ကျွန်တော်သတိထားမိသလောက် Marketing သမားတွေလုပ်လေ့ရှိတဲ့ အကြီးမားဆုံးအမှားက ဖောက်သည်တွေနဲ့ စကားမပြောတာ၊ ကိုယ့်ရဲ့ကုန်ပစ္စည်းအပေါ် သူတို့ရဲ့အမြင်တွေကိုမမေးတာနဲ့ သူတို့ပြောတာတွေကို နားမထောင်တာတွေပါ။ ဖောက်သည်တွေနဲ့ စကားပြောရင်းနဲ့ တကယ်အရေးကြီးတဲ့ သင်သိသင့်တဲ့ အကြောင်းအရာတွေအများကြီးကို သိနိုင်ပါတယ်။ ဥပမာအနေနဲ့ ကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းတွေမှာ ဘယ်ဟာတွေက အခက်အခဲတွေဖြစ်နေလဲ။ ဘာတွေက စီးပွားရေးတိုးတက်မှုတွေကို ပိတ်ပင်နေလဲ၊ ကိုယ့်ဖောက်သည်တွေရဲ့ အခက်အခဲတွေ၊ ကိုယ်ရဲ့ ကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီး သူတို့တွေရဲ့ဝေဖန်မှုတွေ၊ မကြိုက်တဲ့အချက်တွေကို သိလာစေမှာပါ။ ဖောက်သည်တွေအတွက် တကယ်အသုံးဝင်တဲ့ ကုန်ပစ္စည်းတွေကို ထုတ်လုပ်ပေးနိုင်မယ်၊ သူတို့လိုချင်တဲဝန်ဆောင်မှုတွေကိုပေးစွမ်းနိုင်မယ်ဆိုရင် ကိုယ့်ရဲ့ ကုန်ပစ္စည်းကို ပိုအရောင်းသွက်လာမှာဖြစ်တဲ့အပြင် တခြားသူတွေဆီကိုလည်း အခမဲ့ကြော်ငြာပေးတာတွေ ပြုလုပ်ပေးလာပါလိမ့်မယ်။ အရောင်းမြှင့်တင်ရေးဝန်ထမ်းကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ ဖောက်သည်တွေနဲ့ စကားပြောဖို့ အရေးကြီးပါတယ်။ ဖောက်သည်တွေနဲ့စကားပြောဖို့လိုတယ်လို့ထင်တာ ကျွန်တော်တစ်ယောက်တည်းလည်း မဟုတ်ပါဘူး။ စီးပွားရေးလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်နေကြတဲ့ အရောင်းမြှင့်တင်ရေးသမား ၁၀ ယောက်ကလည်း အရောင်းမြှင့်တင်ရေးဝန်ထမ်းတွေ သူတို့ရဲ့ […]
Posted On January 9, 2020, By CEO Editors