LEO (သိဟ်ရာသီဖွား) – ဇူလိုင်လ ၂၃ ရက်မှ သြဂုတ်လ ၂၃ ရက်အတွင်း မွေးဖွားသူများ

LEO-feature-239x300

ထွက်ပေါက်ရှာပြီး ငွေကုန်မည်။ တာဝန်မဲ့သူတစ်ဦးကိစ္စကြားဝင်ဆောင်ရွက်ပေးလိမ့်မည်။ အကူအညီတောင်းသူ ပေါ်မည်။ ကူညီလိုက်ပါ။ ပစ္စည်းငွေကြေးလာရောက် မိမိထံချေးငှားသူပေါမည်။ မချေးငှားပါနှင့်။ တစ်ပါးသူအားစေတနာနှင့် မိမိလျှို့ဝှက်ချက်၊ မိမိအတတ်ပညာများ လွယ်လင့်တကူပေးမိ၍ စိတ်သောကရောက်မည်။ မိခင် သို့မဟုတ် အဘွားအဒေါ်တို့အား ဆေးခန်းလိုက်ပို့ရင်း မိတ်ဆွေဟောင်း တစ်ဦးနှင့်တွေ့၍ ထူးခြားသော အခွင့်အလမ်းသစ်များပေါ်နိုင်သောကာလဖြစ်သည်။

စံ-ဇာဏီဘို