Top Story
S p o n s o r e d
Management
“လျို့ဝှက်ထောက်လှမ်းရေးအတွက် ရင်းနှီးမြှုပ်နှံပါ” ယခင်လမှအဆက် ညွန့်သောင်းဆွန်ဇူးကအောက်ပါအတိုင်းဆက်လက်မိန့်ကြားပါတယ်။ အဖွဲ့အစည်းအတော်များများမှာ တွေ့ရတဲ့ပြဿနာက သတင်းအချက်အလက်များကို စုစည်းထားခြင်း၊ ဆက်စပ်၍ပြုလုပ်ခြင်းနဲ့ ဖြန့်ဖြူးရေးတို့နဲ့ဆိုင်တဲ့ကိစ္စတွေဖြစ်တယ်။ အဖွဲ့အစည်းအများစုမှာ သတင်းအချက်အလက်တွေ အများကြီးရှိနေကြပေမယ့် ဒီသတင်းအချက်အလက်တွေ မှန်၊ မမှန်စစ်ဆေးကြည့်ခြင်း မရှိ၊ ဘယ်ကိစ္စမျိုးတွေမှာ အသုံးတည့်တယ်ဆိုတာတွေကို လည်းမသိကြဘူး။ အမေရိကန်ထောက်လှန်းရေးအဖွဲ့ (စီ၊ အိုင်၊ အေ) မှာပင်လျင် ရရှိထားတဲ့ သတင်းအချက်အလက်တွေဟာ အများသိပြီးသားတွေကများတယ်။ လျို့ဝှက်ထောက်လှမ်းလို့ရတာတွေကနည်းတယ်။ ထောက်လှမ်းရေးလုပ်ငန်းရဲ့ အဓိကအလုပ်ဟာ အလွယ်တကူရနိုင်တဲ့ သတင်းအချက်အလက်များကို စနစ်တကျစုစည်းခြင်းနဲ့ အဓိပ္ပာယ်ဖော်ထုတ်ပေးခြင်းပဲဖြစ်တယ်။ မန်နေဂျာများ တွေ့ကြုံရတတ်တဲ့ အခက်အခဲများရဲ့အများစုဟာ သူတို့လုပ်ကိုင်နေရတဲ့ကိစ္စများနဲ့ပတ်သက်ပြီး သေသေချာချာရေရေရာရာမသိဘဲဖြစ်နေတတ်တာမျိုးဖြစ်တယ်။ သေချာအောင်သိချင်ရင်တော့ သတင်းအချက်အလက်တွေကို ရအောင်လုပ်ရတယ်။ ပိုရအောင် လုပ်ရလေလေ ရထားတာတွေကို စိစစ်ရတဲ့အချိန်တွေကို ယူရလေလေပဲ။ တစ်ခုနဲ့တစ်ခုဆက်စပ်မှုရှိမရှိကြည့်ဖို့ကို ခဲယဉ်းသွားတယ်။ အငြိမ်းစားစစ်တပ်ဗိုလ်ချုပ်ကြီးတစ်ဦးရဲ့အဆိုအရဒီခေတ်လိုသတင်းအချက်အလက်ခေတ်ကြီးမှာ ရရှိတဲ့သတင်းတွေက တစ်ပုံတစ်ခေါင်းကြီးကို အလွန်အကျူးကြပ်မတ်ထိန်းချုပ်ပစ်လိုက်ချင်တဲ့စိတ်ကို ချုပ်တည်းထားဖို့၊ […]
Posted On January 11, 2021, By CEO Editors
Posted On August 26, 2020, By CEO Editors
Posted On August 13, 2020, By CEO Editors
Posted On May 27, 2020, By CEO Editors
Executive Q & A
ဒေါက်တာ ဒေါ်ရီရီမြင့် (ပါမောက္ခ – ငြိမ်း – ရန်ကုန်စီးပွားရေးတက္ကသိုလ်) ဝန်ထမ်းတစ်ယောက်အနေနဲ့ အလုပ်စဝင်တဲ့အချိန်ကတည်းက အဆင့်မြင့်တာဝန်နဲ့နေရာအတွက်စဉ်းစားပြီးအရည်အချင်းရော စိတ်ဓာတ်ရောစဉ်းစားပြင်ဆင်နေတယ်ဆိုရင်တော့ ကျေနပ်စရာကောင်းပါတယ်။ဝန်ထမ်းတစ်ယောက်အနေနဲ့က လုပ်ရတဲ့အလုပ်နဲ့ပတ်သက်တဲ့ စိတ်ပါဝင်စားမှုကျွမ်းကျင်မှုဟာ ပထမအရေးကြီးတဲ့အချက်ဖြစ်မယ်လို့ ဆိုနိုင်ပါတယ်။ မိမိကိုယ်တိုင်ကကျေနပ်အားရတဲ့ဝန်ထမ်းတစ်ယောက်အနေနဲ့ ပါဝင်မှုကအစ Teamwork မှာ ပါဝင်သူတွေနဲ့ဆက်ဆံရေးကောင်းပြီး လိုအပ်တဲ့ကိစ္စရှိလာရင်လည်း နိုင်တဲ့နေရာကနေ ပါဝင်ဖို့အသင့်ရှိနေရပါမယ်။ဒါဟာ မိမိအနေနဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့ ပထမဆုံးအဆင့်ကနေ နောက်တစ်ဆင့်တက်ဖို့ ဦးဆောင်နိုင်တဲ့အရည်အချင်းနဲ့ယုံကြည်မှုလည်းဖြစ်ပါတယ်။ အဖွဲ့တစ်ဖွဲ့ကို ခေါင်းဆောင်နိုင်မှုအတွေ့အကြုံကနေ အနာဂတ်အတွက်မှာတော့ စီမံခန့်ခွဲမှုလုပ်ငန်းတွေအနေနဲ့ အဖွဲ့ရဲ့လုပ်ငန်းတွေစီမံတာ၊ ထိန်းချုပ်တာ၊ လုပ်ငန်းဆက်စပ်မှုတွေပါ အဆင်ပြေအောင်လုပ်နိုင်ရမယ့် အခွင့်အရေးနဲ့ ရှေ့အတွက် ပြင်ဆင်မှုဖြစ်ပါမယ်။နောက်တစ်ဆင့်မှာကတော့ လုပ်ငန်းတွင်းညှိနှိုင်းမှုတွေအပြင် လုပ်ငန်းစီမံချက်တွေတိုးတက်မှုစီမံကိန်းတွေမှာ ပါဝင်ရတဲ့၊ စီမံခန့်ခွဲရတဲ့လုပ်ငန်းရဲ့ Management အဆင့်မှာ ပါဝင်လာနိုင်ဖို့ မျော်လင့်လို့ရသလို ပြဿနာတွေမှာပါအကြံပြုဆွေးနွေးအဖြေရှာရမယ့်ကိစ္စတွေကိုပါ တာဝန်ယူရတာမျိုး ဖြစ်လာပါမယ်။ အခြေခံကနေ အထက်အဆင့်တွေမှာတာဝန်ယူနိုင်ဖို့ဆိုရာမှာ ရာထူးကိုအာရုံမပြုဘဲ အလုပ်နဲ့ကိုယ့်စွမ်းရည်ကျေနပ်မှုရအောင်နဲ့ […]
Posted On January 6, 2021, By CEO Editors
Posted On January 6, 2021, By CEO Editors
Posted On December 14, 2020, By CEO Editors
Posted On December 14, 2020, By CEO Editors
Local News
Posted On December 29, 2020, By CEO Editors
Posted On December 15, 2020, By CEO Editors
Posted On December 15, 2020, By CEO Editors
Posted On December 14, 2020, By CEO Editors
Latest Articles
Posted On January 14, 2021, By CEO Editors
Posted On January 14, 2021, By CEO Editors
Posted On January 11, 2021, By CEO Editors
Posted On January 11, 2021, By CEO Editors
Copyright © 2021 All Rights Reserved.