advertisement-image
Feature

အမေရိကန်၌ ၀င်ငွေအမြင့်ဆုံးရရှိသည့် ဈေးကွက်အမှုဆောင်အရာရှိများ

David B Fischer ကုမ္ပဏီ           – Facebook ရာထူး  –         ဒုတိယဥက္ကဋ္ဌ (Business and Marketing Partnerships) ၀င်ငွေ (၂၀၁၃ ခုနှစ်)     –         အမေရိကန်ဒေါ်လာ ၈,၀၀၉,၃၄၃                     Jeffery J Jones ကုမ္ပဏီ           –  Target Corporation ရာထူး –         အမှုဆောင်ဒုတိယဥက္ကဋ္ဌနှင့် ဈေးကွက်အမှုဆောင်အရာရှိချုပ် ၀င်ငွေ (၂၀၁၃ ခုနှစ်)     –                  အမေရိကန်ဒေါ်လာ  ၆,၇၉၉,၂၇၁             […]
Posted On July 31, 2014, By Editorial

ထိထိရောက်ရောက် ရှင်းလင်းတင်ပြတတ်ဖို့

မိမိရဲ့ရောင်းကုန်ပစ္စည်းတွေအကြောင်း၊ ဒါမှမဟုတ် ၀န်ဆောင်မှုအကြောင်းတွေကို Power Poing အစရှိတဲ့ ဆော့ဖ်ဝဲတွေ အသုံးပြုပြီး လူအများသိသွားအောင် ရှင်းလင်းတင်ပြရာမှာထိရောက်အောင်မြင်စေနိုင်တဲ့ အချက်ဆယ်ချက်ကို အောက်ပါအတိုင်း တင်ပြလိုက်ပါတယ်။   ၁။ ရှင်းလင်းတင်ပြပေးမယ့်အကြောင်းအရာကို သိထားဖို့ လိုတယ် အဲဒီလို စေ့စေ့စပ်စပ်သိထားရင် အေးအေးဆေးဆေး သက် သောင့်သက်သာ ပြောသွားလို့ရတယ်။ နားထောင်တဲ့ ပရိသတ်က သင်ဟာတကယ်တတ်သိနားလည်တဲ့သူ တစ် ယောက်ဖြစ်မှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ လာကြတာဖြစ် တယ်။ ဒါပေမဲ့ သင်တတ်သိနားလည်ထားတာတွေကို အား လုံးအိတ်သွန်ဖာမှောက် ပြောချလိုက်တာမျိုး မလုပ်ပါနဲ့။ ပရိသတ်တွေ ခေါင်းရှုပ်သွားနိုင်တယ်။ သူတို့ စိတ်ဝင်စားတဲ့ အချက်သုံးချက်လောက်ဆိုရင် သင့်လောက်ပြီ။ ဒီထက်ပို သိချင်ရင်တော့ မေးပါစေ။   ၂။ သူတို့ကို သိစေချင်တာကဘာလဲ၊ အဲဒါကို ရှင်းရှင်းလင်း လင်းနားလည်သွားအောင် ပြောပါ […]
Posted On July 28, 2014, By Editorial

Work Smart & Work hard

လုပ်ငန်းခွင်ထဲက ဝန်ထမ်းတော်တော်များများဟာ အလုပ်ကို ကြိုးစားပမ်းစား (Work Hard) လုပ်နေကြရင်းနဲ့ လုပ်ငန်းခွင်ထဲမှာ ငြီးငွေ့လွယ်ခြင်း၊ စိတ်ပါဝင်စား မှုလျော့ နည်းလာခြင်း စတဲ့ Burn-out  တွေဖြစ် လာကြပြီး အောင်မြင်မှုရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ Work Hard တောင် ယိုင်နဲ့လာတာကိုတွေ့ရပါတယ်။ မြန်မာနိုင်ငံ မှာဖြစ်ပေါ်  နေတဲ့ လက်ရှိစီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကြားထဲမှာ ဝန်ထမ်း တွေဟာ ရှေးရိုးကြီး အတိုင်း အလုပ်ကြိုးစားမြဲ ကြိုးစားနေရုံနဲ့တော့ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်မှာမဟုတ်ပါဘူး။ အခုဆိုရင် Expatriate တွေသာမက Repatriate တွေဟာ လုပ်ငန်းခွင်ထဲကို ပြန်လည်ဝင်ရောက်လာပြီဖြစ်တဲ့အတွက် တိုး တက်ပြောင်းလဲ လာတဲ့ အခြေအနေပေါ်ကို အမီလိုက်ဖို့အတွက် ဝန်ထမ်းတော်တော်များများမှာ Smart ကျကျ လုပ်ကိုင်နိုင်မှုတွေ လိုအပ်လာမှာအမှန် ပါပဲ။ လုပ်ငန်းခွင်ထဲမှာ Smart လို့ […]
Posted On June 30, 2014, By Editorial

ခရိုနီအရင်းရှင်စနစ်ပြဿ နာ

ခရိုနီအရင်းရှင်စနစ် (Crony Capitalism) ဆိုတာ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းဦးဆောင် သူတွေရဲ့မိသားစု၊ အပေါင်းအသင်းရောင်းရင်းတွေကို လုပ်ငန်းကန်ထရိုက်တွေ၊ ဘဏ်ချေးငွေတွေ ပေးတဲ့ အလေ့အထ ပါပဲ။ နိုင်ငံရေးအဆက်အသွယ်ရှိ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ကြီးပွားချမ်း သာနေဖွယ်ရှိတဲ့ နိုင်ငံတွေကို ကြည့်ကြပါစို့။ အမေရိကန်နိုင်ငံရဲ့ ရွှေခေတ်လို့ခေါ်ရမယ့် ၁၉ ရာစုနှစ်နှောင်းပိုင်းမှာ ဂျွန်ဒီရောက်က ဖဲလားတို့လို့ သြဇာ တိက္ကမရှိသူဌေးကြီးတွေက စက်မှုထူထောင်၊ ဥစ္စာဓနအကြီး အကျယ်စုဆောင်းမိ၊ နန်းတော်တမျှ အိမ်ကြီးတွေဆောက် ကာ နိုင်ငံရေးသမားတွေကို လာဘ်ထိုးသွားကြတော့တယ်။ ပြီး တော့ တန်ပြန်တုံ့ပြန်ချက်အဖြစ် ၁၉၀၀ ပြည့်နှစ်နဲ့ ၁၉၄၅ ခုနှစ်အကြားမှာ စီးပွားရေးလုပ်ငန်းကြီးတွေကို စည်းမျဉ်း စည်းကမ်းတွေနဲ့ စတင်ထိန်းကိုင်ခဲ့ပြီး လူမှုရေးကယ်ဆယ်မှု ပိုက်ကွန်ကို တည်ဆောက်တယ်။ Chrystia Freeland သူရဲ့ Plutocrat  (ဓနသြဇာကြီးသူ) အမည်တပ်စာအုပ် […]
Posted On June 30, 2014, By Editorial

Myanmar Business Survey 2014

ပထမဆုံးအကြိမ် မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် စစ်တမ်းကောက်ယူမှုတစ်ရပ်ကOECD (Organization of Economic Cooperation and Development)  ၊ UNESCAP (United Nations Economic and Social Commission for Asia and the Pacific)  နဲ့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းကောက်ယူခဲ့ပါတယ်။ စစ်တမ်းကောက်ယူမှုအတွက် ဂျပန်အစိုးရ၊ SDC (Swiss Agency for Development and Cooperation) ၊ GIZ (Deutche Gesellshaft fur Internationale Zusammenarbeit)  ၊The Asia Foundation  ၊ UNIDO (United Nations Industrial Development Organization) […]
Posted On June 30, 2014, By Editorial

လူသားတို့၏ အပြစ်ခြောက်ပါးနှင့်အလွမ်းဇာတ်

ဂေါ့ဒ်နှင့်အီကွေးရှင်း Big Bang ဆိုသည်မှာ စကြ၀ဠာကြီးအား စတင်ပေါက်ဖွားပေးလိုက်သောပေါက်ကွဲမှု ကြီးကို ရည်ñွှန်းသည်။ စကြ၀ဠာ၏အစသည် ဘစ်ဘင်ဖြစ်သည်။ ဤတွင် ဤဘစ်ဘင်ကို ဂေါ့ဒ် က ဖန်ဆင်းပေးလိုက်ခြင်းလော။ သို့တည်းမဟုတ် ဤဘစ်ဘင်သည် ဂေါ့ဒ်အား ညီမျခြင်း (Equation) ထဲမှ ဖယ်ရှားပစ်ခြင်းလောဟူ၍ အငြင်းပွားကြသည်။ ဤသို့ အငြင်းပွားကြရင်း စကြ၀ဠာကြီး၊ သို့မဟုတ် သဘာဝကြီး သည် ယိုယွင်းပျက်စီးလာသည်။ ထိုအခါ၌ အငြင်းထပ်ပွားကြပြန်သည်။ သဘာဝ ကြီးပျက်စီးယိုယွင်းမှုသည် စကြ၀ဠာကြီး နှစ်ပေါင်း ဘီလီယံနှင့် ချီရှိ၍ အီဗော်လူးရှင်းကို ဖြတ်သန်းခဲ့ရသဖြင့် ဇရာကြောင့် ဤသို့ဖြစ်လာခြင်းလော။ သို့တည်းမဟုတ် စကတည်းက လူသားတွေ မှားယွင်းခဲ့မှုကြောင့် သဘာဝ ကြီးပျက်စီးလာရခြင်းပေလောဟူ၍ အငြင်းပွားသည်။ ယခုအခါ ပညာရှင်အားလုံးလိုလိုက နှစ်ခုစလုံးကြောင့် သဘာဝကြီးပျက်စီးရသည်ဟု သဘောတူညီကြသည်။ လူသားတွေကြောင့်ဟု […]
Posted On June 19, 2014, By Editorial

Social Mobile Commerce Industry အနာဂတ်ကို ပုံဖော်မယ့် Facebook နဲ့ WhatsApp ရဲ့ deal

ဖေဖော်ဝါရီလတုန်းက ပြုလုပ်ခဲ့တဲ့ အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံတန်ဖိုးရှိ Facebook  ရဲ့ ၀ယ်ယူမှုကSocial Mobile Commerce လုပ်ငန်းနယ်ပယ်ရဲ့ ဖြစ်ထွန်းလာမယ့်လမ်းကြောင်းကို ပုံဖော်ချင်တာပဲဖြစ်နိုင်တယ်လို့ သုတေသနကုမ္ပဏီတွေနဲ့ E-Commerce လောကရဲ့ ထိပ်တန်းကုမ္ပဏီတွေက ဆိုကြပါတယ်။ Facebook  က Smartphone ကနေ စာသား၊ ဓာတ်ပုံနဲ့  video တွေ ပို့လို့ရတဲ့ ၀န်ဆောင်မှုဖြစ်တဲ့ WhatsApp ကို ဒေါ်လာ ၁၉ ဘီလီယံအသုံးပြုဝယ်ယူကာ Mobile Platform  အသုံးပြုသူ နောက်ထပ် တစ်ဘီလီယံကို ထပ်မံရရှိဖို့ လောင်းကြေး ထပ်ထားတာဖြစ်ပါတယ်။ ဒီဝယ်ယူမှုက Facebook ကိုယ်တိုင်အတွက်လည်း အကြီးဆုံးရင်းနှီးမှုတစ်ခုဖြစ်သလို တခြား Google Inc နဲ့ Microsoft Corporation  ၊ Apple Inc  တို့ရဲ့ […]
Posted On June 18, 2014, By Editorial

Online မှ အစပြုထူထောင်နိုင်သော မြန်မာ့စီးပွားရေးဈေးကွက်

၂၀၁၃ ခုနှစ် ကမ္ဘာ့ကုမ္ပဏီကြီး များကို စီမံခန့်ခွဲရေးနည်းပညာ ပေးဆိုင်ရာ မစ်ကင်ဆီ (Mckinsey Global Institute) က မြန်မာ့စီးပွားရေးဆိုင်ရာ ပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး အခြေခံ ယန္တရား လေးချက်ကို အရေးကြီး မဏ္ဍိုင်အဖြစ် ထားပြီး မြန်မာနိုင်ငံစီးပွားရေးကို ကမ္ဘာ့ စီးပွားရေးဆိုင်ရာ စင်မြင့်ပေါ်သို့ လက်လှမ်းမီနိုင်ဖို့ စုစည်းသုံးသပ် အကြံပေးခဲ့ပါတယ်။ ဒီအရေးကြီးဆိုင်ရာ နည်းလမ်းလေးသွယ် ကတော့         ၁။ ဒီဂျစ်တယ်လို့ခေါ်တဲ့ ဆက်သွယ်ပြန်ကြားရေး နည်းပရိယာယ်ပြောင်းလဲရေး၊ ၂။ အခြေခံ စိုက်ပျိုးရေးစနစ်မှ ထုတ်ကုန်စနစ်သို့ ပြောင်းလဲရေး၊ ၃။ နည်းစနစ်ကျ မြို့ပြတည်ဆောက် ချဲ့ထွင်ရေးနဲ့ ၄။ နိုင်ငံတကာ စီးပွားရေးကွန်ရက်ဆိုင်ရာနည်းစနစ်များ ကျင့်သုံးရေး ဖြစ်ပါတယ်။ ဒီလေးချက်နဲ့ပတ်သက်ပြီး စာရေးသူအနေနဲ့ နံပါတ်တစ်အချက်ဖြစ်တဲ့ Transformation of Digital […]
Posted On June 5, 2014, By Editorial

မြန်မာ့အာမခံလုပ်ငန်းဈေးကွက်

မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းကို နိုင်ငံပိုင်မြန်မာ့အာမခံလုပ်ငန်း (ယခင်မြန်မာ့အာမခံလုပ်ငန်း ကော်ပိုရေး ရှင်း) ကနှစ်ပေါင်း ၅၀ ကျော်တစ်ဦးတည်း လုပ်ကိုင်လာ ခဲ့ရာမှ မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်၏ အကျိုးသက်ရောက်မှုတစ်ရပ်အဖြစ် ပုဂ္ဂလိကကုမ္ပဏီ ၂၀ ကအာမခံလုပ်ငန်းလုပ်ခွင့်ရရန် လျောက်ထား ခဲ့ရာတွင် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလအတွင်းမှာ ကုမ္ပဏီ ၁၂ ခုကို လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခဲ့ပါသည်။   လုပ်ကိုင်ခွင့်ပြုခဲ့သည့် အာမခံအမျိုးအစားများနှင့် မတည်ရင်းနှီးငွေ ပမာဏ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ ပုဂ္ဂလိကကုမ္ပဏီများကို ခွင့်ပြုထားသည့် အာမခံအမျိုးအစားများမှာ အသက အာမခံနှင့် အထွေထွေအာမခံများဖြစ်သည့် မီးအာမခံ၊ မော်တော်ယာဉ် အလုံးစုံအာမခံ၊ ငွေပို့ငွေသယ်အာမခံ၊ ငွေသားလုံခြုံမှု အာမခံ၊ သမာဓိအာမခံတို့ဖြစ်ပြီး မတည်ရင်းနှီးငွေ (Paid-up Capital)  အနေဖြင့် အသက် အာမ ခံလုပ်ငန်းတစ်မျိုးတည်းအတွက် ကျပ်  ခြောက်ဘီလီယံ၊ အသက်အာမခံလုပ်ငန်း […]
Posted On May 17, 2014, By Editorial

MYANMAR Mobile Money

အခုခေတ်မှာ နည်းပညာရဲ့တိုးတက်ပြောင်းလဲမှုဟာ လိုက်မမီနိုင်အောင် မြန်ဆန်လွန်းပါတယ်။ အသွင်သစ်၊ ပုံစံသစ် အမျိုးမျိုးနဲ့ ထွက်ပေါ်လာတဲ့ နည်းပညာပေါ် အခြေခံပြီးတော့ လူတွေရဲ့ လူမှုစီးပွားရေးပုံစံတွေဟာလည်း  ပုံစံသစ်တစ်မျိုးနဲ့ ရပ်တည်လာတာကို တွေ့ရပါတယ်။  တချို့နေရာဒေသတွေမှာ နည်းပညာပြောင်းလဲ တိုးတက်မှုရဲ့ အသီးအပွင့်တွေကိုခံစားရပြီး တချို့နေရာမှာတော့ လက်လှမ်းမမီသေးပါဘူး။ မြန်မာနိုင်ငံဟာလည်း အခုအချိန်မှာ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို အလေးထား ဆောင်ရွက်နေတဲ့အချိန်ဖြစ်ပါတယ်။ အခုနောက်ပိုင်းပြုပြင်ပြောင်းလဲမှုတွေထဲက Financial Transaction  အသစ်တစ်မျိုးဖြစ်တဲ့ Mobile Payment    စတင်လုပ်ကိုင်ဆောင်ရွက်နေမှုနဲ့ ပတ်သက်ပြီး Myanmar Mobile Money ရဲ့ Manager ဦးအောင်ချိုချိုနဲ့ တွေ့ဆုံမေးမြန်းထားတာကို   ဖော်ပြပေးလိုက်ပါတယ်။     စတင်အကောင်အထည်ဖော်ဖြစ်ပုံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ရဲ့လမ်းညွှန်ချက်အရ ၂၀၁၄ ခုနှစ်အတွင်းမှာ Mobile Phone   ၁၅ […]
Posted On May 5, 2014, By Editorial