ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်တွင်ကျင်းပခဲ့သည့် ထိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏အစည်းအဝေးတွင် နိုင်ငံခြားသားကျွမ်းကျင်ပညာရှင်များအား မြေကြီး ၀.၁၆ ဟက်တာ (စတုရန်းပေ ၁၇၀၀၀) ထိ ပိုင်ဆိုင်ခွင့်ပြုမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာနမှအဆိုပြုတင်သွင်းသည့် ထိုဥပဒေမူကြမ်းမှာ လူတန်းစားလေးရပ်ဖြစ်သည့် ချမ်းသာကြွယ်ဝသည့် နိုင်ငံတကာမှ နိုင်ငံခြားသားများ၊ ငွေကြေးပြည့်စုံသည့်နိုင်ငံတကာမှ ပင်စင်စားများ၊ ထိုင်းနိုင်ငံတွင် အလုပ်လုပ်လိုသည့်သူများနှင့် အဆင့်မြင့်နည်းပညာကျွမ်းကျင်သူများနှင့်ပညာရှင်များအား ဆွဲဆောင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။


ရည်မှန်းချက်မှာ ယခုမှစ၍ ၂၀၂၆ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း ချမ်းသာကြွယ်ဝသည့်နိုင်ငံခြားသားကျွမ်းကျင်ပညာရှင် တစ်သန်းခန့် ထိုင်းနိုင်ငံသို့လာရောက်ရန်ဖြစ်ပါသည်။ ထိုသို့ဆိုလျှင်ထိုင်းအစိုးရအနေဖြင့် အနည်းဆုံး ထိုင်းဘတ်ငွေတစ်ထရီလီယံခန့် စီးဝင်လာမည်ဟု တွက်ဆထားပါသည်။


မြေယာပိုင်ဆိုင်ခွင့်ရနိုင်သည့်နေရာဒေသများမှာ ဘန်ကောက်၊ ပတ္တရားဧရိယာ၊ တစ်နိုင်ငံလုံးရှိ မြူနီစပယ်ဧရိယာနှင့် ဥပဒေနှင့်အညီသတ်မှတ်ထားသည့် လူနေခွင့်ပြုထားသည့် ဇုန်များလည်း ပါဝင်ပါသည်။ ဝယ်ယူခွင့်ရရှိသည့်နိုင်ငံခြားသားအနေဖြင့် ထိုင်းနိုင်ငံတွင်းရှိ မြေယာနှင့်အိမ်ရာအဆောက်အဦများတွင် သတ်မှတ်ချိန်ကာလအတွင်း ထိုင်းဘတ်ငွေ သန်းလေးဆယ် ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပြီး ထိုအချိန်ကာမတိုင်မီ မိမိ၏ရင်းနှီးမြှုပ်နှံမှုကို ပြန်လည်ရုတ်သိမ်းမည်ဆိုပါက မိမိ၏ပိုင်ဆိုင်ခွင့်လက်လွတ်ဆုံးရှုံးမည်ဖြစ်သည်။
စီးပွားရေးပညာရှင်အချို့ကမူ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ၏ ဈေးကစားခြင်းကြောင့် မြေယာဈေးနှုန်းများ အလှုပ်အခတ်ရှိနိုင်ကြောင်း သတိပေးထားသည်။

Ref : BKK Post