advertisement-image
Feature

ကမ္ဘာပျက်မည့်နေ့အတွက် ကြိုတင်တည်ဆောက်ထားသော ဘီလျံနာများ၏ ဗုံးခိုကျင်းများ

ကမ္ဘာ့လူဦးရေရဲ့ တစ်ရာခိုင်နှုန်းမျသာရှိတဲ့ ဒီလူချမ်းသာများရဲ့ မြေအောက်ဗုံးခိုကျင်းများကတော့ တမူကိုထူးခြားလှပပါတယ်။ကမ္ဘာပျက်တဲ့အခါ အသုံးပြုမယ့်မြေအောက်ဗုံးခိုကျင်းဆိုတာ ခေါက်ခုတင်တွေနဲ့ စည်သွတ်ဗူးတွေအပြည့်ထည့်ထားတဲ့ ကွန်ကရစ်အခန်းတစ်ခန်းပဲလို့ လူအများစုက တွေးလေ့ရှိပါတယ်။ ကမ္ဘာပျက်ဖို့ ခြိမ်းခြောက်မှုဟာ စစ်အေးတိုက်ပွဲ ခေတ်ကလိုပဲ ရှိနေဆဲလို့ အောက်မေ့ရပေမယ့် ယခုခေတ် လုံခြုံရေးအဆင်မြင့်ဗုံးခိုကျင်းတွေဟာ ၂၀ ရာစုခေတ်က ဗုံးခိုကျင်းတွေနဲ့ များစွာခြားနားပါတယ်။ ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီအတော်များများဟာ ကမ္ဘာလုံးဆိုင်ရာကူးစက် ရောဂါဆိုး၊ ဥက္ကာပျံ၊ ဒါမှမဟုတ် တတိယကမ္ဘာစစ်လို ဘယ်လိုအသက်အန္တရာယ်ရှိတာမျိုးကိုမဆို ကာကွယ်စောင့် ရှောက်ပေးနိုင်မယ့် ဗုံးခိုကျင်းတွေကို ဇိမ်ခံပစ္စည်းတွေ၊ အတွင်းပိုင်းပြင်ဆင်မှုမျိုးစုံတွေ ထည့်ပြီးဆောက်လုပ်ပေးနေရပါတယ်။ ”ရှေးခေတ်က ဗုံးခိုကျင်းတွေဟာ သိပ်ပြီးဇိမ်မကျဘူး။ အဲဒါတွေက မီးခိုးရောင်တွေ၊ သင်္ဘော၊ ဒါမှမဟုတ် စစ်ဘက်သုံးပစ္စည်းလို သတ္တုတွေနဲ့ ဆောက်တယ်။ အဲ ဒီလိုငြီးငွေ့စရာပတ်ဝန်းကျင်ထဲမှာ လူသားမျိုးနွယ်ဟာ သက်ဆိုးမရှည်နိုင်ဘူး” လို့ အဆင့်မြင့်ဗုံးခိုကျင်းတွေ ကမ္ဘာတစ်ဝန်းမှာ တည်ဆောက်ပြီး […]
Posted On June 15, 2020, By CEO Editors

TATA ဆိုသည့် အမည်နာမထက် ကျော်လွန်၍…

”မှန်ကန်တဲ့ဆုံးဖြတ်ချက်ချမှတ်ဖို့ ဆိုတာမျိုးကျွန်တော် မယုံကြည်ဘူး။ ဆုံးဖြတ်ချက်ချမယ်၊ချထားတဲ့ဆုံးဖြတ်ချက်အတိုင်း အောင်မြင်အောင်ကျွန်တော်လုပ်မယ်” Ratan Naval Tata ဤစကားကိုပြောခဲ့သူက အိန္ဒိယလူမျိုး ကမ္ဘာကျော်စီးပွားရေးလုပ်ငန်းရှင်ကြီး ရာတန်နာဗဲလ်တာတာ (Ratan Naval Tata) ပါ။ သူက Tata Group ကို စတင်တည်ထောင်ခဲ့သူ Jamsetji Tata ၏ မြစ်ဖြစ်ပြီး Tata Sons ၏ Chair-man ဟောင်းနှင့် Tata Trusts ၏ Chairman လည်းဖြစ်သည်။ ၁၉၃၇ တွင် မွေးဖွားခဲ့သည့် အသက် ၈၂ အရွယ် Ratan Tata က ငယ်ဘဝသူတွေ့ကြုံခဲ့သည်တို့ကို ‘ချစ်သူများနေ့’ မတိုင်မီတစ်ရက်ကြိုတွင် လူသိများသည့် Facebook Page ဖြစ်သော Humans of Bombay တွင် […]
Posted On May 27, 2020, By CEO Editors

အောင်မြင်သူတို့ ပြုလေ့ရှိသောအချက်ပေါင်း ၁၀၀

ယခင်လမှအဆက် ၈။ သင့်အတိတ်ကာလနှင့် မိတ်ဆွေဖွဲ့ပါ သင့်အတိတ်ကို ပြောင်းလဲ၍မရပါ။ ပြန်လှန်တွေးတော ခံစားပုံခံစားနည်းကိုသာ ပြောင်းလဲ၍ရမည် ဖြစ်သည်။ ပြန်ပြောင်းလှည့်ကြည့်လိုက်မည်ဆိုလျင်၊ သင့်အား စိတ်အနှောင့်အယှက်ဖြစ်အောင်၊ စိတ်မချမ်းမသာ ဖြစ်အောင်လုပ်သော အဖြစ်အပျက်တစ်ခုခုရှိခဲ့ဖူးပါသလား၊ လက်လွတ်သွားသော အခွင့်အရေးများ၊ ပျက်စီးသွားသော ဆက်ဆံရေးများ၊ သင့်ကြောင့်ထိခိုက်နစ်နာသွားသူများ စသည်တို့အတွက် နောင်တရပါသလား၊ လုပ်မိခဲ့သော အမှားများနှင့်လွဲမှားစွာချခဲ့မိသော ဆုံးဖြတ်ချက်များ၊ သို့မဟုတ် လူအများကသင့်အားပြောဆိုခဲ့သော စိတ်အနှောင့်အယှက်ဖြစ်ဖွယ်၊ စိတ်မသက်မသာဖြစ်ဖွယ် အပြုအမူများ၊ စကားများအတွက် အပြစ်တစ်ခုအနေနှင့် ခံစားမိပါသလား၊ သင်တစ်ဦးတည်းမဟုတ်ပါ။ ကျွနု်ပ်တို့အားလုံး ဤအဖြစ်အပျက်များ၊ ခံစားချက်များ ကိုယ်စီရှိကြသည်။ ဥပမာ-အတိတ်ကဖြစ်ရပ်များ၏ အပျက်တရားများကိုသာသတိရပြီး၊ ကောင်းသည့်အချက်များကို မေ့ပစ်ခြင်းမျိုးဖြစ်သည်။– သင့်မိဘများက သင့်အားကိုယ်ပိုင်ဆုံးဖြတ်ချက်ချရန် အခွင့်အရေးပေးလိုခြင်းကို၊ သင့်အားပစ်ပယ်ထားသည်ဟု ခံစားမိခြင်း – သင့်အလုပ်ရှင်၏ ဆူပူနှောင့်ယှက်ခြင်းကိုမခံနိုင်သဖြင့် ပထမဦးဆုံးအလုပ်မှ နုတ်ထွက်ခဲ့မိသည့်အတွက် မိမိကိုယ်ကို အပြစ်တင်နေမိခြင်း […]
Posted On May 27, 2020, By CEO Editors

ဝိုင်အနီကို ဘယ်လိုသောက်ကြမလဲ

ဝိုင်အနီဟာကမ္ဘာပေါ်က ယမကာတွေထဲမှာ ရေပန်းအစားဆုံးရွေးချယ်မှုတွေအနက်တစ်ခုဖြစ်ပါတယ်။အမျိုးအမည်၊ ရောစပ်မှုနဲ့ အရသာစုံလင်များပြားလှတဲ့ ဝိုင်အနီဟာလူကြိုက်များတဲ့ ယမကာဖြစ်ရုံမျမက ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်လို့ဆိုပါတယ်။ Annals of Internal Medicine ဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာချက်တစ်ခုအရ ညစဉ်ဝိုင်အနီတစ်ဖန်ခွက်သောက်ခြင်းဟာ Type 2 diabetes ရောဂါသည် (သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်း- သွေးချိုရောဂါသည်) တွေကို သူတို့ရဲ့ ကိုလက်စထရောဓာတ်နဲ့ နှလုံးကျန်းမာရေးတို့ကိုထိန်းချုပ်ဖို့ အထောက်အကူ ပြုဖွယ်ရှိမယ်လို့ သိရပါတယ်။ သို့တစေ ဝိုင်အနီကို ကြီးကြပ်လမ်းညွှန်မှုနဲ့အညီ သောက်သင့်ပါတယ်။ ဝိုင်အနီသောက်တာဟာ လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။ အဆင့်အတန်းရှိတဲ့ ဝိုင်အနီလိုယမကာမျိုးဟာ စတိုင်လ်ကျကျသောက်သုံးဖို့ လိုအပ်ပါတယ်။ ကျွန်ုပ်တို့အများစုဟာ အဲဒါကို အရသာခံရတာကို ကြိုက်ကြ မှာပါ။ ဒါပေမဲ့ ဝိုင်အနီကို ဘယ်လိုသောက်ရမလဲဆိုတာ သိသူကနည်းပါတယ်။ ဝိုင်အနီသောက်ရာမှာ ကျူးလွန်တတ်တဲ့အမှားတချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ ဝိုင်ကို ဖန်ခွက်ပြည့်လျံအောင်ထည့်ခြင်း […]
Posted On May 27, 2020, By CEO Editors

စီးပွာရေးအဘိဓာန် ၁၂ ၁

Foreclosure ပြန်လည်၍ မရွေးနိုင်ရန် ပေါင်နှံမှုရပ်စဲခြင်း ပေါင်နှံချေးငွေတစ်ခုပျက်ကွက်မှုရှိပြီး ပစ္စည်းပေါင်နှံချေး ငွေယူထားသူက အပေါင်ပစ္စည်းကိုဆယ်တင်ရန် ရောင်း ချခြင်း၊ ဘဏ္ဍာငွေဖြည့်ဆည်းခြင်းနှင့် အခြားနည်းများမ အောင်မြင်သည့်အခါ ဆောင်ရွက်သောလုပ်ငန်းစဉ်ကို ဆို သည်။ ပေါင်နှံမှုရပ်စဲခြင်းမှ အပေါင်ခံငွေထုတ်ပေးသူက ပစ္စည်းပိုင်ဆိုင်မှုရရှိနိုင်သည်။ အမေရိကန်ပြည်ထောင်စု၌ ပေါင်နှံမှုရပ်စဲခြင်းကို ပြည်နယ်တစ်ခုမှ အခြား ပြည်နယ် တွင် နည်းအမျိုးမျိုးပြောင်းလဲသည်။ ပြည်နယ်အနည်း ငယ်တွင် ရိုးရိုးအမိန့်ဖြင့် အပေါင်လက်ခံသူက ပေါင်နှံသူ သည် ပစ္စည်းရခွင့်ကို ဆုံးရှုံးစေရမည်ဟု ထုတ်ဖော်ကြေညာ နိုင်သည်။ ဤနည်းကို တိကျသော ရပ်စဲမှုဟုခေါ်ဆိုပြီး ယနေ့ရှားရှားပါးပါး သုံးစွဲသည်။ အခြားပြည်နယ်များ၌ ပစ္စည်းလက်ခံငွေထုတ်သူက ရုံးတော်သို့ စွဲဆိုလျောက်ထား ပြီး ရုံးတော်က ပေါင်နှံပစ္စည်းကို ရုံးတော်အရာရှိက ပြည် သူသို့ လေလံတင်ရောင်းချရန် အမိန့်ချမှတ်ပေးသည်။ ပစ္စည်းရောင်းချချိန်အထိ အပေါင်ထားသူ၊ […]
Posted On May 14, 2020, By CEO Editors

အောင်မြင်သူများ ဆုံးဖြတ်ချက်ချလျှင် အသုံးပြုသည့် နည်းဗျူဟာ ၁၀ မျိုး

အလုပ်အကိုင်လျှောက်ထားခြင်းမှအစ၊ ယနေ့ ဝတ်ဆင်ရ မည့်အဝတ်အ စားများရွေးချယ်မှုအထိ၊ ကျွနု်ပ်တို့သည် တစ်နေ့လျှင်၊ ဆုံးဖြတ်ခက် ပေါင်း ၇၀ ခန့် ချမှတ်နေကြရသည်။ အောင်မြင်နေသည့်ပုဂ္ဂိုလ်များထံတွင် ဆုံးဖြတ်ချက်ချ ခြင်းနှင့်ပတ်သက်သော စိတ်ဖိစီးမှုကို မည်သို့ ရှောင်ရှားရ မည်ဆိုသည့်အချက်အား အထောက်အကူပြုသည့် မှတ် သားစရာ အလေ့အကျင့်အပြုအမူများ ရှိထားကြသည်။ သင့်တစ်နေ့တာအချိန်သည်၊ ချမှတ်ရမည့်ဆုံး ဖြတ်ချက်များဖြင့်ပြည့်လျက်ရှိသည်။ Columbia University မှ လေ့လာတွေ့ရှိချက်တစ်ခုအရ၊ ကျွနု်ပ်တို့သည် တစ်ရက်လျှင်ဆုံးဖြတ်ချက်ပေါင်း ၇၀ ခန့်အထိချ မှတ်နေ ကြရကြောင်းတွေ့ရှိရသည်။ အစာစားခြင်း၊ အလုပ်သွားဖို့လမ်းကြောင်းရွေးခြင်း၊ မည်သည့်အလုပ်ကိုစတင်ကိုင်တွယ်ရမည် စသည်ဖြင့် အချို့ဆုံးဖြတ်ချက်များသည် အရေးမပါလှသော်လည်း၊ မိမိအားလက်ခံသည့် အလုပ်နှစ်ခုကြား ရွေးချယ်ရခြင်း၊ မိမိချစ်ခင်နှစ်သက်သူများအတွက် မြို့သစ်တစ်ခုသို့ ပြောင်း ရွှေ့နေထိုင်ခြင်းပြုမပြုဆုံးဖြတ်ရေး၊ မိမိကိုဒုက္ခပေးနေသူအား အဆက်ဖြတ်ရေးမဖြတ်ရေး စသည့်ကိစ္စရပ်အချို့မှာ ဆုံးဖြတ်ချက်ချမှတ်ရာတွင် အခက်အခဲတွေ့ရလေ့ရှိသည်။ […]
Posted On May 14, 2020, By CEO Editors

အင်တာနက်လောက၏ ဆုံးရှုံးမှု

ကမ္ဘာ့နိုင်ငံများသည် Online ရေးသားမှုများကို ဆင်ဆာလုပ်လိုသည့်ဆန္ဒပိုမိုပြင်းပြလာလျက်ရှိသည်။ ထိုအချက်က နည်းပညာကုမ္ပဏီကြီးများအတွက် ခေါင်းခဲ စရာကိစ္စရပ်တစ်ခု ဖြစ်လာလိမ့်မည်။ ၂၀၁၆ ခုနှစ်တွင်၊ WHO က ဗြိတိန်နိုင်ငံသည် ကမ္ဘာတစ်ဝန်း (၂၀၀၇ ခုနှစ်အတွင်း) လူပေါင်း ၁၁၀,၀၀၀ ခန့် အသက်ဆုံးရှုံးစေခဲ့သော ဝက်သက်ရောဂါကင်းရှင်းပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့သည်။ ထိုအောင်မြင်မှုက တာရှည်မခံခဲ့ပေ။၂၀၁၈ ခုနှစ်အတွင်း အင်္ဂလန်နှင့်ဝေလနိုင်ငံများအတွင်း ဝက်သက်ရောဂါဖြစ်ပွားသူပေါင်း ၉၉၁ ဦးကိုတွေ့ရှိကြောင်း မှတ်တမ်းတင်အပြီးတွင် WHO က ဗြိတိန်၏ ဝက်သက်ကင်းရှင်းကြောင်း ကြေညာချက်ကို တရားဝင်ဖျက်သိမ်းခဲ့သည်။ ဝက်သက်ရောဂါကာကွယ်ဆေးက၊ ကလေးငယ်များအား Autism ဖြစ်စေနိုင်သည်ဆိုသည့် အယူအဆက (စင်စစ်မမှန်ကန်ပါ) နိုင်ငံများစွာတွင် (တစ်စိတ်တစ်ပိုင်းအားဖြင့်) ဝက်သက်ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်မှုဖြစ်စေခဲ့သည်။ ကာကွယ်ဆေးထိုးနှံခြင်းကို ဆန့်ကျင်သူများကယင်းတို့၏အဓိပ္ပာယ်ကင်းမဲ့သော သတင်းများဖြန့်ချိရန်အတွက် Internet Forum များနှင့် Social […]
Posted On May 14, 2020, By CEO Editors

အဂတိပယ်ခွာပြည်သာယာ -၁၈

အဂတိလိုက်စားမှုကြောင့် ကြုံတွေ့နိုင်သော ဘေးအန္တရာယ်များ အဂတိလိုက်စားမှုသည် အများပြည်သူလူထုတစ်ရပ်လုံး အပြင် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ တရားဥပဒေစိုးမိုးရေးကဏ္ဍအသီးသီးတို့ကို အတိဒုက္ခဖြစ်စေသည့် ဘေးအန္တရာယ်ကြီးတစ်ရပ်ဖြစ် ကြောင်း ပြောဆိုဆွေးနွေးရေးသားဖွင့်ဆိုနေကြသည်က များပါသည်။ အဂတိလိုက်စားမှုဘေးအန္တရာယ်ဖြစ်နိုင် ခြေရှိမှုကို အကဲဖြတ်ခြင်း (Corruption Risk Assessment) သည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး၌ အရေး ကြီးသော ဘာသာရပ်တစ်ခုဖြစ်ပါသည်။ သို့သော် အဂတိ လိုက်စားမှုသည် အဂတိလိုက်စားခဲ့သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ ကိုယ်တိုင်အတွက်လည်း ဘေးအန္တရာယ်အဘယ်မျကြီးမားနေပါသနည်း။ ဤအကြောင်းအရာကို ပြောဆို ဆွေးနွေးမှုနည်းသေးသည်ဟု ထင်မြင်မိပါသည်။ အဂတိလိုက်စားမှုကြောင့် ကြုံတွေ့နိုင်သော ဘေးအန္တရာယ်များမှာ တစ်နိုင်ငံနှင့် အခြားတစ်နိုင်ငံ၊ ခေတ်ကာလတစ်ခုနှင့် အခြားတစ်ခုမတူညီနိုင်ပါ။ ထိရောက်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ လည်းရှိသည်။ တရားစွဲဆိုမည့် အဖွဲ့အစည်းလည်းရှိသည်။ တရားစီရင်မည့် အဖွဲ့အစည်းလည်းရှိသည်။ တစ်ကမ္ဘာ […]
Posted On May 14, 2020, By CEO Editors

ငွေကြေးပညာရှင်မဟုတ်သူ မန်နေဂျာများအတွက် ငွေကြေးပညာ

ယခင်လမှအဆက် ၈။ ဝင်ငွေအစီရင်ခံစာတစ်ခုလုံးကိုဖတ်ပါ (Read The Entire Income Statement) ဝင်ငွေအစီရင်ခံစာသည် အောက်ခြေလိုင်းဖြစ်သည့် အ သားတင်အမြတ် Net Profit ဖြစ်သည်။ အသားတင် အမြတ်သည် ကုန်ကျစရိတ်များအားလုံးကိုနုတ်ပြီးနောက် ကျန်သည့်ဝင်ငွေဖြစ်သည်။ ဝင်ငွေအစီရင်ခံစာသည် တစ်လ၊ သုံးလ၊ တစ်နှစ် အစရှိသည်ဖြင့် အချိန်ပိုင်းတစ်ခုအတွက် ဝင်ငွေများနှင့် ကုန်ကျစရိတ်များကိုပြသည်။ ဝင်ငွေအစီရင်ခံစာကို တစ်ခါတစ်ရံ အရှုံး-အမြတ် စာရင်းရှင်းတမ်းဟုလည်းခေါ်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် အကြမ်းဝင် ငွေ၊ အသားတင်ဝင်ငွေဟုလည်းခေါ်သည့် အမြတ်ရရှိနိုင်ခြေ (အကြမ်းအမြတ်၊ အသားတင်အမြတ်) တို့ကိုလည်း ပြ၍ဖြစ်သည်။ အကြမ်းအမြတ် (Gross Profit) အကြမ်းအမြတ်ဆိုသည်မှာ အတိုကောက်အားဖြင့် COGS (Cost of Goods Sold) ဟုခေါ်သည့် ရောင်းချသည့် ကုန်ပစ္စည်းအတွက် ကုန်ကျစရိတ်ကိုနုတ်ပြီးနောက် […]
Posted On May 14, 2020, By CEO Editors

အကောင်းဆုံးခေါင်းဆောင်တွေ ဘာကြောင့် ထွက်ခွာသွားကြတာလဲ

လူတွေနှုတ်ဆက်ကျောခိုင်းသွားကြတဲ့အခါမှာ နာကျင်ရပါတယ်။ လူတွေက အဖွဲ့အစည်းကို စွန့်ခွာတာမဟုတ်ဘူး၊ လူတွေက လူတွေကို စွန့်ခွာသွားကြတာပါလို့ ဆိုလေ့ရှိပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ အဖွဲ့အစည်းထဲက ခေါင်းဆောင်တွေ ကျောခိုင်းထွက်ခွာသွားတဲ့အခါမှာ နာကျင်ထိခိုက်ရပါတယ်။ ပါရမီထူးတွေကို ပိုင်ဆိုင်ထားတဲ့ ဝန်ထမ်းတွေ၊ အဖွဲ့ဝင်တွေ၊ ဒါမှမဟုတ် ခေါင်းဆောင်တွေကို ဆုံးရှုံးရခြင်း အကြောင်းရင်းတွေ သိန်းသန်းမကရှိနေနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ မတော်တဆအကြောင်းရင်းတွေကြောင့် ဖြစ်နိုင်သလို တချို့သောအချိန်မှာတော့ တိုးတက်ဖွံ့ဖြိုး မှုရဲ့ သဘာဝဖြစ်စဉ်တစ်ခုအဖြစ် ဒီလိုအခြေအနေတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဖော့ဘ်မဂ္ဂဇင်းရဲ့ ဆောင်းပါးတစ်ခုမှာ ဖော်ပြထားတဲ့ ထူးချွန်ထက်မြက်တဲ့သူတွေက သူတို့ရဲ့လုပ်ငန်း (အဖွဲ့အစည်း) ကို စွန့်ခွာသွားရခြင်းအကြောင်းရင်းတွေကို လေ့လာသုံးသပ်ကြည့်လိုက်တဲ့အခါ မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းရင်းတချို့ကို ထင်ထင် ရှားရှားတွေ့လာရပါတယ်။ ၁။ အမြော်အမြင်မရှိဘဲ ခေါင်းဆောင်ခြင်း အမြော်အမြင်ရှိခြင်းက အရေးပါပါတယ်။ အမြော်အမြင်ရှိ ခြင်းက စိတ်လှုပ်ရှားစရာတွေနဲ့အတူ […]
Posted On May 14, 2020, By CEO Editors
1 6 7 8 9 10 44