လူငယ်ခေါင်းဆောင်များအတွက် ခေါင်းဆောင်မှုဆိုင်ရာထိပ်တန်းအကြံပြုချက်များ

အိန္ဒိယလူမျိုးစီးပွားရေးလုပ်ငန်းကျွမ်းကျင်သူ Siddhant Raizada ရဲ့ ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး မှတ်သား စရာကောင်းတဲ့အကြံပြုချက်တွေကို အောက်မှာဖော်ပြလိုက်ပါတယ်။


ထက်မြက်တဲ့အဖွဲ့အစည်းတစ်ခုကိုတည်ဆောက်ခြင်းဟာ အမြဲလုပ်နေရတဲ့လုပ်ငန်းစဉ်ဖြစ်သလို တစ်သက်လုံးလည်းလုပ် နေရမယ့်လုပ်ငန်းဖြစ်ပါတယ်။ အစောပိုင်းအဆင့်တွေမှာ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေဟာ ရှင်သန်ရပ်တည်ရေးကို အာရုံ စိုက်ကြပြီး အဲဒါဟာလည်းမှန်ပါတယ်။ ဒါပေမဲ့ အဖွဲ့အစည်းရဲ့ယဉ်ကျေးမှုဆိုင်ရာမျိုးဗီဇကိုဖန်တီးတာဟာလည်း ဒီအ စောပိုင်းနှစ်တွေအတွင်းမှာပဲဖြစ်ပါတယ်။ အဲဒါကြောင့် တည်ထောင်သူတွေနဲ့ခေါင်းဆောင်တွေဟာ သူတို့ရဲ့ယဉ်ကျေးမှု ကျင့်ဝတ်စည်းကမ်းကို အောင်မြင်မှုအတွက်ပုံစံချထားတယ်ဆိုတာသေချာအောင်လုပ်ဖို့အတွက် တချို့သောအရာတွေကို စိတ်ထဲမှာထည့်ထားရပါမယ်။ လွန်ခဲ့တဲ့ ၁၇ နှစ်အတွင်းမှာ စွန့်ဦးတီထွင်သူတွေ၊ လုပ်ငန်းခေါင်းဆောင်တွေအများကြီး နဲ့ ကျွန်တော်အလုပ်လုပ်ခဲ့ပါတယ်။
ဒီလိုလုပ်ခဲ့တဲ့အတွက် နေ့စဉ်ဆုံးဖြတ်ချက်ချမှုတွေဟာ ရေရှည်အောင်မြင်မှုအပေါ်မှာဘယ်လို သက်ရောက်မှုရှိတယ် ဆိုတာကို ကျွန်တော်စောင့်ကြည့်လေ့လာခွင့်ရခဲ့ပါတယ်။ အဲဒီနှစ်တွေအတွင်း ကျွန်တော့်ရဲ့လေ့လာတွေ့ရှိမှုတွေကို အောက်မှာဖော်ပြထားပါတယ်။ ဒါပေမဲ့ အဲဒါတွေဟာ အကြွင်းမဲ့အမှန်တရားတွေတော့လုံးဝမဟုတ်ပါဘူး။ အဲဒီလေ့လာ တွေ့ရှိမှုတွေဟာ ကျွန်တော့်ရဲ့အမှန်တရားတွေသာဖြစ်ပါတယ်။ အဲဒီလေ့လာတွေ့ရှိမှုတွေကို လက်ခံချင်ရင်လည်းရပါ တယ်။ လက်မခံဘဲနေလို့လည်းရပါတယ်။

• တော်တဲ့လူထက် မှန်တဲ့လူကိုအလုပ်ခန့်ပါ။


သင့်ရဲ့တန်ဖိုးထားမှုစံတွေနဲ့ တူတဲ့တန်ဖိုးထားမှုစံတွေရှိတဲ့သူတွေ ကို အလုပ်ခန့်ထားတယ်ဆိုတာသေချာအောင်လုပ်ပါ။ လုပ်ငန်းပိုင်းကျွမ်းကျင်မှုတွေကို သင်ပေးလို့ရပေမဲ့တန်ဖိုး ထားမှုတွေကိုသင်ပေးဖို့ခက်ခဲပါတယ်။ လုပ်ငန်းဆိုင်ရာဆုံးဖြတ်ချက်တွေကို ပြည့်စုံတဲ့သတင်းအချက်အလက် တွေနဲ့လုပ်ဖို့ များသောအားဖြင့်လိုအပ်ပါတယ်။ အဲဒါကြောင့် အဖွဲ့ဟာ တန်ဖိုးထားမှုစံတွေမှာ တပြေးညီဖြစ် နေရင် ဆုံးဖြတ်ချက်တွေပိုမြန်လာပြီး အကောင်အထည်ဖော်ဆောင်ရွက်မှုတွေပိုကောင်းလာပါတယ်။ တန်ဖိုး ထားမှုတပြေးညီဖြစ်မှုဟာ အဆင့်အားလုံးမှာ အပြုအမူတွေတူနေတယ်ဆိုကို သေချာစေတဲ့အတွက် တာဝန်ခွဲ ဝေပေးမှုကိုလည်းပိုပြီးလွယ်ကူစေပါတယ်။ အဲဒါကြောင့် အဖွဲ့အစည်းရဲ့အောက်ပိုင်းကလူတစ်ယောက်ဟာ အ ထက်ပိုင်းကလူတစ်ယောက်နဲ့ တူညီတဲ့ဆုံးဖြတ်ချက်ကိုပဲချပါလိမ့်မယ်။ အရေးအကြီးဆုံးအချက်ကတော့ တော် တဲ့လူကိုခက်ခက်ခဲခဲရှာမနေဘဲ မှန်ကန်တဲ့လူကိုသာ ကြိုးစားရှာဖွေပြီး ရွေးချယ်ပါ။

• အလုပ်ဟောင်းကိုပဲလုပ်ပြီး ပိုတော်နေတဲ့လူတွေမဖြစ်ပါစေနဲ့။


သင့်လုပ်ငန်းရဲ့အောင်မြင်မှုဟာ ]ငါတို့အ ရင်ကလူတွေထက် ငါတို့ကပိုပြီးသာလိမ့်မယ်} ဆိုတဲ့ အပေါ်မှာအဓိကမူတည်နေတယ်ဆိုရင် နောက် တစ်ကြိမ် ပြန်ပြီးစဉ်းစားပါ။ အခုအခါမှ ဘယ်အထဲကိုမဆိုဝင်ခွင့်ရဖို့အတားအဆီးတွေဟာ တော်တော်နည်းနေပါပြီ။ အဲ ဒါကြောင့် ဖောက်သည်တွေအတွက် သိသိသာသာပိုပြီးကောင်းတဲ့အတွေ့အကြုံတစ်ခုကို သင်ယူဆောင်မလာ ဘူးဆိုရင် သတိထားပါ။ ရေတိုမှာသင်အောင်မြင်ရင်တောင် မကြာခင်မှာတစ်ယောက်ယောက်က သင့်ကိုအမီ လိုက်လာပြီး လူတော်တွေအဖြစ်နဲ့ သင်ရရှိခဲ့အကျိုးအမြတ်တွေကို တဖြည်းဖြည်းလျော့နည်းသွားစေပါလိမ့်မယ်။ ကမ္ဘာကြီးအပေါ်သင်က ဘယ်လိုပဲအဆိုးမြင်နေသည်ဖြစ်စေ လူတော်တွေဟာမရှားပါဘူး။ ဒါပေမဲ့ ]ကောင်းတဲ့ အတွေ့အကြုံ} တွေကတော့ နည်းပြီးအလှမ်းဝေးနေစမြဲပါပဲ။

• ထိပ်ဆုံးကလူတွေနဲ့မဆိုင်ဘဲ ရှေ့တန်းကလူတွေနဲ့သာ ဆိုင်ပါတယ်။


လုပ်ငန်းတည်ထောင်သူတိုင်း ဟာ ဖောက်သည်ကိုကျေနပ်အောင်လုပ်ပေးတဲ့အလုပ်နဲ့စကြပေမဲ့ အဲဒါကိုသဘောပေါက်တဲ့လူနည်းပါတယ်။ သူ တို့ကိုမေးလိုက်တဲ့အခါ သူတို့ခန့်ထားတဲ့ဝန်ထမ်းတွေကိုပဲ အပြစ်တင်ကြပါတယ်။ ပြန်စဉ်းစားကြည့်ရင် ဖောက်သည်တွေကို စိတ်ကျေနပ်မှုပေးတဲ့သူတွေဟာ ဒီဝန်ထမ်းတွေပဲဖြစ်ပါတယ်။ ဒီလုပ်ငန်းရဲ့ထိပ်ပိုင်းက အ ရာရှိချုပ်တွေမဟုတ်ကြပါဘူး။ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာအကြီးအကဲတွေနဲ့ လုပ်ငန်းရဲ့အကြီးအကဲတွေဟာ ဖောက်သည်တွေနဲ့အဝေးကြီးပါ။ အရေးအကြီးဆုံးက ရှေ့တန်းမှာလုပ်ကိုင်နေသူတွေ စိတ်အေးချမ်းသာရှိဖို့ပဲ ဖြစ်ပါတယ်။ သူတို့ဟာ ဖောက်သည်တွေနဲ့အပြန်အလှန်ဆက်ဆံကြပါတယ်။ သူတို့ဟာဖောက်သည်တွေရဲ့ ပြ ဿနာကိုဖြေရှင်းဖို့ ကျင့်ဝတ်စည်းကမ်းကိုဖော်ထုတ်ပါတယ်။ ပို့စာတွေနဲ့ Message ကတစ်ဆင့်စကားပြောဆိုမှုတွေ ကိုပြန်ကြားပေးတာဟာ ဒီလူတွေပဲဖြစ်ပါတယ်။ ဖောက်သည်တွေရဲ့ကျေနပ်မှုမကျေနပ်မှုတွေကို တစ်နေ့တာလုံး ခံစားရတာဟာ ဒီလူတွေပဲဖြစ်ပါတယ်။ အဲဒါကြောင့် သူတို့ရဲ့ပျော်ရွှင်မှုကိုသင်ကဂရုစိုက်ဖို့လိုအပ်ပြီး ဒါဟာ သူ တို့ကိုလစာကောင်းကောင်းပေးရုံလောက်သာ မဟုတ်ပါဘူး။ သူတို့အနေနဲ့ သူတို့ရဲ့ဖောက်သည်တွေကို ကူညီ နိုင်ဖို့အတွက် သူတို့ကိုအရင်းအမြစ်တွေ၊ လက်နက်ကိရိယာတွေ၊ လုပ်ပိုင်ခွင့်တွေလည်းပေးထားဖို့ လိုအပ်ပါ တယ်။ စီမံခန့်ခွဲသူတွေဆီက မှန်ကန်တဲ့အသိအမှတ်ပြုမှုကိုရတယ်လို့ သူတို့ကယူဆရင် သင့်ရဲ့ဖောက်သည် တွေကလည်း သူတို့အသိအမှတ်ပြုခံရတယ်လို့ယူဆလိမ့်မယ်ဆိုတာကို သင်ယုံကြည်စိတ်ချနိုင်ပါတယ်။

• Brand ဟာ ကုန်အမှတ်တံဆိပ်ကပ်တာမဟုတ်ပါဘူး။


Brand ဟာ စာလုံးပုံစံ၊ အရောင်နဲ့ လိုဂိုပုံစံတွေ မ ဟုတ်ပါဘူး။ Brand ဟာ ဖောက်သည်တစ်ယောက်ကသင့်ရဲ့ကုန်ပစ္စည်းကိုသုံးစွဲတဲ့အခါခံစားရတဲ့ စိတ်ခံစားမှု ဖြစ်ပါတယ်။ Brand ဟာ မျှော်လင့်ချက်နဲ့အတွေ့အကြုံကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ သင့်ရဲ့ဆက်ဆံပြော ဆိုမှုနဲ့ထုပ်ပိုးမှုဟာ မျှော်လင့်ချက်ကိုဖန်တီးပါတယ်။ အဲဒီမျှော်လင့်ချက်ဟာအတွေ့အကြုံနဲ့မကိုက်ညီဘူးဆိုရင် သင်ဟာ ခိုင်မာတဲ့ Brand တစ်ခုကိုဘယ်တော့မှတည်ဆောက်နိုင်မှာမဟုတ်ပါဘူး။ Brand တည်ဆောက်မှု ဟာ သင်နည်းနည်းကျော်ကြားလာတဲ့နေ့မှာ အစပြုတယ်လို့ စွန့်ဦးတည်ထွင်သူတော်တော်များက ယူဆကြပါ တယ်။ အဲဒါဟာ ”လူတွေကရိုးသားမှုကိုကြိုက်တယ်ဆိုတာကို ကျွန်တော်တို့သိပေမဲ့ လူတွေအများကြီးက ကျွန် တော်တို့ကိုသိတဲ့အချိန်ကျမှ ကျွန်တော်တို့ရိုးသားပါမယ်” လို့ပြောတာနဲ့တူနေပါတယ်။ လက်တွေ့ဘဝမှာတောင် သူ့ကိုလူတွေဘယ်လောက်များကသိသလဲဆိုတာအပေါ်မှာ အခြေခံပြီးသူ့ရဲ့အပြုအမူကိုပြောင်းလဲတဲ့ လူတစ် ယောက်ကို ကျွန်တော်တို့မျှော်လင့်ကြမှာလား။ ဂန္ဒီဟာ သူ့ကိုဘယ်သူမှမသိသေးတဲ့အချိန်တုန်းကလည်း ဂန္ဒီပါ ပဲ။ Brand တွေနဲ့ပတ်သက်ရင်လည်း ဒီစည်းမျဉ်းဟာအတူတူပါပဲ။ သင်ဟာအပြောနဲ့အလုပ်ညီရင် ကြီးမားတဲ့ မြညေိ တစ် ခုကိုဧကန်မုချတည်ဆောက်နိုင်ပါလိမ့်မယ်။

• ရေရှည်လုပ်ငန်းသည်တစ်ခုတည်းသောလုပ်ငန်းဖြစ်သည်။


ဖိအားတွေများတဲ့အခြေအနေတွေကို ဖြတ်ကျော် ခဲ့ပြီးတဲ့နောက်မှာတော့ ရေရှည်အမြင်နဲ့ချတဲ့ဆုံးဖြတ်ချက်တွေဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေဖြစ်တယ်ဆိုတာ ကို ကျွန်တော်သဘောပေါက်လာခဲ့ပါတယ်။ လုပ်ငန်းတည်ထောင်သူတိုင်းဟာ ကြံရာမရအောင်ဖြစ်တဲ့အချိန် တွေကိုဖြတ်ကျော်ကြရပေမဲ့ ရေရှည်တန်ဖိုးကိုလက်လွတ်မခံတဲ့ဇွဲနပဲကြီးမှု သင့်မှာရှိရင် ပိုပြီးကောင်းတဲ့ ရေရှည် ဆုံးဖြတ်ချက်တွေကို သင်ချပါလိမ့်မယ်။
Alibaba ရွတ်တဲ့မန္တာန်ဟာ ဆယ်နှစ်အတွင်းမှာကြီးထွားလာမယ်လို့ သူတို့ယုံကြည်တဲ့လုပ်ငန်းတွေထဲမှာ သာ ရင်းနှီးမြှုပ်နှံဖို့ပဲဖြစ်တယ်ဆိုတဲ့ Jack Ma ပြောခဲ့တဲ့စကားကိုလူသိများခဲ့ပါတယ်။ ရေတိုအခွင့်အရေးတွေနဲ့ ဝေးဝေးနေဖို့ဆိုတဲ့ သူတို့ရဲ့စည်းကမ်းက သူတို့အခုရောက်နေတဲ့အနေအထားကိုရရှိအောင် သူတို့ကိုကူညီခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ခန့်ထားတဲ့လူတွေ၊ ကျွန်တော်တို့ဝန်ဆောင်မှုပေးနေတဲ့ဖောက်သည်တွေ၊ ကျွန်တော် တို့နဲ့အတူအလုပ်လုပ်တဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ပတ်သက်ပြီး ရေရှည်အမြင်ကို ကျွန်တော်တို့အမြဲစဉ်းစားရမှာ ဖြစ်ပါတယ်။ အဲဒီလိုစဉ်းစားခြင်းဟာ တည်ထောင်သူတွေရဲ့သက်တမ်းကိုကျော်လွန်သွားတဲ့အထိ ရှင်သန်ကြီး ထွားမယ့် ရေရှည်တည်တံ့တဲ့လုပ်ငန်းတွေကိုတည်ဆောက်ဖို့ ကူညီပေးပါတယ်။

ဇော်ဝင်းကြူ(ပျဉ်းမနား)