advertisement-image
Feature

2015 Focus

CEO မဂ္ဂဇင်းကကြီးမှူးပြီး ၂၀၁၅ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးအလားအလာတွေနဲ့ပတ်သက်ပြီး 2015 Focus ဆိုတဲ့ ခေါင်းစဉ်နဲ့ Panel Discussion ကို ၂၀၁၄  ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်မှာ ကျင်းပခဲ့ပါတယ်။ ဆက်သွယ်ရေးကဏ္ဍ၊ ဘဏ္ဍာ ရေးကဏ္ဍ၊ လက်လီအရောင်းလုပ်ငန်းကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ အာဆီယံစီးပွားရေးအသိုက်အ၀န်း(AEC) အတွက် ပြင်ဆင်ထားရမယ့်အပိုင်း၊ SME တွေရဲ့အခန်းကဏ္ဍ စတဲ့ ကဏ္ဍအသီးသီးရဲ့ အလားအလာတွေကို ဆွေးနွေးသွားခဲ့ကြတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲရှိနေတာမို့ နိုင်ငံရေးအခြေအနေရဲ့ ရိုက်ခတ်မှုက စီးပွားရေးကဏ္ဍအပေါ် ဘယ်လိုအကျိုးသက် ရောက်မှုတွေ ရှိလာနိုင်သလဲဆိုတဲ့အပေါ်မှာလည်း ပြည်တွင်းလုပ်ငန်းရှင်တွေရော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကပါ စိတ်ဝင်တစား ရှိနေကြပါတယ်။ ရှုထောင့်အမြင်တွေနဲ့ သုံးသပ်ချက်တွေအမျိုးမျိုးရှိနေပေမဲ့ ၂၀၁၅ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့အလှည့် အပြောင်းတွေ ယူဆောင်လာနိုင်မလားဆိုတာကတော့ လူတိုင်းစိတ်ဝင်စားနေတဲ့အချက်ပါ။ […]
Posted On May 5, 2015, By Editorial

မြန်မာကုမ္ပဏီများနှင့် CSR

စီးပွားရေးလုပ်ငန်းများ၏ လူမှုအသိုင်းအ၀ိုင်း အကျိုးစီးပွားအတွက် တာဝန်ယူဆောင်ရွက်မှု (CSR) ဆိုသည်မှာ မိမိတို့လုပ်ငန်းများလုပ်ကိုင်ရာတွင် စိးပွားရေးဆိုင်ရာ (အကျိုးအမြတ်ရရှိရန်) နှင့် ဥပဒေရေးရာ (ဥပဒေကို စောင့်ထိန်းလိုက်နာရန်) သာမကဘဲ မိမိတို့၏ ၀န်ထမ်းများ ဖောက်သည်များ မိမိတို့လုပ်ငန်းလည်ပတ်ဆောင်ရွက်သည့် လူထုအသိုင်းအ၀ိုင်းနှင့် ပတ်ဝန်းကျင်၏ အကျိုးစိးပွားကို ပိုမိုအလေးထား လုပ်ဆောင်ခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။   CSR အမျိုးအစား CSR ကို အောက်ပါအတိုင်း အမျိုးအစားခွဲခြားနိုင်ပါသည်။ ၁။       သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ CSR (Environmental CSR) – သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးကိစ္စများ (ဥပမာ – ရာသီဥတုအပြောင်းအလဲဆိုင်ရာ) ကို အလေးထားဆောင်ရွက်ခြင်း။ ၂။       လူထုအသိုင်းအ၀ိုင်းအခြေပြု CSR (Community based CSR) – လုပ်ငန်းလည်ပတ်ဆောင်ရွက်နေသည့် နေရာရှိ ဒေသခံလူတို့၏ ဘ၀တိုးတက်မှုအတွက် […]
Posted On January 27, 2015, By Editorial

ပါရမီ စွမ်းအင်ကုမ္ပဏီရဲ့ Corporate Social Responsibility

၂၀၀၄ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ ပါရမီစွမ်းအင်ကုမ္ပဏီဟာ အဓိက ရေနံနဲ့သဘာဝဓာတ်ငွေ့၊ စွမ်းအင်၊ ဆောက်လုပ်ရေး စတဲ့လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ပါရမီစွမ်းအင်ကုမ္ပဏီဟာ အခုလက်ရှိမှာ CSR Project  တွေကို စဉ်ဆက်မပြတ် နေရာဒေသမရွေး ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် နိုင်ငံတကာအဆင့်မီ ဆောင်ရွက်နေတဲ့ CSR Project တွေနဲ့ပတ်သက်ပြီး သိလိုသမျကို ပါရမီစွမ်းအင်ကုမ္ပဏီရဲ့ CEO ဦးကံထွန်း၊ Event Manager ဦးအောင်မြတ်မိုး၊ CSR Manager ဦးအောင်မျိုးရှိန်တို့နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ ပါရမီစွမ်းအင်ကုမ္ပဏီရဲ့ CSR အပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက် မြန်မာပြည်မှာ CSR ဆိုပြီးပြောကြတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့လူမျိုး၊ ဓလေ့ဖြစ်တဲ့ မင်္ဂလာတရားတော်နဲ့အညီ စီးပွားရေးလုပ်နည်းဆိုတာ ရှိပါတယ်။ မင်္ဂလာတရားတော်နဲ့အညီ စီးပွားရေးလုပ်တဲ့အခါမှာ ကိုယ့်အတွက်လည်း ပိုက်ဆံရတယ်။ သူများလည်းပိုက်ဆံရတယ်။ ရတဲ့ပိုက်ဆံကလည်း Clean Money၊ Happy Money  […]
Posted On December 29, 2014, By Editorial

BIG DATA မှ SMART DATA သို့ ပြောင်းလဲရေး

Big Data သည် စိတ်လှုပ်ရှားဖွယ်ဖြစ်၏။ သို့သော် လူ တိုင်း နေထိုင်ကြသော အဲနာလော့ဂ် (Analogue) ကမ္ဘာ သည် ကျွန်ုပ်တို့၏အွန်လိုင်းအပြုအမူက ညွှန်ပြသည်ထက် အဆပေါင်းများစွာ ပိုမိုခက်ခဲရှုပ်ထွေးသည်။ ထို့ကြောင့်  Big Data  မှသည် စမတ်ဒေတာဖြစ်လာအောင် သုတေသနပညာရှင်တို့က ထိုနှစ်ခုကို ပေါင်းစပ်ပေးရန် လိုအပ် သည်။ Big Data  အနေဖြင့် သတင်းအချက်အလက်ကို အံ့သြဖွယ်ပေးစွမ်းနိုင်သည့်တိုင် နက်နဲသိမ်မွေ့သောတစ်စုံတစ်ခု လစ်ဟာနေသည်။ ကျွန်ုပ်တို့သည် အဲနာလော့ဂ်ကို လွဲချော်နေကြပြီး အယ်လ်ဂိုရီသမ်နည်းဖြင့် မည်မျပင် ညှိ နှိုင်းပြု ပြင်ပါစေ ထိုလွဲချော်နေမှုကို မဖြည့်ဆည်းပေးနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် အနှစ်သာရအားဖြင့် လူ့လောက ကမ္ဘာကြီးသည် ဒစ်ဂျစ်တယ်အသွင်ပြောင်းနေဖွယ် ရှိသော် လည်း မှီတင်းနေထိုင်သူလူများမှာ အဲနာလော့ဂ်သဘာဝ ရှိနေသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့၏သဘာဝအတိုင်းပင် ဒစ်ဂျစ်တယ်/ […]
Posted On December 29, 2014, By Editorial

Shwe Taung Group ရဲ့ CSR

  ၁၉၉၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ရွှေတောင်လုပ်ငန်းစု (Shwe Taung Group) ဟာ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ အိမ်ခြံမြေလုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ပြီး  နှစ်ပေါင်း ၂၀ ကျော်အကြာ အခုအချိန်မှာတော့ အိမ်ခြံမြေလုပ်ငန်း၊ ဆောက်လုပ်ရေးနဲ့ အင်ဂျင်နီယာလုပ်ငန်း၊ ဘိလပ်မြေနဲ့ ဆောက်လုပ်ရေးပစ္စည်းလုပ်ငန်း၊ စွမ်းအင်နဲ့ အခြေခံအဆောက်အအုံလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်းအပြငှ့်သစစငညါ ဃနညအနမ နဲ့ ဟိုတယ်လုပ်ငန်း  စတဲ့ အဓိကလုပ်ငန်းခြောက်ခုကို အကောင်အထည်ဖော်လုပ်ကိုင်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ၀န်ထမ်းပေါင်း ခြောက်ထောင်ကျော်နဲ့ လည်ပတ်လုပ်ကိုင်လျက်ရှိတဲ့ ရွှေတောင်လုပ်ငန်းစုရဲ့ လူမှုရေးတာဝန်ယူမှုဆိုင်ရာလှုပ်ရှားမှုတွေ (CSR Activities) အကြောင်းကို  ရွှေတောင်လုပ်ငန်းစုရဲ့ Corporate Sustainable Team (CST) နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။     CSR လှုပ်ရှားမှုတွေ လုပ်ဆောင်ဖြစ်ခဲ့ပုံ CSR (Corporate Social […]
Posted On December 14, 2014, By Editorial

ဝါရင်ဘတ်ဖက်၏ နောက်ဆုံးဖဲချပ်များ

Berkshire Hathaway   ကုမ္ပဏီကြီးကို နှစ် ၅၀ မျ ၀ါရင်ဘတ်ဖက် (Warren Buffett) က ကိုင်တွယ်လည် ပတ်ခဲ့မှုသည် စီးပွားရေးလောက၌ အံ့သြဖွယ်အကောင်း ဆုံး အောင်မြင်ကြောတစ်ခုဖြစ်တော့သည်။ ရှေ့တွင်မည် သို့ အဆုံးသတ်လိမ့်မည်ဆိုသည်မှာ စိတ်ပါဝင်စားစရာ ကောင်းပေမည်။ ဤအချက်ကို The Economist စာစောင်က သူ့အား မေးမြန်းသောအခါ မစ္စတာဘတ်ဖက်က အမြဲ တမ်း အားရတက်ကြွနေသူပီသစွာဖြင့် ”နောင်နှစ် ၅၀ ကြာရင် ကျွန်တော်တို့နေ့လယ်စာအတူတူစားရင်း အမှန် တကယ်ရလဒ်နဲ့ စီမံကိန်းရေးဆွဲထားတာကို ယှဉ်ကြည့် ကြတာပေါ့” ဟု ပြန်လည်ဖြေကြားသည်။ (ထိုအချိန် ရောက်လျင် ဘတ်ဖက်အသက် ၁၃၄ နှစ် ရှိလိမ့်မည်။) လာမည့်နှစ် ၅၀ အတွင်း ကုမ္ပဏီကြီးအဖို့ အကြီးဆုံးစိန်ခေါ်ချက်မှာ စီမံချက်အုပ်ချုပ်ရေးတာဝန်ခံသစ် များသို့ […]
Posted On December 12, 2014, By Editorial

စက်ရုပ်များသည်လည်း မန်နေဂျာလည်းဖြစ်နိုင်ပါသလား

စက်ရုပ်တွေဟာ မြို့ပြဒေသတွေမှာ သန့်ရှင်းရေးလုပ်ငန်း တွေကို အလိုအလျောက်ဆောင်ရွက်ပေးတဲ့ သန့်ရှင်းရေး လုပ်သားတွေအနေနဲ့ လူနေအိမ်တွေကို စတင်ရောက်ရှိခဲ့ကြ ပြီး အန္တရာယ်ရှိတဲ့ အလုပ်တွေ ကို ဆောင်ရွက် ကြသလို အိမ် မွေးတိရစ္ဆာန်တွေသဖွယ် လူတွေရဲ့အပေါင်းအဖော်တွေအနေနဲ့လည်း လုပ်ဆောင်ပေးကြပါတယ်။ လူသားတွေအနေနဲ့ မိမိတို့နဲ့ အနီးကပ်လုပ်ကိုင်ဆောင် ရွက်ပေးတဲ့ ယင်းတို့လို စက်ရုပ်တွေကို၊ သက်ရှိသတ္တ၀ါ၊ အပေါင်းအဖော်နဲ့ နေထိုင် တတ်တဲ့သတ္တ၀ါတွေအနေနဲ့ ပြုမူဆက်ဆံလိုကြပါတယ်။ စက်ရုပ်တွေကို ပုံဖော်ဖန်တီးသူတွေက စကားပြောဆို တာ၊ ကိုယ်ဟန်အမူအရာလုပ်ပြတာ၊ မျက်လုံးအကြည့် စတဲ့လူသား တွေရဲ့ ဆက် သွယ်ပြောဆိုတဲ့စွမ်းရည်တွေကို အသုံးပြုပြီး လူသားတွေနဲ့ အပြန်အလှန်ပြူမူဆက်ဆံတဲ့ လူမှုရေးဆိုင်ရာ စက် ရုပ်တွေကို ပိုမိုဆန်းသစ်တီထွင်လာနေကြပါပြီ။ လူမှု ရေးဆိုင်ရာစက်ရုပ်တွေဟာ ယခင်အချိန်က စက်ရုံ၊ အလုပ် ရုံတွေမှာ အသုံးပြုခဲ့ကြတဲ့ စက်ယန္တရားစက်ရုပ်တွေနဲ့ […]
Posted On November 7, 2014, By Editorial

စီအီးအိုလစာတိုးပြီး သင့်လစာဘာကြောင့် မတိုးတာလဲ

ကမ္ဘာပတ်လုပ်ကိုင်နေကြသည့် အမှုဆောင်အရာရှိချုပ် (စီအီးအို) များ၏လစာ မကြုံစဖူး မြင့်မားနေသော်လည်း အလုပ်သမားအများစု၏လစာကတော့ မပြောင်းလဲသလောက် ပဲဖြစ်ပါသည်။ Standard & Poor’s 500 ၅၀၀ စတော့အñွှန်းဝင် ကုမ္ပဏီတစ်ခု၏ စီအီးအိုလစာသည် ယမန်နှစ်က ၈.၈ ရာ ခိုင်နှုန်းတက်ကာ (တစ်နှစ်လစာ) ဒေါ်လာ ၁၀.၅ သန်းသို့ရောက် ရှိခဲ့သော်လည်း အမေရိကန်လုပ်သားထု တစ်ရပ်လုံးအတွက် ဆိုလျင် ၁.၃ ရာခိုင်နှုန်းသာ တက်ခဲ့ပါသည်။ စီအီးအို၏လစာ သည် ၂၀၀၉ ခုနှစ်မှာ အမျိုးသားပျမ်းမျလစာ၏ ၁၈၁ ဆ ရှိခဲ့သော်လည်း ယခုအခါ ၂၅၇ ဆ ဖြစ်နေပါသည်။ ကမ္ဘာ တစ်လွှား၌ အလွန်အကျွံချမ်းသာသူများနှင့် သာမန်အလုပ် သမားများအကြား ကွာဟချက် ပိုမိုကျယ်ပြောလာခြင်းက ငှားရမ်းခများ ကြီးမြင့်သောမြို့ကြီးများမှသည် အလုပ်ရှားပါးသည့် မြို့ငယ်ကလေးများအထိ […]
Posted On November 6, 2014, By Editorial

ပေါ်ထွက်လာမည့် အာရှခရီးသည် သန်းတစ်ထောင်

၂၀၃၀ ပြည့်နှစ်အရောက်တွင် တရုတ်တို့က ခရီးထွက်မှု အခေါက်ပေါင်း ၁.၇ ဘီလီယံမျ ပြုလုပ်ကြဖွယ်ရှိပြီး ဒေါ်လာ ၁.၈ ထရီလီယံသုံးစွဲကြမည်ဖြစ်ရာ ခရီးသွားနှင့် အပျော်ခရီးထွက်လုပ်ငန်းမှ ရှေ့သို့မျော်စွမ်းရှိသည့် ကုမ္ပဏီ တို့သည် ထိုဈေးကွက်ဝေစုရရှိအောင် မဟာဗျူဟာများ ရေးဆွဲနေကြသည်။ ထိုစီးပွားရေးလုပ်ငန်းအတွက် ပြိုင်ဆိုင် မှုများ ပြင်းထန်ဖွယ်ရှိသည်။ ၂၀၃၀ ပြည့်နှစ်ဆိုလျင် ကမ္ဘာ့ခရီးသွားလာမှု အားလုံးသည် အာရှ-ပစိဖိတ် (အေပက်) ဒေသနှင့် ယနေ့ ၃၇ ရာခိုင်နှုန်း ပတ်သက်နေရာမှ ၄၉ ရာခိုင်နှုန်းအထိ ပတ်သက်လာတော့မည်။ လူတို့၏ သုံးစွဲနိုင်သော ၀င်ငွေ မြင့်တက်လာသည်နှင့်အမျ အာရှသားသန်းတစ်ထောင်သည် တစ်နှစ်လျင် အမေရိကန်ဒေါ်လာ ၁၅,၀၀၀ နှင့်အထက် ၀င်ငွေရှိကာ ခရီးသွားလုပ်ငန်းဆိုင်ရာ လေကြောင်းလိုင်း၊ ဟိုတယ်နှင့် အပျော်ခရီးသွားလုပ်ငန်းကုမ္ပဏီတို့ကို အကျိုးပြု တော့မည်။ အဆိုပါနောက်ထပ်ခရီးသည် သန်းတစ်ထောင်မှာ […]
Posted On November 5, 2014, By Editorial

ဒုတိယအကြိမ် မလေးရှားထုတ်ကုန်ပစ္စည်းများနဲ့ ၀န်ဆောင်မှုဆိုင်ရာပြပွဲ ၂၀၁၄

  ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်ကနေ ၄ ရက်မှာ မလေးရှားနိုင်ငံ ပြည်ပကုန်သွယ်မှု ဖွံ့ဖြိုးမှုအဖွဲ့  (MATRADE) က မလေးရှားကုန်စည်နဲ့ဝန်ဆောင်မှုပြပွဲ (MSE) ကိုပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့၊ တပ်မတော်ခန်းမမှာ ကျင်းပခဲ့တဲ့ပွဲမှာ မလေးရှား အိုင်တီနည်းပညာ၊ အိမ်သုံးပစ္စည်း၊ အလှကုန်ပစ္စည်း၊ စားသောက်ကုန် အစရှိတဲ့ မလေးရှား ကုမ္ပဏီပေါင်း ၇၀ ကျော်က သူတို့ရဲ့ ၀န်ဆောင်မှုတွေနဲ့ ကုန်ပစ္စည်းတွေကို လာရောက်ပြသခဲ့ကြပါတယ်။ ဒါအပြင်ပွဲမှာ မြန်မာနဲ့မလေးရှား စီးပွားရေးကုမ္ပဏီလုပ်ငန်းရှင်တွေဟာ ဆွေးနွေးပွဲပေါင်းများစွာကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။  ပွဲမှာ ၀င်ရောက်ပြသခဲ့တဲ့ မလေးရှား ကုမ္ပဏီတွေထဲကအချို့ကို မေးမြန်းဖြစ်ခဲ့ ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။   Nick Fitness Manager EGO nutritions Sdn Bhd [email protected] ကျွန်တော်တို့ကုမ္ပဏီဟာ […]
Posted On October 30, 2014, By Editorial
1 37 38 39 40 41 44