advertisement-image
Leisure

အောင်မြင်မှု

  ဤစာအုပ်သည်  J Pincott ၏ Success စာအုပ်ကို ဆရာမ မြနှင်းဆီ (Mra Hninzi)  က ဘာသာပြန်ထားခြင်း ဖြစ်ပါ သည်။ အောင်မြင်မှုကို မည်သို့ရရှိနိုင်မည်ဆိုသည့် အကြံ ဉာဏ် များနှင့် စေ့ဆော်မှုများကို ဖော်ပြထားသည်။ အောင် မြင်မှုကို အနက်ဖွင့်ခြင်း၊ သင်၏စိတ် ထက်သန်ပြင်းပြမှုကို တွေ့ရှိဖော်ထုတ်ခြင်း၊ သင့်ပန်းတိုင်များကို သတ်မှတ်ခြင်း၊ စိတ်ဓာတ် ပျိုးထောင်ခြင်း စသည့် အခန်း ၁၇ ခန်းဖြင့် တင်ပြ ထားပါသည်။ စီအီးအိုများ၊ နိုဘယ်ဆုရှင်များ၊ နိုင်ငံရေးသမား များ၊ ပညာရေး အသိုင်းအ၀ိုင်းမှ ပညာရှင်များ၊ စီးပွားရေးလုပ် ငန်းရှင်များ စသည့် မတူညီသောနယ်ပယ်များမှ ထင်ရှား ကျော်ကြားသူများဖြစ်ကြသော  Oprah Winfery  ၊Bill Gates  […]
Posted On June 18, 2014, By Editorial

AQUARIUS (ကုံရာသီဖွား) – ဇန်န၀ါရီလ ၂၁ ရက်မှ ဖေဖော်ဝါရီလ ၁၈ ရက်အတွင်း မွေးဖွားသူများ

အဘက်ဘက်မှကောင်းသော ကာလဖြစ်သည်။ သဘောကွဲလွဲသူများနှင့် ပြန်လည်အဆင်ပြေမည်။ ပေါ်ပေါက်လာသော အပြောင်းအလဲကို လက်ခံသင့်သည်။ ထူးခြားသော လက်ဆောင်ပစ္စည်းရမည်။ မမျှော်လင့်သောသူများနှင့် တွေ့ဆုံမည်။ သူတစ်ပါးအပေါ် သည်းခံစိတ်ကြောင့် ကောင်းသောတက်လမ်းရှိမည်။ အမျိုးသမီးမိတ်ဆွေတစ်ဦးထံမှ အကူအညီကောင်းများရရှိမည်။ မိမိလိုလားချက်များ အကောင်အထည်ဖော်ရန် ကောင်းသောကာလဖြစ်သည်။ မိသားစုကျန်းမာရေးအညံ့ရှိမည်။ စံ-ဇာဏီဘို      
Posted On June 4, 2014, By Editorial

PISCES (မိန်ရာသီဖွား) – ဖေဖော်ဝါရီလ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း မွေးဖွားသူများ

အလှူ၊ မင်္ဂလာ၊ ဘာသာရေးကိစ္စအတွက် အချိန်ပေးရမည်။ ရုတ်တရက်ပြောင်းလဲလာသော အနေအထားအပေါ်လိုက်၍ ဘ၀လမ်းကြောင်းတိုးတက်မည်။ တစ်ပါးသူအဆုံးမသတ်နိုင်သောကိစ္စများ မိမိစနစ်တကျဆောင်ရွက်၍ တိုးတက်သောအနေအထားရှိမည်။ မနာလိုဝန်တိုအပြိုင်ပြုသူများကြားမှ တိုးတက်သောအနေအထားရှိမည်။ ဝေဖန်တိုက်ခိုက်သူပေါများနိုင်သော ကာလဖြစ်သည်။ အတိတ်ကာလမှ ပြဿနာဟောင်းများ ပြန်လည်ဖြေရှင်းရမည်။ မေတ္တာရေးကောင်းသောကာလ ဖြစ်ပါသည်။ စံ-ဇာဏီဘို      
Posted On June 4, 2014, By Editorial

SAGITTARIUS (ဓနုရာသီဖွား) – နိုဝင်ဘာလ ၂၃ ရက်မှ ဒီဇင်ဘာလ ၂၁ ရက်အတွင်း မွေးဖွားသူများ

ပြဿနာများ၊ စိတ်ညစ်စရာများနှင့် ထိပ်တိုက်ရင်ဆိုင်နေရမည်။ သို့သော် အခါတိုင်းထက် ပျော်ရွှင်နေသည်။ မည်မျှစိတ်ရှုပ်ရစေ မိမိတွင် စိတ်ဓာတ်ထိခိုက်ခြင်းမရှိဘဲဖြစ်မည်။ ပညာနှင့်ပတ်သက်သော တိုးတက်မှုရှိမည်။ ရည်ရွယ်ချက်များအောင်မြင်မည်။ ပေါ်ပေါက်လာသော အခွင့်အရေးများကို မယူဘဲ မိမိလုပ်ချင်ရာ တစ်ဇွတ်ထိုးလုပ်လိမ့်မည်။ ဆက်ဆံရသော ပတ်ဝန်းကျင်အပြောင်းအလဲရှိမည်။ ငွေကုန်များမည်။ အခက်အခဲများ ကျော်လွှားနိုင်မည်။ စံ-ဇာဏီဘို      
Posted On June 4, 2014, By Editorial

SCORPIO (ဗြိစ္ဆာရာသီဖွား) – အောက်တိုဘာလ ၂၄ ရက်မှ နိုဝင်ဘာလ ၂၂ ရက်အတွင်း မွေးဖွားသူများ

အရည်အသွေးအစွမ်းအစများ ထူးခြားထက်မြက်နေမည်။ လိုလားချက်များ အောင်မြင်မည်။ အပြိုင် အတိုက်အခံများကြားမှ တိုးတက်မည်။ ရည်မှန်းသလောက်တက်လမ်းရမည့် ကာလဖြစ်သည်။ ပိုင်ဆိုင်ထားသော အတတ်ပညာကို အသုံးချနိုင်မည်။ မျက်နှာပွင့်လန်းမည်။ မိတ်ကောင်း၊ ဆွေကောင်း တိုးပွားမည်။ ပေါ်ပေါက်လာသော အခြေအနေကို အသုံးပြုပြီး မိမိဆန္ဒရှိသည်ကို ဆောင်ရွက်နိုင်သော ကာလဖြစ်ပါသည်။ အထင်အမြင်သေးသောသူများ အံ့သြသွားလောက်အောင် အရည်အချင်းပြနိုင်သော ကာလဖြစ်သည်။ စံ-ဇာဏီဘို      
Posted On June 4, 2014, By Editorial

LEO (သိဟ်ရာသီဖွား) – ဇူလိုင်လ ၂၃ ရက်မှ သြဂုတ်လ ၂၃ ရက်အတွင်း မွေးဖွားသူများ

ထွက်ပေါက်ရှာပြီး ငွေကုန်မည်။ တာဝန်မဲ့သူတစ်ဦးကိစ္စကြားဝင်ဆောင်ရွက်ပေးလိမ့်မည်။ အကူအညီတောင်းသူ ပေါ်မည်။ ကူညီလိုက်ပါ။ ပစ္စည်းငွေကြေးလာရောက် မိမိထံချေးငှားသူပေါမည်။ မချေးငှားပါနှင့်။ တစ်ပါးသူအားစေတနာနှင့် မိမိလျှို့ဝှက်ချက်၊ မိမိအတတ်ပညာများ လွယ်လင့်တကူပေးမိ၍ စိတ်သောကရောက်မည်။ မိခင် သို့မဟုတ် အဘွားအဒေါ်တို့အား ဆေးခန်းလိုက်ပို့ရင်း မိတ်ဆွေဟောင်း တစ်ဦးနှင့်တွေ့၍ ထူးခြားသော အခွင့်အလမ်းသစ်များပေါ်နိုင်သောကာလဖြစ်သည်။ စံ-ဇာဏီဘို      
Posted On June 4, 2014, By Editorial

VIRGO (ကန်ရာသီဖွား) – သြဂုတ်လ ၂၄ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း မွေးဖွားသူများ

ကူညီသူများပေါ်မည်။ မျက်နှာပွင့်လန်းမည်။ သွားလေရာ၊ လာလေရာ မျက်နှာပွင့်လန်းမည်။ လုပ်နေသော၊ ဆောင်ရွက်နေသောကိစ္စမှ ကောင်းကျိုးများရရှိမည်။ အကြံကြီးကြီးမားမား ဆောင်ရွက်၍ အကျိုးရှိမည်။ ခရီးသွားခြင်းများ ဆောင်ရွက်နိုင်မည်။ ပျိုရွယ်သူများ အလွန်စန်းပွင့်မည်။ လူလွတ်များ ချစ်သူတွေ့မည်။ ထူးခြားချက်မှာ ဤကာလအတွင်း အင်္ဂါနေ့၊ ကြာသပတေးနေ့ မွေးသောသူများနှင့် မေတ္တာမျှပါက ထိုမေတ္တာ၏ လမ်းသည် အလွန်ချမ်းမြေ့၍ ရေရှည်အဆင်ပြေမည်။ မိတ်သစ်များနှင့်တွဲ၍ လုပ်ငန်းများလုပ်ကိုင်ရန် ကမ်းလှမ်းခံရမည်။ စံ-ဇာဏီဘို      
Posted On June 4, 2014, By Editorial

GEMINI (မေထုန်ရာသီဖွား) – မေလ ၂၂ ရက်မှ ဇွန်လ ၂၁ ရက်အတွင်း မွေးဖွားသူများ

မိမိအရည်အသွေးများ ထက်မြက်နေသောကာလဖြစ်သည်။ စွမ်းဆောင်ပြောဆိုသမျှ ထက်မြက်စွာ အောင်မြင်နိုင်သောကာလဖြစ်သည်။ ကိုယ်တိုင်အစွမ်းအစနှင့် တိုးတက်မှုများကို စနစ်တကျလုပ်ကိုင်နိုင်သော အခြေအနေရှိပါသည်။ လုပ်ငန်းအကြံအစည်များ စနစ်တကျအကောင်အထည်ဖော် အောင်မြင်မည်။ တစ်ပါးသူမနိုင်နင်းသော အခက်အခဲများ မိမိဆောင်ရွက်၍ အောင်မြင်မည်။ ပညာအတတ်နှင့်ပတ်သက်သော အနေအထား အထူးကောင်းသည့်ကာလဖြစ်၏။ စံ-ဇာဏီဘို
Posted On June 4, 2014, By Editorial

ARIES (မိဿရာသီဖွား) – မတ်လ ၂၁ ရက်မှ ဧပြီလ ၂၀ ရက်အတွင်း မွေးဖွားသူများ

မိမိလိုလားချက်၊ ရည်မှန်းချက်များ စနစ်တကျအကောင်အထည်ဖော် တိုးတက်နိုင်သောကာလဖြစ်သည်။ မထင်ထားသော အနေအထားတစ်ခုမှ ငွေဝင်ကိန်းပေါ်နိုင်သော ကာလဖြစ်သည်။ ဆောင်ရွက်ချက်များ အောင်မြင်မည်။ ရည်ရွယ်ထားသည်များ စနစ်တကျအကောင်အထည်ဖော်နိုင်သည်။ ပညာအတတ်နှင့်ပတ်သက်၍ ကောင်းသောကာလဖြစ်သည်။ ကောင်းသောတက်လမ်းပွင့်မည်။ ရည်ရွယ်ထားသည်များ အောင်မြင်မည်။ ကျန်းမာရေး အနည်းငယ်အညံ့ရှိသော အနေအထားရှိမည်။ လုပ်ငန်းခွင်မှသူများအဖို့ လုပ်ငန်းငွေကြေးကိစ္စများ အောင်မြင်မည်။ စံ-ဇာဏီဘို
Posted On June 4, 2014, By Editorial
1 14 15 16 17 18 20