VIRGO (ကန်ရာသီဖွား) – သြဂုတ်လ ၂၄ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း မွေးဖွားသူများ

VIRGO-feature-221x300

ကူညီသူများပေါ်မည်။ မျက်နှာပွင့်လန်းမည်။ သွားလေရာ၊ လာလေရာ မျက်နှာပွင့်လန်းမည်။ လုပ်နေသော၊ ဆောင်ရွက်နေသောကိစ္စမှ ကောင်းကျိုးများရရှိမည်။ အကြံကြီးကြီးမားမား ဆောင်ရွက်၍ အကျိုးရှိမည်။ ခရီးသွားခြင်းများ ဆောင်ရွက်နိုင်မည်။ ပျိုရွယ်သူများ အလွန်စန်းပွင့်မည်။ လူလွတ်များ ချစ်သူတွေ့မည်။ ထူးခြားချက်မှာ ဤကာလအတွင်း အင်္ဂါနေ့၊ ကြာသပတေးနေ့ မွေးသောသူများနှင့် မေတ္တာမျှပါက ထိုမေတ္တာ၏ လမ်းသည် အလွန်ချမ်းမြေ့၍ ရေရှည်အဆင်ပြေမည်။ မိတ်သစ်များနှင့်တွဲ၍ လုပ်ငန်းများလုပ်ကိုင်ရန် ကမ်းလှမ်းခံရမည်။

စံ-ဇာဏီဘို