advertisement-image
Feature

စီးပွာရေးအဘိဓာန် ၁၂၂

Fractional Share ရှယ်ယာ/ (စတော့) တစ်စိတ်တစ်ပိုင်း ကုမ္ပဏီအများအပြားတွင် အမြတ်ဝေစုကို ပြန်လည်မြှုပ်နှံမှု အစီအစဉ်များရှိကြသည်။ ငွေသားအမြတ်ဝေစုကို ဈေးကွက်အတွင်းမှ ရှယ်ယာများဝယ်ယူမြှုပ်နှံသည်။ ဤလုပ်ပုံနည်းက ရှယ်ယာအစိတ်အပိုင်းများ မလွှဲမရှောင်သာဖြစ်စေသည်။ Frame အခြေခံဘောင် စာရင်းအင်းပညာနမူနာကောက်ယူရာတွင် (နမူနာ SAMPLE, def.1 ကြည့်ပါ) ပင်မဦးရေမှ စိစစ်သုံးသပ်ရေးအနေအထားတစ်ခုကိုဆိုသည်။ ဥပမာ- လုပ်သားဆိုင်ရာ စာရင်းအင်းလေ့လာမှုတွင် အခြေခံမူဘောင်ဝန်ထမ်းဌာနမှထားရှိသော မှတ်တမ်းဖိုင်များ၊ သို့မဟုတ် ပြည်တွင်း အခွန်ဦးစီးဌာနက ထိန်းသိမ်းကိုင်ဆောင်ထားသော မှတ်တမ်း၊ သို့မဟုတ် စာရင်းများဖြစ်သည်။ Franchise လုပ်ခွင့်လိုင်စင် ၁။ အစိုးရက လူပုဂ္ဂိုလ်တစ်ဦး၊ သို့မဟုတ် အဖွဲ့တစ်ခုသို့ အများပြည်သူဆိုင်ရာဝန်ဆောင်မှု၊ သို့မဟုတ် လုပ်ငန်းတစ်ရပ်ဆောင်ရွက်လုပ်ကိုင်ခွင့်၊ အများအားဖြင့် လုံးလုံးလုပ်ပိုင်ခွင့်ကိုဆိုသည်။ ဥပမာ- စည်ပင်သာယာသယ်ယူပို့ဆောင်သည့် အစီအမံ (ဘတ်စ်ကားလိုင်း၊ မြေအောက်လမ်း) လုပ်ကိုင်ခွင့်၊ သို့မဟုတ် […]
Posted On July 7, 2020, By CEO Editors

ကမ္ဘာကျော် Celebrity တွေထုတ်တဲ့ ယမကာ ၁၂ မျိုး

ယမကာဈေးကွက်ထဲမှာ ကမ္ဘာကျော်အနုပညာရှင်နဲ့ အားကစားသမားတွေထုတ်လုပ်ရောင်းချတဲ့ ယမကာပုလင်းတွေ အတော်များတော့ ဘယ်ဟာတွေကတကယ်ကောင်းတဲ့ အရည်အသွေးမြင့် ယမကာတွေဆိုတာမသိတော့ ရွေးချယ်ဖို့ခက်ခဲနိုင်ပါတယ်။ ယမကာအတော်များများက သင့်အတွက်အချိန်ကုန်ရကျိုးမနပ်စေသလို တချို့ကကျော်ကြားသူတွေက ကြော်ငြာပေးခြင်းမရှိရင် ဈေးကွက်မှာတာရှည်မခံနိုင်တဲ့ တော်သင့်ရုံအရည်အသွေးရှိတဲ့ ယမကာတွေဖြစ်ကြပါတယ်။တချို့ကတော့ နာမည်ကျော်ယမကာတွေနဲ့ ရင်ပေါင်တန်းနိုင်လောက်အောင်ကောင်းကြပါတယ်။ အဲဒီနောက်ဆုံးအမျိုးအစားယမကာ ၁၂ မျိုးကို ရွေးချယ်ထားတာကို ဖော်ပြပေးလိုက်ပါတယ်။ ဈေးနှုန်း ဒေါ်လာတစ်ရာထက်မပိုတဲ့ အဲဒီယမကာအားလုံးကို အွန်လိုင်းကနေ မှာယူလို့ရပါတယ်။ ၁။ George Clooney ရဲ့ Casamigos Blanco Tequila ရုပ်ရှင်မင်းသား ဂျော့ကလူးနီးဟာ Blanco နဲ့ Reposado ဆိုတဲ့ တီကီးလား (မက္ကဆီကန်အရက်) နှစ်မျိုးထုတ်လုပ် ထားရာ နှစ်မျိုးစလုံးသောက်ရတာ နူးညံ့ညက်ညောပါ တယ်။ Blanco ဟာ တခြားတီကီးလားတွေထက် ပိုပြီး သောက်ရတာ အဆင်ပြေတယ်။ Reposado […]
Posted On July 7, 2020, By CEO Editors

COVID 19 ကာလအတွင်း Brand တွေအနေနဲ့ တုန့်ပြန်ဆောင်ရွက်သွားသင့်တဲ့ အချက် ၆ ချက်

Covid 19 ဟာ ကာလတိုတစ်ခုအတွင်းမှာပဲ လူတွေရဲ့နေမှုပုံစံကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့ပါတယ်။ တစ်ဦးနှင့်တစ်ဦးနီးကပ်ဆက်စပ်စွာရှိနေရာက ဝေးကွာစေခဲ့တယ်။ တစ်ဦးနှင့်တစ်ဦးမယုံသင်္ကာစိတ်နှင့် မလုံခြုံမှုကိုခံစားရစေတယ်။ အနာဂတ်ဟာ ရေရာသေချာမှုမရှိပဲ ေေ၀ဝါးထွေပြားနေစေခဲ့တယ်။ ဘရင်းတစ်ချို့ကို မမျော်လင့်တဲ့ အောင်မြင်မှုတွေပေးစွမ်းခဲ့ပြီး တစ်ချို့ဘရင်းတွေကိုတော့ မျော်လင့်မထားတဲ့အတိုင်းအတာအထိ ဆုံးရှုံးသွားစေခဲ့ပါတယ်။ အထူးသဖြင့်လေကြောင်းလိုင်းတွေရဲ့ အဆုံးအရှုံးဟာ ကြီးမားလွန်းတယ်။ Virgin Austalia လေကြောင်းလိုင်းအပါအဝင် အခြားလေကြောင်းလိုင်းတစ်ချို့ကို ဒေဝါလီခံသွားစေတယ်။ လေကြောင်းလိုင်းသမိုင်းရဲ့ နှစ်ပေါင်း ၁၀၀ သက်တမ်းအတွင်း Covid ရဲ့ ရိုက်ချက်ဟာအပြင်းဆုံးလို့ ဆိုကြပါတယ်။ တစ်ပြိုင်တည်းမှာဘဲ တစ်ချို့ဘရင်းတွေကိုတော့ အပေါ်ကိုတွန်းတင်ပေးခဲ့ပြန်တယ်။ Zoom လို ရုပ်သံဆွေးနွေးမှု App ၊ Netflix လို အင်တာနယ်ရုပ်သံဖျော်ဖြေရေးအစီအစဉ်နဲ့ Amazon လို အိမ်တိုင်ယာရောက်ပို့ဆောင်ရောင်းဝယ်ရေးဘရင်းတွေ ကတော့ မျက်နှာသာရခဲ့ပါတယ်။ ဒီလိုအခြေအနေအချိန်အခါမျိုးမှာ ဘရင်းတွေအနေနဲ့ လိုက်လျောညီထွေဘယ်လိုတုံ့ပြန်ကြမလဲဆိုတာ စဉ်းစားကြရပါတယ်။ […]
Posted On July 7, 2020, By CEO Editors

တန်ဖိုးတက်လာသည့် ZOOM

ကိုဗစ်ကြောင့်လူသိလူသုံးများလာတဲ့ ZOOM ရဲ့တန်ဖိုးဟာ အခုအချိန်မှာ ကမ္ဘာ့အကြီးဆုံးလေကြောင်း လိုင်းခုနစ်ခုပေါင်းရဲ့တန်ဖိုးထက်ကျော်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ကိုဗစ်ကြောင့် လူတွေရဲ့နေမှုပုံစံ၊ အလုပ်လုပ်မှုပုံစံတွေ ပြောင်းလဲသွားခဲ့ပါတယ်။ အထူးသဖြင့် အိမ်မှာနေပြီး အလုပ်လုပ်တဲ့ပုံစံဟာ သိသာထင်ရှားတဲ့ အပြောင်းအလဲတစ်ခုပါ။ အဲဒီပြောင်းလဲမှုကြောင့် ZOOM ဟာ အကျိုးခံစားခဲ့ရသလို ဆုံးရှုံးနစ်နာတဲ့ကုမ္ပဏီတွေလည်း အများကြီးပေါ်ပေါက်လာပါတယ်။ ZOOM ဟာ ရုပ်မြင်အသံကြား အင်တာနက်ပေါ်ကတစ်ဆင့် ဆက်သွယ်ရတဲ့ App တစ်ခုဖြစ်ပြီး သ့ူရဲ့သုံးစွဲရလွယ်ကူမှုကြောင့် ကိုဗစ်ကာလအတွင်း လူအများရဲ့အဓိကသုံးစွဲတဲ့ App တစ်ခုဖြစ်လာခဲ့ပါတယ်။ စာရင်းများအရ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာသုံးစွဲသူ ဆယ်သန်းရှိခဲ့တဲ့ ZOOM ဟာ ၂၀၂၀ ခုနှစ်၊ ဧပြီလမှာ သန်းသုံးရာအထိရောက်ရှိခဲ့ပါတယ်။ ZOOM လုပ်ငန်းအစည်းအဝေးတွေသာမက သင်ကြားရေးမှာလည်း တွင်တွင်ကျယ်ကျယ်သုံးလာကြပါတယ်။ စီးပွားရေးအမြင်ရှိတဲ့ ZOOM ရဲ့ CEO အဲရစ်ယွန် (Eric Yuan) […]
Posted On July 7, 2020, By CEO Editors

ကပ်ကာလအတွင်း ခေါင်းဆောင်များ၏ အမူအကျင့်ကောင်း ၄ မျိုး

စီးပွားရေးလုပ်ငန်းဆိုင်ရာခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍနဲ့တာဝန်ယူမှု၊ တာဝန်ခံမှုတွေဟာ ဒီလပိုင်းတွေမှာ သိသာထင်ရှားစွာ ပြောင်းလဲလို့လာခဲ့ပါပြီ။ COVID-19 မတိုင်မီက ကုမ္ပဏီကြီးတွေရဲ့ အမှုဆောင်တွေနဲ့ အမှုဆောင်အရာရှိချုပ်တွေဟာ ဆန်းသစ်တီထွင်မှု၊ ဝင်ငွေတိုးမြှင့်ရေးနဲ့ ဈေးကွက်ချဲ့ထွင်ရေးတွေကို အာရုံစိုက်အလေးထားဆောင်ရွက်ခဲ့ကြပါတယ်။ ခုချိန်မှာတော့ အဲဒီခေါင်းဆောင်တွေက အသုံးစရိတ်တွေထိန်းသိမ်းဖို့နဲ့ ငွေပေါ်လွယ်ဖို့ကိစ္စတွေအတွက် မြန်ဆန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ရမယ့်အခြေအနေတွေဖြစ်နေပါတယ်။ ကုန်စည်စီး ဆင်းမှုကိစ္စတွေ၊ အဖွဲ့ဝင်အင်အားလျော့ချရတာတွေ၊ လုပ်ငန်းလည်ပတ်ဖို့အတွက် စိန်ခေါ်မှုတွေ စသဖြင့် ကြိုမမြင်နိုင်တဲ့ အတားအဆီးတွေကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ အဲဒီအရာတွေက ဒီခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍနဲ့ ဦးစားပေးအရာတွေကို ကြီးကြီးမားမားပြောင်းလဲပစ်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီခေါင်းဆောင်တွေနဲ့ သူတို့အဖွဲ့ဝင်တွေဟာ ကျန်းမာရေးနဲ့လုံခြုံမှုကိစ္စရပ်တွေ၊ တစ်ယောက်နဲ့တစ်ယောက် အဝေးတစ်နေရာဆီကနေ အလုပ်လုပ်နိုင်ဖို့နဲ့ ဒီကပ်ကာလအတွင်းမှာ ကိုယ့်ရဲ့မိသားစုအသီးသီးကို ထောက်ပံ့နိုင်ဖို့ အစရှိတဲ့ ကိစ္စရပ်တွေအတွက် နည်းလမ်းတွေ ရှာဖွေလုပ်ဆောင်နေရပါတယ်။ ဒါဟာ လွယ်ကူတဲ့အခါသမယတော့ မဟုတ်ပါဘူး။ ဒီခေါင်းတောင်တွေဟာ သူတို့ရဲ့ခေါင်း […]
Posted On July 7, 2020, By CEO Editors

ကမ္ဘာ့အအောင်မြင်ဆုံးပုဂ္ဂိုလ်၂၈ ဦး၏ ပထမဆုံးအလုပ်အကိုင်များ

ကမ္ဘာ့သြဇာအရှိဆုံးနဲ့ အလွှမ်းမိုးဆုံးပုဂ္ဂိုလ်တွေဟာ ကျန်တဲ့ပြည်သူတွေနဲ့ခွဲပြီး သီးခြားကမ္ဘာတစ်ခုမှာ နေထိုင်ကြတာကို အလွယ်တကူ မြင်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ အများစုဟာ ငွေရဖို့သမားရိုးကျအလုပ်အကိုင်တွေကို ပထမဦးစွာလုပ်ကိုင်ခဲ့ရသူတွေ ဖြစ်တယ်။ Amazon တည်ထောင်သူ ဂျက်ဖ်ဘီဇော့စ်မှအစ ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်အထိ သိပ်အောင်မြင်တဲ့ ပုဂ္ဂိုလ်တွေ အောင်မြင်မှုပန်းတိုင်ကို ရောက်ဖို့လျောက်ရတဲ့ လမ်းကြောင်းက ပန်းခင်းလမ်းမဟုတ်ကြောင်း သက်သေပြကြပါတယ်။ ၁။ Jeff Bezos Amazon တည်ထောင်သူ စီအီးအို ဘီဇော့စ်ဟာ ဆယ်ကျော်သက်အရွယ်က နွေရာသီကျောင်းပိတ်ရက်တွေဆိုရင် မက်ဒေါ်နယ်သရေဇာဆိုင်က စားဖိုဆောင်မှာ အလုပ်လုပ်ခဲ့ပါတယ်။ ”အခက်ခဲဆုံးကိစ္စက ဆိုင်မှာဧည့်သည်ကျတဲ့အ ချိန်ကိစ္စအားလုံး သင့်တော်တဲ့အရှိန်နဲ့ဆက်သွားနေအောင် ထိန်းသိမ်းရတာဖြစ်တယ်။ ဆိုင်မန်နေဂျာကလည်း သိပ်တော်တယ်။ သူ့အမှုထမ်းလူငယ်တွေကို အလုပ်ထဲမှာ ပျော်အောင်လုပ်ပေးတယ်” လို့ သူကပြောပါတယ်။ ၂။ Donald Trump လက်ရှိ အမေရိကန်သမ္မတထရမ့်ဟာ မွေးကတည်းက […]
Posted On July 7, 2020, By CEO Editors

ဒေဝါလီခံရတော့မယ့် AMD ကုမ္ပဏီကိုကယ်တင်ခဲ့သူ CEO Lisa Su

Semiconductor Company တစ်ခုဖြစ်တဲ့ Advanced Micro Devices (AMD) ကုမ္ပဏီဟာ ဒေဝါလီခံရကိန်းရှိနေချိန်မှာ ယင်းရဲ့စီအီးအိုဖြစ်လာရေးဟာ လီဆာဆူး (Lisa Lu) စိတ်ကူးထားတဲ့ အလုပ်အကိုင်ဖြစ်ပါတယ်။ ကျွန်မကတစ်ပိုင်းလျှပ်ကူးပစ္စည်း (Semiconductor) လုပ်ငန်းမှာ လုပ်ကိုင်ခဲ့တုန်းက အမေရိကန်နိုင်ငံမှာအဲဒီကုမ္ပဏီမျိုးသိပ်မများခဲ့ဘူး။ AMD ရဲ့ စီအီးအိုဖြစ်လာတော့ ကျွန်မသိပ်ရင်ခုန်သွားပါတယ်လို့ သူက CNN ကိုပြောပါတယ်။ သူဟာ Best Buy လျှပ်ပ်စစ်ပစ္စည်းဆိုင်ထဲဝင်ပြီး လက်ပ်တော့ပ်တစ်လုံးလောက်ကိုင်တဲ့အခါ သူမကုမ္ပဏီကထုတ်လုပ်တဲ့ မိုက္ကရိုချစ်ပ် ဒါမှမဟုတ် Processor ပါရှိမှန်းသိပါတယ်။ ၂၀၁၄ ခုနှစ်မှာ လီဆာဟာ AMD ရဲ့ စီအီးအိုဖြစ်လာတော့ ကုမ္ပဏီရဲ့စတော့ရှယ်ယာဈေးနှုန်းက အနိမ့်ဆုံးဖြစ်နေပါတယ်။ နည်းပညာလုပ်ငန်းမှာ သြဇာအရှိဆုံးမိန်းမတစ်ယောက်ဖြစ်တဲ့ လီဆာဟာ စိန်ခေါ်မှုကို ကြိုက်ပါတယ်။ ဒါကြောင့် သူဟာမူလကတည်းက အင်ဂျင်နီယာလုပ်ခဲ့တာပါ။ AMD ကို […]
Posted On July 7, 2020, By CEO Editors

အောင်မြင်သူတို့ ပြုလေ့ရှိသောအချက်ပေါင်း ၁၀၀

ယခင်လမှအဆက် ၁၀။ ဘဝသင်ခန်းစာများ လေ့လာသင်ယူပါ။ ”လေ့လာသင်ယူခြင်းအဆုံးသတ်သည့်အချိန်သည် သင့်ဘဝဆုံးခန်းစတင်သည့် အချိန်ပင်ဖြစ်သည်”။ သင်ယူခြင်းနှင့်အောင်မြင်ခြင်းတို့သည် ဆက်နွှယ်လျက်ရှိကြသည်။ နောက်ဆုံးစာမေးပွဲကြီးပြီးဆုံးသွားသည်နှင့် သင်ယူခြင်းကုန်ဆုံးသွားပြီဟု မထင်လိုက်ပါနှင့်။ သင်ယူခြင်းဆိုသည်မှာ သာမန်လုပ်ကိုင်လှုပ်ရှားမှုတစ်ခု သက်သက်မဟုတ်ပေ။ စိတ်နေစိတ်ထားတစ်ခုဖြစ်သည်။ နားထောင်တတ်သည့်၊ လေ့လာရှာဖွေတတ်သည့်၊ လက်ခံရယူရန်အသင့်ဖြစ်နေသည့် စိတ်ထားမျိုးဖြစ်သည်။ လေ့လာသင်ယူခဲ့ပြီးသား မနေ့ကအထိ မှန်ကန်၊ အရေးပါသည်ဟုထင်မှတ်ခဲ့သည့်အရာများကိုလည်း လိုအပ်ပါက စွန့်လွှတ်နိုင်သည့် စိတ်ထားမျိုးဖြစ်သည်။ လေ့လာသင်ယူတတ်သည့် စိတ်ထားကြောင့် သင့် ဘဝ၏မည်သည့်ကဏ္ဍများတွင် အကျိုးဖြစ်ထွန်းခဲ့သနည်း၊ ငွေကြေးစီမံခန့်ခွဲမှု၊ သားသမီးများပြုစုပျိုးထောင်ခြင်း၊ ကျန်းမာအောင်နေထိုင်ခြင်း သို့မဟုတ် အလုပ်ရှင်နှင့်အဆင်ပြေစွာဆက်ဆံနိုြင်ခင်း စသည်ဖြင့် ကဏ္ဍများစွာဖြစ်သည်။ ကျွနု်ပ်တို့ဘဝသည် လေ့လာသင်ယူစရာတက္ကသိုလ်တစ်ခုဖြစ်နေခြင်းမှာ ကျေးဇူးတင်စရာပင်ဖြစ်သည်။ မိမိတို့လုပ်ကိုင်တွေ့ကြုံသမျအရာတိုင်းက မိမိတို့ကို သင်ခန်းစာတစ်ခုအမြဲပေးနေသည်၊ အတွေးအခေါ်သစ်များ၊ ထိုးထွင်းသိမြင်နိုင်စွမ်းနှင့် နားလည်သဘောပေါက်ခြင်းများ အမြဲပေးနေပေသည်။ အဆင်မပြေခဲ့သော အဖြစ်အပျက်အတွေ့အကြုံများအားလျစ်လျူရှု၊ မေ့ပစ်ကောင်းမေ့ပစ်လိုကြမှာဖြစ်သည်။ သို့သော် ထိုကဲ့သို့မိမိကိုနာကျင်စေခဲ့သော အဖြစ်အပျက်များ၊ […]
Posted On July 7, 2020, By CEO Editors

စီးပွာရေးအဘိဓာန် ၁၂၂

Fractional Share ရှယ်ယာ/ (စတော့) တစ်စိတ်တစ်ပိုင်းကုမ္ပဏီအများအပြားတွင် အမြတ်ဝေစုကို ပြန်လည်မြှုပ်နှံမှု အစီအစဉ်များရှိကြသည်။ ငွေသားအမြတ်ဝေစုကို ဈေးကွက်အတွင်းမှရှယ်ယာများဝယ်ယူမြှုပ်နှံသည်။ ဤလုပ်ပုံနည်းက ရှယ်ယာအစိတ်အပိုင်းများ မလွှဲမရှောင်သာဖြစ်စေသည်။ Frame အခြေခံဘောင်စာရင်းအင်းပညာနမူနာကောက်ယူရာတွင် (နမူနာ SAMPLE, def.1 ကြည့်ပါ) ပင်မဦးရေမှ စိစစ်သုံးသပ်ရေးအနေအထားတစ်ခုကိုဆိုသည်။ ဥပမာ- လုပ်သားဆိုင်ရာ စာရင်းအင်းလေ့လာမှုတွင် အခြေခံမူဘောင်ဝန်ထမ်းဌာနမှထားရှိသော မှတ်တမ်းဖိုင်များ၊ သို့မဟုတ် ပြည်တွင်းအခွန်ဦးစီးဌာနက ထိန်းသိမ်းကိုင်ဆောင်ထားသော မှတ်တမ်း၊ သို့မဟုတ် စာရင်းများဖြစ်သည်။ Franchise လုပ်ခွင့်လိုင်စင် ၁။ အစိုးရက လူပုဂ္ဂိုလ်တစ်ဦး၊ သို့မဟုတ် အဖွဲ့တစ်ခုသို့ အများပြည်သူဆိုင်ရာဝန်ဆောင်မှု၊ သို့မဟုတ် လုပ်ငန်းတစ်ရပ်ဆောင်ရွက်လုပ်ကိုင်ခွင့်၊ အများအားဖြင့် လုံးလုံးလုပ်ပိုင်ခွင့်ကိုဆိုသည်။ ဥပမာ- စည်ပင်သာယာသယ်ယူပို့ဆောင်သည့် အစီအမံ (ဘတ်စ်ကားလိုင်း၊ မြေအောက်လမ်း) လုပ်ကိုင်ခွင့်၊ သို့မဟုတ် အများပြည်သူအကျိုးပြုလုပ်ငန်းလုပ်ခွင့်လိုင်စင်ကိုဆိုသည်။ လုပ်ခွင့်လိုင်စင်တွင်ပါရှိသော သတ်မှတ်ချက်သဘောတူကတိစာချုပ်နှင့် အလားတူပြီး […]
Posted On June 26, 2020, By CEO Editors

WORK FROM HOME

COVID-19 ၏ Impact တစ်ခုမှာ Physical Distancing ဖြစ်ရာရုံးခန်းများတွင် Mask တပ်ဆင်ရန်နှင့် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် အလုပ်လုပ်ရန်ဖြစ်လာသည်။ ရုံးခန်း၊ အလုပ်တာဝန်၊ လုပ်ငန်းအခြေအနေ စသည်တို့အပေါ်မူတည်၍ မြန်မာနိုင်ငံတွင်လည်း Work-from-Home (WFH) အိမ်မှတစ်ဆင့် အလုပ်တာဝန်ထမ်းဆောင်ခြင်းကို အနည်းနှင့်အများလုပ်ဆောင်ကြရပါသည်။ WFH ၏ ရည်ရွယ်ချက်တစ်ခုမှာ ရုံးချိန်အတိုင်းအိမ်တွင် အလုပ်လုပ်ရန်ဖြစ်ပါသည်။ ထို့ကြောင့် သပ်သပ်ရပ်ရပ်ဝတ်ဆင်ရန်နှင့် အချိန်မရွေးအလုပ်နှင့်ပတ်သက်(ရွေ့) ဖုန်းပြောခြင်း၊ Zoom အပါအဝင် Video Conference များလုပ်ဆောင်ရမည်ဖြစ်ရာ ရုံးချိန်အတွင်း အမြဲအဆင်သင့်ဖြစ်နေသကဲ့သို့ အသင့်ရှိနေရန် လိုအပ်ပါသည်။ မကြာမီကပင် Google နှင့် Microsoft အပါအဝင် နည်းပညာဆိုင်ရာကုမ္ပဏီကြီးများအနေဖြင့် ၂၀၂၁ တိုင်အောင် WFH လုပ်ရန် စဉ်းစားလာကြပါသည်။ ယေဘုယျတွင် COVID-19 နှင့်ပတ်သက်ပြီး ကာကွယ်ဆေး […]
Posted On June 23, 2020, By CEO Editors
1 5 6 7 8 9 44