လေကြောင်းလိုင်းက သင့်ကိုမပြောပြတဲ့ အချက် ၁၃ ချက်

လေကြောင်းလိုင်းလုံခြုံရေးသရုပ်ပြတွေက ခရီးသည်တွေကို မပြောတဲ့အချက်တွေရှိပါတယ်။ ဒါပေမဲ့ သိထားသင့်တဲ့အချက်တွေဖြစ်တာနဲ့အညီ ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်။

၁။ ညဘက်လေယာဉ်ပေါ်မှာ မီးရောင်မှိန်မှိန်လေး ထွန်းထားတာက လေယာဉ်တစ်စုံတစ်ခုနဲ့ တိုက်မိနေကခရီးသည်တွေ ထွက်ပြေးဖို့အတွက် လမ်းရှာရတယ်ဆိုရင် မျက်လုံးကျင့်သားရနေအောင်ဖြစ်ပါတယ်။ လေယာဉ်ဆင်းတဲ့အခါနဲ့ လေယာဉ်အပေါ်တက်တဲ့အခါတွေမှာ ကိုယ့်အရှေ့က ခေါက်စားပွဲလေးကို ခေါက်ထားခိုင်းတာက တစ်ခုခုဖြစ်ခဲ့ရင် ဘေးကလူက အလွယ်တကူနဲ့ ကျော်ခွသွားနိုင်စေဖို့အတွက်ဖြစ်ပါတယ်။ လေယာဉ်တစ်ခုခုဖြစ်ခဲ့ရင် ပြတင်းပေါက်လိုက်ကာတွေကို ဖွင့်ထားပါ။ ဒါမှ မီးသတ်သမားက အတွင်းကို မြင်ရမှာဖြစ်ပါတယ်။

၂။ လေယာဉ်ဆီနဲ့ပတ်သက်ရင် အများကြီးချွေတာရပါတယ်။ ဘာလို့လဲဆိုတော့ လေယာဉ်ဆီဟာ အပိုသယ်သွားဖို့အတွက် လေးသလို ဈေးကလည်း ကြီးတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် လေယာဉ်ဆီကို လုံလောက်တဲ့ အနည်းဆုံးပမာဏကိုပဲယူသွားတာက ပိုက်ဆံတွေလည်း အများကြီးသက်သာစေပါတယ်။ ဒါ ပေမဲ့ ဒါဟာ တကယ်လို့ကြမ်းတမ်းတဲ့ ရာသီဥတု ဒါမှမဟုတ် မမျော်လင့်ထားတဲ့နှောင့်နှေးမှုတစ်ခု ဖြစ်ပေါ် လာခဲ့ရင် ဆီကုန်တော့မှာဖြစ်တဲ့အတွက် အရေးပေါ် ဆင်းသက်ရတော့မှာဖြစ်တယ်လို့လည်း ဆိုလိုပါတယ်။

၃။ လေယာဉ်အမှုထမ်းတွေဟာ တစ်ခါတစ်ရံ ကြောင်တောင်တောင် နိုင်တတ်တယ်ဆိုတာကို ဖုံးကွယ်ထားစရာမလိုပါဘူး။ ဒီလိုဖြစ်တာဟာ အချိန်အကြာကြီးဆက်တိုက်အလုပ်လုပ်နေရတဲ့အတွက် ပင်ပန်းနေတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး၊ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတိုလေးတွေ၊ ကောင်းမွန်တဲ့ အမူအကျင့်တွေ ပြုလုပ်တာမျိုးတွေလောက်ပဲ လေယာဉ်စီးခရီးသည်တွေရဲ့ ကျေနပ်နှစ်သိမ့်မှုအတွက် ဝန်ဆောင်မှုပေးလေ့ရှိပါတယ်။ ဆိုလိုတာက ခရီး သည်တွေက မင်္ဂလာနံနက်ခင်းပါလို့ နှုတ်ဆက်လာရင် ပြန်ပြီးတော့ နှုတ်ဆက်ပါလို့ လေယာဉ်အမှုထမ်းတွေကို လေ့ကျင့်ပေးထားတာ ဖြစ်ပါတယ်။

၄။ တကယ်လို့ ကိုယ်ဟာ အဖွဲ့လိုက်ခရီးတစ်ခုအတွက် လက်မှတ်ဝယ်မယ်ဆိုရင် တစ်ကြိမ်ကို လက်မှတ်တစ်စောင်ဝယ်ပါ။ ဘာလို့လဲဆိုရင် တကယ်လို့ ကိုယ်ကလက်မှတ်လေးဆောင်ကို တစ်ပြိုင်တည်းဝယ်တယ်ဆိုရင် လေယာဉ်လက်မှတ်အရောင်းကျဆင်းသွားကာ ဈေးအသက်သာဆုံးအတန်းမှာတော့ လက်မှတ်က သုံးဆောင်ပဲကျန်တော့တယ်လို့ ပြောတတ်တဲ့အတွက် လေးဆောင်လုံးတစ်တွဲလိုအပ်တယ်ဆိုရင် များတဲ့အထဲက အပြတ်အစုဝယ်ရတော့မှာ ဖြစ်ပါတယ်။

၅။ လေကြောင်းလိုင်းတစ်ချို့က လေယာဉ်မှူးနှစ်ယောက်ကို တစ်နာရီအတွင်းမှာ တစ်ဆိုင်ထဲအစားစားဖို့ ခွင့်ပြုလေ့မရှိကြပါဘူး။ သူတို့တွေဟာ စားသောက်ဆိုင်ခွဲစားရတာဖြစ်ဖြစ်၊ တခြားတစ်ယောက်စားပြီး အနည်းဆုံးတစ်နာရီကြာလို့ ရှေ့ကစားသွားတဲ့ တစ်ယောက်က နေမကောင်းတာဖြစ်ဖြစ်၊ အစာအဆိပ်သင့်တာဖြစ်ဖြစ် မဖြစ်တာသေချာမှစားရပါတယ်။

၆။ တကယ်လို့ ကိုယ့်ရဲ့ခရီးဆောင်အိတ်ပျောက်သွားတယ်ဆိုရင် တကယ်လို့ လုပ်ရမယ့်အဆင့်တွေက တအားများရင်တောင် အကြောင်းကြားဖို့ နှောင့်နှေးမနေပါနဲ့။ လေယာဉ်ဝန်ထမ်းအများစုဟာ အချိန် တိုအတွင်း ကိုယ့်ကိုအကြောင်းကြားစာရေးပေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ အချိန်မီမလုပ်ခဲ့ရင် ကိုယ့်ရဲ့တောင်းဆိုတာဟာ ငြင်းပယ်ခံရနိုင်ပါတယ်။

၇။ လေယာဉ်ထိုင်ခုံတွေဟာ တဖြည်းဖြည်းသေးလာမယ်လို့ ဘယ်သူမှစိတ်ကူးမိမှာ မဟုတ်ပါဘူး။ Boeing 777 မှာဆိုရင် ထိုင်ခုံတွေကို ၂.၅၄ စင်တီမီတာ ကျုံ့လိုက်လိုက်တာကြောင့် တစ်တန်းကို ထိုင်ခုံတစ်လုံး အပိုထပ်တိုးလို့ ရလာပါတယ်။

၈။ ကိုယ့်ရဲ့ စားပွဲတင်လင်ဗန်းပေါ်မှာ ကိုယ့်မုန့်ကို မချထားချင်လောက်ပါဘူး။ လေကြောင်းလိုင်းတော်တော်များများဟာ လင်ပန်းထဲကို လေယာဉ်ခရီးစဉ် တစ်ခုနဲ့တစ်ခုကြား ဆေးလေ့မရှိကြပါဘူး။ တစ်ခုခုကိုမထိခင် အရင်ဆုံးသန့်ရှင်းရေးလုပ်လိုက်ပါ။

၉။ တကယ်လို့ ကိုယ့်ရဲ့ လေယာဉ်က ခရီးစဉ်ဖျက်သိမ်းလိုက်တယ်ဆိုရင် လက်မှတ်ရောင်းကောင်တာကို ပြန်သွားပါ ဒါမှမဟုတ်ဖုန်းဆက်ပါ။ လေကြောင်းလိုင်းကိုယ်စားလှယ်နဲ့ စောစောစီးစီး အဆက်အသွယ်ရအောင်လုပ်ပါ။

၁၀။ လေယာဉ်ဝန်ထမ်းတွေဟာ ကိုယ်အွန်လိုင်းကနေ လက်မှတ်ဝယ်တိုင်း Site ကို အခကြေးငွေပေးရပါတယ်။ ဒါကြောင့် လေကြောင်းလိုင်းတွေဟာ အွန်လိုင်းအသုံးပြုရတာကို ခက်အောင်လုပ်ထားလေ့ရှိပါတယ်။ တချို့လေကြောင်းလိုင်းတွေက ငွေဘယ်လောက်ကျမယ်ဆိုတာကို မဖော်ပြထားပါဘူး။

၁၁။ ကိုယ့်ရဲ့ထိုင်ခုံနေရာကို လေယာဉ်မထွက်မီ လေးရက် (နာရီ ၁၀၀) လောက် အလိုကတည်းက စစ်ဆေးထားပါ။ လေကြောင်းလိုင်းကို မကြာခဏအသုံးပြုပြီး ခရီးသွားကြသူတွေကို အကောင်းဆုံးထိုင်ခုံတွေက လွတ်နေရင် Economy တန်းကနေ Business တန်းကို ပြောင်းပေးလေ့ရှိပါတယ်။

၁၂။ လေယာဉ်ပေါ်မှာ ဟိုဒီလျောက်သွားနေတာ မြင်နေရတာကို လေယာဉ်ဝန်ထမ်းတွေဟာ မကြိုက်ပါဘူး။ ကြမ်းခင်းကော်ဇောပေါ် တစ်ခုခု (ဥပမာ- အန်တာ၊ နွားနို့ခွက်မှောက်တာ၊ ကလေးရူးပေါက်ချတာ) ဖိတ်စင်ကျမှာကို မလိုလားတာကြောင့်ဖြစ်ပါတယ်။

၁၃။ ကိုယ့်ရဲ့လေယာဉ်ခရီးစဉ်ကို ဖျက်သိမ်းရင် တခြားလေယာဉ်နဲ့ ခရီးစဉ်ကို စီစဉ်ပေးပါတယ်။ ဒါပေမဲ့ သိထားသင့်တာက လေကြောင်းလိုင်းတွေက ငွေပြန်မအမ်းဘူးဆိုတဲ့ စည်းကမ်းရှိပေမဲ့ ဒီအချိန်မှာတော့ ကိုယ့်ဘက်ကတောင်းဆိုလာရင် ငွေပြန်အမ်းပေးတတ်တယ်ဆိုတာပါ။