advertisement-image
Feature

စိန်ဂေဟာရဲ့ CSR

၁၉၈၅ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ စိန်ဂေဟာ Shopping Centre  ဟာ အခုဆိုရင် ၀န်ထမ်းဦးရေတစ်ထောင်ကျော်နဲ့ ဆိုင်ခွဲပေါင်းခုနစ်ဆိုင်ကို ရန်ကုန်မြို့ရဲ့အချက်အချာကျတဲ့နေရာတွေမှာ ဖွင့်လှစ်ထားပါတယ်။  အောင်မြင်မှုတွေရလာတာနဲ့အတူ တစ်နှစ်ကို ဆိုင်ခွဲပေါင်း သုံးဆိုင်ကနေ ငါးဆိုင်အထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး မန္တလေးအပါအ၀င် အခြားမြို့တွေမှာလည်း တိုးချဲ့ဖွင့်လှစ်သွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ ဟိုတယ်လုပ်ငန်းပိုင်းမှာလည်း ၀င်ရောက်လုပ်ကိုင်သွားဖို့ အစီအစဉ်ရှိပြီး Service Apartment    အပိုင်းကို အဓိကထားလုပ်ကိုင်သွားဖို့ရှိတယ်လို့ သိရပါတယ်။  စိန်ဂေဟာရဲ့ CSR လှုပ်ရှားဆောင်ရွက်မှုတွေအ ကြောင်းကို Sein Gay Har International Shopping Centre  ရဲ့ ဒါရိုက်တာ ဦးဝေယံလင်းနဲ့တွေ့ဆုံမေးမြန်းခဲ့ပါတယ်။     CSR လှုပ်ရှားမှုတွေစတင်ခဲ့တဲ့ခုနှစ်နဲ့ ရည်ရွယ်ချက် ကျွန်တော်တို့ ၁၉၈၅ ခုနှစ် လုပ်ငန်းစတင်ကတည်းကနေ အခုအချိန်ထိ အောင်မြင်မှုရလာတာဟာ […]
Posted On April 30, 2014, By Editorial

အမြတ်များများပေးသော ငွေချေးစာချုပ်များကို ၀ယ်ချင်သော အာသီသ

အပ်နှံထားတဲ့ငွေတွေဆီက ပြန်ရငွေမရှိသလောက် ဖြစ်လာ တဲ့အခါ ပြန်ရငွေပိုကောင်းတဲ့ဟာကို ရှာတဲ့နေရာမှာ စွန့်စား မှုတွေလုပ်ဖို့ မက်လုံးတွေ၊ ရင်းနှီးမြှုပ်နှံ သူတွေဆီကို ရောက်လာပါတယ်။ ဒါဟာ Junk လို့ခေါ်တဲ့ အမြတ်များများ ပေးတဲ့၊ ဒါမှမဟုတ် မခိုင်မာတဲ့ ငွေချေးစာချုပ်ဈေးကွက် အတွက် သတင်းကောင်းပါပဲ။ အဲဒီဈေးကွက်ဟာ ငွေကြေး စိတ်ချရမှုအကဲဖြတ်ချက်အရ ညံ့ဖျင်းနေတဲ့ (ရင်းနှီးမြှုပ်နှံ မှုအဆင့် နိမ့်ကျနေတဲ့) ကုမ္ပဏီတွေက ငွေရှာဖို့ မြှားဦးလှည့် တဲ့ဈေးကွက်ပါပဲ။ အခုဆိုရင် ကုမ္ပဏီတော်တော်များများဟာ လွန်ခဲ့တဲ့နှစ်နှစ်က အစိုးရတွေ ကျေကျေနပ်နပ်နဲ့ ရချင်ခဲ့တဲ့နှုန်းတွေနဲ့ ငွေတွေချေးယူနိုင်နေပါပြီ။ တကယ်တော့ ငွေချေးရ တဲ့ကုန်ကျစရိတ်တွေ နည်းလွန်းတဲ့အတွက် ရွှတ်နောက်တဲ့လူတွေက ဒီဈေးကွက်ကို ‘ဟိုတစ်ချိန်တုန်းက အမြတ်များများရခဲ့ဖူးတဲ့ ပိုင်ဆိုင်မှုအမျိုးအစား’ လို့ သတ် မှတ်ခဲ့ကြတာပါ။ အမေရိက ငွေကြေးအကျပ်အတည်းနဲ့ ဆက်နွှယ်နေတဲ့ […]
Posted On April 29, 2014, By Editorial

Microsoft ၏ အကြီးအကဲသစ် SATYA NADELLA

Satya Narayana Nadella ဟာ အိန္ဒိယနွယ်ဖွား အမေရိကန် စီးပွားရေးလုပ်ငန်းအမှုဆောင်နဲ့ Microsoft ကုမ္ပဏီရဲ့လက်ရှိ CEO ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်၊ ဖေဖော် ၀ါရီလ ၄ ရက်နေ့မှာ Steve Ballmer ရဲ့နေရာမှာဆက်ခံဖို့ သူ့ကို CEO အဖြစ် ခန့်ထားခဲ့ပါတယ်။ အဲဒီအရင်က သူဟာ Microsoft ရဲ့ Cloud & Enterprise Group  မှာအမှုဆောင်အဖွဲ့ Vice-president  လုပ်ခဲ့ပြီး အဆောက်အဦနဲ့ ကုမ္ပဏီ ရဲ့ကွန်ပျူတာစနစ်တွေ၊ Developer Tool တွေနဲ့ Cloud Service  တွေကို တာဝန်ယူခဲ့ရ ပါတယ်။ Microsoft ရဲ့ Cloud ကွန်ပျူတာစနစ်ကို ပြောင်းလဲမှုမှာ သူဟာ အဓိကအခန်းက ပါဝင်ခဲ့ပါတယ်။ Mr. […]
Posted On April 26, 2014, By Editorial

အကြမ်းပြိုင်ပွဲ

အ၀င်ကြမ်း၊ အထွက်ကြမ်း နောက်ကြောင်းပြန်ပြောရလျင် ၁၉၉၇ ခုနှစ်တွင် ထူးခြား ချက်နှစ်မျိုး မျဉ်းပြိုင်ပေါ်သည်။ ပထမထူးခြားချက်သည် ၁၉၉၇ ခုနှစ် အာရှဘဏ္ဍာရေးအ ကျပ်အတည်းဖြစ် ပေါ်ခြင်း ဖြစ်၍ ဒုတိယထူးခြားချက်သည် ဟောင်ကောင်အား ပြည်သူ့တရုတ်ပြည်သမ္မတနိုင်ငံသို့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုပြန် လည်လွှဲအပ်ပေးလိုက်သော ဖြစ်ရပ်ကြီးဖြစ်သည်။ ဤဖြစ်ရပ် ကြီးနှစ်ခု တိုက်တိုက်ဆိုင်ဆိုင်ဆုံမိချိန်တွင် ဟောင်ကောင်သည် အာရှဘဏ္ဍာရေးအကျပ်အတည်းမှ လွတ်ထွက်သွား သည်။ အခြားအရှေ့အာရှနိုင်ငံများ (ထိုင်း၊ မလေးရှား၊ အင်ဒို နီးရှား စသည့်နိုင်ငံတို့) ကျောကော့အောင် ခံလိုက်ရသည်။ ၁၉၉၇ ခုနှစ်မတိုင်မီ၌ နိုင်ငံခြားအရင်းအနှီးတွေ အရှေ့အာရှနိုင်ငံများသို့ အလွန်လှိမ့်ဝင်ခဲ့စဉ်က ထိုနိုင်ငံတို့ ၏စီးပွားရေးသည် ပျော်စရာကြီးပင်။ နိုင်ငံခြားအရင်းအနှီး တို့ကမျိုးစုံသည်။ ဧရာမငွေလုံးငွေရင်းဖြစ်သည်။ အခြေအနေ ယိမ်းယိုင်တော့မည်ဟုသိသောအခါ နိုင်ငံခြားအရင်းအနှီးတို့ က အလုအယက်အလုံးအရင်းပြန် ထွက်ကြ သည်။ ၀င်တုန်းကလည်း […]
Posted On April 20, 2014, By Editorial

ခေတ်သစ် GE သို့မဟုတ် နေရာတိုင်းသို့ရောက်နေသော Google

  Google မှာ သူတို့က အဲဒီဟာကို သွားပွတ်တံစမ်းသပ်မှုလို့ ခေါ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဒီကုမ္ပဏီကြီးကို CEO အ ဖြစ် ပြန်လာခဲ့ပြီးနောက်မကြာခင်မှာပဲ Larry Page  က သူ့အနေနဲ့ ဒီကုမ္ပဏီကို လူတွေက သွားပွတ်တံတစ်ချောင်း ကိုသုံးသလို တစ်နေ့ကို အနည်းဆုံးနှစ်ကြိမ် သုံးစွဲရတဲ့အထိ ၀န်ဆောင်မှုတွေကို ပိုပြီးဖော်ထုတ်ပေး ချင်တယ်လို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ Search Engine ဆိုတဲ့ ရှာဖွေရေးကိရိယာကြီး နဲ့ Android ဆိုတဲ့ လက်ကိုင်ဖုန်းတွေအတွက် အလုပ်လည် ပတ်မှုစနစ်တွေဟာ အဲဒီစမ်းသပ်မှုကို အောင်မြင်ခဲ့ပါတယ်။ အခုဆိုရင် Google ဟာ မကြာသေးခင်က လုပ်ခဲ့တဲ့ ၀ယ်ယူသိမ်းသွင်းမှုတွေ တသီကြီးနဲ့အတူ စက်ရုပ်တွေ၊ မော်တော်ကားတွေ၊ နေအိမ်အပူပေးစနစ်တွေကစပြီး နယ်ပယ်မျိုးစုံမှာ ‘သွား ပွတ်တံ’ […]
Posted On April 20, 2014, By Editorial

အလားလာကောင်းတွေနဲ့မြန်မာနိုင်ငံရဲ့ Online Shopping ဈေးကွက်

နိုင်ငံတကာမှာ အင်တာနက်နည်းပညာထွန်းကားမှုကြောင့် စီးပွားရေးလုပ်တဲ့ ပုံစံတွေပြောင်းလဲပြီး အွန်လိုင်းအရောင်းအ၀ယ်လုပ်ငန်း  တွေ ကြီးထွားနေတာ အချိန်အတိုင်းတာတစ်ခုရှိခဲ့ပြီဖြစ်ပါတယ်။ Amazon ၊ eBay ၊ Alibaba ၊ ဂျပန်နိုင်ငံက Rakuten နဲ့ တရုတ်နိုင်ငံရဲ့ အကြီးဆုံး Online Store  ဖြစ်တဲ့ 360 Buy တို့လို နိုင်ငံတကာက နာမည်ကျော် လုပ်ငန်းကြီးတွေအောင်မြင်နေသလို အာဆီယံနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်မှာဆိုရင် Lazada Philippines  နဲ့ ထိုင်းနိုင်ငံမှာဆိုရင်Tarad စတဲ့ အွန်လိုင်း အရောင်းအ၀ယ်လုပ်ငန်းတွေ ထွန်းကားနေတာကို တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း စီးပွားရေးပြုပြင်ပြောင်းလဲမှုရဲ့ အကျိုးဆက်အဖြစ် အိုင်တီအခြေခံအဆောက်အအုံတွေ၊ ဘဏ်လုပ်ငန်းနဲ့ ငွေပေးချေမှုစနစ်တွေတိုးတက်ကောင်းမွန်လာတာနဲ့အမျှ အွန်လိုင်းအရောင်းအ၀ယ်လုပ်ငန်း (E-commerce) တွေ တိုးတက်ဖွံ့ဖြိုးလာမယ့် အလားအလာ ကောင်းတွေရှိနေပါတယ်။ ဒါကြောင့် ရန်ကုန်မှာရှိတဲ့ လက်ရှိ Online […]
Posted On April 11, 2014, By Editorial

ဒေါသထွက်နေသော အိန္ဒိယလူငယ်များ အလဟဿ ဖြုန်းတီးမှုတစ်ခု

အရေအတွက်နှင့် အရည်အသွေး စိန်ခေါ်မှုရဲ့ အတိုင်းအတာကို ကြည့်ဖို့အတွက် အလုပ်လုပ်တဲ့အသက်အရွယ်ဖြစ်တဲ့ အသက် ၁၅ နှစ်နဲ့ ၆၄ နှစ်ကြား လူဦးရေဟာ လာမယ့်ဆယ်စုနှစ်မှာ ၁၂၅သန်း တိုးလာပြီး၊ နောက်ထပ်ဆယ်စုနှစ်တစ်ခုမှာ ၁၀၃ သန်းတိုး မယ်လို့ စဉ်းစားကြည့်ပါ။ လက်ရှိ လမ်းကြောင်းတွေအရဆိုရင် တိုးတက်မှုရဲ့ သုံးပုံတစ်ပုံဟာ မြောက်ပိုင်းက ပိုဆင်းရဲ ပြီး ပညာရေးပိုနိမ့်ကျတဲ့ ပြည်နယ်တွေ၊ အထူးသဖြင့်ဘီဟာ နဲ့ အူးတားပရာဒက်ရှ်ပြည်နယ်တွေက လာပါလိမ့်မယ်။ အလုပ်လုပ်တဲ့အရွယ်ရှိတဲ့လူတိုင်း အလုပ်အကိုင် ဈေးကွက်ထဲမှာရှိမှာတော့ မဟုတ်ပါဘူး။ အသက် ၁၅ နှစ် ကနေ ၂၅ နှစ်အထိ လူတော်တော်များများက ပညာသင်ဆဲပဲ ဖြစ်ပါလိမ့်မယ်။ ဒီနေ့ဆိုရင် ပညာသင်နေတာ ၂၆ ရာခိုင် နှုန်းရှိပါတယ်။ အရွယ်ရောက်တဲ့အမျိုးသမီးတချို့က အိမ်ထဲ မှာပဲ နေပါလိမ့်မယ်။ […]
Posted On March 31, 2014, By Editorial

Non – Place ပထ၀ီသစ်

မြူးးဇစ်၊ ဖက်ရှင်နှင့် မီဒီယာတွဲမိ တက္ကနိုလိုဂျီများ လွန်ကဲစွာဖွံ့ဖြိုးလာခြင်းကြောင့်လည်း ကောင်း၊ ဂလိုဘယ်လိုက်ဇေးရှင်းက အရှိန်ပြင်းထန်လာခြင်း ကြောင့်လည်းကောင်း၊ လူထုအဖွဲ့အစည်းသည် စားသုံးခြင်း ကို လွန်လွန်ကဲကဲ အာရုံစူးစိုက်သောလူ့အဖွဲ့အစည်းဖြစ် လာခြင်းကြောင့်လည်းကောင်း၊ ဆက်သွယ်ရေးစနစ်များ ခေတ်မီလာခြင်းကြောင့်လည်းကောင်း၊ အင်တာနက်ဝက်ဘ် ဆိုက် စသည့်မီဒီယာမျိုးစုံထွန်းကားလာလွန်းသောကြောင့်လည်းကောင်း Eclectism ဆိုသော လက္ခဏာကြီးတစ်ရပ် ပေါ်လာရပြီ။ Eclectism ဆိုသည်မှာ တစ်ကြောင်းသွားမဟုတ် ဘဲ နှံ့နှံ့စပ်စပ် ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်နိုင်ခြင်းဟု အနက်ထွက်ပါသည်။ ရွေးချယ်စရာများ အလွန်ပေါများလာ ခြင်းဖြစ်၍ ဤအပေါ်အခြေစိုက်ရသောယဉ်ကျေးမှုကို Culture & Choice  ကြိုက်ရာရွေးချယ်နိုင်သောယဉ်ကျေးမှုဟု ခေါ်လိုက်ကြသည်။ ကြိုက်ရာရွေးချယ်နိုင်သဖြင့် တစ်ပုံစံတည်းတူသည့်ယဉ်ကျေးမှု Culture of Enforced Sameness သည် မဖြစ်နိုင်တော့ဟု သုံးသပ်ကြသည်။ ရွေးချယ်စရာတွေမျိုးစုံပေါများသည်ဆိုသည်မှာ လူအချင်းချင်းဆက်ဆံတုံ့ပြန်မှုတို့၌လည်းကောင်း၊ အယူ အဆချင်း ဆက်ဆံမှုတို့၌လည်းကောင်း၊ […]
Posted On March 29, 2014, By Editorial

ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ BlackRock

နှစ်ပေါင်း ၂၅ နှစ်အတွင်း BlackRock  ကုမ္ပဏီဟာ ကမ္ဘာ့အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်လာခဲ့ပြီ။ ယင်းက ပိုင်ဆိုင်ပစ္စည်း (အက်ဆက်) အမေရိကန်ဒေါ်လာ ၁၅ ထရီလီယံခန့်ကို တစ်ခုတည်းသော Risk  စီမံအုပ်ချုပ်မှုစနစ်နဲ့ ဆောင်ရွက်စေလျက်ရှိရာ ကြီးမားလှတဲ့ စွမ်းဆောင်အောင်မြင်မှုဖြစ်ပါတယ်။ သို့သော် ယင်းအချက်မှာ စိတ်ပူပန်ဖွယ်လည်း မဟုတ်ပါလားဆိုတဲ့ မေးခွန်းထွက်ပေါ်လာပါတယ်။   အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ပြည်နယ်မှ (East Wenatchee) မြို့ ကလေးဟာ ပန်းသီးကောင်းကောင်းထွက်ကြောင်း လူသိများပေမဲ့ ယင်းရဲ့ အလွန်အရေးပါတဲ့ ငွေရေးကြေးရေးဝန်ဆောင်မှုတွေ ကို လူသိမများလှပါဘူး။ သစ်သီးခြံတွေနဲ့ တောင်ကုန်းတွေ အကြားရှိ ကွန်ပျူတာခြောက်ထောင်လောက် စုပြုံနေတဲ့ ဒေတာစင်တာ တစ်ခုက ၁၇၀ ကျော်လောက်ရှိ ပင်စင်ရန် ပုံငွေတွေ၊ ဘဏ်တွေ၊ ငွေပဒေသာပင် စိုက်ထူတာတွေ၊ အာမခံကုမ္ပဏီ အစရှိတဲ့ ပိုင်ဆိုင်ပစ္စည်း […]
Posted On March 18, 2014, By Editorial

မြန်မာ Brand တွေ နိုင်ငံတကာကို ယှဉ်ပြိုင်ထိုးဖောက်နိုင်အောင်

အမှတ်တံဆိပ်ဆိုတာ စီးပွားရေးလုပ်ငန်းတိုင်းအတွက် အရေး ပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဈေးကွက်ကို ထိုး ဖောက်ရာမှာ အမှတ်တံဆိပ်ရဲ့ခိုင်မာမှု၊ ဆွဲဆောင်နိုင်မှု၊ အများထက်ထူးခြားမှု စတဲ့အချက်တွေက အရေးကြီးသလို မိမိအမှတ်တံဆိပ်ထွန်းပေါက်အောင်မြင်လာအောင် လုပ်ငန်း မဟာဗျူဟာတွေချမှတ်ဖို့လည်း လိုအပ်ပါတယ်။ အခုအခါ မြန်မာနိုင်ငံမှာ စီးပွားရေးအခွင့်အလမ်းတွေ ယခင်ထက်ပိုမို ပွင့်လန်းလာတဲ့အခါ နိုင်ငံတကာက အမှတ်တံဆိပ်ကြီးတွေ က၀င်ရောက်လာနေပါတယ်။ အဲဒီအခါမှာ ဒေသခံမြန်မာ Brand တွေဘက်က ဘာတွေပြင်ဆင်ထားဖို့လိုသလဲ၊ ဘယ် လိုယှဉ်ပြိုင်နိုင်မလဲ၊ အဲဒီကတစ်ဆင့် ကိုယ့် Brand ကို ဒေသ တွင်းနဲ့ နိုင်ငံတကာအထိ ဘယ်လိုထိုးဖောက်နိုင်မလဲစတာ တွေအထိ ကြိုတင်လေ့လာပြင်ဆင်ထားဖို့ လိုလာပါတယ်။ ဒါနဲ့ပတ်သက်လို့ How Myanmar Brands can take on the Region  ဆိုတဲ့ခေါင်းစဉ်နဲ့ CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်းကကြီးမှူးကျင်းပတဲ့ […]
Posted On February 28, 2014, By Editorial