advertisement-image
Leisure

CAPRICORN (မကာရရာသီဖွား) – ဒီဇင်ဘာ ၂၂ ရက်မှ ဇန်န၀ါရီလ ၂၀ ရက်အတွင်း မွေးဖွားသူများ

ကြံစည်ထားသော်လည်း လက်တွေ့အကောင်အထည်မဖော်ရသေးသော လုပ်ငန်းကိစ္စများ ဆောင်ရွက်အောင်မြင်နိုင်သော အနေအထားရှိမည်။ မေ့မေ့လျော့လျော့ဖြစ်ထားသော အရာတစ်ခုအား အစမှ ပြန်ကောက်ရမည့် အနေအထားရှိသည်။ လက်တွေ့ကျကျ သုံးသပ်၍ တိုးတက်မှုရမည်။ ခရီးတစ်ခု မမျှော်လင့်ဘဲ သွားရမည်။ လက်တွင် ငွေမရှိဘဲ လုပ်ငန်းကြီးလုပ်လိုသူတစ်ဦးအား ကူညီဆောင်ရွက်ပေးရမည်။ ပျိုရွယ်သူများ စန်းပွင့်သည်။ အိမ်တွင်းလုပ်ငန်း စီးပွားတက်လမ်းရမည်။  á€…လ-ဇာဏီဘို      
Posted On June 4, 2014, By Editorial

TAURUS (ပြိဿရာသီဖွား) – ဧပြီလ ၂၁ ရက်မှ မေလ ၂၁ ရက်အတွင်း မွေးဖွားသူများ

ပစ္စည်းပျောက်တတ်သည်။ ခရီးသွားရင်း ခါးပိုက်နှိုက်သတိပြုပါ။ လူမျိုးကွဲ၊ လူမျိုးခြားကောင်းကျိုးပေးသော ကာလဖြစ်သည်။ သူတစ်ပါးနှင့် စကားအခြေအတင်ပြောရမည်။ အငြင်းအခုန်များရမည်။ ပေါ်ပေါက်လာသော အပြောင်းအလဲများသည် မိမိအတွက် ကောင်းသောအပြောင်းအလဲဖြစ်မည်။ အရွေးရခက်အောင် လမ်းနှစ်သွယ်ကြားရောက်နေမည်။ အတတ်ပညာအကျိုးပေးကောင်းသောကာလ ဖြစ်သည်။ စေတနာသန့်စွာနှင့် မိမိအားကူညီမည့်သူပေါ်မည်။ ဆေးရုံ၊ ဆေးခန်းနှင့် မိတ်ဖွဲ့ရမည်။ စံ-ဇာဏီဘို
Posted On June 4, 2014, By Editorial

LIBRA (တူရာသီဖွား) စက်တင်ဘာလ ၂၃ ရက်မှ အောက်တိုဘာ ၂၃ ရက်အတွင်း မွေးဖွားသူများ

သောကရှိမည်။ စိတ်မပျော်မွေ့စရာကြုံမည်။ အတိုက်အခံအနှောင့်အယှက်များမည်။ ကျန်းမာရေး အညံ့အနည်းငယ်ရှိမည်။ သူတစ်ပါးကြောင့် မိမိရည်မှန်းချက်များ နှောင့်နှေးမည်။ ငွေရမည်ကြံကာမှ ထွက်ပေါက်ရှာပြီး ငွေထွက်မည်။ အမြတ်တနိုးထားသောပစ္စည်း ကွဲရှမည်။ ရောက်နေသောနေရာ၊ ဘ၀တွင် မပျော်သလောက် အရည်အသွေးမရှိသူများက မိမိအပေါ် နှောင့်ယှက်တိုက်ခိုက်မှု ပြုလိမ့်မည်။ ခွင့်လွှတ်ရအခက် ထိပ်တိုက်ရင်ဆိုင်ရအခက် ပြဿနာများတွေ့မည်။ စံ-ဇာဏီဘို      
Posted On June 4, 2014, By Editorial

CANCER (ကရကဋ်ရာသီဖွား) – ဇွန်လ ၂၂ ရက်မှ ဇူလိုင်လ ၂၂ ရက်အတွင်း မွေးဖွားသူများ

ထူးခြားသောအပြောင်းအလဲရှိမည်။ ၀န်းကျင်သစ်များနှင့် ဆက်ဆံရမည်။ မှန်းသည်နှင့် လက်တွေ့ကွာခြားမည်။ ဘ၀တက်လမ်းသစ်ပွင့်မည်။ ပေါ်လာသောအနေအထားအသစ်များကို အသုံးပြု၍ လိုလားချက်အောင်မြင်မည်။ ယခုကာလအတွင်း မိမိမမျှော်ထားသော စာလက်ခံရရှိမည်။ မထင်မှတ်ထားသောပြဿနာတစ်ခုပေါ်မည်။ ယင်းပြဿနာဖြစ်ပြီး အရာရာအဆင်ပြေသော အနေအထားသို့ ရောက်ရှိမည်။ အရေးပါသော ဆုံးဖြတ်ချက်များ ချမှတ်ရမည်။ စံ-ဇာဏီဘို
Posted On June 3, 2014, By Editorial

သဲပြင်ပေါ်မှာ ဆယ်ယူခြင်း Bobby Hinds, PGA

ခြေထောက်မကြွသောရိုက်ချက် အထက်ပုံပါ တစ်ကွက်ပြီးတစ်ကွက် ပြသထားသော အ ဆင့်ဆင့်ရိုက်သွားပုံများအားကြည့်ပါ။ ကျွန်ုပ်၏ နောက်ခြေ (ညာခြေ) သည် ဆွင်းတောက်လျောက် သဲထဲမှ ကြွမတက် ဘဲရှိနေပါသည်။ ဤသို့လုပ်ခြင်းကြောင့် ခြေထောက် ချော် ထွက်ခြင်း၊ လျောထွက်ခြင်း မဖြစ်ပေါ်ပါ။     နာက်တစ်ချက်မှာ ကိုယ်ခန္ဓာအောက်ပိုင်းတင်း ထားလေ ကိုယ်ခန္ဓာအပေါ်ပိုင်းက အလှည့်တွင် အမြန်နှုန်း ပိုရလေ ဖြစ်လာခြင်းပါ။ ဤနည်းအား သင်စမ်းကြည့်ပါ။ သင့်ကိုယ်အလေး ချိန်အား ပုံမှန်သဘာဝအတိုင်း ရိုက်ချိန်၌ နောက်ခြေပေါ်မှာ ရှေ့ခြေပေါ်သို့ ရွှေ့ပြောင်းပေးပါ။ သတိပြုရန်မှာ ခြေနှစ်ဖက် စလုံးကြွတက်ခြင်းမဖြစ်စေရန်ကိုသာပါ။ ချက်ချင်းဆိုသလို ကိုယ်လုံးအပေါ်ပိုင်းအမြန်နှုန်း တိုးတက်ရရှိလာမှုကို သင် တွေ့ရပါလိမ့်မည်။   ကြွက်သားများကို မသုံးဘဲ အမြန်နှုန်းကို အသုံးချပါ သဲထဲ၌ ကျင်းတူးသလိုမျိုး မရိုက်ပါနှင့်။ […]
Posted On May 29, 2014, By Editorial

The Pizza Company & Swensens Ice Cream

ဆိုင်တည်နေရာ Dagon Center I၊ မြေညီထပ်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန် မြို့မှာ တည်ရှိပါတယ်။   ဆိုင်ဖွင့်ချိန် မနက် ၁၀ နာရီကနေ ည ၁၀ နာရီထိ ပိတ်ရက်မရှိ ဖွင့် လှစ်ထားပါတယ်။   ဆိုင်ဖွင့်ရတဲ့ရည်ရွယ်ချက် ထိုင်းနိုင်ငံရဲ့Minor Food Group ယူထားတာဖြစ်ပါတယ်။ မြန်မာပြည်မှာ အရသာရှိတဲ့ ပီဇာနဲ့ဆန်းသစ်တဲ့Ice Cream တွေကို မိတ်ဆက်ပေးချင်တာ ကြောင့် ဖွင့်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။   ရရှိနိုင်တဲ့Menu  တွေက Pizza၊ Spaggetti ၊ Pasta စတာတွေအပြင် အီတလီအစား အစာအမျိုးမျိုး၊ ကော်ဖီအမျိုးမျိုး၊ Ice Milk Tea စတာတွေကို ရရှိနိုင်ပါတယ်။   ဈေးနှုန်း မှာယူတဲ့ ပီဇာအမျိုးအစားပေါ်မူတည်ပြီး […]
Posted On May 22, 2014, By Editorial

You Are Not So Smart

You  Are  Not  So  Smart ရေးသူ  –   David McRaney စာမျက်နှာပေါင်း –         ၃၂ဝ မျက်နှာ ထုတ်ဝေသူ      –         Gotham; Reprint Edition အရွယ်အစား    –         7.4″ _4.9″ _1″ ထုတ်ဝေသည့်နေ့         –         ၆-၁၁-၂ဝ၁၂ ISBN-10:1592407366 ISBN-13:978-1592407361 အခုစာအုပ်ခေါင်းစဉ်အတိုင်း အွန်လိုင်းတင်ထားတဲ့ အတွေး အခေါ်တွေကို အခြေခံပြီး ရေးသားထားတာဖြစ်ပါတယ်။ လူတွေဟာ နေ့စဉ်ကြုံတွေ့ဆောင်ရွက်ရတဲ့ကိစ္စ တွေကို ဆုံးဖြတ်ကြရာမှာ ခေါင်းအေးအေးထားပြီး မှန်မှန် ကန်ကန်ဆုံးဖြတ်တာပါလို့ ထင်နေလေ့ရှိကြတယ်။ ဟုတ် လှပြီ၊ မှန်လှပြီလို့ ထင်ကြတယ်။ တကယ်တော့ လူတွေ ဟာ အမှားနဲ့မကင်းကြဘူး။ တွေးမြင်၊ ပြောဆို၊ လုပ်ကိုင် […]
Posted On May 20, 2014, By Editorial

The Greatest Business Decisions of All Time

  ရေးသူ            –         Verne Harnish ထုတ်ဝေသူ      –         Time Home Entertainment, First Edition (2-10-12) စာမျက်နှာ       –         ၂ဝ၈ မျက်နှာ ISBN-10:1603200592 ISBN-13:978-1603200592     ဆုံးဖြတ်ချက်မချဘဲ ဘာအလုပ်မှ မအောင်မြင်နိုင်ပါ။ အောင်မြင်ခြင်းကို ပေးစွမ်းနိုင်တဲ့ အခိျု့သောဆုံးဖြတ်ချက် ကြီးတွေဟာ အများရဲ့သာမန်အတွေးအမြင်တွေနဲ့ ဆန့်ကျင် နေတတ်လေ့ရှိကြတယ်။ ဥပမာအားဖြင့် Apple ကုမ္ပဏီ က ဘာကြောင့် Steve Jobs ကို ပြန်ခေါ်ခဲ့ရသလဲ။ Johnsonရ Johnson ကုမ္ပဏီဟာ အဆိပ်ဓာတ်ပါတဲ့ ဆေး ပုလင်းနည်းနည်းပါးပါးတွေ့တာလေးနဲ့ဘာ့ကြောင့် Tylenol ဆေးပုလင်းအားလုံးကို ဈေးကွက်က ပြန်သိမ်းယူဖို့ ဆုံး […]
Posted On May 19, 2014, By Editorial

Letters to Sam

  စာရေးသူဟာ သူ့မြေးကလေးမွေးကတည်းက ရင်ထဲကထွက်ပေါ်လာတဲ့ပေးစာတွေကို စရေးလာခဲ့တယ်။ နောက်ပိုင်းမြေးကလေးကြီးလာရင်ဖတ်ဖို့ဖြစ်တယ်။ အဲဒီစာတွေ ထဲမှာ ရှိတဲ့အကြောင်းအရာတွေကတော့ အားလုံးအရေးကြီးတဲ့ အကြောင်းအရာတွေချည်းပဲ။ မိဘတွေနဲ့ဆက်ဆံရေး၊ အနိုင်ကျင့်သူတွေကို ဘယ်လိုကိုင်တွယ်ရမယ်၊ လူငယ်သဘာဝ ချစ်ရေးချစ်ရာကိစ္စတွေ၊ သေခြင်းတရားကို ဘယ်လိုရင်ဆိုင်မယ် စသဖြင့် တော်တော်စုံလင်ပါတယ်။ သူတစ်ခု စိုးရိမ်တာကတော့ သူ့မြေးကလေး လူကြီး အရွယ်ရောက်လာ တဲ့အချိန်အထိ သူ့အသက်ရှင်နေနိုင်ပါ့မလားဆိုတဲ့ အချက်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ ခြေထောက်နှစ်ဖက်စလုံးနဲ့ လက်နှစ်ဖက်စလုံး သွက်ချာပါဒအကြောသေရော ဂါခံစားနေရလို့ဖြစ်တယ်။ ဒီနေရာဂါကလည်း လွန်ခဲ့တဲ့အနှစ် ၂၀ တုန်းက သေသွားနိုင်လောက်အောင် ကားတိုက်ခံခဲ့ရလို့ဖြစ်တယ်။ ဒါကြောင့်လည်း သူဟာ ဘယ်ကိစ္စကိုမှ အမှုမဲ့ဖအမှတ်မဲ့သဘောမထားတတ်သူ တစ်ယောက်ဖြစ် လာတယ်။ ဒီကြားထဲ မြွေပူရာကင်းမှောင့်ဆိုသလို သူ့မြေးကလေးဟာ ၁၄ လသားအရွယ်ရောက်တော့ Autism ဆိုတဲ့ အထီးကျန်စိတ်ဝေဒနာရောဂါစွဲကပ်နေတာကို သိလိုက်ရတယ်။ […]
Posted On April 30, 2014, By Editorial

Fine Art of Confident Conversation

  စာအုပ်အမည်ကဖော် ပြထားတဲ့အတိုင်း သူများနဲ့စကားပြောရာမှာ မိမိကိုယ်မိမိ ယုံကြည်ချက်အပြည့်အ၀နဲ့ပြော တတ်ဖို့အကြံဉာဏ်တွေ ပေးထားတဲ့စာအုပ်ဖြစ်တယ်။ စာရေးသူဟာ အရောင်းရဆုံးစာရင်းဝင်စာရေး ဆရာမတစ်ဦးဖြစ်ပြီး လူတွေနဲ့ဆက်သွယ်ပြောဆိုရေး ပညာ မှာလည်း ကျွမ်းကျင်သူတစ်ဦးဖြစ်တယ်။ သူ့ရဲ့ အရောင်းရ ဆုံးစာအုပ်ကတော့ The Fine Art of Small Talk : How to Start a Conversation, Keep It Going, Build Networking Skills–and Leave a Positive Impression  ဆိုတဲ့ စာအုပ်ဖြစ်တယ်။ ဒါ့အပြင် ဆယ်ကျော်သက်ရွယ်တွေအတွက် မိုဘိုင်းဖုန်းနဲ့ စာရိုက်ပို့တာမျိုးအစား မျက်နှာချင်း ဆိုင်ဘယ်လိုပြောဆိုရမယ်ဆိုတာကိုလည်း ရေးသားထားတဲ့ စာအုပ်ကတော့ ဒီနှစ်မေလထဲမှာ ထွက်မယ်လို့သိရတယ်။ ဒီဆရာမရဲ့ လိပ်စာကတော့  www.DebraFine.com  […]
Posted On April 26, 2014, By Editorial