ဓနုဖြူဒေါ်စောရီမြန်မာထမင်းဆိုင် (ယောမင်းကြီး) ဆိုင်ခွဲဖွင့်လှစ်

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂ ရက်က ဓနုဖြူဒေါ်စောရီ မြန်မာထမင်းဆိုင်(ယောမင်းကြီး)ဆိုင်ခွဲဖွင့်လှစ်ပွဲအခမ်းနားကို ဆိုင်တည်ရှိရာ အမှတ် ၃၁၅-၃၁၉ ၊ ယောမင်းကြီးရပ်ကွက်၊ ဗိုလ်ရာညွန့်လမ်းနှင့် နဝဒေးလမ်းထောင့်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

ယခု ဓနုဖြူဒေါ်စောရီ မြန်မာထမင်းဆိုင်(ယောမင်းကြီး) ဆိုင်ခွဲဟာ ဒေါ်စောရီ၏ မျိုးဆက် (၃)ဆက်မြောက် ကိုထက်မြက်ဦး နှင့် မအိသက်တို့ ဦးစီးဖွင့်လှစ်တဲ့ ဒုတိယဆိုင်ခွဲဖြစ်ပြီး ၊ ကိုထက်မြက်ဦး နှင့် မအိသက်တို့ ဦးစီးဖွင့်လှစ်တဲ့ ပထမဆိုင်ခွဲကတော့ အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ လမ်းသစ်လမ်း၊ အမှတ် ၂၂၂ A မှာတည်ရှိတဲ့ ဓနုဖြူဒေါ်စောရီ မြန်မာထမင်းဆိုင် (လမ်းသစ်-အင်းစိန်) ဆိုင်ခွဲဖြစ်ပါတယ်။ ဟင်းချက်ဆောင် (Main Kitchen) ကတော့ အင်းစိန်၊ နံ့သာကုန်းက နံ့သာမြိုင် ၁ လမ်းမှာတည်ရှိပါတယ်။

ထိုဆိုင်များမှ မနက်စာ၊ နေ့လည်စာနှင့် ညစာများကို မနက် ၇ နာရီမှ ည ၉နာရီခွဲ အထိ နေ့စဉ်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး၊ ချိုင့်ဆွဲ လပေး အစီအစဉ်များ၊ နိုင်ငံခြားသို့ ဟင်းအမှာများပို့ဆောင်ခြင်းအစီအစဉ်များနှင့် အထူးအစီအစဉ်အမျိုးမျိုးကို ပြုလုပ်ရောင်းချနေတာလည်းဖြစ်ပါတယ်။

ထိုဆိုင်များမှ ရနိုင်တဲ့ ဝန်ဆောင်မှုများနှင့် ဟင်းလျာအမျိုးမျိုးတို့နဲ့ပတ်သက်တဲ့ အသေးစိတ်ကိုတော့ ဖုန်း (လမ်းသစ်-အင်းစိန်) ၀၉၇၇၈၇၇၇၁၀၂၀၊ ၀၉၇၇၇၉၃၁၀၂၀၊ နှင့် (ယောမင်းကြီး) ၀၉၇၆၇၇၅၅၅၄၅၊ ၀၉၇၉၇၇၅၅၅၄၅ တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။