advertisement-image
Articles

မြန်မာ Brand တွေ နိုင်ငံတကာကို ယှဉ်ပြိုင်ထိုးဖောက်နိုင်အောင်

အမှတ်တံဆိပ်ဆိုတာ စီးပွားရေးလုပ်ငန်းတိုင်းအတွက် အရေး ပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဈေးကွက်ကို ထိုး ဖောက်ရာမှာ အမှတ်တံဆိပ်ရဲ့ခိုင်မာမှု၊ ဆွဲဆောင်နိုင်မှု၊ အများထက်ထူးခြားမှု စတဲ့အချက်တွေက အရေးကြီးသလို မိမိအမှတ်တံဆိပ်ထွန်းပေါက်အောင်မြင်လာအောင် လုပ်ငန်း မဟာဗျူဟာတွေချမှတ်ဖို့လည်း လိုအပ်ပါတယ်။ အခုအခါ မြန်မာနိုင်ငံမှာ စီးပွားရေးအခွင့်အလမ်းတွေ ယခင်ထက်ပိုမို ပွင့်လန်းလာတဲ့အခါ နိုင်ငံတကာက အမှတ်တံဆိပ်ကြီးတွေ က၀င်ရောက်လာနေပါတယ်။ အဲဒီအခါမှာ ဒေသခံမြန်မာ Brand တွေဘက်က ဘာတွေပြင်ဆင်ထားဖို့လိုသလဲ၊ ဘယ် လိုယှဉ်ပြိုင်နိုင်မလဲ၊ အဲဒီကတစ်ဆင့် ကိုယ့် Brand ကို ဒေသ တွင်းနဲ့ နိုင်ငံတကာအထိ ဘယ်လိုထိုးဖောက်နိုင်မလဲစတာ တွေအထိ ကြိုတင်လေ့လာပြင်ဆင်ထားဖို့ လိုလာပါတယ်။ ဒါနဲ့ပတ်သက်လို့ How Myanmar Brands can take on the Region  ဆိုတဲ့ခေါင်းစဉ်နဲ့ CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်းကကြီးမှူးကျင်းပတဲ့ […]
Posted On February 28, 2014, By Editorial

စီးပွားရေးလုပ်ရာမှာ လိုက်နာထားရှိသင့်သည့် Ethics : ဦးသန်းထိုက်လွင်

စီးပွားရေးလုပ်ငန်းလုပ်ရာမှာ Ethics ရဲ့ အရေးပါပုံ Ethics က စီးပွားရေးလုပ်ငန်းမှာတင် မဟုတ်ဘဲ လူမှုရေးအသိုင်းအ၀ိုင်းမှာပါ အင်မတန်အရေး ကြီးပါတယ်။ လူတစ်ယောက်က Ethics မရှိရင် လုပ်ငန်းအောင်မြင်ဖို့နဲ့ လူ့အသိုင်းအ၀ိုင်းမှာ   ရေရှည်ဝင်ဆံ့ဖို့ မလွယ်ကူနိုင်ပါဘူး။ စီးပွားရေးလုပ်ငန်းတွေမှာဆိုရင်လည်း လူတစ်ယောက်ကသူ့ရဲ့ Reputation (ဂုဏ်သတင်း) ဘယ်လောက် ကောင်းလဲ၊ Ethics ဘယ်လောက်ရှိလဲဆိုတာကိုဂရုစိုက်တတ်ကြပါတယ်။ တစ်ခါတလေ Ethics က လူအများလက်ခံနိုင်တာတစ်ခုနဲ့ တိုင်းတာကြတယ်။ တကယ်တော့ Ethics ဆိုတာကို ကျွန်တော်မြင်တာကတော့ အများက သတ်မှတ်တဲ့ ပေတံနဲ့တိုင်းဖို့လိုသလို ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့ပေတံနဲ့ တိုင်းဖို့လည်း လိုပါတယ်။ Ethics ရှိတဲ့သူကတော့ ကိုယ့်ရဲ့လုပ်ငန်းကို စိတ်ဖြောင့်ဖြောင့်၊ ကိုယ်ဖြောင့်ဖြောင့်နဲ့ ရေရှည်လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ အဲလိုပဲ သူများကကိုယ်နဲ့   အလုပ်တွဲ လုပ်မယ်ဆိုရင်ပဲဖြစ်ဖြစ်၊ ကိုယ်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကပဲဖြစ်ဖြစ် […]
Posted On February 27, 2014, By Editorial

ဉာဏ်အမြော်အမြင်နဲ့ယှဉ်တဲ့ ဆွေးနွေးညှိနှိုင်းမှု

 ဉာဏ်အမြော်အမြင်နဲ့ယှဉ်တဲ့ ဆွေးနွေးညှိနှိုင်းမှု  (Intelligent Negotiation) ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်တဲ့အခါ ဘယ်အချက်တွေက ပျော့ကွက်တွေ၊ အခက်အခဲတွေ ရှိနိုင်သလဲဆိုတာ သိ အောင်လုပ်ဖို့ လိုပါတယ်။ ဒါမှ ဒီလိုအခက်အခဲတွေကို ရှောင်ရှားနိုင်မှာဖြစ်ပြီး ရေရှည်ကျေနပ်စရာကောင်းတဲ့အကျိုး ရနိုင်မှာ ဖြစ်တယ်။   အယူအဆ ဟားဗတ်စီးပွားရေးပညာသင်ကျောင်း (HBS) ရဲ့ ပါမောက္ခ James Sebenius  ဟာ ရှုပ်ထွေးတဲ့ညှိနှိုင်းဆွေးနွေးမှုနဲ့ ပတ် သက်တဲ့ကိစ္စတွေမှာ အထူးလေ့လာနေသူဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာHBS ဟာ ဆွေးနွေးညှိနှိုင်းမှုဆိုတဲ့ ဘာသာရပ်ကို MBA သင်တန်းမှာ မသင်မနေရဘာသာရပ်အဖြစ် ထည့် သွင်းခဲ့ပြီး အဲဒီကျောင်းမှာပဲ ဆွေးနွေးညှိနှိုင်းရေး ဘာသာရပ် ဆိုင်ရာသင်ကြားရေးဌာနကို စတင်ဖွင့်လှစ်ခဲ့တယ်။ ဆွေးနွေးညှိနှိုင်းရာမှာ မအောင်မမြင်ဖြစ်သွားရခြင်း ရဲ့ အမှားခြောက်ချက်ကို သူက အောက်ပါအတိုင်း တင်ပြခဲ့ တယ်။ ဒီအမှားတွေကို ရှောင်လွှဲနိုင်ရင် […]
Posted On February 25, 2014, By Editorial

ရွှေလုပ်ငန်းရှင်တွေ ပြောပြတဲ့ ရွှေအကြောင်း တစေ့တစောင်း

ရွှေဆိုတာမြန်မာလူမျိုးတွေအတွက် မရှိဝမ်းစာ ရှိတန်ဆာလို့ဆိုကြပါတယ်။ မြန်မာနိုင်ငံအတွင်းရှိ ရွှေတူးဖော်ထုတ်လုပ်မှု၊ ပြုပြင်မွမ်းမံ အချောကိုင်မှု၊ ရောင်းဝယ်မှုလုပ်ငန်းတွေ ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့နဲ့ ရွှေလက်ဝတ်ရတနာ ရောင်းချမှုလုပ်ငန်းတွေမှာ စံချိန်စံညွှန်းမီပြီး မှန်ကန်တဲ့ဈေးနှုန်းတွေနဲ့ ရောင်းချနိုင်ဖို့ ကြပ်မတ်ဆောင်ရွက်နိုင်ဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းကို ၂၀၀၂ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။  ဒါကြောင့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်က Panda Hotel မှာကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းရဲ့ ၁၁ ကြိမ်မြောက်နှစ်ပတ်လည် အသင်းသားစုံညီ အစည်း အဝေးမှာ ၂၀၁၄ ခုနှစ်မှာဖြစ်လာနိုင်တဲ့ ရွှေဈေးကွက်အခြေအနေနဲ့ပတ်သတ်ပြီး ရွှေလုပ်ငန်းရှင်တချို့နဲ့တွေဆုံမေးမြန်းဖြစ်ခဲ့တာတွေကို ရွှေကိုအမြတ်တနိုးဝယ်ယူစု ဆောင်းချင်သူတွေအတွက်ဖော်ပြပေးလိုက်ပါတယ်။ ဦးကျော်ဝင်း (ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်) အတွင်းရေးမှူး မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း ၂၀၁၄ ခုနှစ်မှာဖြစ်မယ့် ရွှေဈေးကွက်ရဲ့အလားအလာကတော့ နိုင်ငံတကာမှာ ဖြစ်လာမယ့် ရွှေဈေးကွက်ပေါ်မှာလည်း အဓိကမူတည်နေပါတယ်။ အမေရိကန်နိုင်ငံရဲ့စီးပွားရေး ဖြစ်တဲ့ဗဟိုဘဏ်ပေါ်လစီ၊ […]
Posted On February 21, 2014, By Editorial

သက်ဆိုင်တဲ့ လုပ်ငန်းခွင်ထဲမှာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရမယ့်အချက်တွေ

ကိုယ်နဲ့သက်ဆိုင်တဲ့ လုပ်ငန်းခွင်ထဲမှာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရမယ့်အချက်တွေက ဘာတွေဖြစ်မလဲ၊ ဘယ်လို ကြိုးစားအားထုတ်သင့်ပါသလဲ မေးခွန်းရှင်ရေ ကိုယ်နဲ့သက်ဆိုင်တဲ့ လုပ်ငန်းခွင်ထဲမှာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရမယ့်အချက်တွေကိုသာ ရင်ထဲရှိသမျှ ချရေးမယ်ဆိုရင် “ပန်းတနော်ဖျာလိပ်” ထက်တောင်ရှည်မလားပဲ။ ဒီတော့ နယ်ပယ် Area တွေကို အဓိကခွဲလိုက်ရင်တော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး (ပညာရေး၊ ကျန်းမာရေး) တွေ ရှိသလို၊ ဒါတွေကို ခွဲလိုက်ရင်လည်း အများကြီးထွက်လာမှာပဲ။ ဒါအပြင် လောကီရေး၊ လောကုက္ကတရာရေးဆိုတာက ရှိသေး။ လူမှုရေးတစ်ခုတည်းကိုပဲ အစဆွဲထုတ်လိုက်ရင် အိမ်ထောင်ရေး၊ သားရေးသမီးရေးဆိုတာကလည်း အကျယ်သားကလား မေးခွန်းရှင်ရေ။ ဒီတော့ ကိုယ့်နဲ့သက်ဆိုင်တဲ့လုပ်ငန်းခွင်ထဲမှာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရမယ့်အချက်တွေ အများကြီးထဲက Common ဖြစ်တဲ့အချက်ကို ပြောရရင် ကိုယ်လုပ်မယ့် အလုပ်က အများနဲ့သက်ဆိုင်တဲ့ အလုပ်ဖြစ်နေရင်တော့ ကိုယ်လုပ်တာကို အများက […]
Posted On February 18, 2014, By Editorial

အလုပ်မှာ ကိုယ်ဘယ်လောက် Productive ဖြစ်လဲဆိုတာကို ဘယ်လိုပုံစံ၊ ဘယ်လိုနှုန်းနဲ့ တိုင်းတာသင့်ပါသလဲ

ပထမဦးဆုံးပြောချင်တာက အလုပ်မှာ Productive ဖြစ်မဖြစ် ကိန်းဂဏန်းနဲ့ချပြပြီး တိုင်းတာလို့ရတဲ့အလုပ်မျိုးရှိသလို၊ ” ရော့… အင့်” ဆိုပြီး ဆုပ်ကိုင်လို့မရတဲ့ Productive မျိုးလည်း ရှိပါတယ်။ ဥပမာ – မြင်သာအောင်ပြောရရင် မော်တော်ကား တစ်နေ့ ဆယ်စီးအပြည့်အ၀ထုတ်ရမယ်လို့ လျာထားတာကို လျာထားတဲ့တိုင်း ဆယ်စီးအပြည့်အ၀ထုတ်နိုင်ပြီးတစ်ခါတစ် ရံ ဆယ်စီးကျော်ပြီးထုတ်နိုင်ရင် အဲဒီထုတ်တဲ့အဖွဲ့ကို Productive ဖြစ်တယ်၊ ကောင်းတယ်လို့ ပြောလို့ရပေမဲ့ HR ဌာနက ၀န်ထမ်းတွေကို Professional Skill တက်လာအောင် Human Resources Development Program တွေကို ရေးဆွဲပြီး လုပ်ကိုင်လာလို့ ၀န်ထမ်းတွေရဲ့ အရည်အသွေးတိုးလာတာကို ဘယ်လောက် Productive ဖြစ်တယ်။ Productivity ဘယ်လောက်တက်လာတယ်ဆိုတာ ယေဘုယျအားဖြင့် ပြောရခက်ပါတယ်။ တစ်နည်းအားဖြင့် လက်ဆုပ်လက်ကိုင်ပြရ ခက်တာပေါ့လေ။ […]
Posted On February 11, 2014, By Editorial

တယ်လီဖုန်းဆိုင်ရာ ကျင့်ဝတ်အချို့ကို သိချင်ပါတယ်…

အလုပ်မှာဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ်ပိုင် မိုဘိုင်းဖုန်းနဲ့ပဲဖြစ်ဖြစ် လိုက်နာရမယ့် တယ်လီဖုန်းဆိုင်ရာ ကျင့်ဝတ် ရှစ်ချက် ရှိပါတယ်။ ၁။       ဖုန်းခေါ်ဆိုမှုရဲ့အစမှာ  ဘယ်သူဘယ်ဝါဖြစ်ကြောင်း အစဉ်ထုတ်ဖော်ပြောရပါမယ်။ (က)    ရုံးခန်းအတွင်းမှာဆိုရင်တော့ တယ်လီဖုန်းဖြေ ဆိုတာစစချင်းမှာ ”ဟယ်လို/မင်္ဂလာပါ (စာရင်းစစ်) ဌာနက ဖြစ်ပါတယ်၊ (နာမည်) ဖြစ်ပါတယ်…” ဆိုပြီး အစချီပြီး ဖုန်းလက်ခံသင့်ပါတယ်။ (ခ)     သင့် ဆဲလ်ဖုန်းနဲ့ပြောဆိုတဲ့အခါမှာ ပုံမှန်အတိုင်း  ”ဟယ်လို” နဲ့အစချီပြီး ”ကျွန်တော်/ကျွန်မ (နာမည်) ပြောနေပါတယ်” ဆိုပြီး ဖုန်းလိုက်ခံ နိုင်ပါတယ်။ (ဂ)     သင်က စတင်ပြီး ဖုန်းခေါ်မယ်ဆိုရင်တော့ အမြဲတမ်း ဘယ်လုပ်ငန်းက ဘယ်သူဘယ်ဝါဖြစ်ကြောင်း နာမည်ကိုပါဖော်ပြပြီး ဖုန်းဆက်ရတဲ့ အကြောင်း ရင်းကို ပြောပြရပါမယ်။   ၂။ ဖုန်းအတွင်း သင် […]
Posted On February 10, 2014, By Editorial

စီးပွားရေးလုပ်ရာမှာ လိုက်နာထားရှိသင့်သည့် Ethics : ဒေါ်တင်သန္တာခိုင်

စီးပွားရေးလုပ်ငန်းလုပ်ရာမှာ Ethics ရဲ့ အရေးပါပုံ “Good Ethics is good Business” ဆိုတဲ့ စကားအတိုင်း စီးပွားရေးလုပ်ငန်းတစ်ခုအောင် မြင်ဖို့ဆိုတာ စီးပွားရေးမှာ စံထားတဲ့ Ethial Standard တွေ ကို လေးစားလိုက်နာဖို့ အင်မတန်အရေးပါပါတယ်။ စီးပွားရေးလုပ်ငန်းလုပ်ပြီဆိုမှတော့ လူအများနဲ့ အပြန်အလှန်ပေါင်းသင်းဆက်ဆံရခြင်းဆိုတှဲ့Social Cooperation and Inter-relation  တွေရှိလာပြီး တစ်ဦးကိုတစ်ဦးယုံ ကြည်မှု (Mutual-trust) ကို တည်ဆောက်ရယူ လုပ်ကိုင်ရတဲ့အတွက် Ethics  မရှိမဖြစ်ပါပဲ။   စီးပွားရေးလုပ်ငန်းလုပ်ရာမှာ Ethics မရှိရင် ဖြစ်လာနိုင်မယ့် အကျိုးဆက် Ethics  မရှိရင် ဖြစ်လာမယ့်အကျိုးဆက်တွေကို မစဉ်းစားခင် “Ethics” မရှိဘူးတဲ့ Society  ရဲ့အနေအထားနဲ့ အခြေအနေကို စဉ်းစားကြည့်ရအောင်ပါ။ လူသာမန်တွေမှာ Self-interest […]
Posted On February 10, 2014, By Editorial

ပုဂ္ဂလိကအစုရှယ်ယာရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံခြင်း (Private Equity Fund)

မြန်မာနိုင်ငံကဲ့သို့ ထွန်းသစ်စဈေးကွက်များထံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပုံစံအမျိုးမျိုးဖြင့် ၀င်ရောက်လာရာတွင် ပုဂ္ဂလိကအစုရှယ်ယာ ရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းများ (Private Equity Funds) သည်လည်း တစ်ခုအပါအ၀င် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ဘဏ္ဍာရေးကဏ္ဍမှာ လက်ရှိတွင် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင် ရန်အတွက် အစပျိုးသည့်အဆင့်တွင်သာ ရှိနေပါသေးသည်။ နိုင်ငံ့စီးပွားရေးကိုရော၊ ပုဂ္ဂလိကကဏ္ဍအတွက်ပါ ဖွံ့ဖြိုးတိုးတက်စေရန် တစ်ဖက်တစ်လမ်းမှ အထောက် အကူဖြစ်စေမည့် ပုဂ္ဂလိကအစုရှယ်ယာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ သဘောသဘာဝ၊ လုပ်ငန်းဆောင်ရွက်ပုံနည်းလမ်းများ၊ အကျိုးအမြတ်ခွဲဝေရရှိပုံနှင့် သတိပြုစရာ အချက်များနဲ့ ပတ်သက်ပြီး ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံမေးမြန်းထားသည်များကို တင်ဆက်လိုက်ပါသည်။   ရင်းနှီးမြှုပ်နှံမှုအနေနဲ့ Private Equity (PE) က ဘဏ်တိုးတွေနဲ့ ကွာခြားချက်ရှိပါတယ်။ ကျွန်တော်တို့ဘက်က စိုက်ထားတဲ့ Capital ကပိုဈေးကြီးတယ်။ ကုမ္ပဏီတွေက စိတ်ဝင်စားလို့လာတွေ့တဲ့အခါ ငွေပဲလိုအပ်တာဆိုရင် ကျွန်တော်တို့ဆီမလာပါနဲ့လို့ […]
Posted On February 5, 2014, By Editorial

သင့်အလုပ်နေရာကို ကျန်းမာရေးနဲ့ ညီညွတ်ပြီး ရလဒ်ကောင်းတွေရစေမယ့်နည်းလမ်း ၁၀ ချက်

သင်အလုပ်လုပ်တဲ့နေရာကို ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် ရိုးရှင်းပြီးအခြေခံကျတဲ့ နည်းလမ်းဆယ်ချက်ကို ပြောပြပါမယ်။ လမ်းလျှောက်အစည်းအဝေးလုပ်ခြင်း နေ့ခင်းနေ့လယ်မှာအစည်းအဝေးလုပ်ရတာလောက် ပျင်းရိစရာ ကောင်းတာမရှိပါဘူး။ ပျင်းစရာကောင်းပြီး အကျိုးမရှိတဲ့ အစည်းအဝေးတွေမှာ လက်ကိုင်ဖုန်းကိုပဲ ကလိပြီး အချိန်ကုန်နေမယ်ဆိုရင် တစ်ချိန်တည်းမှာ လမ်းလျောက်ပြီး စကားပြောရတာမျိုးတွေ မလုပ်ချင်ဘူးလား။ ဒီလိုဆို ရင် လေကောင်းလေသန့်လည်း ရ၊ နေရောင်နဲ့လည်း ထိတွေ့ရပြီး အဖွဲ့ထဲမှာ ပိုမိုသစ်လွင်တဲ့အတွေးအခေါ်တွေလည်း ရရှိစေမှာပါ။ ဒါပေမဲ့ သင်ဟာ အလုပ်ရှင်မဟုတ်ရင်တော့ တစ်ရုံးလုံးကို မထိုင်ဘဲ လမ်းလျောက်ပြီး အစည်းအဝေးလုပ်မယ်လို့ လိုက်ပြောနေရင် သဘာဝမကျပါဘူး။ ဒါကြောင့် သင့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲ အစည်းအဝေးလုပ်မယ်ဆိုရင် အပြင်ထွက်လမ်းလျောက်ပြီး လုပ်ဖို့ အကြံပေးကြည့်ပါ။ အဆင်ပြေပါလိမ့်မယ်။ အလုပ်ရှင်တွေ ဂရုပြုရန် – ထိုင်ပြီးလုပ်တဲ့အစည်းအဝေးထက် လမ်းလျှောက်ပြီးလုပ်တဲ့အစည်းအဝေးတွေက ရလဒ်ကောင်းတွေ ပိုရစေပါတယ်။ လမ်းလျှောက်တာဟာ ဦးနှောက်ရဲ့ဆက်သွယ်မှုနဲ့စွမ်းဆောင်ရည်ကို […]
Posted On January 29, 2014, By Editorial
1 88 89 90 91 92 94