advertisement-image
Leisure

The Last Leaf Gallery

လူတစ်ဦးတစ်ယောက်ရဲ့  စိတ်နေသဘောထား နူးညံ့သိမ်မွေ့ဖို့အရေးမှာ ပန်းချီ၊ ဂီတ၊ ပန်းပု စတဲ့ အနုပညာတွေက အတိုင်းအတာတစ်ခုအထိ အရေးပါပါတယ်။ ဒါ့အပြင်  ငွေကြေးချမ်းသာရုံနဲ့လည်း ပြီးပြည့်စုံ တဲ့ဘ၀တစ်ခုကို မပိုင်ဆိုင်နိုင်ပါဘူး။  ကြွယ်ဝချမ်းသာလာသူတွေအနေနဲ့လည်း အသိပညာ၊ အတတ်ပညာ၊ အနုပညာတွေကို ချဲ့ထွင်ရမှာကတော့ အသေအချာပဲဖြစ်ပါတယ်။ ဒါကြောင့် ပန်းချီအနုပညာကို လေ့လာခံစားချင်သူတွေအတွက်  ပန်းချီရသကို အပြည့်အ၀ရရှိနိုင်စေမယ့် The Last Leaf Gallery နဲ့ပတ်သက်ပြီး ပြခန်းပိုင်ရှင်ဖြစ်တဲ့ ကိုမျိုးနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာကို ဖော်ပြပေးလိုက်ပါတယ်။   ကိုမျိုး (ပြခန်းပိုင်ရှင်)   ပြခန်းတည်နေရာ အမှတ် ၂၆၈၊ ဒုတိယလွှာ၊ ပန်းဆိုးတန်းလမ်း၊ အထက် ဘလောက်ဖြစ်ပြီး ဖုန်းနံပါတ်ကတော့ ၀၉ ၇၃၁၆၉၃၅၉ ၊ ၀၉ ၄၂၀၇၆၃၄၄၁ တို့ဖြစ်ပါတယ်။   ပြခန်းဖွင့်ချိန် […]
Posted On August 9, 2014, By Editorial

River Ayeyarwaddy Art Gallery

ပန်းချီဝါသနာပါသူတွေ ပန်းချီကားဝယ်ယူစုဆောင်းလိုသူတွေရုံးပိတ်ရက် အားလပ်ရက်မှာအပန်းဖြေရင်း ပန်းချီအနုပညာကို လေ့လာနိုင်ဖို့အတွက် ပန်းချီကားဆွဲရတာ ကိုယ်တိုင်စိတ်ဝင်စားပြီး ပန်းချီဆရာတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ၀ါသနာတူ စိတ်တူကိုယ်တူဖွင့်လှစ်ထားတဲ့ River Ayeyarwaddy Art Gallery  ပန်းချီပြခန်းကို ဖော်ပြပေးလိုက်ပါတယ်။   ပြခန်းတည်နေရာ အမှတ်-၁၃၄၊ ၃၅ လမ်း အလယ်ဘလောက်၊ ရန်ကုန်မြို့ ဖြစ်ပြီး ဖုန်းနံပါတ် ၀၉ ၄၂၀၀၀၇၄၄၀၊ https//www.facebook.com/riverayeyar  တို့ဖြစ်ပါတယ်။   ပြခန်းဖွင့်လှစ်ချိန် ပြခန်းဖွင့်လှစ်ချိန်အနေနဲ့ နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပြီး ဘယ်သူမဆို လာရောက်ကြည့်ရှုနိုင်တယ်လို့ ဆိုပါတယ်။ ပြခန်းစတင်ဖွင့် လှစ်ခဲ့တာကတော့ ၂၀၁၄ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့က ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ ပြခန်းဖွင့်လှစ်ရတဲ့ရည်ရွယ်ချက် ‘ရည်ရွယ်ချက်ကတော့ […]
Posted On August 5, 2014, By Editorial

Collective Genius : The Art and Practice of Leading Innovation

  ဖန်တီးတီထွင်တတ်သူတစ်ဦးဖြစ်ဖို့ဆိုရင် သူမတူတဲ့တီထွင် ဖန်တီးဉာဏ်စွမ်းတွေ ရှိဖို့ လိုတယ်လို့ တချို့က ထင်ကြပါတယ်။ မှန်သင့်သလောက်မှန်ပေမဲ့ တကယ်တမ်းက ရေရှည်တီထွင် ဖန်တီးနိုင်စွမ်းတွေရှိနေ ဖို့အတွက်ကတော့ မိမိကိုယ်တိုင် တီထွင်နိုင်ဖို့ကြိုးစားတာထက် ဆန်းသစ်တဲ့ အတွေးအမြင်ရှိ တဲ့ တခြားသူတွေကို မိမိကစုစည်းဦးဆောင်ပြီး တီထွင်သွားဖို့ ဖြစ်တယ်။ လူတစ်ယောက်ဟာ တခြားနေရာတွေမှာ ခေါင်း ဆောင်ကောင်းတစ်ယောက်ဖြစ်နေရင် အခုလို ဆန်းသစ်တဲ့ အတွေ့အကြုံရှိသူတွေကို ဦးဆောင်သွားနိုင်လိမ့်မယ်လို့ တစ်ထစ်ချမယူဆသင့်ဘူး။ ဆန်းသစ်တီထွင်မှုကို ဦးဆောင် နိုင်တယ်ဆိုတာက အရည်အချင်း တစ်မျိုးဖြစ်ပါတယ်။ အထက်ပါအ တိုင်း တီထွင်ဖန် တီးမှုကို ဘယ်လို ဦးဆောင် လုပ်ကိုင်သွားတယ်ဆိုတာ အောင်မြင်နေတဲ့ ကုမ္ပဏီတွေဖြစ်တဲ့ Volkswagen ၊ Google ၊ eBay နဲ့ Pfizer အစရှိတဲ့ လုပ်ငန်းဌာနတွေက ခေါင်း […]
Posted On August 4, 2014, By Editorial

FRESH THAI Restaurant

ဈေးနှုန်းသင့်တင့်ပြီး အစားအသောက်ကောင်းတွေ ရရှိနိုင်တဲ့ ဆိုင်တစ်ဆိုင်ကို မိတ်ဆက်ပေးချင်ပါတယ်။ သပ်ရပ်ကျယ်ဝန်းတဲ့ ဆိုင်အပြင်အဆင်နဲ့ လာရောက်စားသုံး သူတွေကို ဆိုင်နာမည်နဲ့လိုက်အောင် သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်တွေကိုရရှိစေမယ်ဆိုတဲ့ FRESH THAI Restaurantကို ဖော်ပြပေးလိုက်ပါတယ်။ ဆိုင်တည်နေရာ အမှတ်- ၅/အေ၊ ကျိုက်ဝိုင်းဘုရားလမ်း၊ လူငယ်လေ့ကျင့် ရေးသင်တန်းကျောင်းရှေ့၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပြီး ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကတော့ ၀၁-၆၆၄၄၉၅ ၊ ၀၉-၄၂၁၀၆၈၃၆၅ တို့ဖြစ်ပါတယ်။   ဆိုင်ဖွင့်ချိန် နေ့စဉ် မနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိ ပိတ်ရက် မရှိ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။   ဆိုင်စဖွင့်တဲ့နေ့၊ ဆိုင်နာမည်ပေးဖြစ်ပုံ ကွန်တော်တို့ ဒီဆိုင်က ၂၀၁၃ ခုနှစ်၊ မေလ ၂၅ ရက်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။  ကျွန်တော်တို့ဆိုင်မှာရောင်း […]
Posted On July 31, 2014, By Editorial

Heart, Smarts, Guts and Luck : What it Takes to Be an Entrepreneur and Build a Great Business

  စာရေးသူ သုံးဦးစလုံးဟာ သူတို့ကိုယ်တိုင် စီးပွားရေးလုပ် ငန်းတွေမှာ ခေါင်းဆောင်ဦးရွက်လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။ လက်တွေ့စီးပွားရေးလောကထဲက ရာပေါင်း များစွာသော လုပ်ငန်းရှင်တွေကို မေးမြန်းသုတေသနပြု ကြည့်တဲ့အခါ အဲဒီလူတွေအားလုံးမှာ ဒီစာအုပ်ခေါင်းစဉ်ပါ အရည်အချင်းတွေ အနည်းနဲ့အများ ရောစပ်ပါဝင်နေတာကို တွေ့ခဲ့ကြရတယ်။ အဲဒီအရည်အချင်းတွေကတော့ မေတ္တာ စေတနာရှိခြင်း (ံHeart) ၊ ဉာဏ်ရှိခြင်း (ှSmarts) ၊ စွန့် စားလုပ်ကိုင်ရဲတဲ့သတ္တိရှိခြင်း (Guts) နဲ့ ကံကောင်းခြင်း ((Luck) တို့ဖြစ်တယ်။ အဲဒီအရည်အချင်းလေးခုထဲက တစ်ခုခုက ကျန် တာတွေထက် အားကောင်းပြီး လွှမ်းမိုးလွန်ကဲနေတတ် တယ်။ ဒါကြောင့် ဘယ်အရည်အချင်းကို ဦးစားပေးရမလဲ ဆိုတာ ဒီစာအုပ်က ကူညီပေးမှာဖြစ်တယ်။ စာဖတ်သူမှာ ဒီအရည်အချင်းတွေ ရှိမရှိဆိုတာ ကို စမ်းသပ်တဲ့စမ်းသပ်ချက်လည်း ပါရှိပါတယ်။   […]
Posted On July 26, 2014, By Editorial

သဲပြင်ပေါ်မှာ ဆယ်ယူခြင်း Bobby Hinds, PGA

လက်ကိုင်ပုံမှန်ပါစေ ဂေါက်တုတ်အားကိုင်ထားသည့်လက်ကိုင်ပုံစံသည် ရိုက် ချက်ပေါ်၌ လွှမ်းမိုးနေပါသည်။ လက်ကိုင်ပုံစံ နှစ်မျိုးရှိပါ သည်။ ဘေးပုံ၌၀ိုင်းပြထားသောပုံစံမှာ ပုံမှန် (Standard Grip) ဖြစ်ပြီး အောက်ဘက်ရှိပုံသေးမှာ ”အလွှတ်မြန်” ပုံစံ ဖြစ်ပါသည်။ ”အလွှတ်မြန်” ပုံစံဟူသည်မှာ Week Grip’ ကို ပြောခြင်းပါ။Strong Grip နှင့် Weak Grip  များကို နား လည်ရန်လိုအပ်သည်။ တင်းကျပ်စွာဆုပ်ကိုင်ခြင်း၊ ဖြေလျော့ စွာဆုပ်ကိုင်ခြင်းကို ပြောခြင်းမဟုတ်ပါ။ှStrong Grip ဟူ သည် ဘယ်လက်၏လက်ခေါက်ဆစ်များ အနည်းဆုံး နှစ် လုံး၊ သုံးလုံးစသဖြင့် တစ်လုံးမက မိမိမျက်စိဖြင့် မြင်တွေ့ နေရသော အနေအထားဖြစ်ပြီွးှWeak Grip ဟူသည် လက် ခေါက်ဆစ်တစ်လုံးသာမြင်တွေ့နေရသော အနေအထားကို ပြောခြင်းပါ။ […]
Posted On July 10, 2014, By Editorial

Hindustan-Motors က Ambassador အမျိုးအစား ကားကိုထုတ်လုပ်မှု ရပ်ဆိုင်း

အိန္ဒိယနိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး ကားထုတ်လုပ်ရေးကုမ္ပဏီ (Hindustan Motors) ဟာ သူ့ရဲ့ကိုယ်ထည်ကြီးမားတဲ့ Ambassador လို့ ခေါ်တဲ့ ကားကို ဆက်လက်မထုတ်တော့ ဘူးလို့ သိရပါတယ်။  အခုအခါ ဒီကုမ္ပဏီဟာ ဖွဲ့စည်းပုံကို အသစ်ပြန်လည်ဖွဲ့စည်း မှာဖြစ်ပြီး အကြွေးတွေလည်း ရှင်းသွား ဖို့ ဆောင်ရွက်နေတယ်။ Amby လို့ အတိုကောက်ခေါ်တဲ့ အဲဒီကားကို အမြန်ဆုံးပြန်ထုတ်လုပ်နိုင်အောင်လည်း ကြိုးစားနေပါတယ်လို့ တာဝန်ရှိသူ တစ်ဦးက ပြောတယ်။ ဒီကားရဲ့ပုံသဏ္ဌာန်ဟာ နှစ် ၅၀ အတွင်း အပြောင်းအလဲ သိပ် မရှိခဲ့ဘူး။ ၀န်ကြီးချုပ်တွေ၊ အထက် တန်းလွှာတွေ စီးခဲ့ကြတဲ့ကားလည်း ဖြစ်တယ်။ ၁၉၄၈ ခုနှစ်ကစပြီး ထုတ် လုပ်ခဲ့တာဖြစ်ပြီး ဗြိတိန်နိုင်ငံရဲ့Morris Oxford III ရဲ့ ပုံစံကို ယူ ပြီး […]
Posted On July 4, 2014, By Editorial

Go for No! Yes is the Destination, No is How you Get There

  ကုန်ပစ္စည်းအရောင်းလုပ်ငန်းတွေ ဘယ်လိုအောင်မြင်အောင် လုပ်ရမယ်ဆိုတဲ့ နည်းပေးလမ်းပြစာအုပ်တွေ ပလူပျံနေတဲ့ ဒီခေတ်ကြီးထဲမှာ အခုစာအုပ်ကတော့ အဲဒါတွေနဲ့ ဆန့် ကျင်တဲ့နည်းတွေကို ညွှန်ပြထားပါတယ်။ အလုပ်တွေ မအောင်မမြင်ဖြစ်တာတွေကို များများကြုံရလေ နောက်ဆုံး အောင်မြင်မှုနဲ့ နီးစပ်သွားနိုင်လေဖြစ်တယ်လို့ ဒီစာရေးသူ တွေက တင်ပြထားတယ်။ ဒီအယူအဆကို ဖန်တီးထား တယ်။ ဒီလူက ပုံတူကူးစက်အရောင်းသမား။ တစ်နေ့မှာ သူဟာ အိပ်နေရင်း နိုးလာတော့ အိမ်တစ်အိမ်ထဲမှာ ရောက် နေတယ်။ ဒီအိမ်မှာ ဘယ်လိုလုပ်ရောက်လာမှန်း သူ မသိ ဘူး။ ဒီအိမ်က ဘယ်သူနေနေ နေလို့ရတဲ့အိမ် မဟုတ်ဘူး။ တကယ်တော့ အဲဒီအိမ်က သူပိုင်တဲ့အိမ်ပါပဲ။ တကယ်လို့ သာ ဒီလူဟာ မအောင်မြင်မှုကို မကြောက်ဘူးဆိုရင် နောင် ဆယ်နှစ်ကြာတဲ့အခါ အခုလိုပဲ သူပိုင်တဲ့အိမ်ဖြစ်လာမှာကို နိမိတ်ပြတာဖြစ်တယ်လို့ […]
Posted On July 3, 2014, By Editorial

Capital in the Twenty-First Century

လူ့အဖွဲ့အစည်းမှာ အရင်းအနှီးစုဆောင်းမိလာခြင်းနဲ့ အနှံ့ အပြားသုံးစွဲလာခြင်းတွေ ဘာ့ကြောင့် ဖြစ်ပေါ်လာရသလဲ။ အချိန်ကြာလာတာနဲ့အမျ မညီမျမှုတွေ ဖြစ်ပေါ်လာပုံ၊ လူနည်းစုရဲ့ လက်ထဲမှာ ဥစ္စာဓနတွေ စုပုံလာပုံနဲ့ စီးပွား ရေးတိုးတက်ဖို့ အလားအလာ စတာတွေဟာ သက်ဆိုင်ရာ အစိုးရများက မိမိတို့နိုင်ငံရဲ့စီးပွားရေးကို ကိုင်တွယ်ဆောင် ရွက်ပုံဆိုတဲ့ (Political Economy) နဲ့ ဆိုင်တဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အဖြေရှာဖို့ ခက်ခဲ တယ်။ ဒါပေမဲ့ အခုအခါ အထက်ပါစာအုပ်ရေးသားကြ သူတွေဟာ နိုင်ငံပေါင်း ၂၀ ကျော်ကို ၁၈ ရာစုနှစ်လောက်က အခြေအနေတွေကစပြီး ၂၁ ရာစုအထိ ခိုင်မာတဲ့အချက်အလက် တွေကို စုဆောင်းလေ့လာသုံးသပ်တင်ပြပြီး အဖြေထုတ်ထား တယ်။ မညီမျမှုတွေ များလာပြီး တစ်နေ့နေ့တစ်ချိန်မှာ မကျေနပ်မှုတွေ ပေါ်ပေါက်ကာ ဒီမိုကရေစီတန်ဖိုးတွေကိုပါ ထိခိုက်လာနိုင်တယ်လို့ […]
Posted On July 3, 2014, By Editorial

A Fighting Chance

  စာရေးသူဟာ နိုင်ငံရေးရည်မှန်းချက်ရှိခဲ့သူမဟုတ်ပါဘူး။ သူဖြစ်ချင်တာက တက္ကသိုလ်တက်ပြီးရင် အခြေခံမူလ တန်းကျောင်းဆရာမလေးလုပ်ဖို့ပဲ။ သူ့ရဲ့မိသားစုက ၀င်ငွေ အသင့်အတင့်သာရှိတဲ့အတွက် ဒါလေးဖြစ်ဖို့တောင် အနိုင် နိုင်ပါပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျပြီး မိခင်ဘ၀ ရောက်လာတော့ ပိုပြီး ဝေးသွားတယ်။ ဒါပေမဲ့ သူ့ရဲ့ ကြိုးစားမှုကြောင့် ၁၅ နှစ်လောက်ကြာတော့ ထင်ရှားတဲ့ ဥပဒေပါမောက္ခတစ်ဦးဖြစ်လာတယ်။ လူတွေ ဘာကြောင့် ယူထားတဲ့ကြွေးတွေကို ပြန်မဆပ်နိုင်ကြရတာလဲဆိုတာကို စေ့စေ့စပ်စပ်လေ့လာ နားလည်သဘောပေါက်သူ ဖြစ်လာ တယ်။ ဒါကြောင့်လည်း သူ့ကို ဒေ၀ါလီခံရမှု ဆိုင်ရာ တရားဥပဒေများကို သုံးသပ်ပြင်ဆင်ရေးဆွဲရာမှာ အကြံဉာဏ် ပေးဖို့ အစိုးရ က ဖိတ်ခေါ် လိုက်တာဖြစ် ပါတယ်။ ဥပဒေအကြံပေးအဖြစ် ဒေ၀ါလီ ဆိုင်ရာ ဥပဒေများကို ပိုကောင်းအောင် ဆယ်နှစ်ကြာ ကြိုး စားခဲ့ပေမဲ့ […]
Posted On June 30, 2014, By Editorial
1 13 14 15 16 17 20