advertisement-image
Feature

အဂတိပယ်ခွာပြည်သာယာ (၂၃)

အဆိုးကျော့သံသရာကို ဖြတ်တောက်ခြင်း အဂတိလိုက်စားမှုသည် စီးပွားရေးအဆောက်အအုံ၊ အုပ်ချုပ်ရေးအဆောက်အအုံ၊ နိုင်ငံရေးအဆောက်အအုံနှင့် လူမှုယဉ်ကျေးမှုအဆောက်အအုံတို့ကိုအောက်ခြေမှ လှိုက်စားဖျက်ဆီးတတ်ကြောင်း၊ ထိုမှတဆင့် လူ့အသိုက်အဝန်းအတွင်း၌ အစွန်းရောက်မှုများ၊ ပဋိပက္ခများနှင့်အဆိုးကျော့ သံသရာအဖန်ဖန်လည်နိုင်ကြောင်း စောစောပိုင်းကတည်းကတင်ပြထားခဲ့ပြီးဖြစ်ပါသည်။ထို့ကြောင့်အဂတိလိုက်စားမှုသည် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကိုလည်း လှိုက်စားဖျက်ဆီးနိုင်သည့်အပြင် ဒီမိုကရေစီ၏အလားအလာမျော်လင့်ချက်များကိုပါ မှေးမှိန်ကွယ်ပျောက်သွားစေနိုင်သည်ကို သံသယဖြစ်စရာမလိုပါ။ ဒီမိုကရေစီဆိုရုံမျဖြင့် အဂတိကူးစက်ရောဂါဆိုးဒဏ်ကိုမပြီးနိုင်ပါ။ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်၌ တာဝန်ယူမှုတာဝန်ခံမှုရှိရခြင်း၊ ပွင့်လင်းမြင်သာမှုရှိရခြင်း၊ အပြန်အလှန်ထိန်းကျောင်းမှု ရှိရခြင်းနှင့် လွတ်လပ်၍ဘက်မလိုက်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးယန္တရားရှိ ခြင်းတို့ကြောင့်သာ ဒီမိုကရေစီကိုလှိုက်စားခြင်းမခံရအောင် ကာကွယ်ထားနိုင်ခြင်းဖြစ်ပါသည်။ ကမ္ဘာပေါ်တွင်အဂတိလိုက်စားမှု ဒဏ်ဆိုးဆိုးဝါးဝါးခံစားနေရသောနိုင်ငံများတွင် မိမိတို့မြန်မာနိုင်ငံလည်းပါဝင်ပါသည်။ အဆိုပါနိုင်ငံများအနက် နိုင်ငံအချို့သည်အောက်ပါအကြောင်းပြချက်သုံးရပ်ဖြင့် အဂတိလိုက်စားမှုကို တိုက်ဖျက်ရာတွင် ပြတ်ပြတ်သားသားမတိုက်ဖျက်နိုင်ကြဘဲ မိမိကိုယ်ခံအားကိုသာအားကိုး လျက်ထိရောက်မှုမရှိသည့် ဆေးနည်းများကိုသာ အသုံးပြုနေကြကြောင်း တွေ့ရပါသည်- (၁) အဂတိလိုက်စားမှုများကိုတိုက်ဖျက်ရာတွင် မျော်လင့်မထားသော အကျိုးဆက်များဖြစ်ပေါ်လာနိုင်ခြင်း။ (၂) နဂိုကတည်းက အားနည်းနေသောဒီမိုကရက်တစ်အင်စတီကျုးရှင်းများအပေါ်တွင် ပြင်းထန်သော ရိုက်ခတ်ချက်များဖြစ်ပေါ်လာနိုင်ခြင်း။ (၃) […]
Posted On December 4, 2020, By CEO Editors

မြန်မာနိုင်ငံရဲ့ Digital၊ Mobile Payment များနှင့်ပတ်သက်လို့ MPU ရဲ့ CEO ဦးဇော်လင်းထွဋ်နှင့်တွေ့ဆုံမေးမြန်းခြင်း

လက်ရှိမြန်မာနိုင်ငံရဲ့ Digital Mobile Payment ပကတိ အနေအထား။ SEA နိုင်ငံများနှင့် နှိုင်းယှဉ်သုံးသပ်ချက်… ကိုဗစ်ပြီးတဲ့ကာလတွေမှာတော့ လူတွေကပိုပြီး တွင်တွင်ကျယ်ကျယ်သုံးလာတာကိုတွေ့ရတယ်။ ၂၀၁၉ ခုနှစ်လောက်မှာ ဘဏ်တွေကလည်းသူတို့ရဲ့ Mobile App တွေ၊ Mobile Pay တွေနဲ့ အတူတူစပြီးတော့ Mobile Payment လောကကိုဦးဆောင်လာကြတယ်။ ဒီလိုပဲ Telecom Mobile တွေဖြစ်တဲ့ Wave Money၊ M ပိုက်ဆံတို့ Telecom လည်းမဟုတ်၊ Bank လည်းမဟုတ်တဲ့ OK Dollar တို့လည်း ၂၀၁၉ ခုနှစ်မတိုင်ခင်ကတည်းကလုပ်နေခဲ့ကြတယ်။ ၂၀၁၉ ခုနှစ်မှာပိုတွင်ကျယ်လာပြီးတော့ ကိုဗစ်ကာလမှာဆိုရင် Pay တွေရဲ့ အခန်းကဏ္ဍကအရေးပါလာပြီးတော့ လူတွေပိုပြီးစိတ်ဝင်စားလာတယ်။ နိုင်ငံတော်ကလည်း ပိုပြီးစိတ်ဝင်စားလာတယ်။ အစိုးရ Payment တွေဖြစ်တဲ့ မီတာခဆောင်တာတို့၊ […]
Posted On December 4, 2020, By CEO Editors

နိုင်ငံတကာကုမ္ပဏီတွေအောင်မြင်ဖို့ တရုတ်ဈေးကွက်ကို ဘာကြောင့်နားလည်ဖို့ လိုအပ်တာလဲ

တရုတ်နိုင်ငံစီးပွားရေးဈေးကွက်နဲ့ပတ်သက်တဲ့အသိပညာဟာ နိုင်ငံတကာကုမ္ပဏီတွေရဲ့အောင်မြင်မှုမှာ ဘာကြောင့်ပဓာနကျနေသလဲ။ – တက်လာနေတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာသူ့ရဲ့ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်းနဲ့ ဒေသတွင်စီးပွားရေးဖွံ့ဖြိုးမှုအကြောင်း ပြောဆိုဆွေးနွေးမှုကိုဦးဆောင်နေပါတယ်။ – စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေနဲ့ ကမ္ဘာပေါ်ကထိပ်တန်းအမှုဆောင်တွေဟာ တရုတ်တွေရဲ့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ပုံ ဓလေ့ထုံးစံတွေကို အသေးစိတ်နားလည်မှုဆီက အကျိုးကျေးဇူးခံစားရဖို့ မျှော်လင့်နေကြပါတယ်။ ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးကြီးအနေနဲ့ တရုတ်နိုင်ငံကို ဒီရာစုနှစ်ထဲမှာ ကမ္ဘာ့စီးပွားရေးကိုမောင်းနှင်ပေးမယ့် အင်အားတစ်ခုဖြစ်ဖို့မျှော်လင့်နေကြပါတယ်။ ဈေးကွက်တစ်ခုအနေနဲ့ သူ့ရဲ့အလားအလာဟာကမ္ဘာတစ်ဝန်းလုံးက ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်ရဲ့ပထမကိုးလအတွင်းမှာ တရုတ်နိုင်ငံမှာ နိုင်ငံခြားကတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာပြီးခဲ့တဲ့နှစ်ကထက် ၂. ၉ ရာခိုင်နှုန်းတိုးပြီး အမေရိကန်ဒေါ်လာ ၁၀ဝ.၇၈ ဘီလီယံကျော်သွားတယ်လို့ တရုတ်နိုင်ငံကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းအင်းတွေက ပြခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့စီးပွားရေးဈေးကွက်က နိုင်ငံတကာကကုမ္ပဏီတွေကို ဆွဲဆောင်နိုင်စွမ်းရှိတဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်။ အဲဒီနိုင်ငံတကာကကုမ္ပဏီတွေထဲမှာ Apple နဲ့ Microsoft နည်းပညာကုမ္ပဏီကြီးတွေလို နိုင်ငံစုံကော်ပိုရေးရှင်းကြီးတွေကစပြီး ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေနဲ့ လုပ်ငန်းသစ်တွေအထိပါဝင်ပါတယ်။ အခုအချိန်မှာ ၁.၄ ဘီလီယံရှိတဲ့တရုတ်နိုင်ငံရဲ့များပြားလှတဲ့လူဦးရေဟာ […]
Posted On September 28, 2020, By CEO Editors

ငွေကြေးပညာရှင်မဟုတ်သူ မန်နေဂျာများအတွက် ငွေကြေးပညာ

ယခင်လမှအဆက် ၁၈။ ကြိုတင်ပြင်ဆင်ပါ၊ ကြိုတင်ပြင်ဆင်ပါ၊ ကြိုတင်ပြင်ဆင်ပါ။ (Prepare, Prepare, Prepare) ဘတ်ဂျက် (Budget) သို့မဟုတ် ရ-သုံးမှန်းခြေငွေစာရင်းကိန်းဂဏန်းများ ဖြစ်လာစေရန်အတွက် မှော်အတတ်ဖြင့်လွယ်ကူစွာဖန်တီးနိုင်သော နည်းလမ်းမရှိပါ။ သို့သော်လည်း ယင်းဖြစ်စဉ်ကို ချောမွေ့စွာဖြစ်စေရန်အတွက်နည်းလမ်းအဆင့်ဆင့်ရှိသည်။ အဓိကအချက်မှာ သက်ဆိုင်ရာအကြောင်းအရာကို သိကျွမ်းသူများအားစာရင်းပြုစုရန်ဖြစ်သည်။အချို့သောဖြစ်ရပ်များတွင် မိမိ၏လုပ်ငန်းနယ်ပယ်နှင့် ကုမ္ပဏီများအကြောင်းကိုသိသည့် ငွေစာရင်းကိုင်၊ ငွေစာရင်းပညာရှင်တစ်ဦးဦးနှင့်တွေ့ဆုံဆွေးနွေးခြင်းသည် အစကောင်းတစ်ခုဖြစ်သည်။ မတွေ့ဆုံမီမေးခွန်းများ စာရင်းကို ပြင်ဆင်ထားနိုင်သည်။ အဓိကကျသောမေးခွန်းများ ကျန်မသွားစေရန်သတိထားရမည်။ မေးခွန်း၏အဖြေသည် ဘာသာရပ်အလွန်ဆန်ပါက (Too Technical) ရှင်းပြပေးဖို့မေတ္တာရပ်ခံရမည်။ဤအဆင့်တွင် မိမိရထားသောအကြောင်းအရာများအား အခြားဌာနများမှ မန်နေဂျာများအား မျှဝေချင်လိမ့်မည်။ ယခုအချိန်တွင် မိမိ၏ဌာနမှလူအင်အား၊ ကိရိယာအင်အား (Resources) လိုအပ်မည့် နောက်ထပ်ပရောဂျက်များ ရှိ-မရှိ ရှာဖွေရမည့်အချိန်ဖြစ်သည်။ သာဓကအားဖြင့် “စက်တွေအားလုံးကောင်းရဲ့လား” ဟုမမေးချင်ပါက”စက်တွေနဲ့ပတ်သက်ပြီး ဘယ်လို အခက်အခဲ၊ ပြဿနာတွေရှိနေလဲ” ဟူသောဖွင့်မေးသည့် […]
Posted On September 26, 2020, By CEO Editors

လူကြီးလူညစ် ဂေါက်ပုံပြင် (၄၁)

“အန်ကယ်ကြီး၊ ဂေါက်ကွင်းကို အစောကြီး လာပြီး ဖုန်းထဲက ဘာတွေကြည့်နေတာလဲ။” ကိုလူသစ် အော်ဟစ်ရင်း ဝင်လာတယ်။ “ဘာမှ မဟုတ်ရပါဘူးကွာ။ မိတ်ဆွေတစ် ယောက် ပို့ထားတဲ့ပုံလေး ကြည့်နေတာပါ။” “ဟုတ်လား။ တင်ဂျာလား၊ မွေမွေလားပဲ။ ပြပါ ဦးအန်ကယ်ကြီး။” အန်ကယ်ကြီးက ဖြေတယ်၊ သူဋ္ဌေးလေးက မွှေ တယ်။ “ဟာ အန်ကယ်ကြီးဟာကလည်း ကာတွန်း ပုံကြီး။” “ဟုတ်ပါ့ဗျာ။ ဂေါက်အိတ်ကလည်း ထောင်ချောက်တွေ ဝိုင်းလို့။” “အေး အဲဒါ ယောကျာ်း ဂေါက်ကွင်းမသွားနိုင် အောင်လို့ မိန်းမက လုပ်ထားတာကို ကာတွန်းဆရာက သရုပ်ဖော်ထားတာ။” “ဒါကတော့ နည်းနည်းများသွားပြီ ထင်တာပဲ။ အပြင်မှာတော့ မရှိနိုင်လောက်ပါဘူး။” “ကိုလူသစ်က အတွန့်တက်တယ်။ ခေါင်းကို အသာအယာ ရမ်းခါရင်း အန်ကယ်ကြီး စကားဆက်တယ်။” “ကိုယ် […]
Posted On September 25, 2020, By CEO Editors

ကိုယ်ဟန်အမူအရာနဲ့ပတ်သက်တဲ့မပြောင်းလဲနိုင်တဲ့အမှန်တရား ၅ ခု

သုတေသီတွေက ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ရင် ၉၃ ရာခိုင်နှုန်းလောက်က စကားသံမထွက်ဘဲ ကိုယ်ဟန်အမူ အရာဖြစ်တယ်ဆိုတာတွေ့ရှိထားပါတယ်။ ကိုယ်ခန္ဓာဘယ်လိုလှုပ်ရှားနေတယ်၊ မျက်နှာအမူအရာက ဘယ်လိုဖြစ်နေတယ်၊ စကားဘယ်လောက်မြန်မြန်ပြောနေတယ်၊ (ထိုင်ပြောနေတာထား၊ မတ်တတ်ရပ်ပြောနေတာလား၊ ရေမွှေးဘယ်လောက် များများဆွတ်ထားသလဲ၊ ဘယ်လိုလက်ဝတ်ရတနာတွေဝတ်ထားသလဲ၊ ဆံပင်အရှည်လားအတိုလား စသဖြင့်) အချက်တွေအားလုံးက ပြောနေတဲ့စကားလုံးတွေထက် ပိုနက်နဲတဲ့အဓိပ္ပာယ်ကိုဆောင်နေပါတယ်။ ယေဘုယျအားဖြင့် စကားပြောဆိုဆက်ဆံမှုတစ်ခုတိုင်းမှာ ကိုယ်ဟန်အမူအရာပေါင်း တစ်ထောင်ခန့်ပါဝင်နေတာ ဖြစ်ပြီး အဲဒီအမူအရာအားလုံးက ကိုယ်ပြောနေတဲ့စကားစမြည်ကလေးတွေထက်ပိုတဲ့ အဓိပ္ပာယ်ကိုဆောင်နေပါတယ်။ လက်ကိုဘယ်လိုလွှဲယမ်းပြောဆိုနေတယ်၊ အသံနေအသံထား ဘယ်လိုပြောင်းသွားတယ်ဆိုတာက စကားပြောနေရင်း တစ်ဖက်လူအပေါ် ကိုယ်ဘယ်လိုခံစားမှုမျိုး ရှိတယ်၊ ကိုယ်ဘာတွေတွေးနေတယ်ဆိုတာကို ဖော်ပြပါတယ်။ ဆိုလိုတာက လူတစ်ယောက်ရဲ့ကိုယ်ဟန်အမူအရာတွေက သူပြောနေတဲ့စကားတွေကို အထောက်အကူပြုပေးတာထက်၊ သူ့စကားအဓိပ္ပာယ်အပေါ်လည်း လွှမ်းမိုးမှုရှိနေပါတယ်။ တစ်ကမ္ဘာလုံးကလက်ခံထားတာကတော့ အမျိုးသမီးတွေက အမျိုးသားတွေထက် တစ်ပါးသူရဲ့ ကိုယ်ဟန်အမူအရာမျက်နှာထားကို အဓိပ္ပာယ်ဖော်တဲ့နေရာမှာ ပိုတော်တယ်ဆိုတာပါပဲ။ တစ်ဖက်လူကအမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အမျိုးသမီးတွေဟာ နှုတ်နဲ့မပြောဘဲ […]
Posted On September 17, 2020, By CEO Editors

မန်နေဂျာများအတွက် ဆွန်ဇူးရဲ့ စစ်ဆင်ရေးပညာ

ယခင်လမှအဆက် ရရှိထားတဲ့‌အောင်မြင်မှုတွေကိုခိုင်အောင်လုပ်ပါ။ ညွန့်သောင်း ဆွန်ဇူးက အောက်ပါအတိုင်း ဆက်လက်မိန့်ကြားပါတယ်။ “တိုက်ပွဲတွေကိုတိုက်ပြီး မြို့တွေ၊ နယ်တွေကို သိမ်းပိုက်နိုင်ပေမယ့် အဲဒါတွေကို ခိုင်မာစွာထိန်းမထားနိုင်ရင်တော့ ဒါဟာမိမိတို့မှာရှိတဲ့ လူ၊ လက်နက် စတဲ့အရင်းအမြစ်တွေနဲ့ အချိန်စတာတွေကို အလဟဿဖြုန်းတီးပစ်ရာကျတယ်။ ဒါကြောင့် ဉာဏ်ပညာအမြော်အမြင်ရှိတဲ့ စစ်တပ်၊ ဗိုလ်ချုပ်၊ ဘုရင်၊ အုပ်စိုးသူစသူများဟာ စစ်တိုက်ရေးအစီအစဉ်များ ကို စိစစ်သုံးသပ်ကြရမယ်။ စစ်ဗိုလ်ချုပ်တွေကလည်း သေချာဂရုစိုက်ပြီး အကောင်အထည်ဖော်လုပ်ကိုင်ကြရမယ်။“ မန်နေဂျာရှုထောင့်မှသုံးသပ်ချက် အောင်မြင်ရင်ပြီးရောဆိုတဲ့ ရည်မှန်းချက်မျိုးကမဖြစ်သင့်ဘူး။ အောင်မြင်ပြီးသားကို ရေရှည်ဆက်ထိန်းထားနိုင်ဖို့လိုတယ်။ အဖွဲ့အစည်းတစ်ရပ်ဟာ ဒီအဖွဲ့အစည်းထဲမှာ ပါဝင်ပတ်သက်နေတဲ့သူများကို ထိုက်သင့်အားလျော်စွာ ချီးမြှောက်ခြင်းဆိုတဲ့လိုအပ်ချက်ပေါ်မှာ အာရုံစိုက်တန်ဖိုးထားကာ လုပ်ကိုင်သွားရင် လုပ်ငန်းအောင်မြင်မှာသေချာပါတယ်။ ရောင်းတော့ရောင်းရပါရဲ့။ ဒါပေမဲ့ ဖောက်သည်တွေမြဲအောင် ထိန်းမထားနိုင်ရင်စစ်ပွဲမှာ ဆုံးရှုံးခြင်းမျိုးဖြစ်သွားမယ်။ ရောင်းထွက်ရေးက အရေးကြီးပေမယ့် ဒါဟာဖောက်သည်တွေနဲ့ နောင်အခါဆက်လက်ဆက်ဆံသွားနိုင်ရေးအတွက်အခြေခံမျှသာဖြစ်တယ်။ ကုန်ပစ္စည်းတွေ ထည့်သွင်းသယ်ဆောင်သွားဖို့ ကုန်တင်သေတ္တာကြီးတွေ […]
Posted On September 17, 2020, By CEO Editors

အောင်မြင်သူတို့ ပြုလေ့ရှိသောအချက်ပေါင်း ၁၀၀

ယခင်လမှအဆက် ၁၉။ အပြင်လောကအစစ်အမှန်တွင် နေထိုင်ပါ။ “သင့် Email နှင့် Phone တို့ကိုပိတ်ထားပါ။ အင်တာနက်လိုင်းပေါ်မှထွက်လိုက်ပါ။ ထို့ကြောင့် လိုအပ်သောအချိန်တွင် သင်အပြည့်အဝအာရုံစိုက်နိုင်သော၊ လိုအပ်သောအချိန်တွင် သင်အဆက်ဖြတ်ခြင်းပြုနိုင်သော ပိုင်းခြားကန့်သတ်နိုင်သည့် နည်းလမ်းကို ရှာဖွေချမှတ်ပါ။ နည်းပညာသည် အစေခံကောင်းတစ်ခုဖြစ်သော်လည်း သခင်ဆိုးတစ်ယောက်ဖြစ်သည်။ တစ်နည်းအားဖြင့် သင်က ထိန်းချုပ်အသုံးချနိုင်သည့်အချိန်တွင် ကောင်းမွန်သော်လည်း သင့်အပေါ်ပြန်လည်ကြီးစိုးသွားလျှင်မူကား ရလဒ်ဆိုးများသာရရှိဖို့များသည်ဟုဆိုလိုခြင်းဖြစ်သည်။“ Gretchen Rubin အင်တာနက်လိုင်းပေါ်တွင် ကြာရှည်စွာနေခြင်းသည် စိတ်ကျန်းမာရေးကိုထိခိုက်စေနိုင်သည်။ ယင်းသည် ၂၀၁၄ ခုနှစ်၊ မေလက Mirror သတင်းစာတွင်ဖော်ပြခဲ့သည့် လေ့လာတင်ပြမှုတစ်ခု၏ နိဂုံးချုပ်မှတ်ချက်ဖြစ်သည်။ လေ့လာမှုများနှင့်ဆောင်းပါးများစွာက Online တွင်အသုံးပြုသောအချိန်အတိုင်းအတာနှင့်(စိတ်ကျဝေဒနာသေကြောင်းကြံစည်ခြင်း၊ အထီးကျန်ခံစားရခြင်း၊ ညံ့ဖျင်းသောလူမှုရေးဆက်ဆံမှုများ၊ မိမိကိုယ်ကိုတန်ဖိုးထားမှုနိမ့်ကျခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ ပြင်ပလောကနှင့် ကင်းကွာခြင်းစသည့်) ပြဿနာမျိုးစုံတို့ကိုဆက်စပ်ပေးခဲ့ကြသည်။ Bill Gates ကအင်တာနက်အား “အနာဂတ်ကမ္ဘာ့ရွာ၏ လူအများတွေ့ဆုံစုစည်းရာမြို့လယ်ကောင်ကွက်လပ်” […]
Posted On September 17, 2020, By CEO Editors

ရောင်းအားမြှင့်တင်ပေးမယ့် ‘C’ ၃ လုံး

စောဒေးဗစ် အရောင်းပိုင်းဆိုင်ရာ ပေါက်မြောက်အောင်မြင်သူများက သူတို့ရဲ့အကျိုးအမြတ်တွေကို မြင့်တက်စေခဲ့တဲ့ အရေးပါတဲ့အမူအကျင့်တွေအဖြစ်နဲ့ ” ချိတ်ဆက်ခြင်း၊ စည်းရုံးသိမ်းသွင်းခြင်းနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်း” ဆိုတဲ့ အဆင့်သုံးဆင့်ကိုရည်ညွှန်းထားကြပါတယ်။ အရောင်းပိုင်းဆိုင်ရာလုပ်ငန်းစဉ်ထဲမှာ စိတ်ပညာဟာ ကြီးမားတဲ့အစိတ်အပိုင်းတစ်ခုအဖြစ်ရှိနေပါတယ်။ ဝယ်ယူမှုမပြုခင်ကိုယ့်ရဲ့ခံစားရွေးချယ်မှုက မှန်ကန်တယ်ဆိုတာမျိုးကိုဖြစ်ချင်ကြတဲ့ စိတ်သဘောမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။ CRM လို့ခေါ်တဲ့ (Customer Relationship Management) – ဝယ်သူများအတွက် ဆက်ဆံရေးကောင်းကိုစီမံပေးတဲ့ ဆော့ဖ်ဝဲမျိုးကသင့်ရဲ့ဖောက်သည်တစ်ဦးချင်းစီရဲ့အကြောင်းကို ပိုပြီးသိရှိနိုင်ဖို့အကူအညီပေးခြင်းအားဖြင့် အရောင်းပိုင်းဆိုင်ရာလုပ်ငန်းစဉ်တွေအတွက် အထောက်အကူပေးနိုင်ပါတယ်။ သင့်ရဲ့ကုန်ပစ္စည်းနဲ့ သင့်ရဲ့ဝန်ဆောင်မှုတွေအတွက် ဈေးကွက်ချဲ့ထွင်မှုတွေဘယ်လောက်ပဲကောင်း အောင်လုပ်ထားပါစေ၊ ဒါမှမဟုတ် သင့်ရဲ့ကုန်အမှတ်တံဆိပ်က ဘယ်လောက်ပဲလူသိများနေပါစေ ဈေးမရောင်းရသေးသရွေ့သင်အကျိုးအမြတ်မရသေးပါဘူး။ သင့်ရဲ့ ဖောက်သည်တွေက သင့်ရဲ့ကုန်ပစ္စည်း၊ ဒါမှမဟုတ် သင့်ရဲ့ဝန်ဆောင်မှုကောင်းတွေကို လေ့လာကြည့်ဖို့ သင်ဆွဲဆောင်နိုင်ပေမယ့် ရောင်းဝယ်မှုပြီးပြတ်ဖို့ သင်ဘယ်လို လုပ်ဆောင်ပါသလဲ။ သင့်ရဲ့ကုန်ပစ္စည်းတွေက ရောင်းအားကောင်းရဲ့လား၊ ဒါမှမဟုတ် သင့်ရဲ့ကုန်ပစ္စည်းတွေက အရောင်းစင်ပေါ်မှာပဲသတင်းပတ်ပေါင်းများစွာ ရှိနေတာလား။ ကုန်ပစ္စည်း၊ […]
Posted On September 17, 2020, By CEO Editors

နည်းမှန်လမ်းမှန် ဘယ်လိုလက်ဆွဲနှုတ်ဆက်ကြမလဲ

နနန္ဒာမော်နိုင်MPA, Certified Image Consultant(New York Fashion Institute of Technology) Proper Hand Shake Etiquette လူတစ်ဦးနဲ့တစ်ဦးတွေ့တဲ့အခါမှာ လက်ဆွဲနှုတ်ဆက်ကြရင် ကိုယ့်ဘက်ကပဲစပြီး လက်ဆွဲနှုတ်ဆက်ရမှာလား၊ ဒါမှမဟုတ် တစ်ဖက်သားကစတင်လက်ဆွဲနှုတ်ဆက် လက်ကမ်းလာတာကို စောင့်ရမှာလားစတဲ့ မေးခွန်းလေးတွေက တကယ့်ကိုအခြေခံမေးခွန်းလေးတွေပါ။ အခြေခံကျတာတွေဖြစ်တဲ့အတွက် တစ်ခါတလေမှာ မစဉ်းစားမိတတ်တာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦး စစချင်းတွေ့တဲ့အခါမှာ First Impression ကအရေးကြီးပါတယ်။ Image ကောင်းတစ်ခုဖြစ်ဖို့ရန် First Impression ကောင်းဖြစ်ဖို့လိုပါတယ်။ အဲဒါမျိုးရဖို့ဆိုတာက ပထမဆုံးစတင်ဆုံတွေ့တဲ့အခါ ကျကျနနလက်ဆွဲနှုတ်ဆက်ပုံမှန်ဖို့လိုပါတယ်။ ဒီလိုလက်ဆွဲနှုတ်ဆက်တဲ့ပုံစံကိုကြည့်ပြီး သူများမျက်စိထဲမှာကိုယ့်ကို First Impression ကောင်းဖြစ်သွားစေပါတယ်။ ဘယ်လိုလက်ဆွဲနှုတ်ဆက်ရမလဲဆိုတဲ့အပြင်ကို Timing ကလည်း အရေးကြီးပါတယ်။ ကိုယ့်ဘက်ကစပြီး လက်ဆွဲနှုတ်ဆက်မှာလား၊ သူ့ဘက်ကစမှာလား Technique လေးတွေ မှန်ကန်မှသာသူများတွေကဒီလူဟာ […]
Posted On September 2, 2020, By CEO Editors