advertisement-image
Executive Q & A

၀န်ထမ်းတစ်ယောက်အနေနဲ့ အနာဂတ်မှာ စီမံခန့်ခွဲသူမန်နေဂျာကောင်းတစ်ယောက်ဖြစ်လာဖို့ ဘယ်လိုစိတ်နေစိတ်ထား အရည်အချင်းလိုအပ်ပါသလဲ။ ဘယ်လိုဖြည့်ဆည်းထားရပါမလဲ။

ဒေါက်တာတင်မမစိုး – HR Consultant Cum MD၊ Billion Force Services Co Ltd ဝန်ထမ်းတစ်ယောက်အနေနဲ့ အနာဂတ်မှာ စီမံခန့်ခွဲမှုမန်နေဂျာကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင်လိုအပ်တဲ့ သူ့ရဲ့ Attitude တွေ၊ Skill တွေရှိပါမယ်။ လိုအပ်တဲ့ Attitude ရှိဖို့ဆိုရင် EQ ( Emotional Quotient) ကောင်းဖို့ လိုပါတယ်။ Emotional Quotient ဆိုတာက ကိုယ်ကိုယ်တိုင်နဲ့ သူများရဲ့စိတ်ခံစားမှုကိုနားလည်တယ်။ အဲဒီစိတ်ခံစားမှုကိုလည်း ကောင်းကောင်း Manage လုပ်နိုင်တဲ့ အရည်အချင်းမျိုးကိုပြောတာပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက Adaptable ဖြစ်တယ်ဆိုတာက အဖွဲ့အစည်းအနေနဲ့ ပေါ်လစီတွေပြောင်းတယ်။ စနစ်တွေ ပြောင်းတယ်။ စီမံခန့်ခွဲမှုပုံစံတွေပြောင်းတယ်။ ဒီလိုမျိုးအပြောင်းအလဲတွေလုပ်ခဲ့ပြီဆိုရင် အဲဒီအပြောင်းအလဲပေါ်မှာ Resistance လို့ခေါ်တဲ့ ဆန့်ကျင်တင်းခံတာမျိုးတွေမရှိဘူး။ ဒီပြောင်းလဲသွားတဲ့အပေါ်မှာလိုက်ပြီးတော့ လိုက်လျောညီထွေပြောင်းလဲလုပ်ကိုင်မယ်ဆိုတဲ့စိတ်နဲ့ ပြောင်းလဲလုပ်ကိုင်ပေးတယ်။ […]
Posted On September 11, 2020, By CEO Editors

စီမံခန့်ခွဲမှုတာဝန်မှာပါဝင်နေသူတစ်ဦးအနေနဲ့ ဘယ်အချိန်မှာကိုယ့်ရဲ့ပညာရေးနဲ့ Skill လိုအပ်ချက်ပိုင်းထပ်မံဖြည့်ဆ

စီမံခန့်ခွဲမှုတာဝန်မှာပါဝင်နေပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုဟာ အဆင့်တစ်ခုထိရှိနေပြီဆိုတာသေချာပါတယ်။ ဒီအချိန်မှာပဲ ပိုတိုးတက်တဲ့အရည်အချင်းနဲ့ စွမ်းရည်တွေရှိနေချင်တယ်ဆိုတာကချီးကျူးရမယ့်အချက်ဖြစ်သလို လိုအပ်မှုတွေလည်းရှိနိုင်တော့ စဉ်းစားသင့်ပါတယ်။ မေးခွန်းရှင်အတွက် ဖြေပေးချင်တာက ကိုယ့်ရဲ့သင်ယူလေ့လာမှုတိုင်းမှာ အဓိကအကျိုးရှိဖို့ကတော့ ကိုယ့်လုပ်ငန်းတွင်းနဲ့ လုပ်ငန်းရဲ့အနီးကပ်အခြေအနေကို မျက်ခြေမပြတ် သိနေဖို့လိုသလိုတစ်ဖက်မှာလည်း အပြောင်းအလဲတွေ၊ အသစ်အဆန်းတွေကို ရင်ဆိုင်နိုင်ဖို့အဆင်သင့် ဖြစ်နေဖို့ပါပဲ။ ပတ်ဝန်းကျင်နဲ့ လုပ်ငန်းခွင်ပြင်ပကမ္ဘာကြီးမှာဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေနဲ့ရင်းနှီဖို့ ဆွေးနွေးပွဲ တွေ၊ Forum တွေ၊ နည်းလမ်းသစ်တွေမှာ ပါဝင်နားစွင့်နေဖို့၊ လိုအပ်ရင်ရင်ဆိုင်နိုင်ဖို့ အတွေးသစ်အမြင်သစ် စိတ်ကူးသစ်တွေရှိရတော့မှာပါ။ ဒီလိုစိတ်ကူးမျိုးတွေ၊ အတွေးအမြင်တွေ ရှိသင့်သလောက်မရှိဘဲ ခေတ်ရဲ့ပြောင်းလဲမှုအလိုက် ကိုယ့်လုပ်ငန်းခွင်၊ ကိုယ့်သက်မွေးမှုပညာရပ်နဲ့ ပတ်သက်ရာတွေမှာ မျက်ခြေပြတ်တာတွေများနေပြီဆိုတာကိုယ်ကိုယ့်ကိုယ် ကိုယ်သိနေပြီဆိုရင်ထပ်မံသင်ယူလေ့လာဆည်းပူးရမှာတွေအတွက် အချိန်ပေးသင့်ပြီလို့ သိရမှာဖြစ်ပါတယ်။ အခုလက်ရှိအချိန်မှာခေတ်စားနေတဲ့ အသုံးအနှုန်းဖြစ်တဲ့ New normal ဆိုတာ အရင်နဲ့မတူတော့တဲ့အခြေအနေကိုရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေဖို့ဆိုတဲ့ သဘောမျိုးဖြစ်ပါတယ်။ ကိုယ်တိုင်ကလည်း ဒီသဘောကိုနားလည်လက်ခံအဆင်သင့်ဖြစ်နေဖို့ပါပဲ။ ဒေါက်တာ ဒေါ်ရီရီမြင့် […]
Posted On September 9, 2020, By CEO Editors

အမြဲတမ်း Well Perform လုပ်နိုင်ခဲ့တဲ့ဝန်ထမ်းတစ်ယောက်က သူ့ရဲ့အရည်အချင်းတွေကို သိပ်မပြနိုင်တော့တဲ့အခါ

အမြဲတမ်း Well Perform လုပ်နိုင်ခဲ့တဲ့ဝန်ထမ်းတစ်ယောက်က သူ့ရဲ့အရည်အချင်းတွေကို သိပ်မပြနိုင်တော့တဲ့အခါ Performance တက်အောင် ဘယ်လိုပြန်ပြီး လုပ်ပေးသင့်ပါသလဲ။ အလုပ်မှာ အမြဲကောင်းအောင်စွမ်းဆောင်၊ လုပ်ဆောင်နိုင်တဲ့သူတစ်ယောက်ရဲ့အပြောင်းအလဲ၊ တစ်နည်းအားဖြင့် စွမ်းဆောင်ရည် နိမ့်ကျလာရတဲ့ကိစ္စမှာ အကြောင်းရင်း တော့ ရှိပါလိမ့်မယ်။ ရိုးရိုးရှင်းရှင်း စဉ်းစားကြည့်မယ်ဆိုရင် ကျန်းမာရေးမကောင်းဘူးလား၊ မိသားစုအိမ်တွင်းရေးလားဆိုတာ စဉ်းစားနိုင်ပါတယ်။ ပွင့်ပွင့်လင်းလင်းနဲ့ပြောတတ်တဲ့သူဆိုရင်တော့ သူ့ဘက်ကဖွင့်ပြောလာဖို့ရှိပါတယ်။ သူကပြောမလာသည့်တိုင် ကိုယ်ကအရင် အခြေအနေကိုသိချင်တယ်၊ ကူညီဖို့စိတ်ရှိတယ်ဆိုတာကလည်း မှန်ကန်တဲ့ Human Resources Management လို့ ပြောရမှာပါ။ ပထမဦးဆုံးအနေနဲ့ကတော့ သတိထားပြီး တာဝန်ပေးပြီး စကားပြောခွင့်ဖန်တီးပါ။ စကားပြောရင်းနဲ့ အကဲခတ်နိုင်ပါတယ်။ ပေးလိုက်တဲ့တာဝန်နဲ့ ကိုယ့်ဆီပြန်လာတွေ့တဲ့အခါ သူလုပ်လာတဲ့အလုပ်နဲ့ဖြစ်စေ၊ ပေါ့ပေါ့ပါးပါး အလုပ်ကိစ္စတစ်ခုနဲ့ပတ်သက်ပြီး အကြံဉာဏ်တောင်းတာ၊ ဝန်ထမ်းတွေနဲ့ပတ်သက်ပြီး ကိစ္စကြီးငယ်ရှိသလား စတဲ့မေးခွန်းမျိုးတွေ မေးတာ၊ ပြောတာ လုပ်နိုင်ပါတယ်။ သူ့ရဲ့ကိုယ်ရေးကိုယ်တာ […]
Posted On July 7, 2020, By CEO Editors

မိမိရဲ့အဖွဲ့အတွင်း Conflict ဖြစ်တဲ့အခါ မန်နေဂျာ တစ်ယောက် နဲ့ဘယ်လိုဖြေရှင်းသင့်ပါသလဲ။ ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်လို့ အားနည်းချက်ရှိနေတဲ့ ဝန်ထမ်းတစ်ယောက်ကို ဘယ်လိုဆွဲခေါ်ပြီး အများနဲ့ကိုက်ညီအောင်လုပ်ပေးလို့ရပါမလဲ…

မိမိရဲ့အဖွဲ့အတွင်း Conflict ဖြစ်တဲ့အခါ မန်နေဂျာ တစ်ယောက် နဲ့ဘယ်လိုဖြေရှင်းသင့်ပါသလဲ။တစ်ဖက်နဲ့တစ်ဖက်ကိုဘက် မလိုက်မိအောင်လည်း ကိုယ့်ကိုယ်ကိုယ်ဘယ်လိုပြန်လည် ဆန်းစစ်သင့်ပါသလဲ။ အဖွဲ့တစ်ခုအတွင်းမှာအကြောင်းရှိလို့ Conflict ဖြစ်လာတတ်ပါတယ်။ လုပ်နေရတဲ့လုပ်ငန်းမှာ သဘောမတူတာ၊ လူရွေးတာဝန်ပေးတဲ့ကိစ္စ စတာတွေနဲ့ဖြစ်တတ်ပါတယ်။ အလုပ်ကို Function သတ်မှတ်လုပ်ရတာ၊ Team အနေနဲ့ Project အနေနဲ့ ပူးပေါင်းလုပ်ကြတဲ့ပုံစံမတူတာတွေ ရှိပါ တယ်။ မေးခွန်းအရတော့ အဖွဲ့အတွင်းမှာဖြစ်တဲ့ Conflict ပဲဖြစ်ပါလိမ့်မယ်။ ဒါကဖြစ်တတ်ပါတယ်။ လုပ်ငန်းအစမှာပဲအဖွဲ့အနေနဲ့ လုပ်ရမယ့်အလုပ်၊ ပြီးရမယ့်အချိန်၊ ဆွေးနွေးတိုင်ပင်မှုတွေကို အလေးထားဖို့၊ အထူးကိစ္စရှိရင် … အမှားပေါ်ရင် … သူ့ကြောင့် ကိုယ့်ကြောင့်မဖြစ်ဖို့၊ လိုအပ် ရင် မန်နေဂျာဆီကို သူတို့နှစ်ယောက်ဖြေရှင်းဖို့ စဉ်းစားပုံကို တင်ပြကြဖို့၊ ပြောပြနားလည်မှုရှိဖို့ အလေ့အထရှိအောင်လုပ်သင့်ပါတယ်။ ဖြစ်လာတဲ့အခြေအနေမှာ နှစ်ယောက်လုံးအနေနဲ့ ရင်ဆိုင်နေရတဲ့ပြဿနာကို မိမိပါ ပါဝင်ဆွေးနွေးပြီး […]
Posted On June 23, 2020, By CEO Editors

လုပ်ငန်းခွင်ထဲမှာ Favouritism က အားကောင်းနေသောအခါ

လုပ်ငန်းခွင်ထဲမှာ Favouritism က အားကောင်းနေသောအခါ ဘာတွေဖြစ်လာနိုင်မလဲ။လုပ်ငန်းခွင်မှာ အချို့လုပ်သားတွေကိုတော့ မျက်နှာသာ ပေးပြီး သူတို့ရဲ့နေရာက သိသာတဲ့ပုံစံမျိုးဖြစ်နေတာကတော့ စီမံခန့်ခွဲပုံမှားတဲ့အပြင် ဝန်ထမ်းအချင်းချင်း မညီညွတ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီနေရာမှာ သတိပြုစရာတစ်ခု ရှိပါတယ်။ မျက်နှာရနေတဲ့ဝန်ထမ်းက ဘယ်လိုအားကိုးရပြီး ယုံကြည်အားထားရတာလဲဆိုတဲ့အချက်ကို စဉ်းစားသင့်ပါတယ်။ သူက အလုပ်မှာအားထားရတဲ့ အပြင်တခြားဝန်ထမ်းတွေနဲ့လည်း ဆက်ဆံရေးကောင်းတယ်၊ ကူညီတယ်ဆိုရင်တော့ သူ့ကိုမျက်နှာသာပေးတယ် ဆိုတာထက် ပိုအားကိုးရလို့၊ စိတ်ချရလို့များလားဆိုတာလည်း စဉ်းစားကြည့်ပါ။ ‘ပြဿနာရှိတဲ့အခါ အဖြေကို ချက်ချင်းမရှာဘဲ ပြဿနာရဲ့ အခြေခံအကြောင်းအရာကို သုံးသပ်အကြောင်းရှာပြီးမှ ဆုံးဖြတ်အဖြေရှာပါ’ လို့ ညွှန်ကြားချက်ကို ဖတ်ရဖူးပါတယ်။ မတရားတာတင်မဟုတ်ဘဲ တခြားအကြောင်းလည်းရှိလို့လားဆိုတာကို စဉ်းစားပြီးမှ ကြုံနေရတဲ့အခြေအနေအပေါ် ဆက်လက်ခံနိုင်မယ်၊ မခံနိုင်ဘူးဆိုတာကို ဆုံးဖြတ်ပါ။ ကိုယ်တစ်ယောက် တည်းက လက်မခံနိုင်အောင် ဖြစ်နေရတယ်ဆိုရင်လည်း ပြောင်းလဲမှုတွေ လုပ်နိုင်ပါတယ်။ တစ်ဖွဲ့လုံးအနေနဲ့ […]
Posted On May 27, 2020, By CEO Editors

အလုပ်အတွက်လုံလောက်တဲ့ လူ့အရင်းအမြစ်၊ ငွေအရင်းအမြစ်၊ စက်ပစ္စည်းစတာတွေမပြည့်စုံဘဲ စီမံခန့်ခွဲလုပ်ကိုင်တဲ့အခါ

ဒေါက်တာ ဒေါ်ရီရီမြင့် (ပါမောက္ခ – ငြိမ်း – ရန်ကုန်စီးပွားရေးတက္ကသိုလ်) အလုပ်အတွက် လုံလောက်တဲ့ လူ့အရင်းအမြစ်၊ ငွေအရင်းအမြစ်၊ စက်ပစ္စည်းစတာတွေမပြည့်စုံဘဲ စီမံခန့်ခွဲလုပ်ကိုင်တဲ့အခါ နောက်ဆက်တွဲအကျိုးဆက်တွေကိုသိချင်ပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခုကို အကျိုးရှိအောင်၊ တိုးတက်အောင်လုပ်ဖို့ဆိုတဲ့နေရာမှာ ဘောဂဗေဒ အသုံးအနှုန်းနဲ့ ပြောရင် Land ၊ Labour ၊ Capital ဆိုတာဟာ စီးပွားရေးရဲ့အခြေခံအရင်းခံပါပဲ။ ဒါတွေမပြည့်စုံဘဲ စီးပွားရေးလုပ်တယ်ဆိုတာက စီးပွားရေးလုပ်ငန်းလုပ်တာမဟုတ်ဘဲ ဝင်ငွေရလခ၊ အတိုးရဖို့လုပ်တာမျိုးအပြင် ကုမ္ပဏီဖွဲ့ပြီးရှယ်ယာထုတ်ရောင်းတဲ့လုပ်ငန်းတွေမှာ ရှယ်ယာဝယ်၊ နှစ်စဉ်အမြတ်ဝေစုယူပြီး နေထိုင်စားသောက်တဲ့ပုံစံမျိုးလို့ ဆိုရပါမယ်။ စီးပွားရေးလုပ်ချင်ပေမယ့်လိုအပ်တဲ့အရာတွေ အပြည့်အစုံမရှိဘူးဆိုရင်လည်း စီးပွားရေးလုပ်ငန်းဖြစ်လာဖို့ တစ်ခုခုနဲ့တော့စနိုင်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ကိုယ့်မှာပညာရပ်တစ်ခုခုကိုကျွမ်းကျင်မှုနဲ့ လုပ်နိုင်တဲ့အရည်အချင်းရှိရင် ပထမဦးဆုံးကိုယ့်လုပ်ငန်းကျွမ်းကျင်မှု အတွက် ထိုက်ထိုက်တန်တန် ဝင်ငွေရတဲ့အလုပ်မှာဝင်ပြီး ငွေအရင်းအနှီးစုဆောင်းတာမျိုး လုပ်ရမှာပါ။ ကိုယ့်မှာ ငွေရှိပေမယ့် အကြောင်းကြောင်းကြောင့် ကိုယ်တိုင်စီးပွားရေးမလုပ်ခဲ့ဖူးဘူးဆိုရင် […]
Posted On April 21, 2020, By CEO Editors

Freelance လုပ်ခွင့်မရှိဘူးဆိုတဲ့ စည်းကမ်း ကုမ္ပဏီမှာထုတ်ထားပေမယ့် တချို့လုပ်နေကြတာတွေ့ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး မသိသလိုနေသင့်ပါသလား။

အလုပ်သဘာဝချင်းတူတဲ့ တခြားလုပ်ငန်းတစ်ခုမှာ အချိန်ပိုင်းပဲဖြစ်ဖြစ်၊ Freelance ပဲဖြစ်ဖြစ်လုပ်ခွင့်မရှိဘူးဆိုတဲ့ စည်းမျဉ်းစည်းကမ်း ကုမ္ပဏီမှာထုတ်ထားပေမယ့် တချို့လုပ်ဖော်ကိုင်ဖက်တွေ လုပ်နေကြတာတွေ့ရပါတယ်။ ဒီလိုဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး မသိသလိုနေသင့်ပါသလား။ အဲဒီလိုနေရင် ကုမ္ပဏီကို ထိခိုက်နိုင်ပါသလားဆိုတာကို ဒေါက်တာ ဒေါ်ရီရီမြင့် (ပါမောက္ခ – ငြိမ်း – ရန်ကုန်စီးပွားရေးတက္ကသိုလ်)မှ အကြံပြုဖြေကြားပေးထားပါတယ်။ ဒီအခြေအနေနဲ့ လုပ်ပိုင်ခွင့်နဲ့လုပ်ကိုင်ခြင်းကို လုပ်ငန်းရှင်အနေနဲ့ ကြည့်ရမှာဖြစ်သလို အလုပ်လုပ်သူအနေနဲ့ လည်း ကြည့်ဖို့လိုပါတယ်။ မေးထားတဲ့မေးခွန်းအရ လုပ်ငန်းရှင်က ဝန်ထမ်း တွေကို လုပ်ပိုင်ခွင့်ကန့်သတ်ထားတယ်။ ဒါပေမဲ့ လုပ်နေ တဲ့သူတွေလည်းရှိတယ်။ ဒီလိုလုပ်နေတာကို အလုပ်ရှင် မသိပေမယ့် သိနေတဲ့လုပ်ဖော်ကိုင်ဖက် (တချို့) တွေက သူတို့လည်းလုပ်ရမလား၊ လုပ်လို့ ပိုင်ရှင်သိသွားရင်ဆိုတဲ့ စိတ်ရှိနေတယ်။အခြေအနေကို ခန့်မှန်းသုံးသပ်ရမယ်ဆိုရင် လုပ် ငန်းက အပြည့်အဝလှုပ်ရှားနေတာမဟုတ်လို့လည်း ဖြစ် နိုင်ပါတယ်။ လုပ်ငန်းရှင်အနေနဲ့ […]
Posted On April 21, 2020, By CEO Editors

Emotional Intelligence (စိတ်ခံစားမှုစွမ်းရည်)

Using Emotional Intelligence to increase Influence, Fulfilment, and Success စိတ်ခံစားမှုစွမ်းရည်ကိုသုံး၍ သြဇာလွှမ်းမိုးနိုင်မှု၊ စိတ်၏ကျေနပ်မှုနှင့် အောင်မြင်မှုတို့ရရှိခြင်း I.Q Intelligence ကို ဉာဏ်ရည်စွမ်းအားအဖြစ်သုံးကြရာမှ နောက်ပိုင်းတွင် စိတ်ဓာတ်အင်အား၏အရေးပါမှုကိုပါ တွဲဖက်၍ Emotional Intelligence (EI) ကိုပါ အလေးထားလာကြသည်။ EI ၏အရေးပါမှုမှာ မိမိ၏ခံစားမှုသိစိတ်နှင့် အခြားသူတို့၏ခံစားမှုကိုပါ အလေးထားခြင်းဖြင့် အကျိုးရှိအောင်မြင်နိုင်မည်ဖြစ်ပြီး စိတ်ကျေနပ်မှုကိုပါရရှိသည်။ အဓိကရရှိသည့်အကျိုးကျေးဇူးမှာ အခြေအနေကို မှန်ကန်စွာနားလည်ကိုင်တွယ်နိုင်၍ ဆုံးဖြတ်ချက်မှန်ကန်ပြီး ကောင်းကျိုးရနိုင်မည်။ မိမိ၏စိတ်ခံစားမှု၊ တခြားသူ၏ခံစားမှုတို့ကိုပါ အသိအမှတ်ပြု၍ ကိုယ်ချင်းစာနားလည်ပေးနိုင်ပါက အောင်မြင်မှုများ ပိုရရှိနိုင်မည်။ Developing Emotional Intelligence (စိတ်၏ခံစားမှုစွမ်းရည်ဖွံ့ဖြိုးမှု) လူတိုင်းပင် စိတ်ခံစားမှုဆွဲအားကြောင့် ကောင်းသည့်လမ်း သို့ဖြစ်စေ၊ မကောင်းသည့်လမ်းကြောင်းသို့ဖြစ်စေ ပါနေ ကြရသည်။ EI […]
Posted On March 19, 2020, By CEO Editors

အလုပ်ရှင်က ကိုယ့်မန်နေဂျာရဲ့ အမှား၊ အပြုအမူဆိုးတွေကို သိပေမယ့် လုပ်သက်ကြောင်ဖြစ်စေ၊ တာဝန်ယူထားမှုတချို့ကြောင့်ဖြစ်စေ ခွင့်လွှတ်ထားတဲ့အခါ

အလုပ်ရှင်က ကိုယ့်မန်နေဂျာရဲ့ အမှား၊ အပြုအမူဆိုးတွေကို သိပေမယ့် လုပ်သက်ကြောင်ဖြစ်စေ၊ တာဝန်ယူထားမှု တချို့ကြောင့်ဖြစ်စေ ခွင့်လွှတ်ထားတဲ့အခါ ဘာတွေဖြစ်လာနိုင်ပါမလဲဆိုတာကို ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ-ငြိမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်)မှ အကြံပြုဖြေကြားပေးထားပါတယ်။ မေးခွန်းထဲမှာ ပါတဲ့အတိုင်းဆိုရင်တာ့ သူ့နေရာအတွက် အစားထိုးဖို့ လူရှာတဲ့ကိစ္စကိုအဓိထားပြီး အချိန်ပါသတ်မှတ်ပြီး လုပ်ရမှာပဲဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ချပြီး လုပ်ရတော့မယ့်ကိစ္စကို ရွှေ့လာတာလည်းကြာခဲ့ပြီ၊ သူ့ဘက်ကို ပြန်ကြည့်တော့ ကောင်းတဲ့ဘက်ကို ပြောင်းလာတဲ့အလား အလာကိုလည်း မျော်လင့်နိုင်မယ်မထင်ဘူး။ ဒီလိုအခြေ အနေမျိုးဆိုရင် အစားထိုးဖို့ဆုံးဖြတ်ပြီး လိုအပ်တဲ့ပြင် ဆင်မှုတွေလုပ်ဖို့ လိုပါလိမ့်မယ်။ တာဝန်အချို့ကို သူ့ဆီက နေပြန်လွှဲယူပြီး ဒီအတိုင်းမဖြစ်နိုင်တော့တာကိုလည်း နားလည်စေသင့်ပါတယ်။ လိုအပ်တဲ့ပြောင်းလဲမှုနဲ့ ဆုံးဖြတ်ချက်တွေ မလုပ်ဘူးဆိုရင်တော့ ကောင်းတဲ့အခြေအနေဘက်ကို အလိုအလျောက် ရောက်လာလိမ့်မယ်လို့ မျော်လင့်ထားလို့မရပါဘူး။ အကျိုးဆက်လို့ပြောနိုင်မှာကတော့ အထက်လူကြီးရဲ့မပြတ်သားမှုကို အခွင့်အရေးအဖြစ် ဆက်ယူသွားနိုင်ပါတယ်။
Posted On February 26, 2020, By CEO Editors

၀န်ထမ်းကောင်းတွေရွေးချယ်နိုင်ဖို့ စံသတ်မှတ်ချက်ဆိုတာ ရှိပါသလား။ ဘယ်လိုလက္ခဏာမျိုးတွေ ဖြစ်ပါသလဲ။

၀န်ထမ်းကောင်းတွေရွေးချယ်နိုင်ဖို့ စံသတ်မှတ်ချက်ဆိုတာရှိပါသလား။ ဘယ်လိုလက္ခဏာမျိုးတွေ ဖြစ်ပါသလဲတာကို ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ-ငြိမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်)မှ အကြံပြုဖြေကြားပေးထားပါတယ်။ လုပ်ငန်းတစ်ခုရဲ့ အနေအထားကို သုံးသပ်ကြည့်တဲ့အခါ လုပ်ငန်းကို စနစ်တကျစီမံအုပ်ချုပ်နေတဲ့ အဆင့်မှာ ရှိနေပြီဆိုရင်တော့ ဝန်ထမ်းတစ်ယောက်ကိုခန့်အပ်တော့မယ်ဆိုရင် ခန့်မယ့်ရာထူးအတွက် ဘာအလုပ်တွေလုပ်ရမယ်ဆိုတဲ့ Job Description ဆိုတာရှိရပါတယ်။ Description မှာပါတဲ့ သတ်မှတ်ချက်တွေအပြင် စိတ်သဘောထား Attitude တို့၊ Communication ဆက်ဆံရေးတို့၊ အရင်အလုပ်အတွေ့အကြုံတို့ကိုလည်း အလေးထားကြရပါတယ်။ ဒါတွေက Job Interview မှာအကဲခတ်နိုင်သလို Application မှာ သူကိုယ်တိုင်ရေးသားတာနဲ့ Reference ကောင်းကောင်းရရင် အလေးပေးစဉ်းစားလို့ရနိုင်ပါတယ်။ ဒါအပြင် တကယ်အလေးထားဖို့ လိုအပ်ရင် အစမ်းခန့်လပိုင်း၊ နှစ်ပိုင်းသတ်မှတ်ပြီး သဘောတူညီမှုယူနိုင်ပါတယ်။ အခုခေတ်အခါ ကုမ္ပဏီလုပ်ငန်းအဖွဲ့ အစည်းတွေမှာ အသုံးများနေတဲ့ အဖွဲ့နဲ့ညှိနှိုင်းပူးပေါင်း လုပ်ကြတဲ့ Teamwork ပုံစံကို […]
Posted On February 26, 2020, By CEO Editors
1 2 3 10