advertisement-image
New Business

the Tea Club ရဲ့ Co-Founder ကိုမျိုးမြင့်ကျော်နှင့်တွေ့ဆုံခြင်း

the Tea Club ဆိုတဲ့အတိုင်း ရန်ကုန်မှာကော မြန်မာပြည်မှာကော ကော်ဖီဆိုင်တွေကပိုများပါတယ်။ Tea ဆိုင်ဆိုပြီးတော့ Tea Focus ထားတဲ့ဆိုင်တွေက နည်းနေသေးတာပဲဖြစ်ပါတယ်။ အဲဒါကြောင့် the Tea Club ကိုဖွင့်ဖြစ်ခဲ့တာပါလို့ပြောလာတဲ့ the Tea Club ရဲ့ Co-Founder ဖြစ်သူ ကိုမျိုးမြင့်ကျော်နှင့်တွေ့ဆုံခိုက် CEO ပရိသတ်များအတွက် မေးမြန်းဖြစ်ခဲ့ပါတယ်။
Posted On August 12, 2020, By CEO Editors

Two Ladies

မြန်မာ့ရိုးရာချိတ်ကိုအခြေခံထုတ်လုပ်ထားတဲ့ လက်မှုပစ္စည်းများ၊ ချည်ထည် အမျိုးသမီးဝတ် ဒီဇိုင်းဆန်းအင်္ကျီများအပြင် ပန်းချီဆရာများ ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီလက်ရာများနဲ့ လက်ဆောင်ပစ္စည်းများကို ထုတ်လုပ်ရောင်းချပေးနေတဲ့ Two Ladies Co Ltd အကြောင်းကို လုပ်ငန်းတည်ထောင်သူတွေဖြစ်ကြတဲ့ မမြတ်သဇင်နှင့် မငုဝါမောင်တို့ကို CEO ပရိသတ်များအတွက် မေးမြန်းဖြစ်ခဲ့ပါတယ်။ လုပ်ငန်းစတင်တည်ထောင်ဖြစ်ပုံ Two Ladies Co Ltd ကို စတင်တည်ထောင်ဖြစ်ခဲ့တာ ၂၀၁၈ ခုနှစ်လောက်မှာပါ။ ကျွန်မမြတ်သဇင်ရယ်၊ ညီမငုဝါမောင်ရယ် နှစ်ယောက်နဲ့ စတင်တည်ထောင်ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့နှစ်ယောက်က Business Management သင်တန်းတွေတက်ရင်းကနေ ခင်မင်ခဲ့ပါတယ်။JICA Scholarship Program နဲ့ ဂျပန်ကို အတူတူသွားရောက် လေ့လာရင်း၊ MABA (Myanmar-Japan-Center Alliance Business Association)ဆိုတဲ့ ဂျပန်မြန်မာစီးပွားရေး လုပ်ငန်းရှင်များအသင်းရဲ့ လှုပ်ရှားမှုများကို အတူတူလုပ်ရင်း မြန်မာ […]
Posted On June 23, 2020, By CEO Editors

M Melody Face Mask & Body Scrub

M Melody Face Mask & Body Scrub နဲ့ ပက်သက်ပြီး Founder ကိုမင်းမင်းထွေးနဲ့ Co-Founder မသဇင်မြင့်အောင် တို့က ဖြေကြားပေးထားပါတယ်။ လုပ်ငန်းအကြောင်း M Melody ကို ၂၀၁၇ ခုနှစ်၊ ၁၀ လပိုင်းက စတင်လုပ်ခဲ့ပါ တယ်။ Product တွေနဲ့ ပတ်သက်လို့ Coffee Scrub ကို အရင်ထုတ်တယ်။ အသုံးများတာက Coffee Scrub ပါ။ Coffee Scrub မှာ အမှုန့်လာတယ်။ User တွေ တအားကြိုက်တော့ တခြားလူတွေလည်း အလွယ်တကူသုံးလို့ရအောင်၊ အဆင်ပြေအောင်ဆိုပြီး ခရင်မ်ပုံစံ ပြောင်းလိုက်ပါတယ်။ ခရင်မ်ပုံစံက အိမ်မှာပဲရေချိုးစင်မှာ တင်ထားလို့ရတယ်။ Packaging တွေလည်းပြန်ပြောင်းလိုက်တယ်။ နောက်ပိုင်းကျကင်မွန်းသီး Scrub […]
Posted On January 24, 2019, By Editorial

လက်လီကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုခြင်း

အောက်တိုဘာလ ၂၇ ရက်က ရန်ကုန်မြို့ UMFCCI မှာ မြန်မာနိုင်ငံလက်လီရောင်းချသူများ အသင်းရဲ့မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းရဲ့ ၅ ကြိမ်မြောက်နှစ်ပတ်လည် အခမ်းအနားနဲ့ ပဉ္စမအကြိမ်နှစ်ပတ်လည်အထိမ်းအမှတ် လက်လီလုပ်ငန်းဆိုင်ရာ ဆွေးနွေးဟောပြောပွဲကို ပြုလုပ်ခဲ့ပါတယ်။ ပွဲမှာအသင်းရဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းတင့်က အဖွင့်မှာစကားပြောကြားခဲ့ပြီး ဆရာပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က Keynote Speech ပြောကြားခဲ့ပါတယ်။ ဒါအပြင် Future of Franchising နဲ့  How  E-Commerce is Driving Retail Industry စတဲ့ ခေါင်းစဉ်တွေနဲ့ ဟောပြောဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပွဲမှာမြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းရဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းတင့်မှ ဆွေးနွေးပွဲအဖွင့်အမှာစကားထဲမှ တချို့ကို ကောက်နုတ်ပြထားချက်နဲ့အတူ သူ့ကို မေးမြန်းထားတဲ့ လက်လီလုပ်ငန်းကဏ္ဍမှာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုခဲ့တဲ့အပေါ် အမြင်နဲ့ လက်လီလုပ်ငန်းရှင်တွေအနေနဲ့ ဘယ်လိုစိန်ခေါ်မှုတွေရှိနေလဲ၊ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုနေသလဲ၊ […]
Posted On January 15, 2019, By Editorial

ဒေါ်လာ ၄.၅ ဘီလီယံတန် နည်းပညာကုမ္ပဏီ JD.com ကို Richard Liu ဘယ်လိုတည်ထောင်ခဲ့သလဲ

JD.com အွန်လိုင်းဈေးရောင်းဝက်ဘ်ဆိုက်တည်ထောင်သူ စီအီးအိုရစ်ချတ်လျူးဟာ အမေရိကန်နိုင်ငံမှာလိင်ပိုင်းမဖွယ်မရာပြုမှုအတွက်သံသယရှိလို့ အဖမ်းခံရပြီးနောက်ပိုင်း ကမ္ဘာ့သတင်းမီဒီယာတွေရဲ့မျက်နှာဖုံးသတင်းဖြစ်လာပါတယ်။ ဒါပေမဲ့ ယခုအခါ တရုတ်ပြည်ပန်ရောက်နေတဲ့ ရစ်ချတ်ရဲ့ကုမ္ပဏီက အဲဒီစွပ်စွဲချက်ဟာလုပ်ကြံမှုသာဖြစ်တယ်လို့ ဆိုပါတယ်။ သို့တစေ တရုတ်ပြည်က တွစ်တာလိုဆိုရှယ်မီဒီယာအက်ပလီကေးရှင်း Weibo မှာ သုံးစွဲသူတွေက လိမ္မော်ရောင်အချုပ်သားဝတ်စုံဝတ်ထားတဲ့ ရစ်ချတ်ရဲ့ ရဲမှတ်တမ်းဓာတ်ပုံကိုမျှဝေကြကာ ၄င်းရဲ့ဒေါ်လာ ၄.၅ ဘီလီယံတန် ကုမ္ပဏီရဲ့အနာဂတ်ကို တွေးပူနေကြပါတယ်။           “တရုတ်ပြည်က ကုမ္ပဏီတည်ထောင်သူတွေဟာ ထင်ပေါ်ကျော်ကြားတဲ့ ပုဂ္ဂိုလ်ဖြစ်ရတာကို သဘောကျကြတယ်။ သုံးစွဲသူတွေဟာ တခြားဈေးကွက်တွေမှာထက် ရစ်ချတ်ရဲု့ပြဿနာတွေကို ပိုပြီးသတိထားမိဖွယ်ရှိတယ်” လို့ ပေကျင်းမြို့အခြေစိုက် China Market Research Group မှ ဆန်းစစ်လေ့လာသူ ဘင်ဂျမင်ကဗင်ဒါးက ပြော ပါတယ်။           JD.com ဟာ ဂျက်မားရဲ့ Alibaba.com áżá€•á€Žá€¸á€›á€„ယ အကြီးမားဆုံးအွန်လိုင်းဈေးရောင်း ဝက်ဘ်ဆိုက်ဖြစ်ပြီး တရုတ်ပြည်မှာ […]
Posted On January 15, 2019, By Editorial

Jelly Bunny

Jelly Bunny နဲ့ပတ်သက်ပြီး ပိုင်ရှင်ဖြစ်သူ မနန်းစုစုလှိုင်က အခုလို ဖြေကြားပေးထားပါတယ်။ Jelly Bunny မှာ ဘယ်လိုပစ္စည်းတွေကိုအဓိကရောင်းလဲ ——————- Jelly Bunny က ဖိနပ်နဲ့ အိတ်လေးတွေ အဓိကရောင်းပါတယ်။ ဖိနပ်လေးတွေက ပိုများပါတယ်။ အိတ်လေးတွေက လူကြီးလည်း ကိုင်လို့ရသလို၊ အများစုကတော့ လူငယ်ပိုင်းကိုင်တဲ့ အိတ်လေးတွေ ပိုများပါတယ်။ ဘယ်နိုင်ငံကနေတင်သွင်းလဲ ——————– Jelly Bunny က ထိုင်းနိုင်ငံအခြေစိုက်လုပ်ငန်းပါ။ တချို့ Product တွေကို ထိုင်းနိုင်ငံမှာ ပြုလုပ်ထားတာဖြစ်ပြီး တချို့ပစ္စည်းတွေကတော့ Brazil ကနေ Import လုပ်ထားတာဖြစ်ပါတယ်။ Brand ကကြတော့ Thailand Base ဆိုပေမယ့် နိုင်ငံခြောက်နိုင်ငံမှာရှိပါတယ်။ စင်ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ ထိုင်းပြီးတော့ ကျွန်မတို့ […]
Posted On July 13, 2018, By Editorial

Wi-Ho Myanmar

Telecom Square Myanmar ရဲ့ Wi-Ho အမှတ်တံဆိပ် အိတ်ဆောင်ဝိုင်ဖိုင်လွှင့်စက်ငှားရမ်းခြင်း၊ နိုင်ငံတကာသုံး Sim Card များကို ရောင်းချပေးခြင်းစတဲ့ ၀န်ဆောင်မှုတွေနဲ့ပတ်သက်လို့ Telecom Square Myanmar က Senior Manager ဒေါ်တင်နိုင်အေးက ဖြေဆိုပေးထားပါတယ်။ Telecom Square Myanmar က ပေးနေတဲ့ဝန်ဆောင်မှုများ ——————————— Telecom Square Myanmar က နိုင်ငံတကာသုံး Wi-Ho အိတ်ဆောင်ဝိုင်ဖိုင်လွှင့်စက်၊ ကမ္ဘာတစ်ဝှမ်းသုံး Wi-Ho အိတ်ဆောင်ဝိုင်ဖိုင်လွှင့်စက်တွေ ငှားရမ်းခြင်းနဲ့ နိုင်ငံတကာသုံး Sim Card တွေကို ကြိုတင်ရောင်းချခြင်းစတဲ့ ၀န်ဆောင်မှုတွေ ပေးနေပါတယ်။ နိုင်ငံတကာသုံး Wi-Ho အိတ်ဆောင်ဝိုင်ဖိုင်လွှင့်စက်ကိုတော့ ကိုယ်သွားမယ့် နိုင်ငံအလိုက် ငှားရမ်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ – ကိုယ်က […]
Posted On June 30, 2018, By Editorial

Startupလုပ်ငန်းသစ်ကို ပျိုးထောင်ခြင်း

ကနဦးလုပ်ငန်းသစ်၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်၊ အသေးစားအလတ်စားစီးပွားရေး၊ နည်းပညာအခြေပြု လုပ်ငန်းသစ်များ၊ စိတ်ကူးစိတ်သန်းကောင်းများဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ဖန်တီးထုတ်လုပ်သည့် လုပ်ငန်းငယ်များ … စသဖြင့် အမျိုးမျိုးသော လုပ်ငန်းသစ်များအနေဖြင့် ရှင်သန်ရပ်တည်နိုင်ရန် ကိုယ်တိုင် ကျားကုတ်ကျားခဲ  ကြိုးစားကြရမည်ဖြစ်သလို အထောက်အပံ့ကောင်းများလည်း လိုအပ်သည်။ အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်သည့် ငွေကြေးအရင်းအနှီး စိုက်ထုတ်ရင်းနှီးမြှုပ်နှံသူများရရှိရန်ကလည်း ကနဦးလုပ်ငန်းသစ်များအတွက် ရေသောက်မြစ်ဖြစ်သည်။ ဤနေရာတွင် လုပ်ငန်းတည်ထောင်သူများ၏ အပြုအမူ၊ အပြောအဆို၊ အမူအကျင့်၊ စီမံခန့်ခွဲပုံ၊ ကတိက၀တ်နဲ့ ဦးဆောင်နိုင်စွမ်း စသဖြင့် ကိုယ်ရည်ကိုယ်သွေးအမျိုးမျိုးက စကားပြောလာသည်။ ဒါအပြင် လုပ်ငန်းကျွမ်းကျင်မှု၊ နည်းပညာကို အကောင်းဆုံးအသုံးချနိုင်မှု၊ ကြော်ငြာ /PR စသည့် မိမိလုပ်ငန်းကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးမည့် နည်းလမ်းများကိုလည်း အပြည့်အ၀ ဖော်ထုတ်အသုံးပြုရမည်ဖြစ်သည်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်သလို ကိုယ်တိုင်လည်းရင်းနှီးမြှုပ်နှံမှုများ လုပ်နေသူ Myanmar Investment International Limited […]
Posted On June 30, 2018, By Editorial

Aurora Laser Engraved Wood Art

Aurora Laser Engraved Wood Art နဲ့ ပတ်သက်လို့ ပိုင်ရှင်ဖြစ်သူ ဒေါ်ဝင်းလဲ့လဲ့အေးက ဖြေကြားပေးထားပါတယ်။ စတင်ဖွင့်ဖြစ်ခဲ့ပုံ —————– ကျွန်မအမျိုးသားက အစကတည်းက ရွှေနန္ဒ၀န်ဆိုတဲ့ မိသားစုပန်းပုလက်မှုပညာလုပ်ငန်းကို လုပ်ပါတယ်။ နောက်ပိုင်းမှာ လေ့လာရသလောက်က လက်မှုတစ်ခုတည်းနဲ့တင် မလုံလောက်တော့ဘူး။ ကိုယ်က သစ်လက်မှုအခြေခံဆိုတော့ အဲဒီအပေါ်မှာ ဘယ်လိုမျိုးနည်းပညာနဲ့ တွဲဖက်ပြီး တီထွင်နိုင်မလဲဆိုတာကို စဉ်းစားတဲ့အခါမှာ Laser Engraving ဆိုတဲ့ နည်းပညာကိုတွေ့ခဲ့တယ်။ စိတ်ဝင်စားပြီး လုပ်ချင်စိတ်ရှိခဲ့တဲ့အတွက် ၂၀၁၇ နိုဝင်ဘာလမှာ စဖွင့်ဖြစ်ခဲ့ပါတယ်။ ဒီပစ္စည်းလေးတွေက ပရိဘောဂလုပ်လို့ ထွက်လာတဲ့ By-product ကနေ Value-added Product ဖြစ်သွားတာပါ။ အဲဒီရည်ရွယ်ချက်လေးနဲ့ပဲ ထုတ်လုပ်ခဲ့တာပါ။ ဆိုင်မှာရနိုင်တဲ့ ပစ္စည်းအမျိုးအစားတွေနဲ့ ဒီဇိုင်းတွေက —————- ကျွန်မတို့က အဓိကအားဖြင့် ကြိတ်သားကနေ ခဲတံထည့်တဲ့ဘူး၊ […]
Posted On April 13, 2018, By Editorial

မြန်မာ့ထုတ်ကုန်များ ယှဉ်ပြိုင်နိုင်စွမ်းရှိပြီလား

မြန်မာနိုင်ငံထုတ် မြန်မာ့ကုန်အမှတ်တံဆိပ်အမျိုးမျိုးကို နိုင်ငံတကာအဆင့်မီ ရောင်းတန်းဝင်ပစ္စည်းများအဖြစ် မြင်တွေ့ရန် လုပ်ငန်းရှင်တိုင်းလိုလို လိုလားကြသည်။ မြန်မာ့ထုတ်ကုန်ပစ္စည်းဟုဆိုရာတွင် Raw Material အဆင့်ဖြင့်မဟုတ်ဘဲ ကုန်ချောပစ္စည်း၊ Value-Added Goods များကို ရည်သန်သည်။ လက်တွေ့တွင် မြန်မာ့ထုတ်ကုန်များကို စလယ်ဆုံး ထုတ်လုပ်နေကြသော လုပ်ငန်းရှင်များအနေဖြင့် ဘက်ပေါင်းစုံမှ အခက်အခဲများရှိနေကြသည်မှာလည်း အမှန်ပင်ဖြစ်သည်။ ပြည်တွင်းစားသုံးသူများ၏ စိတ်တွင် နိုင်ငံတကာအမှတ်တံဆိပ်များကို ပိုမိုအားထားရသည်ဟု ယုံကြည်နေခြင်း၊ ပြည်တွင်းဖြစ်ပစ္စည်းများကို တန်ဖိုးမြင့်ပေးပြီး မသုံးစွဲလိုကြခြင်းလို ဈေးကွက်ယုံကြည်မှုနှင့် စားသုံးသူအလေ့အထများက အများပြည်သူအမြင်သာဆုံး မြန်မာ့ထုတ်ကုန်လုပ်ငန်းရှင်များ၏ အခက်အခဲတချို့ဖြစ်သည်။ ကုန်ထုတ်လုပ်မှုစရိတ်စက မြင့်မားခြင်း … စားသောက်ကုန်၊ အ၀တ်အထည်၊ ဆေးဝါး၊ လူသုံးကုန်၊ အလှကုန်ပစ္စည်းများ စသည်ဖြင့် အမျိုးမျိုးသောကဏ္ဍများတွင် တချို့မြန်မာနိုင်ငံတွင်မထွက်၊ မရနိုင်သော ကုန်ကြမ်းပစ္စည်းများ တင်သွင်းရသည့် ကုန်ကျစရိတ်ရှိသည်။ ပြည်တွင်းလုပ်ငန်း နိုင်ငံရပ်ခြားတင်ပို့ရန်မဟုတ်သေးဘဲ ပြည်တွင်းဈေးကွက်အတွင်းရှိ […]
Posted On March 31, 2018, By Editorial
1 2 3 8