုပ်လုပ်နေသည့် သက်တမ်းတစ်လျောက်တန်ဖိုးကို နှစ်များအကြားဖြန့်ကြက်ဖော်ပြပေးသည်။ PPE တို့ကို ဝယ်ယူသည့်နှစ်တွင်ပင် […]
Posted On August 21, 2020, By CEO Editors

The ‘7 S’ Model (‘S’ ခုနစ်လုံးပုံစံ)

အဖွဲ့အစည်းတစ်ခု၏ လုပ်ငန်းစွမ်းဆောင်မှုအင်အားကို တန်ဖိုးထားအကဲဖြတ်ခြင်း 7S Model မှာ လုပ်ငန်းတစ်ခု၏ လုပ်ကိုင်စွမ်းဆောင်နိုင်မှုကို အကဲဖြတ်သည့်ဘောင်ဖြစ်သည်။ လုပ်ငန်း၏ဘောင်ခုနစ်ခုစလုံးကို အလေးထားသုံးသပ်အကဲဖြတ်ခြင်းပင်ဖြစ်သည်။ တစ်ခုနှင့်တစ်ခုမှာဆက်စပ်နေပြီး အရေးပါမှုမှာလည်း အတူတူပင်ဖြစ်သည်။ တစ်ခု၏အားနည်းချက်မှာ အခြားအချက်များကိုပါဆက်စပ်နေသည်။ ခုနစ်ချက်စလုံး၏ဆက်စပ်မှုကို နားလည် သဘောပေါက်ခြင်းဖြင့် ကုမ္ပဏီများ၊ အဖွဲ့အစည်းများအနေဖြင့် ရည်မှန်းချက်များအောင်မြင်မှုရရန် နည်းလမ်းမှန်ဖြင့် လုပ်နိုင်မည်။ ခြုံငုံသဘောထားအမြင် ထိုသဘောထားအမြင်ကို ပထမဦးဆုံး ၁၉၇၀ ပြည့်နှစ် တွင် Tom Peters ၊ Robert Waterman စသည့် ပညာရှင် များက ‘7S’ ပုံစံအရ လုပ်ဆောင်ခြင်း၏ ထူးခြားသောအကျိုးကိုဖော်ပြရာတွင် အောင်မြင်မှုရရှိခြင်းမှာ တင်းမာမှုနှင့်နူးညံ့မှုကို တစ်ပြိုင်တည်းတွဲဖက်အသုံးပြုနိုင်၍ ဖြစ်သည်ဟူသောသဘောအမြင်ဖြစ်သည်။ ထိုသဘောအမြင်သည် လူအများ၏ အတွေးအခေါ်ကို ပြောင်းလဲစေခဲ့သည်။ ထို့ပြင် ယခုအခါတွင်ပင်ခုနစ်ဖက်သောဘောင်သည်အဖွဲ့အစည်းနှင့် အလုပ်အဖွဲ့တို့ အောင်မြင်မှုမှာ စည်းစနစ်တင်းမာခြင်းနှင့် […]
Posted On August 19, 2020, By CEO Editors

အဂတိပယ်ခွာပြည်သာယာ ၂၁

ဖြစ်နိုင်ဖွယ်ရှိသောဝင်ပေါက်များ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် အစိုးရဌာနများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိသော အရပ်ဘက်အဖွဲ့အစည်းများသည် အဖိတ်ခေါ်ခံတတိယအဖွဲ့ အစည်းအဖြစ် အသင့်စောင့်ဆိုင်းနေခြင်းထက် မိမိတို့အတွက်ဖြစ်နိုင်ဖွယ်ရှိသောဝင်ပေါက်များကို မိမိတို့ဘာသာ ကြိုတင်ဖောက်လုပ်ထားခြင်းသည် သာလွန်ကောင်းမွန်သော နည်းဗျူဟာဖြစ်သည်။ ယင်းသည် အပြုသဘောဆန်၍ လက်တွေ့တွင်လည်း အောင်မြင်မှုရရှိနိုင်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် တတိယအဖွဲ့အစည်းအဖြစ် အဖိတ်ခေါ်မခံရ၍ ဒေါမနဿပွားခြင်းနှင့် အပြန်အလှန် အပြစ်တင်ခြင်းတို့ကား နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးရှိနိုင်မည်မထင်ပါ။ အရပ်ဘက်အဖွဲ့အစည်းများအတွက် အစိုးရဌာနများ သို့မဟုတ် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အကောင်းဆုံးဝင်ပေါက်တချို့တွင် – ၁။ သုတေသနနှင့် သုံးသပ်ချက်ပြုလုပ်ပေးခြင်း၊ ၂။ ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူများအပေါ် စောင့်ကြည့် စစ်ဆေးပေးခြင်း၊ ၃။ မူဝါဒများ၊ ဥပဒေများ၊ စံနှုန်းများ၊ နမူနာပြသမှုများ အပေါ် အားပေးထောက်ခံခြင်း၊ ၄။ အများပြည်သူသတိပြုမိရေးအတွက် ကူညီဆောင်ရွက် ပေးခြင်း၊ ၅။ လှုပ်ရှားမှုများတွင် […]
Posted On August 18, 2020, By CEO Editors

လေကြောင်းလိုင်းက သင့်ကိုမပြောပြတဲ့ အချက် ၁၃ ချက်

လေကြောင်းလိုင်းလုံခြုံရေးသရုပ်ပြတွေက ခရီးသည်တွေကို မပြောတဲ့အချက်တွေရှိပါတယ်။ ဒါပေမဲ့ သိထားသင့်တဲ့အချက်တွေဖြစ်တာနဲ့အညီ ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်။ ၁။ ညဘက်လေယာဉ်ပေါ်မှာ မီးရောင်မှိန်မှိန်လေး ထွန်းထားတာက လေယာဉ်တစ်စုံတစ်ခုနဲ့ တိုက်မိနေကခရီးသည်တွေ ထွက်ပြေးဖို့အတွက် လမ်းရှာရတယ်ဆိုရင် မျက်လုံးကျင့်သားရနေအောင်ဖြစ်ပါတယ်။ လေယာဉ်ဆင်းတဲ့အခါနဲ့ လေယာဉ်အပေါ်တက်တဲ့အခါတွေမှာ ကိုယ့်အရှေ့က ခေါက်စားပွဲလေးကို ခေါက်ထားခိုင်းတာက တစ်ခုခုဖြစ်ခဲ့ရင် ဘေးကလူက အလွယ်တကူနဲ့ ကျော်ခွသွားနိုင်စေဖို့အတွက်ဖြစ်ပါတယ်။ လေယာဉ်တစ်ခုခုဖြစ်ခဲ့ရင် ပြတင်းပေါက်လိုက်ကာတွေကို ဖွင့်ထားပါ။ ဒါမှ မီးသတ်သမားက အတွင်းကို မြင်ရမှာဖြစ်ပါတယ်။ ၂။ လေယာဉ်ဆီနဲ့ပတ်သက်ရင် အများကြီးချွေတာရပါတယ်။ ဘာလို့လဲဆိုတော့ လေယာဉ်ဆီဟာ အပိုသယ်သွားဖို့အတွက် လေးသလို ဈေးကလည်း ကြီးတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် လေယာဉ်ဆီကို လုံလောက်တဲ့ အနည်းဆုံးပမာဏကိုပဲယူသွားတာက ပိုက်ဆံတွေလည်း အများကြီးသက်သာစေပါတယ်။ ဒါ ပေမဲ့ ဒါဟာ တကယ်လို့ကြမ်းတမ်းတဲ့ ရာသီဥတု ဒါမှမဟုတ် မမျော်လင့်ထားတဲ့နှောင့်နှေးမှုတစ်ခု […]
Posted On August 15, 2020, By CEO Editors

အလုပ်မှာ အာရုံစူးစိုက်စေနိုင်မယ့်နည်းလမ်း ၇ ခု

သတင်းအချက်အလက်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေနဲ့ အလွယ်တကူဆက်သွယ်လို့ရနေတဲ့ ဒီခေတ်ကြီးထဲမှာ အလုပ်ချိန်ရှစ်နာရီအတွင်း အလုပ်ထဲစိတ်ပါဝင်စားမှုမရှိဘဲ အလုပ်ပြီးမြောက်ဖို့ရာ ခရီးမတွင်သလိုဖြစ်နေပါတယ်။ လုပ်ငန်းခွင်အတွင်းအလုပ်လုပ်ရာမှာအာရုံပျက်ပြားစေတဲ့အရာတွေကို ရှောင်ခွာတာကမဖြစ်နိုင်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ အလုပ်လုပ်ရင်းနဲ့ အာရုံစူးစိုက်နိုင်ဖို့ရာအကျင့်ကောင်းတွေကို ပျိုးထောင်ဖို့ နည်းလမ်းခုနစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ တိကျသေချာတဲ့ ပန်းတိုင်တွေချမှတ်ပါ။ နေ့တိုင်းအလုပ်ချိန်ရှစ်နာရီလုပ်ရတော့မယ်လို့ ပြောနေမယ့်အစား တစ်ပတ်စာအတွက် ဦးစားပေးလုပ်ရမယ့် စာရင်းကိုပြုလုပ်ပါ။ ဒါဆိုရင် ပေါ်ပေါက်လာမယ့် အာရုံပျက်ပြားစေမယ့်အရာတိုင်းကို ရှောင်ခွာနိုင်ပါလိမ့်မယ်။ မနက်ခင်းတိုင်းမှာ စာရင်းကိုပြန်ကြည့်ပြီးတော့ အဲဒီနေ့မှာ ဘယ်အလုပ်တွေကို ပြီးမြောက်နိုင်မလဲဆိုတာ ဖြစ်နိုင်ခြေကိုဆုံးဖြတ်ပါ။ မွန်းမတည့်ခင် ပရောဂျက်ရဲ့ သုံးပုံတစ်ပုံကို ပြီးအောင်လုပ်မယ် အစရှိသဖြင့် တိတိကျကျရှိပါ။ ၂။ ၆၀-၉၀ မိနစ် အပိုင်းအခြားတွေနဲ့ အလုပ်လုပ်ပါ။ အလုပ်ဆက်တိုက်လုပ်နေတဲ့အခါ တက်ကြွမှုက လျော့လျော့လာပါတယ်။ အချိန်မှတ်တဲ့စက်လေးကို အသုံးပြုပြီး အချိန်စက်ဝိုင်းတစ်ခုရဲ့အဆုံးမှာအနားယူချိန်ထားရှိ ပါ။ မိနစ်အနည်းငယ်လောက် သီချင်းနားထောင်ခြင်း၊ လမ်းအနည်းငယ်လျောက်ခြင်းနဲ့ […]
Posted On August 14, 2020, By CEO Editors

စိတ်အားထက်သန်တက်ကြွမှုအတွက် အခြေခံမူ ၉ ချက်

Creating the right environment (အမှန်ကန်သောပတ်ဝန်းကျင်ကို ဖန်တီးခြင်း) အခြားသူများ၏ စိတ်ခွန်အားတက်ကြွမှုကို ရယူနိုင်ခြင်းမှာ ခေါင်းဆောင်မှု၏ အဓိကအချက်ဖြစ်သည်။ မိမိတစ်ဦးတည်း လုပ်ကိုင်နိုင်စွမ်းမှာ ကန့်သတ်မှုရှိခြင်းကြောင့် မိမိနှင့်ပါဝင်သူများထံမှ လုပ်ကိုင်မှုစွမ်းအား အများဆုံးရရှိနိုင်ခြင်းမှာ လုပ်ငန်းအောင်မြင်မှုအတွက်အရေးပါသည်။ ပထမဦးစွာ မိမိအပေါ် ယုံကြည်လေးစား မှုရရန် အဓိကဖြစ်၍ အခြားအကျိုးဆက်များပါ ရရှိလာမည်ဖြစ်သည်။ အခြားသူများ၏ စိတ်ခွန်အားကို စေ့ဆော်နိုင်ခြင်းသည် ခေါင်းဆောင်မှု၏ တစ်စိတ်တစ်ဒေသဖြစ်သည်။ လှုံ့ဆော်နိုင်မှုရရန်မှာ မိမိကိုအခြားသူများက မည်သို့ မြင်သည်၊ မိမိကလည်း အခြားသူများကို မည်သို့မြင်သည့် အချက်ပေါ်တည်သည်။ အရေးပါသောအချက်မှာ အလေးထား၍ ကြိုတင်စောင့်ကြည့်မှသာလျင် လူအမျိုးမျိုး၏ စိတ်တက်ကြွရန် လိုအပ်မှုအမျိုးမျိုးကို သိနိုင်မည် ဖြစ်သည်။ လူတစ်ဦးချင်းကို မည်သို့စေ့ဆော်ရမည်ကို သိရှိရန်လိုအပ်သည့်အပြင် ထိုသူရင်ဆိုင်နေရသော ဖိအားများ၊ စဉ်းစားဆုံးဖြတ်ရာတွင် အလေးထားမှု၊ ပြောင်းလဲ၍ရနိုင်မည့်အရာများကို ကြိုတင်ခန့်မှန်းနိုင်ရမည်။ […]
Posted On August 13, 2020, By CEO Editors
1 3 4 5 6 7 44