advertisement-image
Articles

အမျိုးခွဲလုပ်ငန်းများ ချဲ့ထွင်လုပ်ခြင်း(Diversification)

လုပ်ငန်းတစ်ခုကို ကြီးထွားရန် အသုံးပြုနိုင်သည့်နည်းဗျူဟာတို့တွင် လုပ်ငန်းချဲ့ရန်နှင့် နောက်ထပ်လုပ်ငန်း အမျိုးအစားတိုးချဲ့ရန် သို့တည်းမဟုတ် လုပ်ငန်းထပ်မံတိုးချဲ့ဝယ်ယူရန်တို့ကို စဉ်းစားနိုင်သည်။ Diversification ခေါ် အမျိုးခွဲလုပ်ငန်းများ ချဲ့ထွင်လုပ်ခြင်းမှာ အတော်များများလုပ်လာကြပြီဖြစ်သော်လည်း အန္တရာယ်ကင်းသည့်နည်းလမ်းဟု မဆိုနိုင်ပါ။ အချို့ကုမ္ပဏီပိုင်ရှင်များ၊ CEO များသည် မိမိစိတ်ရှိသလို အင်ပါယာကြီးများအဖြစ် ဆက်စပ်မှုမရှိသောအလုပ်များ လုပ်ကိုင်ကြသည်။ လုပ်ငန်းစုံပါဝင်သော အဖွဲ့အစည်းကို Conglomerates ဟု သုံးနှုန်းခေါ်ဆိုကြသည်။ မြန်မာတွင် ABC Group of Companies ဟု ခေါ်တွင်ကြသော ကုမ္ပဏီများနှင့်တူကောင်းတူနိုင်သည်။ ဖြစ်ပေါ်ရသည့်အကြောင်းရင်းများမှာ ကွဲပြားနိုင်သည်။ ၁၉၈၀ ပြည့်နှစ်ပိုင်းတွင် Conglomerates များ ပြိုကွဲပျက်စီးပြီး မလိုသောလုပ်ငန်းများကိုဖြုတ်၍ မူလပုံကို ပြန်သွားကြသည်ကို တွေ့ရသည်။ Conglomerates များ ခေတ်မှေးမှိန်သွားရခြင်းမှာ ကုမ္ပဏီရှယ်ယာပိုင်ရှင်များဘက်မှ ထောက်ခံမှုမရ၍ ဖြစ်သည်။ အမှန်တွင်မူ Conglomerates […]
Posted On March 9, 2016, By Editorial

လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ Marketing Manager ကောင်းတစ်ယောက်ကို ဘယ်လိုရွေးချယ် ခန့်အပ်သင့်ပါသလဲ . . .

Nature of Job ကိုကြည့်ရပါမယ်။ ကုမ္ပဏီအနေနဲ့ ကိုယ်လုပ်တဲ့အလုပ်ကို သေချာသိရမယ်။ ပြီးတော့ လိုတဲ့လူတွေကိုသိရမယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တွေ့ရတဲ့ ကုမ္ပဏီတော်တော်များများက ၀န်ထမ်းခန့်တဲ့ပုံစံ အမှားကိုလည်း ပြောပြချင်ပါတယ်။ ကုမ္ပဏီအများစုမှာ ကုမ္ပဏီထောင်ပြီဆိုတာနဲ့ Chairman ထားတယ်၊ GM ထားတယ်၊ ပြီးတော့ Sales Manager ၊ Marketing Manager ဆိုပြီး ထားကြတယ်။ ပြီးတော့မှ အောက်ကနေ Sales Team တွေကို ထည့်တယ်။ တကယ်တမ်းဖြစ်ရမှာက ပစ္စည်းတစ်ခုရောင်းဖို့ ကုမ္ပဏီတစ်ခုထောင်တယ်ဆိုပါစို့။ ဒီတော့ ကိုယ်ဘာရောင်းမှာလဲ၊ ဘယ်သူတွေကိုရောင်းမှာလဲ၊ ဘယ်လိုရောင်းမှာလဲဆိုတာတွေကို အရင်စဉ်းစားရမယ်။ ဥပမာ- ဘီစကွတ်မုန့်ရောင်းမယ်ဆိုပါစို့။ ဆိုင်ပေါ်တင်ရောင်းမယ်ဆိုရင် ဈေးကွက်ထဲက ဘီစကွတ်ရောင်းတဲ့ ဆိုင်အရေအတွက်ကိုသိရမယ်။ ပြီးတော့ ဒီဆိုင်တွေမှာ လာဝယ်တဲ့စားသုံးသူ Volume ကိုသိရမယ်။ ဘာလို့ […]
Posted On March 8, 2016, By Editorial

တစ်နေကုန်ထိုင်နေခြင်းရဲ့ အန္တရာယ်ကနေ လွတ်မြောက်စေဖို့

ပထမဆုံးအနေနဲ့ အထိုင်များတဲ့ရောဂါဆိုတာ ဘာကို ဆိုလိုချင်တာပါလဲ။ အထိုင်များတဲ့ရောဂါရှိခြင်း၊ ဒါမှမဟုတ် လှုပ်ရှားမှုသိပ်မရှိတဲ့ ဘ၀နေထိုင်မှုမျိုးနဲ့ နေထိုင်ခြင်းဆိုတာ အချိန်ကာလ အကြာကြီးထိုင်တဲ့သူတွေနဲ့ လှုပ်ရှားမှုအလွန်နည်းတဲ့သူတွေမှာ ဖြစ်ပွားနေတတ်တာကို ပြောခြင်းဖြစ်ပါတယ်။ တစ်နေ့လုံးထိုင်နေခြင်းက သင့်ရဲ့ကျန်းမာရေးအတွက် သိပ်ကိုဆိုးဝါးတဲ့သက်ရောက်မှုတွေ ရှိနေနိုင်ပါတယ်။ ဒါတွေကတော့ Type 2 ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာ အစရှိတဲ့ ကင်ဆာရောဂါတွေအထိ ဖြစ်ပွားမှုနှုန်းမြင့်တက်စေပါတယ်။ John Hopkins Medicine ရဲ့ ဆောင်းပါးတစ်ပုဒ်အရ ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့သူတွေဟာ အောက်ဖော်ပြပါ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေပိုများပါတယ်။ စိုးရိမ်တတ်လာခြင်းနဲ့ စိတ်ကျခြင်းတွေ ပိုဖြစ်နိုင်ပါတယ်။ နှလုံးရောဂါဖြစ်ပွားနှုန်း ပိုများပြားပါတယ်။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်နေသူတွေမှာတော့ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်စွမ်း ပိုနည်းပါးတာကို တွေ့ရပါတယ်။ တက်တက်ကြွကြွနေထိုင်သူတွေဟာ ကိုယ်အလေးချိန်တက်ဖို့၊ အ၀လွန်ဖို့အတွက် အလွန်ခက်ခဲပါတယ်။ အချိန်များစွာ […]
Posted On March 4, 2016, By Editorial

Value Innovation တန်ဖိုးဆန်းသစ်တီထွင်ခြင်း

စီးပွားရေးလုပ်ငန်းတွေဟာ အချင်းချင်းယှဉ်ပြိုင်ကြရာမှာ ကုန်ကျစရိတ်၊ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေ တစ်စတစ်စ ပိုမိုကောင်းမွန်လာအောင် ကြိုးပမ်းကြရင်း အဲဒီဝဲဂယက်ထဲမှာပဲ ရုန်းမထွက်နိုင်ဘဲ ဖြစ်လာလေ့ရှိခဲ့ကြပါတယ်။ Value Innovators (တန်ဖိုးဆန်းသစ်ထီထွင်ကြသူတွေ) ကတော့ အဲဒီဝဲဂယက်ထဲကနေ ရုန်းထွက်ပြီး ဈေးကွက်သစ်တစ်ခု အပိုင်ရအောင် လုပ်ကိုင်ကြတယ်။ တိုက်ရိုက်ယှဉ်ပြိုင်မှုမရှိဘဲ ကုန်ပစ္စည်းတွေ သို့မဟုတ် ၀န်ဆောင်မှုတွေကို ဆန်းသစ်တီထွင် ထုတ်လုပ်ကြခြင်းကနေ ဈေးကွက်အသစ် ဖန်တီးယူကြတယ်။ (ဤသို့ လုပ်ကိုင်ခြင်းကို ဆန်းသစ် ထီထွင်လုပ်ကိုင်ခြင်း (Value Innovation) ဟုခေါ်ပါတယ်။ အယူအဆ . . . အထက်ပါ Value Innovation အယူအဆကို W. Chan Kim ဆိုသူနဲ့ Renee Mauborgne ဆိုတဲ့ အမျိုးသမီး တို့က စတင်ဖော်ထုတ်တင်ပြခဲ့တာဖြစ်တယ်။ သမားရိုးကျ အတွေးအခေါ်ကို […]
Posted On March 4, 2016, By Editorial

Information Symposium 2016

မြန်မာနိုင်ငံက လက်ရှိဖြစ်ပေါ်နေတဲ့ သတင်းအချက် အလက်လိုအပ်မှုကဏ္ဍအတွက် ပညာရှင်၊ လုပ်ငန်းရှင်နဲ့ Industry Expert တွေ အားလုံးပူးပေါင်းကာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပံ့ပိုးမှုကိုယူပြီး ပြောင်းလဲရေး လုပ်ငန်းစဉ်ထဲ တစ်ဖက်တစ်လမ်း တစ်ထောင့်တစ်နေရာကနေ ၀င်ကူညီနေနဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Information Startegies for Societies in Myanmar Project ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Information Symposium ကို ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ရန်ကုန်မြို့၊ Strand Hotel မှာ နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ Panel ၆ ခု ပါဝင်ပြီး နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေ ၃၀ ကျော်က အတွင်းကျကျ ၀င်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ပွဲမှာ […]
Posted On March 4, 2016, By Editorial

ကုမ္ပဏီတစ်ခုမှာ HR ထားတာနဲ့ မထားတာရဲ့ အကျိုးအပြစ်တွေ

HR မထားဘူးဆိုတာ တချို့ကုမ္ပဏီတွေက Family Business လိုမျိုး All in One လုပ်တဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ လုပ်ငန်းသေးသေးလေးတွေဆိုရင်တော့ HR မလိုအပ်ပါဘူး။ Admin လောက်ပဲ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Organization သိပ်ကြီးလာပြီ၊ ၀န်ထမ်းတွေ များလာတဲ့အခါကျရင်တော့ Size ပေါ်မှာ မူတည်ပြီးတော့ ပြည်တွင်းပဲဖြစ်ဖြစ် နိုင်ငံတကာကုမ္ပဏီပဲဖြစ်ဖြစ် HR ကနေ Business ကို Support ပေးတဲ့ နေရာကနေ Business ကို Business လို့ နားလည်ပြီးတော့ ၀န်ထမ်းတွေကိုဆက်ဆံတဲ့ HR မျိုး လိုချင်တယ်ဆိုရင်တော့ HR ကဏ္ဍက ရှိဖို့လိုအပ်ပါတယ်။ ကျွန်တော့်ရဲ့ အတွေ့အကြုံအရ ကုမ္ပဏီကြီးတစ်ခုကို ရင်းနှီးမြှုပ်နှံသူတွေက လာရောက်ပြီး အဲဒီကုမ္ပဏီရဲ့ Business […]
Posted On February 26, 2016, By Editorial

CFO တစ်ယောက်အဖြစ် အောင်မြင်ချင်သူများအတွက် နည်းလမ်းကောင်းများ

ဘယ်လိုလုပ်ငန်းမျိုးမှာဆို လုပ်ငန်းလည်ပတ်မှုရဲ့ အဆင့်တိုင်းမှာ ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုက အရေးပါလှပါတယ်။ သင်ဟာ တစ်နေ့မှာ ဘဏ္ဍာရေးအရာရှိချုပ် (CFO ) တစ်ယောက်အဖြစ် အောင်မြင်စွာ ရပ်တည်ချင်တယ်ဆိုရင် သင့်အတွက် CPA လို့ခေါ်တဲ့ ပြည်သူစာရင်းကိုင်ပညာရပ်ဆိုင်ရာ အထောက်အထားလက်မှတ်တွေနဲ့ ငွေကြေးပိုင်းဆိုင်ရာမှာ စီမံကိုင်တွယ်သူတစ်ယောက်ရဲ့ အတွေ့အကြုံ စတာတွေထက် ပိုတဲ့အရည်အချင်းတွေ လိုအပ်ပါတယ်။ ဒါကြောင့် CPA တစ်ယောက်အနေနဲ့ ရေရှည်မှာ ကြုံတွေ့ရမယ့်စိန်ခေါ်မှုတွေကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ဖို့အတွက် အောက်မှာဖော်ပြထားတဲ့အချက်တွေက အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ ငွေကြေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး နှံ့နှံ့စပ်စပ်သိရပါမယ် . . . CFO တစ်ယောက်ဖြစ်ချင်သူဟာ ငွေကြေးပိုင်းဆိုင်ရာ လုပ်ငန်းနယ်ပယ်အတွင်းမှာရှိတဲ့ လုပ်ငန်းစဉ်တွေ ၊ တာဝန်တွေကို ကျွမ်းကျင်ပိုင်နိုင်ဖို့ လိုပါတယ်။ ဒီလိုလုပ်ငန်းပိုင်းဆိုင်ရာမှာ လိုအပ်တဲ့အရည်အချင်းတွေတင် မဟုတ်ဘဲ စီးပွားရေးဆိုင်ရာ နည်းဗျူဟာတွေ၊ စီမံချက်တွေ၊ […]
Posted On February 26, 2016, By Editorial

နည်းပညာခေတ်မှာ ကိုယ့်လုပ်ငန်းအတွက် မလုပ်မဖြစ် လိုအပ်လာတဲ့ Social Media Listening

အခုခေတ်မှာ လုပ်ငန်းတိုင်းလိုလိုက Social Media Campaign တွေလုပ်ကြပါတယ်။ ဒါပေမဲ့ လက်ချိုးရေတွက်လို့ရတဲ့ လုပ်ငန်းကြီးတွေလောက်ပဲ Internet ပေါ်မှာ ကိုယ့်အကြောင်းကို ဘယ်သူတွေက ဘာတွေပြောနေတယ်ဆိုတာ စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာကြတာဖြစ်ပါတယ်။ ဒါကို  Social Media Listening လုပ်တယ်လို့ ခေါ်ပါတယ်။ Social Media Monitoring လို့လည်း သုံးနှုန်းပါသေးတယ်။ Social Listening ကို ဘာအတွက်သုံးသလဲ . . . ကိုယ့်ကုမ္ပဏီ၊ လုပ်ငန်းနဲ့ပတ်သက်လို့ အပြင်မှာဘာတွေဖြစ်ပြီး ဘယ်လိုတွေပြောနေကြတယ်၊ ဘယ်လိုနေရာမျိုးမှာ ပြောတတ်ကြတယ်၊ ကိုယ့်ရဲ့ ပြိုင်ဘက်ကုမ္ပဏီအကြောင်းနဲ့ ကုန်အမှတ်တံဆိပ်အကြောင်း စတာတွေနဲ့ ပတ်သက်လို့ စိတ်ဝင်စားလေ့လာချင်တဲ့ လုပ်ငန်းတွေ သုံးကြတာပါ။ ဘာကြောင့် ဒီလိုစောင့်ကြည့်ဖို့ လိုအပ်သလဲ . . . ကိုယ့်လုပ်ငန်း၊ […]
Posted On February 25, 2016, By Editorial

ကျစ်လျစ်တဲ့ခန္ဓာကိုယ်ရှိခြင်းက ဒေါ်လာသန်းပေါင်းများစွာ ကြွယ်ဝသူတို့ရဲ့ လျှို့ဝှက်ချက်တစ်ခုဖြစ်လာပါတယ်

သန်းပေါင်းများစွာ ကြွယ်ဝချမ်းသာဖို့ လေ့လာချင်ပါသလား။ အမျိုးသားသုံးဦးကတော့ ကျစ်လျစ်ကျန်းမာအောင် နေထိုင်ပြီး အောင်မြင်အောင်လုပ်ဆောင်တဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ခဲ့ပါတယ်။ Strauss Zelnick ဟာ မနက် ၆ နာရီလောက်ဆို နေ့တစ်နေ့အတွက် ဘာတွေလုပ်ရမယ်ဆိုတာတွေအတွက် အဆင်သင့်ဖြစ်နေပါပြီ။ သူ့မှာ လုပ်စရာတွေ များပြားစွာရှိနေမှာပါ။ လုပ်ငန်းအစည်းအဝေးထိုင်ရတာမျိုးတွေ၊ Jet စီးပြီး ခရီးသွားရတာမျိုးတွေ၊ မီဒီယာလုပ်ငန်းနဲ့ပတ်သက်ပြီး တီထွင်ကြံဆ ဆုံးဖြတ်ချက်အသစ်တွေ ချရတာမျိုးတွေ၊ ဒါမှမဟုတ် သူ့ရဲ့မိသားစုငယ်လေးနဲ့ တွေ့ဆုံရတာမျိုးတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ Zelnick ဟာ လေ့ကျင့်ခန်းလုပ်ဖို့တော့ လုံးဝကို မပျက်မကွက်ဘဲ ပြုလုပ်ပါတယ်။ တချို့ရက်တွေမှာ အပြေးလေ့ကျင့်ပါတယ်။ တချို့ရက်တွေမှာ အလေးမတာမျိုးတွေ ပြုလုပ်ပါတယ်။ နေ့ရက်အလိုက် အခြေအနေအပေါ် မူတည်ပါတယ်လို့ Zelnick က ပြောပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ လှုပ်ရှားနေဖို့ပါပဲလို့ ဆိုပါတယ်။ […]
Posted On February 23, 2016, By Editorial

မြန်မာနိုင်ငံ စာရင်းအင်းပညာအသင်း

မြန်မာနိုင်ငံစာရင်းအင်းပညာအသင်း (Myanmar Statistical Association – MSA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ၊ ၄ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး အသင်းချုပ်ကို အမှတ် ၁၀၁ ၊ ဘုရင့်နောင်တာဝါ ၂ ၊ ကမာရွတ်မြို့နယ်မှာ တည်ထောင်ထားပါတယ်။ မြန်မာနိုင်ငံစာရင်းအင်းပညာအသင်းနဲ့ပတ်သက်ပြီး အထွေထွေအတွင်းရေးမှူး ဒေါ်တင်မမစိုးနဲ့ အခုလိုပဲ မေးမြန်းဖြစ်ခဲ့တာကို ဖော်ပြပေးလိုက်ပါတယ်။ အသင်းဖြစ်ပေါ်လာပုံ . . . မြန်မာနိုင်ငံစာရင်းအင်းပညာအသင်း ဖြစ်မြောက်ရေးအတွက် ယာယီဖြစ်မြောက်ရေးကော်မတီကို စာရင်းအင်းပညာသင်ကြားမှု နှစ်ခြောက်ဆယ်ပြည့် ကျင်းပပြီးနောက်မှာ ဖွဲ့စည်းလှုပ်ရှားခဲ့ရာ မြန်မာနိုင်ငံစာရင်းအင်း ပညာအသင်းဖွဲ့စည်းခွင့်ကို ၂၀၁၅ ခုနှစ်၊ ဇွန်လ၊ ၂၉ ရက်မှာ ရရှိခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံစာရင်းအင်းပညာအသင်း ပထမအကြိမ်သင်းလုံးကျွတ် အစည်းအဝေးကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ၊ ၄ […]
Posted On February 18, 2016, By Editorial
1 70 71 72 73 74 94