SAGITTARIUS (ဓနုရာသီဖွား) – နိုဝင်ဘာလ ၂၃ ရက်မှ ဒီဇင်ဘာလ ၂၁ ရက်အတွင်း မွေးဖွားသူများ

SAGITTARIUS-feature-206x300

ပြဿနာများ၊ စိတ်ညစ်စရာများနှင့် ထိပ်တိုက်ရင်ဆိုင်နေရမည်။ သို့သော် အခါတိုင်းထက် ပျော်ရွှင်နေသည်။ မည်မျှစိတ်ရှုပ်ရစေ မိမိတွင် စိတ်ဓာတ်ထိခိုက်ခြင်းမရှိဘဲဖြစ်မည်။ ပညာနှင့်ပတ်သက်သော တိုးတက်မှုရှိမည်။ ရည်ရွယ်ချက်များအောင်မြင်မည်။ ပေါ်ပေါက်လာသော အခွင့်အရေးများကို မယူဘဲ မိမိလုပ်ချင်ရာ တစ်ဇွတ်ထိုးလုပ်လိမ့်မည်။ ဆက်ဆံရသော ပတ်ဝန်းကျင်အပြောင်းအလဲရှိမည်။ ငွေကုန်များမည်။ အခက်အခဲများ ကျော်လွှားနိုင်မည်။

စံ-ဇာဏီဘို