advertisement-image
Feature

ကလေး ၅ ယောက်ရဲ့မိခင် (သို့မဟုတ်) You Tube ရဲ့ CEO Susan Diane Wojcicki

ငယ်စဉ်ဘဝနဲ့ပညာရေး Susan Diane Wojcicki ကို ၁၉၆၈ ခုနှစ်၊ ဇူလိုင်လ ၅ ရက်မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ဂျူးနွယ်ဖွား ရုရှားကျောင်းဆရာ Esther Wojcicki နဲ့ Stanford တက္ကသိုလ်က ရူပဗေဒပါမောက္ခ၊ ပိုလန်နွယ်ဖွား အမေရိကန် Stanley Wojcicki တို့ရဲ့သမီးဖြစ်ပါတယ်။ သူ့မှာ ညီမနှစ်ယောက်ရှိပါတယ်။ သူဟာ တက္ကသိုလ်ပရိဝုဏ်ထဲမှာကြီးပြင်းခဲ့ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ Palo Alto မြို့က Gunn အထက်တန်းကျောင်းမှာတက်ခဲ့ပြီး အဲဒီကျောင်းရဲ့ သတင်းစာမှာ စာတွေရေးခဲ့ပါတယ်။ Wojcicki ဟာ Harvard တက္ကသိုလ်မှာ သမိုင်းနဲ့ ရသစာပေကို သင်ယူခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှာ ဂုဏ်ထူးတန်းကအောင်မြင်ခဲ့ပါတယ်။ သူ့ရဲ့မူလအစီအစဉ်က ဘောဂဗေဒနဲ့ PhD ယူဖို့ဖြစ်ပြီး တက္ကသိုလ်မှာ ဆရာလုပ်ဖို့ဖြစ်ပေမဲ့ နည်းပညာကို […]
Posted On August 12, 2020, By CEO Editors

အလုပ်နည်းနည်းလုပ်ပြီး များများပြီးမြောက်စေတဲ့ လူတော်တွေရဲ့ နည်းလမ်း ၁၀ ခု

အလုပ်တစ်ခုကို ဘယ်လိုလုပ်သလဲဆိုတာက ကိုယ်ဘယ်လောက်များများလုပ်သလဲဆိုတာထက် ပိုအရေးကြီးပါတယ်။ စတင်န်ဖို့ဒ်တက္ကသိုလ်ရဲ့ လေ့လာချက်အသစ်တစ်ခုအရတစ်ပတ်မှာ အလုပ်ချိန်စုစုပေါင်း နာရီငါးဆယ်ကျော်တဲ့အခါ တစ်နာရီအတွင်းထုတ်လုပ်မှုစွမ်းရည်လျော့ကျပြီး ၅၅ နာရီကျော်ရင်တော့ ထုတ်လုပ်နိုင်စွမ်းလုံးဝမရှိဘဲ အလုပ်လုပ်တာ အဓိပ္ပာယ်မဲ့သွားပါသတဲ့။ တစ်ပတ်မှာ နာရီပေါင်း ခုနစ်ဆယ်၊ ဒါမှမဟုတ် အဲဒါထက်ပိုပြီးလုပ်တဲ့ လူတွေဟာ တစ်ပတ်ကို ၅၅ နာရီလုပ်တဲ့ လူတွေရဲ့ အလုပ်ပမာဏနဲ့တန်းတူဖြစ်ပါတယ်။ ဒါကြောင့် စနေ၊ တနင်္ဂနွေမှာ ဟန်ချက်ညီမှုရှာတွေ့ပြီး တနင်္လာနေ့မနက်ကျရင် တက်ကြွလန်းဆန်းစွာနဲ့ လုပ်ငန်းခွင်လာနိုင်ဖို့ နည်းလမ်းဆယ်ခုကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ အဆက်အသွယ်ဖြတ်ပါ။ သောကြာနေ့ညနေမှ တနင်္လာနေ့ မနက်အထိအီလက်ထရွန်းနစ်ဆက်သွယ်မှုကို အဆက်ဖြတ်ဖို့ နည်းလမ်းမရှာနိုင်ရင် ရုံးမဆင်းရသေးသလိုခံစားရမယ်။ အလုပ်နဲ့တစ်ပတ်မှ ခုနစ်ရက်၊ တစ်ရက် ၂၄ နာရီ နာရီ ၂၄/၇ ဆက်သွယ်လို့ရအောင် လုပ်ထားခြင်းဟာ ပြန်စူးစိုက်ခြင်း၊ ခွန်အားပြန်ဖြည့်ခြင်းအတွက် ဖိစီးမှုတွေက ဆက်တိုက်ဟန့်တားလိမ့်မယ်။ […]
Posted On August 12, 2020, By CEO Editors

စတော့ရှယ်ယာဈေးကွက် (၂)

ယခင်လမှအဆက် New York Stock Exchange (NYSE) လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ကျော်ခန့်ဖြစ်သော ၁၇၉၂ ခုနှစ်၊ မေလ ၁၇ ရက်တွင် New York Stock Exchange ကို ကုန်သည် ၂၄ ဦးကသဘောတူလက်မှတ်ရေးထိုးခဲ့ကြသည့် ”The Buttonwood Agreement ” ဖြင့်စတင်ဖွင့်လှစ်ခဲ့သည်။ ယင်းသဘောတူညီချက်တွင် စတော့ရှယ်ယာရောင်းဝယ်ခြင်းအတွက် စည်းမျဉ်းများနှင့် ဈေးကွက်အဖွဲ့ဝင်နေရာဈေးနှုန်း(Seat Price) သတ်မှတ်သည့်စည်းမျဉ်းများပါဝင်သည်။ ကာလရှည်ကြာလာသည်နှင့်အမျှ NYSE ၏ စည်းမျဉ်းများအဆင့်ဆင့် ပြောင်းလဲပြင်ဆင်ခဲ့ကြသော်လည်း မူလစည်းမျဉ်းများမှာ ယနေ့ NYSE ၏ အခြေခံစည်းမျဉ်းမူဘောင်အဖြစ်ဆက်လက်ရှိနေသည်။ NYSE သည် New York City ၊ Wall Street တွင်တည်ရှိသည့် အမေရိကန်စတော့အိတ်ချိန်းဖြစ်သည်။ NYSE သည် […]
Posted On August 12, 2020, By CEO Editors

Warning: copy(/var/www/com.ceo-myanmar/wp-content/uploads/img/160x111-35534-ဖိစီးမှု-Stress.png): failed to open stream: Permission denied in /var/www/com.ceo-myanmar/wp-content/plugins/fly-crop/inc/helpers.php on line 36

ဘယ်အရာတွေက ခွန်အားဖြစ်စေတာလဲ

ဖိစီးမှု (Stress) ဆိုတဲ့ စကားလုံးကို အကောင်အထည်ပြနိုင်တဲ့ ဒြပ်ဝတ္ထုပစ္စည်းတွေအတွက် ရူပဗေဒပညာရှင်တွေက ရာစုနှစ်အတော်များများ အသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ဟော်မုန်းမညီမျမှုကုသတဲ့ ဟန်ဂေရီနွယ်ဖွား ဆရာဝန် Hans Selye က သက်ရှိလူသားတွေအတွက် ဖိစီးမှု (Stress) ကို စတင်အသုံးပြုခဲ့တဲ့ ၁၉၃၀ ပြည့်နှစ်အချိန်အထိတော့ မဟုတ်ခဲ့ပါဘူး။ Selye ဟာ ကြွက်ကိုယ်ထဲကို နွားရဲ့ဟော်မုန်းထိုးပြီး စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ နွားဟော်မုန်းအထိုးခံရတဲ့ ကြွက်တွေဟာ အပူချိန် ပြင်းပြင်းထန်ထန်မြင့်တက်လာခဲ့ပြီး ကျောရိုးရောင်ရမ်းတာနဲ့အစာအိမ်ပြည်တည်နာကအစ ကိုယ်ခံအားစနစ်ပျက်စီးလာတဲ့အထိ အကျိုးသက်ရောက်မှုတွေဖြစ်စေပါတယ်။ ဒီလိုဟော်မုန်းမညီမျမှု လက္ခဏာတွေအတွက် Selye က ဖိစီးမှုဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲလာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေအတွက်ပါ ဖိစီးမှု (Stress) အသုံးပြုဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ မျက်မှောက်ကာလ အောက်စ်ဖို့ဒ်အင်္ဂလိပ်အဘိဓာန်မှာတော့ Stress ဆိုတဲ့ စကားလုံးကို […]
Posted On August 12, 2020, By CEO Editors

Branding မှန်ကန်စွာတည်ဆောက်သည့် အကောင်းဆုံးဥပမာငါးခု

Startups တွေ (တည်ထောင်ခါစလုပ်ငန်းတွေ) ဟာ ဆက်လက်ရှင်သန်ရပ်တည်ရေးအတွက် ဈေးကွက်ထိုးဖောက်မှုကို အားကိုးကြရပါတယ်။ သင့်ကုမ္ပဏီအကြောင်း သတင်းစကားဖြန့်ချိဖို့ နည်းလမ်းမရှိသေးရင် ကနဦးဖောက်သည်အခြေခံကိုတောင် တည်ဆောက်လို့ မရနိုင်ပါဘူး။ အောင်မြင်တဲ့ဈေးကွက်တင်နည်း၊ ဒါမှမဟုတ် ကြော်ငြာနည်းတိုင်းရဲ့ အလယ်ဗဟိုမှာတူညီတဲ့ လက္ခဏာတစ်ခုရှိပါတယ်။ အဲဒါကတော့ Branding (အမှတ်တံ ဆိပ်တည်ဆောက်ခြင်း)ဖြစ်ပါတယ်။ သင့်ကုမ္ပဏီရဲ့တစ်မူထူးခြားတဲ့ ကိုယ်ပိုင်လက္ခဏာပါဝင်တဲ့အခါ သင့်ရဲ့အမှတ်တံဆိပ်စံချိန်စံနှုန်းတွေက သင့်ဖောက်သည်တွေ၊ သင့်စီးပွားဖက်တွေနဲ့ သင့်ရဲ့ဝန်ထမ်းတွေအတွက်ပါ သင့်လုပ်ငန်းကို သရုပ်ဖော်သတ်မှတ်ပေးပါလိမ့်မယ်။ ဒါပေမဲ့ သင့်လုပ်ငန်းဟာသင့်ပြိုင်ဘက်လုပ်ငန်းနဲ့ ကွဲ ပြားခြားနားအောင်လုပ်ဖို့လိုပြီး အဲဒါကိုဆက်တိုက်ဆောင် ရွက်သွားဖို့လိုပါလိမ့်မယ်။ အကျိုးအကြောင်းဆီလျော်ပေမယ့်ကျရှုံးတဲ့ ကုမ္ပဏီတွေကိုဥပမာပေးရမယ်ဆိုရင် မရေတွက်နိုင်အောင် များပြားလှမှာပါ။သူတို့ဟာ သက်ရောက်မှုရှိပြီး မေ့မရနိုင်တဲ့ တံဆိပ်တစ်ခုခုကို မဖော်ဆောင်နိုင်လို့ ဖြစ်ပါတယ်။ နောက်ပြီး သူတို့ရဲ့အဲဒီရှုံးနိမ့်မှုကြောင့်လည်း သူတို့အမှတ်တံဆိပ်ကို သင်မကြားဖူးတာဖြစ်နိုင်ပါတယ်။ ဒါကြောင့် သြဇာရှိတဲ့ အနာဂတ်အောင်မြင်မှုအတွက် အမှတ်တံဆိပ်ကောင်းတစ်ခုကို ဖန်တီးနိုင်ခဲ့တဲ့ Startups […]
Posted On August 11, 2020, By CEO Editors

အလုပ်နည်းနည်းလုပ်ပြီး များများပြီးမြောက်စေတဲ့ လူတော်တွေရဲ့ နည်းလမ်း ၁၀ ခု

အလုပ်တစ်ခုကို ဘယ်လိုလုပ်သလဲဆိုတာက ကိုယ်ဘယ်လောက်များများလုပ်သလဲဆိုတာထက် ပိုအရေးကြီးပါတယ်။ စတင်န်ဖို့ဒ်တက္ကသိုလ်ရဲ့ လေ့လာချက်အသစ်တစ်ခုအရတစ်ပတ်မှာ အလုပ်ချိန်စုစုပေါင်း နာရီငါးဆယ်ကျော်တဲ့အခါ တစ်နာရီအတွင်းထုတ်လုပ်မှုစွမ်းရည်လျော့ကျပြီး ၅၅ နာရီကျော်ရင်တော့ ထုတ်လုပ်နိုင်စွမ်းလုံးဝမရှိဘဲ အလုပ်လုပ်တာ အဓိပ္ပာယ်မဲ့သွားပါသတဲ့။ တစ်ပတ်မှာ နာရီပေါင်း ခုနစ်ဆယ်၊ ဒါမှမဟုတ် အဲဒါထက်ပိုပြီးလုပ်တဲ့ လူတွေဟာ တစ်ပတ်ကို ၅၅ နာရီလုပ်တဲ့ လူတွေရဲ့ အလုပ်ပမာဏနဲ့တန်းတူဖြစ်ပါတယ်။ ဒါကြောင့် စနေ၊ တနင်္ဂနွေမှာ ဟန်ချက်ညီမှုရှာတွေ့ပြီး တနင်္လာနေ့မနက်ကျရင် တက်ကြွလန်းဆန်းစွာနဲ့ လုပ်ငန်းခွင်လာနိုင်ဖို့ နည်းလမ်းဆယ်ခုကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ အဆက်အသွယ်ဖြတ်ပါ။ သောကြာနေ့ညနေမှ တနင်္လာနေ့ မနက်အထိအီလက်ထရွန်းနစ်ဆက်သွယ်မှုကို အဆက်ဖြတ်ဖို့ နည်းလမ်းမရှာနိုင်ရင် ရုံးမဆင်းရသေးသလိုခံစားရမယ်။ အလုပ်နဲ့တစ်ပတ်မှ ခုနစ်ရက်၊ တစ်ရက် ၂၄ နာရီ နာရီ ၂၄/၇ ဆက်သွယ်လို့ရအောင် လုပ်ထားခြင်းဟာ ပြန်စူးစိုက်ခြင်း၊ ခွန်အားပြန်ဖြည့်ခြင်းအတွက် ဖိစီးမှုတွေက ဆက်တိုက်ဟန့်တားလိမ့်မယ်။ […]
Posted On August 10, 2020, By CEO Editors

အရေးပါလာသည့် Customerization

ယနေ့ခေတ်တွင် အရေးပါလာသည်မှာ မိမိကုန်ပစ္စည်း၊ မိမိအမှတ်တံဆိပ်ကို Customer များမှ စွဲစွဲမြဲမြဲနှစ်သက်ပြီး ဝယ်ယူအားပေးရန် Customer Loyalty ရရှိရန်လိုအပ်လာခြင်းဖြစ်ပေသည်။ Customer Loyalty ရရှိရန်အတွက် Customer Care သည် မရှိမဖြစ်လိုအပ်ပါသည်။ Customer Care ဟုဆိုလျင်မည်သည့်အရာကို Care လုပ်ရမည်နည်း။ Customer များ၏ Satisfaction ဆိုသည့် စိတ်ကျေနပ်မှုကို Care လုပ်ရမည်ဖြစ်သည်။ ထိုသို့ Customer များ စိတ်ကျေနပ်မှုရသည်၊ မရသည်ကို သိလိုပါက Customer Relationship နှင့် ပြန်ချိန်ညှိရမည်ဖြစ်သည်။ ထို့ကြောင့် အဓိကအချက်အနေနှင့် ပြောရမည်ဆိုလျင် အချက်ငါးချက်ရှိပြီး ယင်းအချက်ငါးချက်သည် အပြန်အလှန်ချိတ်ဆက်နေပါသည်။ ၁။ Customer Service ၂။ Customer Care ၃။ Customer Satisfaction […]
Posted On August 10, 2020, By CEO Editors

၀န်ထမ်းကောင်းတွေ ဘာကြောင့်အလုပ်ထွက်သွားကြတာလဲ

သင့်အနေနဲ့ အဲဒီမေးခွန်းရဲ့အဖြေကိုသိချင်တယ်ဆိုရင် အဲဒါဟာသာမန်ဦးနှောက်နဲ့တောင်စဉ်းစားလို့ရနေတာပဲလို့ သင်ထင်ကောင်းထင်နေပါလိမ့်မယ်။ လစာနည်းလို့၊ တိုးတက်မှုမရှိလို့၊ အလုပ်ရှင်နဲ့မတည့်လို့ မန်နေဂျာကအလုပ်နင်းကန်ခိုင်းလို့၊ ဝန်ထမ်းနဲ့သူလုပ်ရတဲ့အလုပ်မကိုက်ညီလို့၊ ဝန်ထမ်းရဲ့အလုပ်နဲ့ သူ့မိသားစုဘဝနဲ့အချိုးမညီမမျဖြစ်နေလို့၊ ဝန်ထမ်းအချင်းချင်းဆက်ဆံရေးမပြေလည်လို့၊ ဌာနအရွှေ့အပြောင်းဖြစ်လို့၊ မိသားစုပြဿနာတွေရှိနေလို့၊ လုပ်ငန်းခွင်ထဲမှာ ကောင်းမွန်တဲ့ဆက်ဆံရေးမရှိလို့၊ ဝန်ထမ်းကိုမလိုအပ်ဘဲ သေးသေးမွှားမွှားကအစ အသေးစိတ်ကြီးကြပ်နေလို့ စသဖြင့် အကြောင်းပြချက်အမျိုးမျိုးရှိနေတတ်ပါတယ်။ ပြောလို့မဆုံးနိုင်အောင်လည်း ရှိနေနိုင်ပါတယ်။ သူတို့တစ်တွေ အလုပ်မြဲအောင် ဘာလုပ်ရမလဲ။ ကုမ္ပဏီတွေက အဲဒီအချက်တွေကို သိပ်ဂရုမစိုက်တတ်ကြပါဘူး။ ငကန်းသေ၊ ငစွေလာမယ်ဆိုတဲ့စိတ်နဲ့ ခပ်ပေါ့ပေါ့တွေးထားတတ်ကြပါတယ်။ တကယ်တော့ အဲဒါဟာဝန်ထမ်းတွေ ဆက်လက်တည်ရှိနေစေဖို့ အတွက်၊ အထူးသဖြင့် မိမိလုပ်ငန်းအတွက် အားကိုးရတဲ့ဝန်ထမ်းကောင်းတွေ၊ လူတော်တွေအတွက် ဒါဟာပိုအရေးကြီးပါတယ်။ ဒီအချက်ဟာ စီးပွားရေးမှာလိုအပ်တဲ့ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ရုံသာမက ဝန်ထမ်းကောင်းတွေ လုပ်ငန်းမှာဆက်လက်မြဲနေစေဖို့နဲ့ စီးပွားရေးလုပ်ငန်း ဆက်လက်ရှင်သန်နေဖို့ အရေးအကြီးဆုံးအချက်တစ်ခုဖြစ်ပါတယ်။ တကယ်တော့ အားလုံးကိုအနှစ်ချုပ်လိုက်ရင် ဝန်ထမ်းတွေဘာဖြစ်လို့လက်ရှိအလုပ်ကနေ ထွက်ခွာသွားကြတာလဲဆိုတဲ့ မေးခွန်းရဲ့အဖြေကအချက်လေးချက်ပဲရှိပါတယ်။ ၁။ […]
Posted On August 10, 2020, By CEO Editors

ခေါင်းဆောင်ကောင်းဟူသည် လေးနက်သောယုံကြည်မှုရှိရမည်

ကျွနု်ပ်တို့အားလုံးသည် သေချာမှုကို အလိုရှိကြသည်။ကျွန်ုပ်တို့၏ဦးနှောက်သည် နှစ်သန်းမျရှိသော အချက်အလက်များကို မှတ်သားနိုင်စွမ်းရှိပါသည်။ ထို့နောက် ယင်းတို့ကို ကိုင်တွယ်သုံးသပ်ပြီး အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်ရန် ကြိုးပမ်းတတ်ကြပါသည်။ ထိုလုပ်ဆောင်မှုသည် ကျွန်ုပ်တို့ဦးနှောက်တစ်ခုလုံး၏ အစိတ်အပိုင်းအတော်များများကို လွှမ်းခြုံထားသော အညိုရောင်ဦးနှောက်အပိုင်း၏ စွမ်းဆောင်ရည်လည်း ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ဦးနှောက်သည် သေချာမှုအတွက် ကျေနပ်မှုကိုပေးစွမ်းနိုင်ပါသည်။ မိမိနှင့်ရင်းနှီးနေသော သံစဉ်များပါဝင်သည့် တေးဂီတတစ်ပုဒ်ကို နားထောင်သောအခါ၊ ပဟေဠိပုစ္ဆာတစ်ပုဒ်ကို ဖြေရှင်းပြီးသောအခါ စိတ်ကျေနပ်မှုကို ဖြစ်စေပါသည်။ ကြိုတင်ခန့်မှန်းနိုင်သောလုပ်ဆောင်မှုများက ကျွန်ုပ်တို့၏ဦးနှောက်ကို သာယာနှစ်သိမ့်စေပါသည်။ ကြီးကျယ်သောဦးဆောင်မှုဟူသည် လေးနက်သောယုံကြည်မှုရှိရန် လိုအပ်သည် စီးပွားရေးကဏ္ဍတွင် အရာရာသည် လျင်မြန်စွာပြောင်းလဲနေကြပါသည်။ တစ်လနှင့်တစ်လအတွင်း မည်ကဲ့သို့ ပြောင်းလဲသွားမည်မှာ မသေချာလှပါ။ နောက်တစ်နှစ်အ တွက်မူ ပို၍ပြောရန်ခက်ခဲပါလိမ့်မည်။ ထိုမရေရာမ‌ေသချာမှုများက အလုပ်ခွင်အတွင်းရှိ လူအတော်များများ၏ စိတ်ပိုင်းဆိုင်ရာအင်အားများကို ကုန်ခန်းစေပြီး သူတို့အ လုပ်၏ထိရောက်မှုကိုလည်း များစွာထိခိုက်စေပါသည်။ ကျွန်ုပ်တို့၏ဦးနှောက်သည် […]
Posted On August 10, 2020, By CEO Editors

လုပ်ငန်းတစ်ခုယှဉ်ပြိုင်ရပ်တည်နိုင်စွမ်းရှိစေမယ့် နည်းလမ်း ၇ ခု

ပြိုင်ဆိုင်မှုတွေအမြဲရှိနေတဲ့ကမ္ဘာကြီးမှာ ကိုယ့်ရဲ့လုပ်ငန်းကအများနဲ့မတူဘဲ ရပ်တည်နိုင်ဖို့ကခက်ခဲပါတယ်၊ ဒါပေမဲ့ မဖြစ်နိုင်တာတော့မဟုတ်ပါဘူး။ Pepsi နဲ့ KFC တို့လို နာမည်ကြီးအမှတ်တံဆိပ်တွေကို လေ့လာကြည့်လိုက်ပါ။ သူတို့ကကိုယ်ပိုင်ရပ်တည်ချက်ကို တည်ဆောက်ထားနိုင်ပြီး ဈေးကွက်ရဲ့ဝေစုကိုဆုပ်ကိုင်ထားနိုင်ပါပြီ။ အကျိုးရှိရှိနဲ့ အများနဲ့မတူအောင် ရပ်တည်နိုင်ဖို့က လုပ်ငန်းငယ်လေးတွေရင်ဆိုင်ရတဲ့ ပြဿနာကြီးတွေထဲကတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကလုပ်ငန်းကြီးတွေနဲ့ ယှဉ်ပြိုင်ရတဲ့အတွက်ဖြစ်ပါတယ်။ အောက်ဖော်ပြပါနည်းလမ်းခုနစ်ခုက လုပ်ငန်းတွေအများကြီးထဲမှာ လုပ်ငန်းတစ်ခုကိုရပ်တည်နိုင်ဖို့ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ၁။ ဖောက်သည်တွေကို ထူးခြားကောင်းမွန်တဲ့ ဝန်ဆောင်မှုကိုပေးပါ။ လုပ်ငန်းတစ်ခုက ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းအမျိုးအစား မဟုတ်ရင်တောင် ကိုယ့်ရဲ့ဖောက်သည်တွေကို ကောင်းမွန်စွာဆက်ဆံပေးပါ။ ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေမှာပဲ ဖောက်သည်တွေကို ဝန်ဆောင်မှုပေးတာက အရေးကြီးတယ်ဆိုတဲ့ခံယူချက်က မမှန်ကန်ပါဘူး။ ဖောက်သည်တွေ အားလုံးကဝန်ဆောင်မှုကောင်းကောင်းကိုပဲ မျော်လင့်ကြပါတယ်။ အချိန်အကြာကြီး တန်းစီစောင့်ဆိုင်းရတာမျိုး၊ ကိုယ်စားလှယ်တွေဆီကနေ မချေမငံဆက်ဆံခံရတာမျိုးတွေကို မကြိုက်ပါဘူး။ ဖောက်သည်တွေအပေါ်ပေးတဲ့ ဝန်ဆောင်မှုကို ကုမ္ပဏီတစ်ခုရဲ့အရည်အသွေးကို စမ်းသပ်လို့ရတဲ့ မှတ်ကျောက်အစစ်တစ်ခုအဖြစ် သဘောထားတယ်လို့ တော်တော်များများက […]
Posted On August 10, 2020, By CEO Editors
1 4 5 6 7 8 44