ကမ္ဘာ့နိုင်ငံများသည် Online ရေးသားမှုများကို ဆင်ဆာလုပ်လိုသည့်ဆန္ဒပိုမိုပြင်းပြလာလျက်ရှိသည်။ ထိုအချက်က နည်းပညာကုမ္ပဏီကြီးများအတွက် ခေါင်းခဲ စရာကိစ္စရပ်တစ်ခု ဖြစ်လာလိမ့်မည်။ ၂၀၁၆ ခုနှစ်တွင်၊ WHO က ဗြိတိန်နိုင်ငံသည် ကမ္ဘာတစ်ဝန်း (၂၀၀၇ ခုနှစ်အတွင်း) လူပေါင်း ၁၁၀,၀၀၀ ခန့် အသက်ဆုံးရှုံးစေခဲ့သော ဝက်သက်ရောဂါကင်းရှင်းပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့သည်။ ထိုအောင်မြင်မှုက တာရှည်မခံခဲ့ပေ။၂၀၁၈ ခုနှစ်အတွင်း အင်္ဂလန်နှင့်ဝေလနိုင်ငံများအတွင်း ဝက်သက်ရောဂါဖြစ်ပွားသူပေါင်း ၉၉၁ ဦးကိုတွေ့ရှိကြောင်း မှတ်တမ်းတင်အပြီးတွင် WHO က ဗြိတိန်၏ ဝက်သက်ကင်းရှင်းကြောင်း ကြေညာချက်ကို တရားဝင်ဖျက်သိမ်းခဲ့သည်။ ဝက်သက်ရောဂါကာကွယ်ဆေးက၊ ကလေးငယ်များအား Autism ဖြစ်စေနိုင်သည်ဆိုသည့် အယူအဆက (စင်စစ်မမှန်ကန်ပါ) နိုင်ငံများစွာတွင် (တစ်စိတ်တစ်ပိုင်းအားဖြင့်) ဝက်သက်ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်မှုဖြစ်စေခဲ့သည်။ ကာကွယ်ဆေးထိုးနှံခြင်းကို ဆန့်ကျင်သူများကယင်းတို့၏အဓိပ္ပာယ်ကင်းမဲ့သော သတင်းများဖြန့်ချိရန်အတွက် Internet Forum များနှင့် Social […]
Posted On May 14, 2020, By CEO Editors