PISCES (မိန်ရာသီဖွား) – ဖေဖော်ဝါရီလ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း မွေးဖွားသူများ

PISCES-feature-262x300

အလှူ၊ မင်္ဂလာ၊ ဘာသာရေးကိစ္စအတွက် အချိန်ပေးရမည်။ ရုတ်တရက်ပြောင်းလဲလာသော အနေအထားအပေါ်လိုက်၍ ဘ၀လမ်းကြောင်းတိုးတက်မည်။ တစ်ပါးသူအဆုံးမသတ်နိုင်သောကိစ္စများ မိမိစနစ်တကျဆောင်ရွက်၍ တိုးတက်သောအနေအထားရှိမည်။ မနာလိုဝန်တိုအပြိုင်ပြုသူများကြားမှ တိုးတက်သောအနေအထားရှိမည်။ ဝေဖန်တိုက်ခိုက်သူပေါများနိုင်သော ကာလဖြစ်သည်။ အတိတ်ကာလမှ ပြဿနာဟောင်းများ ပြန်လည်ဖြေရှင်းရမည်။ မေတ္တာရေးကောင်းသောကာလ ဖြစ်ပါသည်။

စံ-ဇာဏီဘို