advertisement-image
Articles

ခေတ်သစ် GE သို့မဟုတ် နေရာတိုင်းသို့ရောက်နေသော Google

  Google မှာ သူတို့က အဲဒီဟာကို သွားပွတ်တံစမ်းသပ်မှုလို့ ခေါ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဒီကုမ္ပဏီကြီးကို CEO အ ဖြစ် ပြန်လာခဲ့ပြီးနောက်မကြာခင်မှာပဲ Larry Page  က သူ့အနေနဲ့ ဒီကုမ္ပဏီကို လူတွေက သွားပွတ်တံတစ်ချောင်း ကိုသုံးသလို တစ်နေ့ကို အနည်းဆုံးနှစ်ကြိမ် သုံးစွဲရတဲ့အထိ ၀န်ဆောင်မှုတွေကို ပိုပြီးဖော်ထုတ်ပေး ချင်တယ်လို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ Search Engine ဆိုတဲ့ ရှာဖွေရေးကိရိယာကြီး နဲ့ Android ဆိုတဲ့ လက်ကိုင်ဖုန်းတွေအတွက် အလုပ်လည် ပတ်မှုစနစ်တွေဟာ အဲဒီစမ်းသပ်မှုကို အောင်မြင်ခဲ့ပါတယ်။ အခုဆိုရင် Google ဟာ မကြာသေးခင်က လုပ်ခဲ့တဲ့ ၀ယ်ယူသိမ်းသွင်းမှုတွေ တသီကြီးနဲ့အတူ စက်ရုပ်တွေ၊ မော်တော်ကားတွေ၊ နေအိမ်အပူပေးစနစ်တွေကစပြီး နယ်ပယ်မျိုးစုံမှာ ‘သွား ပွတ်တံ’ […]
Posted On April 20, 2014, By Editorial

အလားလာကောင်းတွေနဲ့မြန်မာနိုင်ငံရဲ့ Online Shopping ဈေးကွက်

နိုင်ငံတကာမှာ အင်တာနက်နည်းပညာထွန်းကားမှုကြောင့် စီးပွားရေးလုပ်တဲ့ ပုံစံတွေပြောင်းလဲပြီး အွန်လိုင်းအရောင်းအ၀ယ်လုပ်ငန်း  တွေ ကြီးထွားနေတာ အချိန်အတိုင်းတာတစ်ခုရှိခဲ့ပြီဖြစ်ပါတယ်။ Amazon ၊ eBay ၊ Alibaba ၊ ဂျပန်နိုင်ငံက Rakuten နဲ့ တရုတ်နိုင်ငံရဲ့ အကြီးဆုံး Online Store  ဖြစ်တဲ့ 360 Buy တို့လို နိုင်ငံတကာက နာမည်ကျော် လုပ်ငန်းကြီးတွေအောင်မြင်နေသလို အာဆီယံနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်မှာဆိုရင် Lazada Philippines  နဲ့ ထိုင်းနိုင်ငံမှာဆိုရင်Tarad စတဲ့ အွန်လိုင်း အရောင်းအ၀ယ်လုပ်ငန်းတွေ ထွန်းကားနေတာကို တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း စီးပွားရေးပြုပြင်ပြောင်းလဲမှုရဲ့ အကျိုးဆက်အဖြစ် အိုင်တီအခြေခံအဆောက်အအုံတွေ၊ ဘဏ်လုပ်ငန်းနဲ့ ငွေပေးချေမှုစနစ်တွေတိုးတက်ကောင်းမွန်လာတာနဲ့အမျှ အွန်လိုင်းအရောင်းအ၀ယ်လုပ်ငန်း (E-commerce) တွေ တိုးတက်ဖွံ့ဖြိုးလာမယ့် အလားအလာ ကောင်းတွေရှိနေပါတယ်။ ဒါကြောင့် ရန်ကုန်မှာရှိတဲ့ လက်ရှိ Online […]
Posted On April 11, 2014, By Editorial

Depression တွေကို ဘယ်လို Remedy ပြန်လုပ်ရမလဲ

  လုပ်ငန်းခွင်ထဲက ရလာတဲ့  Depression တွေကို ဘယ်လို Remedy ပြန်လုပ်ရမလဲ သိချင်ပါတယ်။ မေးတဲ့မေးခွန်းလေးက စိတ်ဓာတ်ကျတာကိုဖြေဖို့ ”ဖြေဆေး” တောင်းတဲ့သဘောပေါ့နော်။ ဒါပေမဲ့ တစ်ခုသတိပြုမိတာက အပြင်ကရတဲ့ Depression မဟုတ်ဘဲ လုပ်ငန်းခွင်ထဲကရ တဲ့ဟာဖြစ်နေတယ်ဆိုတော့ တစ်မျိုးစဉ်းစားရမှာပေါ့။ ဖတ်ရလွယ်အောင် နံပါတ်စဉ်တပ်ပြီး ဖြေလိုက်ပါတယ်ဗျာ။   (၁)     ”ငါ့လိုလူစား အများကြီးဟေ့” ဆိုတာလေး ကြားဖူး မှာပေါ့။ ကိုယ့်ရဲ့ ၃၆၀ ဒီဂရီပတ်ဝန်းကျင်မှာ လုပ် ငန်းခွင်ကရလာတဲ့ Depression ကြောင့် ဘာတွေ ဖစ်နေတာကြသလဲဆိုတာ ငဲ့စောင်းကြည့်လိုက်စမ်းပါ။ တင်းနေတဲ့ Tension လေး ‘လျော့’ သွားပါလိမ့် မယ်။ (၂)     ”ကိုယ်ကောင်းပါလျက်သားနဲ့ သူ မကောင်းလို့လား၊ ဒါမှမဟုတ် သူကောင်းပါလျက်သားနဲ့ […]
Posted On April 6, 2014, By Editorial

မလှုပ်မရှား အထိုင်များတဲ့ အလုပ်လုပ်သူတွေအတွက် ကျန်းမာရေးနည်းလမ်းများ

အလုပ်ဟာ အရေးကြီးသလို ကျန်းမာရေးဟာလည်း အရေးကြီးပါတယ်။ တကယ်လို့ သင့်အလုပ်ဟာ တစ်နေ့တာလုံးရှိရှိသမျ အချိန်တွေကို အလုပ်စားပွဲမှာ ထိုင်ရင်းနဲ့ ကုန်ဆုံးသွားစေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ အလုပ်တအားရှုပ်ပြီး အချိန်တွေ ကျပ်နေပေမဲ့လည်း ကျန်းမာရေးနဲ့ ညီñွတ်စေမယ့် အလုပ်လုပ်ရင်း လုပ်နိုင်မယ့် ကျန်းမာရေးနည်းလမ်းကောင်းလေးတွေရှိပါတယ်။   ဓာတ်လှေကားကို စွန့်ဖယ်ပါ အလုပ်နဲ့အိမ်မှာ အချိန်တွေကျပ်ပြီး အလုပ်ရှုပ်နေတဲ့အတွက် တချို့သူတွေဟာ လေ့ကျင့်ခန်းကို ပုံမှန်လုပ်သင့်သလောက်လုပ်ဖို့ အချိန်မရှိတတ်ကြပါဘူး။ အဲဒီလိုဆိုရင် တစ်နေ့တာ လုပ်ငန်းတွေမှာ လှုပ်လှုပ်ရှားရှား တတ်နိုင်သလောက် နေတတ်ဖို့ လိုပါတယ်။ ရုံးခန်းဟာ အဆောက်အအုံရဲ့ ငါးလွှာနဲ့အောက်ဆိုရင် ဓာတ်လှေကားကို အပျင်းထူတဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် ချန်ထားပြီး လှေကားကနေပဲ တက်သင့်ပါတယ်။ အောက်ထပ်က ပစ္စည်းတစ်ခုခု လိုချင်တဲ့ အခါဆိုလည်း အလုပ်သမားတွေကို မခိုင်းဘဲ ကိုယ်တိုင်သွားယူမယ်ဆိုရင် လှေကားကိုအလိုလိုတက်ဖြစ်သွားတာပေါ့။   […]
Posted On April 2, 2014, By Editorial

ဒေါသထွက်နေသော အိန္ဒိယလူငယ်များ အလဟဿ ဖြုန်းတီးမှုတစ်ခု

အရေအတွက်နှင့် အရည်အသွေး စိန်ခေါ်မှုရဲ့ အတိုင်းအတာကို ကြည့်ဖို့အတွက် အလုပ်လုပ်တဲ့အသက်အရွယ်ဖြစ်တဲ့ အသက် ၁၅ နှစ်နဲ့ ၆၄ နှစ်ကြား လူဦးရေဟာ လာမယ့်ဆယ်စုနှစ်မှာ ၁၂၅သန်း တိုးလာပြီး၊ နောက်ထပ်ဆယ်စုနှစ်တစ်ခုမှာ ၁၀၃ သန်းတိုး မယ်လို့ စဉ်းစားကြည့်ပါ။ လက်ရှိ လမ်းကြောင်းတွေအရဆိုရင် တိုးတက်မှုရဲ့ သုံးပုံတစ်ပုံဟာ မြောက်ပိုင်းက ပိုဆင်းရဲ ပြီး ပညာရေးပိုနိမ့်ကျတဲ့ ပြည်နယ်တွေ၊ အထူးသဖြင့်ဘီဟာ နဲ့ အူးတားပရာဒက်ရှ်ပြည်နယ်တွေက လာပါလိမ့်မယ်။ အလုပ်လုပ်တဲ့အရွယ်ရှိတဲ့လူတိုင်း အလုပ်အကိုင် ဈေးကွက်ထဲမှာရှိမှာတော့ မဟုတ်ပါဘူး။ အသက် ၁၅ နှစ် ကနေ ၂၅ နှစ်အထိ လူတော်တော်များများက ပညာသင်ဆဲပဲ ဖြစ်ပါလိမ့်မယ်။ ဒီနေ့ဆိုရင် ပညာသင်နေတာ ၂၆ ရာခိုင် နှုန်းရှိပါတယ်။ အရွယ်ရောက်တဲ့အမျိုးသမီးတချို့က အိမ်ထဲ မှာပဲ နေပါလိမ့်မယ်။ […]
Posted On March 31, 2014, By Editorial

Non – Place ပထ၀ီသစ်

မြူးးဇစ်၊ ဖက်ရှင်နှင့် မီဒီယာတွဲမိ တက္ကနိုလိုဂျီများ လွန်ကဲစွာဖွံ့ဖြိုးလာခြင်းကြောင့်လည်း ကောင်း၊ ဂလိုဘယ်လိုက်ဇေးရှင်းက အရှိန်ပြင်းထန်လာခြင်း ကြောင့်လည်းကောင်း၊ လူထုအဖွဲ့အစည်းသည် စားသုံးခြင်း ကို လွန်လွန်ကဲကဲ အာရုံစူးစိုက်သောလူ့အဖွဲ့အစည်းဖြစ် လာခြင်းကြောင့်လည်းကောင်း၊ ဆက်သွယ်ရေးစနစ်များ ခေတ်မီလာခြင်းကြောင့်လည်းကောင်း၊ အင်တာနက်ဝက်ဘ် ဆိုက် စသည့်မီဒီယာမျိုးစုံထွန်းကားလာလွန်းသောကြောင့်လည်းကောင်း Eclectism ဆိုသော လက္ခဏာကြီးတစ်ရပ် ပေါ်လာရပြီ။ Eclectism ဆိုသည်မှာ တစ်ကြောင်းသွားမဟုတ် ဘဲ နှံ့နှံ့စပ်စပ် ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်နိုင်ခြင်းဟု အနက်ထွက်ပါသည်။ ရွေးချယ်စရာများ အလွန်ပေါများလာ ခြင်းဖြစ်၍ ဤအပေါ်အခြေစိုက်ရသောယဉ်ကျေးမှုကို Culture & Choice  ကြိုက်ရာရွေးချယ်နိုင်သောယဉ်ကျေးမှုဟု ခေါ်လိုက်ကြသည်။ ကြိုက်ရာရွေးချယ်နိုင်သဖြင့် တစ်ပုံစံတည်းတူသည့်ယဉ်ကျေးမှု Culture of Enforced Sameness သည် မဖြစ်နိုင်တော့ဟု သုံးသပ်ကြသည်။ ရွေးချယ်စရာတွေမျိုးစုံပေါများသည်ဆိုသည်မှာ လူအချင်းချင်းဆက်ဆံတုံ့ပြန်မှုတို့၌လည်းကောင်း၊ အယူ အဆချင်း ဆက်ဆံမှုတို့၌လည်းကောင်း၊ […]
Posted On March 29, 2014, By Editorial

အလုပ်မှနုတ်ထွက်ခြင်းနှင့် ပတ်သက်သော ကျင့်ဝတ်စည်းမျဉ်းတချို့

  သင့်ရဲ့ လက်ရှိအလုပ်ကို မနှစ်သက်တော့လို့ပဲဖြစ်ဖြစ်၊ နောက်အလုပ်သစ်တစ်ခုကို ပြောင်းရွှေ့လုပ်ကိုင်ဖို့အတွက် မစောင့်နိုင်တော့လောက်အောင်ပဲဖြစ်ဖြစ် လက်ရှိအလုပ် ကနေ နုတ်ထွက်ရတာဟာ အမြဲတမ်းတော့ မလွယ်ကူပါ ဘူး။ ပထမဆုံးအချက်ကတော့ ကိုယ်တကယ်ပဲ ဒီအလုပ် ကနေ နုတ်ထွက်ချင်လားဆိုတာကို သေချာအောင် ဆန်း စစ်ပါ။ သင် အခုနုတ်ထွက်တော့မယ့် အလုပ်ရှင်ရဲ့ ထောက် ခံချက်ကို ဘယ်အချိန်မှာ လိုအပ်လာမလဲဆိုတာ မသိနိုင်တဲ့ အတွက် အလုပ်ထွက်တာကို လက်လွတ်စပယ် ပြီးရင်ပြီး ရောပုံစံမျိုးနဲ့ မလုပ်မိဖို့ အရေးကြီးပါတယ်။   ကြိုတင်အသိပေးပါ ကိုယ်ရဲ့အလုပ်စာချုပ် ချုပ်ဆိုထားတဲ့အထဲမှာ အလုပ်မထွက် ခင် ဘယ်တော့လောက်ဖြင့် ကြိုတင်အသိပေးရမယ်ဆိုတာပါရင် အဲဒါကို လိုက်နာပါ။   လက်ရှိအလုပ်ခွင်ထဲမှာ သတ်မှတ်ထားချိန်ထက် ဆက်နေဖို့ မလိုပါ အလုပ်စာချုပ်ထဲမှာ နှစ်ပတ် ကြိုအသိပေးရမယ်လို့ပါရင် အလုပ်ရှင်က […]
Posted On March 28, 2014, By Editorial

Business Ethics တစ်ခုက ကိုယ့်လုပ်ငန်းရဲ့ Philosophy ပါပဲလို့ဆိုတဲ့ XENON CO LTD ရဲ့ MD ဦးမျိုးမင်းဦး

စီးပွားရေးလုပ်ငန်းလုပ်ရာမှာEthics  ရဲ့ အရေးပါပုံ စီးပွားရေးလုပ်တဲ့အခါမှာ Business Ethics က အများကြီး အရေးပါပါတယ်။ မြန်မာလိုဆိုရင်တော့ ကျင့်ဝတ်ပေါ့။ အ ရှည်ပြောရမယ်ဆိုရင် ကျင့်ကြံရမယ့်ဝတ္တရားပါ။ Business Ethics တစ်ခုက ကိုယ့်လုပ်ငန်းရဲ့ Philosophy ပါပဲ။ ဒီ တော့ Ethics က ကိုယ့်လုပ်ငန်းရဲ့Philosophy of Business  ကိုအမြဲ Reflect  လုပ်နေတာပေါ့။ ကိုယ့်လုပ်ငန်းရဲ့ Ethics ကိုကြည့်ပြီးတော့ အလွန်အရေးကြီးတဲ့လုပ်ငန်းစဉ် (ကိုယ့်လုပ်ငန်းရဲ့ ချမှတ်ထားတာ)တွေကို တစ်စိတ်တစ်ပိုင်းကို တခြားလူက မြင်သာတာပေါ့။ Business တစ်ခုရဲ့ တိုက် ရိုက်ပတ်သက်နေတဲ့သူတွေ (Supplier  တွေ၊ Client တွေ၊ ကိုယ့်ရဲ့ Employee တွေ) ဒါအပြင် သွယ်ဝိုက်ပတ်သက်နေ တဲ့သူတွေ (အခြားပြည်သူတွေ၊ စားသုံးသူတွေ၊ […]
Posted On March 26, 2014, By Editorial

မသင့်မမြတ်ဖြစ်နေတဲ့ မရှိမဖြစ် ၀န်ထမ်းနှစ်ယောက်

လုပ်ငန်းခွင်တစ်ခုမှာ  မရှိမဖြစ်တဲ့ဝန်ထမ်းနှစ်ယောက်ဟာ  အချင်းချင်း မသင့်မမြတ်ဖြစ်နေရင် သူတို့ပြန်လည် သင့်မြတ် အောင် ဘယ်လိုလုပ်ပေးသင့်ပါသလဲ။   အဲဒီဝန်ထမ်းနှစ်ယောက်က လုပ်ငန်းခွင်မှာ Key Person  တွေလည်းဖြစ်၊ တစ်နည်းပြောရရင် ကုမ္ပဏီအတွက် A Playerတွေဖြစ်နေတော့ သူတို့အချင်းချင်း မသင့်မမြတ် ဖြစ်နေရင် အဲဒီကုမ္ပဏီ ‘နာ’ မှာ အမှန်ပဲ။ သူတို့ပြန်လည်သင့်မြတ်အောင် ဘယ်လိုလုပ်ပေး သင့်သလဲလို့ အဖြေထုတ်ရရင် (ဖတ်ရလွယ်အောင်) အောက် ပါအချက်တွေကို ထည့်သွင်းစဉ်းစား လုပ်ဆောင်သင့်တယ် လို့ ပြောချင်တယ်။ (၁)     ပထမဦးဆုံး သူတို့နှစ်ယောက်ဟာ ၀ိရောဓိ (Contra- diction) အသွင်ဆောင်နေကြပြီလား။ ဒါမှမဟုတ် ပဋိပက္ခ  (Antagonism) အသွင် ဆောင်သွားပြီလားဆိုတာ ဆန်းစစ်ဖို့ လိုမယ်။ (၂)     တကယ်လို့ သူတို့အတွေးအခေါ်တွေက ၀ိရောဓိအသွင် ဆောင်နေရင် […]
Posted On March 19, 2014, By Editorial

ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ BlackRock

နှစ်ပေါင်း ၂၅ နှစ်အတွင်း BlackRock  ကုမ္ပဏီဟာ ကမ္ဘာ့အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်လာခဲ့ပြီ။ ယင်းက ပိုင်ဆိုင်ပစ္စည်း (အက်ဆက်) အမေရိကန်ဒေါ်လာ ၁၅ ထရီလီယံခန့်ကို တစ်ခုတည်းသော Risk  စီမံအုပ်ချုပ်မှုစနစ်နဲ့ ဆောင်ရွက်စေလျက်ရှိရာ ကြီးမားလှတဲ့ စွမ်းဆောင်အောင်မြင်မှုဖြစ်ပါတယ်။ သို့သော် ယင်းအချက်မှာ စိတ်ပူပန်ဖွယ်လည်း မဟုတ်ပါလားဆိုတဲ့ မေးခွန်းထွက်ပေါ်လာပါတယ်။   အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ပြည်နယ်မှ (East Wenatchee) မြို့ ကလေးဟာ ပန်းသီးကောင်းကောင်းထွက်ကြောင်း လူသိများပေမဲ့ ယင်းရဲ့ အလွန်အရေးပါတဲ့ ငွေရေးကြေးရေးဝန်ဆောင်မှုတွေ ကို လူသိမများလှပါဘူး။ သစ်သီးခြံတွေနဲ့ တောင်ကုန်းတွေ အကြားရှိ ကွန်ပျူတာခြောက်ထောင်လောက် စုပြုံနေတဲ့ ဒေတာစင်တာ တစ်ခုက ၁၇၀ ကျော်လောက်ရှိ ပင်စင်ရန် ပုံငွေတွေ၊ ဘဏ်တွေ၊ ငွေပဒေသာပင် စိုက်ထူတာတွေ၊ အာမခံကုမ္ပဏီ အစရှိတဲ့ ပိုင်ဆိုင်ပစ္စည်း […]
Posted On March 18, 2014, By Editorial
1 87 88 89 90 91 94